Channel Myanmar

Matthew Fahey

Chapel (2025) 5.5
Chapel (2025) Low Budget ဆိုပေမဲ့ သူ့အနေအထားနဲ့သူကြည့်လို့ကောင်းတဲ့ Chapel ဆိုတဲ့ လျှို့ဝှက်ဆန်းကြယ် သည်းထိပ်ရင်ဖို ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းသဘောတရားကိုပြောရရင်တော့ အတိတ်မေ့နေတဲ့ လျှို့ဝှက်ဆန်းကြယ်လူသားတစ်ယောက်ရဲ့ အတိတ်ကိုပြန်လည်တူးဆွရင်းနဲ့ စိတ်ဝင်စားစရာတွေ တစ်ခုပြီးတစ်ခု အဆက်မပြတ်ပေါ်လာတာမျိုးပါပဲ။ ဇာတ်လမ်းအစမှာ လူတစ်ယောက်က ရေကန်ထဲမှာသေလုမျောပါးအနေအထားနဲ့ မျောပါလာပြီးနောက်မှာတော့ အဲ့ဒီမြို့ကဆေးရုံမှာပဲ အရေးပေါ်ကုသလိုက်ရပါတော့တယ်။ ၅ လကျော်ကြာပြီးတဲ့နောက် သတိပြန်လည်လာတဲ့အခါမှာတော့ သူ့နာမည် သူ့အတိတ် သူဘယ်သူဆိုတာတွေ တစ်ခုမှမမှတ်မိတော့ပါဘူး။ သူသိတာသူ့ရှေ့မှာ လက်ရှိတွေ့နေရတဲ့ ဆိုဖီယာဆိုတဲ့ သူနာပြုမလေးတစ်ယောက်သာရှိပြီး စကားစမြည်ပြောကြရင်းကနေ သူ့ကိုဘယ်လိုခေါ်ရမှန်းမသိတော့ လောလောဆယ်အတွက် သူကြိုက်တဲ့အဆိုတော်ရဲ့နာမည်ဖြစ်တဲ့ ကိုဟန်လို့ပဲ နာမည်ပေးထားလိုက်ပါတော့တယ်။ ဒီလိုနဲ့နောက်ပိုင်းမှာတော့ ကိုဟန်နဲ့ဆိုဖီယာတို့ ချစ်မိသွားကြပြီး အတူတူနေထိုင်ရင်းကနေ ကိုဟန်ရဲ့မှောင်မိုက်ခဲ့တဲ့အတိတ်က သူဒီကိုလာခဲ့တဲ့ပုံစံနဲ့ ရောက်လာတဲ့အခါမှာတော့ သူအရင်တုန်းကဘယ်သူဖြစ်ခဲ့တယ်ဆိုတာကို စိတ်ဝင်တစားရှုစားရမဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။File size… (1.03 GB) / ( 541 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 32m Genre …..Mystery , Thriller Subtitle….Myanmar Subtitle (Hard ...
movie

Chapel (2025)

Monster House 6.7
Monster House Monster House (2006)Monster House ဆိုတဲ့ ဇာတ်ကား​လေးကို ကျွန်​တော်တို့ ငယ်ငယ်က ၆ကားတွဲအ​ခွေ​တွေမှာ ကြည့်ဖူးကြမယ်ထင်ပါတယ်။ အဲ့ဒီတုန်းက​တော့ စာပါ​တာ​တွေ​ရော စာမပါတာ​တွေ​ရောနဲ့ အင်္ဂလိပ်လို ကြည့်​ကောင်းကြည့်ခဲ့ရမှာပါ။ အခုတစ်ခါ​တော့ ငယ်ငယ်ကနားမလည်ပါးမလည်ကြည့်ခဲ့ဖူးတဲ့ ဇာတ်ကား​ကောင်း​လေးကို တစ်ခါပြန်ပြီး​တော့ ကြည့်လိုက်ကြရ​အောင်ပါ။အမြဲမှန်​ပြောင်းတစ်ခုနဲ့ အလုပ်ရှုပ်​နေတတ်တဲ့ DJ တစ်​ယောက်က သူ့အိမ်​ရှေ့အိမ်ကိုအမြဲစူးစမ်း​နေတတ်ပါတယ်။ အမြဲတိတ်ဆိတ်ပြီး​တော့ က​လေး​တွေကို မနှစ်သက်၊ က​လေး​တွေလာရင် ​မောင်း​ထုတ်တဲ့ Mr. Nebbercracker ရဲ့ အိမ်ကြီး​Mr. Nebbercracker က က​​လေး​တွေတော်တော်မုန်းတဲ့သူဗျ ကလေးတွေကလည်းသူ့ကိုကြောက်ကြ သူ့ကိုကြည့်မရတဲ့ လူဆိုး​လေး​တွေကလည်း အိမ်ကိုနည်းမျိုးစုံနဲ့ ​နှောက်ယှက်ကြ​နဲ့ က​လေး​တွေ အများဆုံးလမ်း​ပေါ်ထွက်တဲ့ Holloween ကာလဆိုတာကလည်း Mr. Nebbercracker အတွက် အမုန်းဆုံးအချိန်ဖြစ်လာ​တော့တာပေါ့ဒါပေမယ့် သူဘာလို့ဒီလောက်တောင် ပစ်ပစ်ခါခါဖြစ်နေရတာလဲဆိုတဲ့ နောက်ကွယ်ကအကြောင်းအရင်းလေးတွေရှိသေးတယ်ဒီလိုအကြောင်းအရာတွေကိုဖော်ထုတ်ဖို့ အကြောင်းဖန်လာတော့ DJ တို့ က​လေးတစ်သိုက်ကဘယ်လိုတွေလုပ်ကြမလဲဆိုတာ စိတ်ဝင်တစားကြည့်လိုက်ရအောင်ဗျာFile size…    2 GB /  1 GB Quality… BluRay 1080p / 720p Format… mp4 Audio... AAC Duration…. 1h 31m Genre ..... Horror/Comedy Subtitle…. ...
movie

