Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Matt Frewer
5.3
Riding the Bullet (2004)
Stephen Kingရဲ့ Riding the Bulletဆိုတဲ့ ဝတ္တုကို ပြန်ရိုက်ထားတဲ့ကားပါ။ဒါရိုက်တာက အတော်ကြီးထဲမပါနေတာတောင် ဇာတ်အိမ်နဲ့ နောက်ခံစကားပြောတွေက တော်တော်ကြမ်းပါတယ်။ကြည့်နေတုန်းက ဒီကားက ဇာတ်အိမ်နဲ့ အဖြစ်အပျက်တွေ Narrativeတွေက ကားနဲ့မလိုက်အောင် ဘာလို့လန်းနေတာလဲလို့ တွေးမိပေမဲ့ကားဆုံးလို့ စတိုရီက ဘယ်သူလဲရှာတော့ စတီဖင်ကင်းမှန်းသိတော့ အံ့ဩစရာတော့မဟုတ်တော့ဘူး။စတီဖင်ကင်းဝတ္တုကတော့ စတီဖင်ကင်းဝတ္တုလို့ပဲပြောရမှာပါပဲ။စတီဖင်ကင်းရဲ့ ဟော်ရာကားမဟုတ်တဲ့ကားတွေ အားလုံးနီးပါးက Narrativeပိုင်းတွေ တော်တော်လှနေတတ်သကိုး။ကင်းဖန်ဖြစ်ဖြစ် ဒီတိုင်းဖြစ်ဖြစ် ကြည့်သင့်တဲ့ကားပါပဲ။Ratingတွေကတော့ ကျန်တဲ့အချက်တွေကြောင့် မကောင်းလှပေမဲ့ ဇာတ်လမ်းကတော့ စိတ်ဝင်စားစရာကောင်းသလို Conceptလည်းလှပါတယ်။ပုံမှန်ဆိုလူတွေက ရှင်သန်ခြင်းကို ချစ်တတ်ကြပြီး သေခြင်းကို ကြောက်တတ်ပေမဲ့ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင် အလန်ပါကာကတော့ သေခြင်းကိုချစ်ပြီး ရှင်သန်ခြင်းကိုကြောက်နေတဲ့လူပါ။ဒီလိုနဲ့ သူ့မွေးနေ့တစ်ရက်မှာ ရေချိုးကန်ထဲ သတ်သေဖို့လုပ်ပါတယ်။ဒီအချိန်မှာ သူ့ရည်းစားနဲ့ သူငယ်ချင်းတွေက Supriseတိုက်ဖို့ ရောက်လာလို့ သေရင်းတန်းလန်းနဲ့ ဆေးရုံရောက်သွားတယ်။ဒီလိုနဲ့ ဆေးရုံက ဆင်းလာပြီးနောက် ဂျွန်လန်နွန်ရဲ့ရှိုးပွဲကိုသွားကြည့်ဖို့လုပ်ကြတုန်း သူ့အမေက လေဖြတ်သွားလို့ ဆေးရုံရောက်နေတာကို သိလိုက်ရတယ်။ဒီလိုနဲ့ရှိုးပွဲသွားဖို့အစီအစဉ်ကိုဖြတ်ပြီး သူ့အမေရှိတဲ့ မိုင်ပေါင်းများစွာအကွာက ...
movie
Riding the Bullet (2004)
7.3
Dawn of the Dead (2004)
Dawn of the Dead (2004)IMDb - 7.3/10_____Rotten - 75%ကြောက်တက်သူများ ကြည့်ဖို့မသင့်တော်ပါဘူး သွေးသံရဲရဲတွေနဲ့ သဘာဝကျစွာ ပုံဖေါ်ထားတာဖြစ်လို့ Horror ကြိုက်သူတို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးပါ။ ဇွန်ဘီကားဆိုပေမဲ့ ဖြစ်သလိုဇာတ်အိမ်ဖွဲ့ထားတာမျိုးမဟုတ်ပဲ သဘာဝကျကျ ဖွဲ့ထားပါတယ်။ သေချာခံစားပြီးကြည့်ရင် သင်ကိုယ်တိုင် ဇာတ်လမ်းထဲမှာ စီးမျောနေသယောင်ခံစားရပါလိမ့်မယ်။ ဘဝကို ရိုးရှင်းစွာဖြတ်သန်းနေတဲ့ သူနာပြုမလေးတစ်ယောက်။ တစ်နေ့ဂျူတီပြီးလို့ အိမ်အပြန် ညနေပိုင်းလောက်မှာ မိန်းကလေးတစ်ယောက် တံခါးဝမှာရပ်နေပါတယ်... ကလေးရဲ့ ပါးစပ်မှာသွေးတွေပေနေပြီး လူကလောက်ကျောက်ရုပ်လိုငြိမ်သက်နေပါတယ် ဂါဝန်အဖြူမှာလည်း