Channel Myanmar

Matteo Stefan

Diary of a Wimpy Kid: Dog Days (2012) 6.3
Diary of a Wimpy Kid: Dog Days (2012) Diary of a Wimpy Kid: Dog Days (2012)~ IMDb - 6.3/10, Rotten Tomatoes - 53% ~ငပိန်လေးရဲ့ ၇ တန်းနှစ်ကုန် နွေရာသီကျောင်းပိတ်ရက် ဒိုင်ယာရီပါ။နွေရာသီကျောင်းပိတ်ရက်မှာ ရင်းနှီးစပြုလာတဲ့ Crush လေးကို သူငယ်ချင်းအဆင့်က တက်အောင် တလွဲအစီအစဉ်တွေနဲ့ ဘယ်လိုကြိုးစားလဲဆိုတာကိုတွေ့ရမှာပါ။ ဒီအရှေ့က ဇာတ်ကားမှာ အစ်ကိုနဲ့ ကြားကဆက်ဆံရေးကို ပြင်ဆင်တာကိုတွေ့ခဲ့ရပြီးတော့ ဒီဇာတ်ကားမှာတော့ သူ့အဖေနဲ့ ဆက်ဆံရေး ပိုကောင်းအောင် ဘယ်လိုလုပ်လဲဆိုတာ တွေ့ရပါလိမ့်မယ်။နောက်ထပ် သူ့ရဲ့အချစ်ဆုံး ရိုလီရဲ့ အဖေနဲ့ အမေတို့က ကြည့်မရဖြစ်နေတာ ဒီဇာတ်ကားမှာ ပိုဆိုးသွားပါတယ်။ ဟတ်ဖလေမိသားစုဝင် ခွေးလေးတစ်ကောင်လည်း တိုးလာပါသေးတယ်။ ခွေးကလည်း ငပိန်လေးလို ပြဿနာရှာတတ်တဲ့ကောင်လေးပါပဲ။ထုံးစံတိုင်း ပျော်စရာ၊ ရယ်စရာ၊ ချစ်စရာကောင်းတဲ့ ငပိန်လေးရဲ့ ဒိုင်ယာရီ နောက်ဆုံးပိုင်းပေါ့။(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ...
movie

Diary of a Wimpy Kid: Dog Days (2012)

2012
Cocaine Godmother (2017) 5.6
Cocaine Godmother (2017) လက်တွေ့ဖြစ်ရပ်မှန် ဇာတ်လမ်းတွေကို ရုပ်ရှင်အဖြစ် ကြည့်ရှုရတာကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့ကို လူတစ်ယောက်ရဲ့အတ္ထုပ္ပတ္တိကို ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးပါဦးမယ်။ အတုယူလေးစားစရာ ပုဂ္ဂိုလ်မျိုးမဟုတ်ဘဲ ကိုလမ်ဘီယာကနေ အမေရိကကို ပြောင်းလာတဲ့ မူးယစ်ဆေးရာဇာကြီးအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Cocaine Godmother ဖြစ်ပြီးတော့ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တာပါ။  ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ မာဒီရီနာဘလန်ကိုဆိုတဲ့ အမျိုးသမီးက ကိုလမ်ဘီယာနိုင်ငံ မယ်ဒီအင်မြို့မှာ မိသားစုအတွက် ရုန်းကန်နေရတဲ့ သာမန်အမျိုးသမီး တစ်ယောက် ဖြစ်ပါတယ်။ အလုပ်မည်မည်ရရ မလုပ်တဲ့ ယောက်ျားကြောင့်သား ၃ ယောက်ကို ပြည့်ပြည့်စုံစုံ ထားနိုင်ဖို့က မလွယ်ကူခဲ့ဘူး။ထမင်းနပ်မှန်အောင် စားရဖို့တောင်မှ မနည်းရုန်းကန်ခဲ့ရသူပါ။တစ်ရက်မှာတော့ ယောက်ျားရဲ့ မိတ်ဆွေဖြစ်သူနဲ့ချိတ်ဆက်မိပြီးတော့ မူးယစ်ဆေးလောကထဲကို စတင်ဝင်ရောက်လာခဲ့တယ်။သူဟာ ဆေးတွေကို ဖြန့်ပေးမယ်ဆိုပြီး အလုပ်ဝင်လုပ်ခဲ့တာပါ။ဒီကိစ္စကြောင့် ယောက်ျားဖြစ်သူနဲ့လည်း ကွဲသွားခဲ့ပြီးတော့မူးယစ်ဆေးလောကထဲကို လုံးဝခြေစုံချခဲ့တော့တာပါ။သာမန်အကူဘဝကနေ သူ့ရဲ့ ဉာဏ်ပြေးမှုကြောင့် မူးယစ်ဆေးလောကမှာနာမည်ကြီး ဘိန်းရာဇာတစ်ဦး ဖြစ်လာခဲ့ပါတယ်။သား ၃ ယောက်ကလည်း သူ့အမေနဲ့အတူ ဒီအလုပ်ကိုပဲ ကူညီလုပ်ပေးခဲ့ကြပါတော့တယ်။ဒီဇာတ်လမ်းထဲမှာဆိုရင်တော့ သူ့ဘဝတစ်လျှောက်မှာဘယ်လိုနည်းလမ်းတွေနဲ့ ဆေးတွေကို ဖြန့်ဖြူးခဲ့သလဲ၊ ...
movie

Cocaine Godmother (2017)

2017