Monster House

2006
Kinsey (2004)
Kinsey (2004) Kinsey ကတော့ ၂၀၀၄ ခုနှစ်မှာထွက်ရှိထားတဲ့ Alfred Charles Kinsey အကြောင်းရိုက်ထားတဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ပဲဖြစ်ပါတယ်။ အတ္ထုပ္ပတ္တိရုပ်ရှင် ဖြစ်တဲ့အတွက် ဒေါက်တာ kinsey ရဲ့အကြောင်းကိုပဲ သေချာ မီးမောင်းထိုးပြီး ရိုက်ပြထားတာမျိုးဖြစ်ပါတယ်။ အတ္ထုပ္ပတ္တိဆိုပေမဲ့ ပျင်းစရာကောင်းတဲ့ရုပ်ရှင်မျိုး မဟုတ်ပဲ စိတ်ဝင်စားစရာကောင်းကောင်းနဲ့ ကြည့်ရမှာပါKinsey ကတော့ ၂၀ ရာစုအလယ်ပိုင်းလောက်က အမေရိကန်လူမျိူးတွေရဲ့ လိင်မှုကိစ္စတွေနဲ့ လိင်ပိုင်းဆိုင်ရာ အချက်အလက်တွေကို စမ်းသပ်နေတဲ့ ဇီဝဗေဒသုတေသနပညာရှင်တစ်ယောက်ပါ။ ဒီဇာတ်ကားမှာဆိုရင် kinsey ရဲ့အံ့ဩလောက်စရာ သုတေသနစာတမ်းတွေ စစ်တမ်းကောက်ယူချက်တွေ သူရုန်းကန်ခဲ့တာတွေ လူထုရဲ့အမြင်တွေနဲ့ အခက်အခဲတွေ နဲ့ကြုံလာရချိန်မှာ kinsey တစ်ယောက်ဘာတွေဆက်လုပ်မလဲ ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကို ကြည့်ရမှာပါလိင်ကိစ္စတွေမှာ သိပ်ပြီးပွင့်လင်းမြင်သာမှု မရှိသေးတဲ့ရာစုနှစ်တွေမှာ လူတွေရဲ့ လိင်ပိုင်းဆိုင်ရာအသိဉာဏ် နည်းပါးတဲ့အတွက်ကြောင့် ဆက်ဆံပုံတွေမှာ ပုံသေတစ်ခုထဲသတ်မှတ်ထားတာမျိုးတွေက အဆင်မပြေနိုင်ပုံတွေ စိတ်ကျေနပ်မှုရအောင် ဘယ်လိုမျိုးတွေရှိသင့်တယ်ဆိုတောတွေကို ဒေါက်တာ kinsey ကစစ်တမ်းတွေ ကောက်ယူပြီး သူ့ရဲ့စာအုပ်တွေထုတ်နိုင်ဖို့အတွက် ကြိုးစားနေတာတွေကိုတွေ့ရမှာပါ။ ...
movie

Kinsey (2004)