သွေးတွေစွန်းထင်းနေပါတယ်။ သူမကိုမြင်တော့ အကူညီလိုနေတယ်ထင်လို့ အကူညီခေါ်ပေးဖို့ အနားသွားလိုက်တဲ့အခါမှာတော့.. ကမောက်ကမတွေဖြစ်ကုန်ပါတယ်... အသက်ရှင်ကျန်ရစ်သူ သူနာပြုမလေးကတော့ ခြေဦးတည့်ရာ ပြေးရင်းလွှားရင်း လူတစ်စုနဲ့ပေါင်းမိပြီး မောလ်ကြီးတစ်ခုထဲကို ရောက်ရှိသွားပါတယ်။ အဲဒီမောလ်ကြီးဟာ အသက်ရှင် ကျန်ရစ်တဲ့သူတွေအတွက် မှီခိုရာနေရာလေးဖြစ်သွားပါတော့တယ်..။ တစ်ကယ်တော့ သူတို့တွေအားလုံးက ဇွန်ဘီကောင်တွေရဲ့ သဘောသဘာဝကို မသိကြပါဘူး ဘယ်လိုကူးစက်လဲဆိုတာကိုလည်းမသိကြပါဘူး..။ တစ်နေ့မှာ မောလ်ထဲကို လူသစ်တွေထပ်ရောက်လာပါတယ် သူတို့ထဲက တစ်ယောက်က အကိုက်ခံထားရပြီး အခြေနေက အတော်ဆိုးရွားနေပါပြီ။ သူ..သေသွားပြီး တစ်ဖန်ပြန်ထလာကာ တွေ့တဲ့လူကို လိုက်ကိုက်ပါတော့တယ်။ အဲဒီအချိန်မှာပဲ အကိုက်ခံရရင် ကူးစက်တယ်ဆိုတာ သိရှိကြပါတော့တယ်...။ ဒါပေမဲ့ သူတို့သိတာနောက်ကျခဲ့ပါပြီ...။ တစ်ကယ်လို့များ အဲဒါကို ...
movie
Dawn of the Dead (2004)
2004
4K HEVC
5.4
White Coats (2004)
ဒီဇာတ်ကားက ဆေးရုံတိုင်းမှာဖြစ်တတ်တဲ့ အလွဲတွေကိုအမေရိကန်က စိန့်အဲလ်ဘတ်ဆိုတဲ့ ဆေးရုံမှာဖြစ်နေသလိုပုံဖော်ရိုက်ကူးထားတဲ့ comedyဇာတ်ကားပဲ ဖြစ်ပါတယ်။အမေရိကန်တစ်နိုင်ငံလုံးမှာ အညံ့ဆုံးဆေးရုံလို့ပြောရမယ့်စိန့်အဲလ်ဘတ်ဆေးရုံကို တတိယနှစ်အလုပ်သင်ဆရာဝန်တစ်သိုက်ရောက်လာပြီးမှ ကြုံတွေ့ရတဲ့ အလွဲအချော်တွေ၊ပေါက်ကရတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။စာမေးပွဲအချကြမ်းတဲ့ ဆရာဝန်ကြီး၊ ဆေးရုံသုံးစက်တွေရောင်းစားပြီး အောက်ဆိုက်ရှာဖို့ပဲ အမြဲတွေးနေတတ်တဲ့ဆေးရုံအုပ်ကြီး၊ ဘယ်သူမှလူမထင်တဲ့ နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီးတို့ လက်အောက်မှာ မအူမလည်နဲ့ တလွဲတွေပဲလုပ်တတ်တဲ့သူ၊ မြင်သမျှ မိန်းကလေးတိုင်းကို နှာဘူးထဖို့ပဲတွေးနေတဲ့သူ၊ တတ်ယောင်ကားလုပ်တတ်သူ၊ ရိုးမလိုလိုနဲ့ကုတ်ကမြင်းဖြစ်နေသူ၊ ကျောင်းစရိတ်ကို နိုက်ကလပ်မှာရှာရတဲ့သူ၊ နှလုံးခွဲစိတ်ဆရာဝန်ဖြစ်ချင်တဲ့သူ စသဖြင့်စရိုက်ပေါင်းစုံနဲ့ အလုပ်သင်တွေရဲ့ အမှားတွေ၊ ပေါက်ကရလုပ်ရပ်တွေကြား ဆေးရုံကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်မသွားအောင် ထိန်းရပုံကို ဟာသနှောပြီးကြည့်ရမှာပါ။ဆေးလောကအလွဲတွေကို သဘောကျသူတွေ ကြည့်သင့်တဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size… 1.8 GB / 914 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 30m Genre ..... Comedy / Dark Comedy Subtitle…. Myanmar Subtitle ...
