Channel Myanmar

Matthew Jayson Cwern

Catalyst (2025) 5.0
Catalyst (2025)  Catalyst (2025)စိတ်ဝင်စားစရာ ဇာတ်လမ်းဆန်းဆန်းနဲ့ ထူးဆန်းထွေလာတွေကို နှစ်သက်ကြတဲ့ ပုရိသတ်ကြီးအတွက် Catalyst (2025) ဆိုတဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။"The Collective" ဆိုသည့် လျှို့ဝှက်အဖွဲ့အစည်းတစ်ခုကနေ မကောင်းမှုတွေကို ကျူးလွန်ဖူးတဲ့ ယောက်ျား (၇) ယောက်ကို ပြန်ပေးဆွဲပြီး ဖမ်းဆီးချုပ်နှောင်ထားခဲ့ပါတယ်။လျှပ်စီးနေတဲ့လှောင်အိမ်ထဲမှာ သူတို့ (၇) ယောက်ကို ဖမ်းဆီးထားခဲ့ပြီး ဘေးပတ်လည်မှာ မျက်နှာဖုံးတပ်ထားတဲ့ လူတွေက သူတို့ကိုစောင့်ကြည့်နေခဲ့တယ်..သူတို့လွတ်မြောက်ဖို့အတွက် “တစ်ယောက်ကိုသတ်ပြီး ကျန်တဲ့လူတွေ လွတ်မြောက်ဖို့ လမ်းကြောင်းကို” ရွေးချယ်မလားဆိုတဲ့ ကစားပွဲတစ်ခုကို စတင်လိုက်ပါတယ်။ဒီ (၇) ယောက်ထဲမှာ အသတ်ခံရမယ့်သူကဘယ်သူလဲ????အပြစ်ကျူးလွန်ခဲ့ကြတဲ့လူ (၇) ယောက်ကြားမှာ သေလောက်တဲ့အထိ ပြစ်မှုကို ကျူးလွန်ခဲ့တာ ဘယ်သူလဲ????ဒီလှောင်အိမ်ကနေ သူတို့ လွတ်မြောက်ကြပါ့မလား???သူတို့ ကျူးလွန်ထားတဲ့အပြစ်တွေက ဘာတွေလဲ???မေးခွန်းပေါင်းများစွာနဲ့ ဇာတ်လမ်းအဆုံးထိ ရင်တထိတ်ထိတ် ကြည့်ရှုရမယ့် သည်းထိပ်ရင်ဖို ဇာတ်လမ်းကောင်းတစ်ခု ဖြစ်တာကြောင့်စိတ်လှုပ်ရှားစရာကောင်းတဲ့ ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူများ ကြည့်ရှုကြဖို့ အကြံပြုတိုက်တွန်းအပ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie

Catalyst (2025)

2025
57 Seconds (2023)
57 Seconds (2023)   ကြည့်ရှုနှုန်းတွေလည်း ဆက်တိုက်မြင့်တက်လာနေတဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားလေးတစ်ကားပါ။ဝါရင့်သရုပ်ဆောင်ကြီး Morgan Freeman လည်းပါဝင်ထားပြီး အနာဂတ်မှာတိုးတက်လာတဲ့ နည်းပညာနဲ့ဆေးပစ္စည်းတွေရဲ့ အကျိုးဆက်က အမြဲတမ်းမကောင်းနိုင်ဘူး ဆိုတာကိုမီးမောင်းထိုးပြထားတာကိုတွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်း..... ဖရန့်ကလင်းဖော့စ်ကတော့ ဇီဝနည်းပညာရှင်တစ်ယောက်ဖြစ်ပြီး ညီမဖြစ်သူသေဆုံးမှုအတွက် တရားမျှတမှုကိုရှာပေးချင်နေတဲ့သူဖြစ်ပါတယ်။ လူတွေကိုလည်း အကောင်းဆုံးကျန်းမာရေးကိုပိုင်ဆိုင်နိုင်ဖို့ အမြဲနည်းလမ်းတွေပေးနေတဲ့သူဆိုလည်းမမှားပါဘူး။တစ်နေ့မှာတော့ အကောင်းဆုံးကျန်းမာရေးကိုဖော်ဆောင်ပေးနေတဲ့ နည်းပညာရှင်ဂုရုကြီးနဲ့သွားတွေ့ရာက မထင်မှတ်ဘဲ လက်စွပ်တစ်ကွင်းကောက်ရလာခဲ့ပါတယ်။ အဲဒီလက်စွပ်က ရှေ့ ၅၇ စက္ကန့်ကိုပြန်ရစ်လို့ရတဲ့လက်စွပ်ဖြစ်နေမှန်းသိလိုက်ရတဲ့အချိန်မှာ... ဖရန့်ကလင်းတစ်ယောက် လက်စွပ်ရဲ့အစွမ်းကိုအသုံးချပြီး သူ့ညီမအတွက်တရားမျှတမှုကိုဘယ်လိုရှာပေးမလဲ ပိုကောင်းတဲ့ကမ္ဘာကြီးဖြစ်လာဖို့ ဘယ်လိုကြိုးစားကြမလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.3 GB)/(680 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khunn 
movie

57 Seconds (2023)