Channel Myanmar

Matt Murray

BASEketball (1998) 6.5
BASEketball (1998)  BASEketball (1998)IMDb Rating (6.5) / Rotten Tomatoes (41%) အမေရိကန်နိုင်ငံမှာ baseball ပြိုင်ပွဲအလွန်နာမည်ကြီးခဲ့တဲ့ကာလပေါ့။ အဲ့ဒီအချိန်မှာအားကစားဟာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့အချိန်။ Baseball World Series ရဲ့ပြိုင်ပွဲတစ်ခုကို Joe Cooper နဲ့ Doug Remer တို့သူငယ်ချင်းနှစ်ယောက်ဟာ လာရောက်ကြည့်ရှု့နေခဲ့ပါတယ်။အဲ့ဒီ့နေ့မှပဲ Reggie Jackson ကလည်းမှော်ဝင်နေသလိုကိုကောင်းရော။ တစ်ပွဲတည်း home run သုံးခါရိုက်ခဲ့တယ်။ ကံကောင်းချင်တော့ နောက်ဆုံးရိုက်ချက်ဟာ Coop ဆီကိုကျလာခဲ့တယ်။ငယ်ရွယ်တဲ့ Coop ဟာ တစ်နေ့ငါလည်းသူ့လိုအားကစားသမားကြီးဖြစ်ရမယ်ပေါ့။ တကယ်တမ်းကြီးလာတဲ့အခါ Coop နဲ့ Remer တို့နှစ်ယောက်သား ဘာမှအလုပ်မယ်မယ်ရရမရှိ။အလေလိုက်ကောင်းနေခဲ့ပါတယ်။ Remer ကကျောင်းတုန်းက Crush လေး ပါတီပွဲလုပ်တယ်ဆိုလို့ အဖော်ဆွယ်ပြီး Coop ကိုပါခေါ်လာခဲ့ပါတော့တယ်။ ဒါပေမဲ့ လူကုံထံအသိုင်းဝိုင်းကြားမှာမလို့ ဘယ်သူမှသူတို့ကို အဖက်မလုပ်ချင်ခဲ့ပါဘူး။ဒါနဲ့ပဲပျင်းလို့ Basketball လေးဆော့နေတုန်း သူ့crush လေးရဲ့ဘဲက နှစ်ယောက်ချင်းကစားဖို့ ...
movie

BASEketball (1998)

1998
The Devil Wears Prada (2006) 6.9
The Devil Wears Prada (2006) The Devil Wears Pradaဆိုတဲ့ ဇာတ်လမ်းနာမည်လေးအတိုင်းပါပဲ။ Prada‌ဒေါက်ဖိနပ်စီးပြီး ဖက်ရှင်မဂ္ဂဇင်းလောကရဲ့ ဒိတ်ဒိတ်ကြဲအမျိုးသမီးတစ်ဦးနဲ့ ကြုံဆုံခဲ့ရပုံကို ရိုက်ကူးထားတဲ့ကားလေးပါပဲ။ ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ကြည့်ကောင်းပြီး ဆုတွေအများကြီးရခဲ့တဲ့ကားပါ။ ဇာတ်လမ်းထဲက မဂ္ဂဇင်းအယ်ဒီတာချုပ် မီရန်ဒါ ပရိစ်စလီဟာဆိုရင် အလုပ်ကို အရမ်းကြိုးစားသူ၊ လက်အောက်ငယ်သားတွေက စက်စက်ယိုအောင်ကြောက်ရသူပေါ့၊ တစ်ခါတလေကျ သူ့လက်ထောက်ကို ဖြစ်နိုင်မဖြစ်နိုင်မသိ ခိုင်းချင်ရာခိုင်းပြီး ကြပ်တတ်ပါသေးတယ်။ ဘယ်လိုလဲဆိုရင်တော့ ဟယ်ရီပေါ်တာစာအုပ်ရဲ့ မထွက်သေးတဲ့ စာမူကိုရအောင်ယူခိုင်းတာမျိုးပါ။ ဒီဇာတ်ကောင်နဲ့ သူ့ရဲ့ ဟာသတချို့ဟာ အင်္ဂလန်ဘုရင်မ Queen Elizabeth IIကို ဇာတ်လမ်းထဲပုံဖော်ထားပါ။လက်ထောက်ဖြစ်သူက ကော်ဖီလာမပို့သေးလို့ "ကော်ဖီမရောက်သေးပါလား၊ သူသေသွားပြီလား"မေးလို့မေး ဟာရီကိန်းမုန်တိုင်းတိုက်နေတာကို "မိုးဖွဲလေးကျနေတာပါ"လို့ ပြောလို့ပြော တစ်ခုခုခိုင်းပြီးရင် "ဒါပဲ"ဆိုပြီး ပြောလွှတ်တတ်တဲ့ မူဟန်လေးတွေထည့်သွင်းရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ သတင်းထောက်ဖြစ်ချင်သူ အန်ဒီဟာ အလုပ်ရှာနေရင်းနဲ့မှာ နာမည်ကြီးဖက်ရှင်အယ်ဒီတာချုပ်ရဲ့လက်ထောက်အဖြစ်အလုပ်ရသွားပါတယ်။ သူလုပ်ချင်တာတော့ စာရေးချင်တာပါ။ ဒါပေမဲ့ ဒီအလုပ်မှာတော့ ကော်ဖီယူပေး ဖုန်းကိုင်ပေးနဲ့ စာမရေးရတဲ့အပြင် အယ်ဒီတာ့စိတ်ကြိုက်အတိုင်းနေပေးရပါတယ်။ ...
movie

The Devil Wears Prada (2006)