Excision (2012) 6.1
Excision (2012)  Horror Movies တွေရိုက်ကူးတဲ့ ဒါရိုက်တာ Richard Bates,Jr ရိုက်ကူးထားတဲ့Horror/Drama ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် အဓိကဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ AnnaLynne McCord ကတော့ဒီထဲမှာ ပေါ်လင် ဆိုတဲ့ ကောင်မလေးနေရာကနေသရုပ်ဆောင်ထားပါတယ် 2012 ခုနှစ်မှာထွက်ရှိခဲ့ပြီးတော့ rating လည်း အသင့်အတင့်ရရှိထားတဲ့ကားလေးပါပေါ်လင်မှာ ညီမလေးတစ်ယောက်ရှိပြီးတော့ ဆယ်ကျော်သက်အရွယ်လေးတွေပေါ့ အရာရာကို လက်တည့်စမ်းချင်ကြတဲ့အရွယ်ဖြစ်ပြီးတော့ ပေါ်လင်မှာက ထူးထူးခြားခြားစိတ်ကူးယဉ်လိင်စိတ်တက်ကြွမှုလေးတစ်ခုရှိနေတာပဲ စည်းကမ်းတင်းကြပ်ပြီ မိန်းမကောင်းလေးတွေဖြစ်ဖို့ ရှေးရိုးစွဲနေတဲ့ အမေနဲ့ကျောင်းတွင်းဆက်ဆံရေးအခြေအနေလေးတွေကနေ ပေါ်လင်တစ်ယောက် ဘာတွေလုပ်မိမှာလဲ...... မိဘ မောင်နှမ သူငယ်ချင်း အားလုံးနဲ့ ဘယ်လိုဆက်ဆံရေးတွေရှိပြီးတော့သူ့ရဲ့ စိတ်ကူးတွေ ရည်မှန်းချင်တွေကို ဘယ်လိုရအောင် အကောင်အထည်ဖော်မလဲ...... စတာတွေကို ရိုက်ကူးပုံဖော်ထားတာတွေကို စိတ်ဝင်တစားနဲ့ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ်File size…(960 MB)/(440 MB)/(260 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:21:00 Genre...Drama, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo
movie

Excision (2012)

The First Time (2012) 6.8
The First Time (2012) ဆယ်ကျော်‌သက်ကျောင်းသားအချစ်ဇာတ်မြူးကားလေးတွေကို ကြိုက်တတ်တဲ့သူတွေအတွက် (၂၀၁၂) ထွက် The First Time ဆိုတဲ့ ကျောင်းသားကား‌လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပါတီပွဲတစ်ပွဲမှာ ထူးဆန်းစွာတွေ့ဆုံကြရင်း ပေါက်ဖွားလာတဲ့ခံစားချက်တွေကြားက ဒေးဗစ်ဆိုတဲ့စီနီယာအထက်တန်းကျောင်းသားလေးနဲ့ အော်ဘရီဆိုတဲ့ ဂျူနီယာအထက်တန်းကျောင်းသူလေးတို့ရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ လူတစ်ယောက်ဟာ တခြားလူတစ်ယောက်ကိုချစ်သွားဖို့အတွက် အချိန် (၂) စက္ကန့်ပဲလိုပါတယ်လို့ ဖတ်ဖူးပါတယ်။ဒေးဗစ်နဲ့အော်ဘရီကြားမှာ ပေါက်ဖွားလာတဲ့သံယောဇဉ်ကြိုးဟာလည်း အချိန်တိုတွင်းနှစ်ယောက်သားကို ချည်နှောင်လိုက်တာပဲဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးဇာတ်မြူးကားလေးပဲဖြစ်တာမို့ ထူးထူးခြားခြားဇာတ်လမ်းအတက်အကျတွေ သိပ်မပါဘဲ ခပ်အေးအေးလေးပဲသွားမဲ့ ဇာတ်လမ်းသွားမျိုးဖြစ်ပါတယ်။ ဒီလိုပြောလို့ ပျင်းစရာကြီးနေမှာပါလို့ ထင်ကြမဲ့ပရိသတ်ကြီးအတွက်လည်း IMDB rating က 6.8 ထိရရှိထားတဲ့ သေချာပေါက်ကြည့်ရကျိုးနပ်စေမဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း ပြောပြရစေခင်ဗျာ။အဓိကဇာတ်ဆောင်တွေအနေနဲ့ ဒေးဗစ်အဖြစ် မင်းသား Dylan O'Brien က ပါဝင်သရုပ်ဆောင်ထားပြီး The Maze Runner, Teen Wolf စတဲ့ရုပ်ရှင်ဇာတ်လမ်းတွေမှာ မြင်တွေ့ဖူးထားသူမို့ မျက်နှာသစ်မင်းသားတစ်လက်တော့ မဟုတ်ပါဘူး။ အော်ဘရီနေရာကသရုပ်ဆောင်ထားတဲ့ မင်းသမီး ...
movie

The First Time (2012)