movie
White Coats (2004)
5.6
Pixels (2015)
Pixels (2015)ဒီဇာတ်ကားလေးကတော့ ငယ်ငယ်က ထွက်ရှိခဲ့တဲ့ Video Game တွေကို ပြန်လည်အမှတ်ရစေမိတဲ့ ဇာတ်ကားလေးတခုဆိုလည်း မမှားပါဘူး ၊၁၉၈၀ ခုနှစ်ဝန်းကျင်က လူသားတွေရဲ့ Pixels Game တွေကို အခြေခံပြီး ဂြိုလ်သားတွေဟာ ကမ္ဘာမြေအပေါ် ကျုးကျော်လာပါတယ် ၊သာမန်လက်နက်တွေသာ ကိုင်ဆောင်ထားတဲ့ အမေရိကန် စစ်တပ်ဟာ ဂြိုလ်သားတွေကို မနိုင်တော့တဲ့အချိန်မှာ၁၉၈၀ ခုနှစ်က ဂိမ်းဆော့ရာမှာ အရမ်းကျွမ်းတဲ့ မင်းသားကြီး Adam Sandler ကို သူငယ်ချင်းဖြစ်သူ အမေရိကန် သမ္မတက ကူညီဖို့ ခေါ်ပါတော့တယ် ၊ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရှုရမယ့် ဟာသ အက်ရှင် ဇာတ်မြူးလေးဖြစ်ပြီးငယ်ငယ်က ဂိမ်းဇာတ်ကောင်တွေကို တဖန်ပြန်လည်ကြည့်ရှုရတဲ့အတွက် သဘောကျစရာရုပ်ရှင်ကားလေးပါပဲ။Review Crd File size…(2.1 GB )/(1.2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:45:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie
Pixels (2015)
6.3
The BFG (2016)
2016 IMDb 6.3 နဲ့ fantasy ကားကောင်းတစ်ကား အကြည်ထွက်လာခဲ့ပါပြီ။ Disney ရဲ့ The BFG(Big Friendly Giant) ပါပဲ။ ဇာတ်လမ်းလေးကတော့ ရိုးစင်းပြီး လှပပါတယ်။ ဆိုဖီဆိုတဲ့ မိဘမဲ့ကလေးလေးကို ကြင်နာတတ်တဲ့ နှလုံးသားရှိတဲ့ မှင်စာဘီလူးကြီးက ဖမ်းခေါ်သွားခဲ့မိတာက စတာပါပဲ။ လူသားစားတဲ့ဘီလူးတွေနေထိုင်တဲ့ ဘီလူးတိုင်းပြည်မှာ အသီးအရွက်ပုတ်လေးတွေစားပြီး အကောင်အသေးဆုံး ဘီလူးကြီး၊ လူသားစားတဲ့ဘီလူးတွေကို မတားနိုင်တဲ့အတွက် လူသားကလေးလေးတွေအတွက် အိပ်မက်လှလှလေးတွေ လိုက်ဖမ်းပြီး လက်ဆောင်ပေးလို့ တတ်နိုင်သလောက် ပြန်ပေးဆပ်နေသူဘီလူးကြီးဟာ သူ့ရဲ့မိတ်ဆွေဆိုဖီလေးကို ကာကွယ်ရင်း ဆိုဖီရဲ့အားပေးမှုနဲ့ ဘီလူးတွေအားလုံးကို အပြီးအပိုင်မောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ....ဒီဇာတ်ကားကိုတော့ စာတန်းထိုးအမှန်မထွက်တဲ့အတွက် နားထောင်ပြီးပဲ အတက်နိုင်ဆုံးဘာသာပြန်ပေးထားပါတယ်။ အင်္ဂလိပ်လေသံလည်းဖြစ် ဘီလူးတွေကလည်း လူစကားကို ကောင်းကောင်းအသံမထွက်တတ်တော့ အကုန်လုံးတော့ မမှန်ပါဘူး။ ဒါပေမယ့် အားလုံးနီးပါးတော့အနီးစပ်ဆုံးမှန်အောင် ကြိုးစားပေးထားပါတယ်။ ဒီကားလေးကိုတော့ မိသားစုနဲ့ကြည့်လို့ကောင်းပြီး ကလေး လူကြီးအကုန်နှစ်သက်ကြမယ်ထင်ပါတယ်။ File size…(2.2 ...
movie
The BFG (2016)
7.6
Watchmen (2009)
ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စူပါဟီးရိုးလက်ရာတွေထဲက တစ်ခုဖြစ်တဲ့ Watchmen ကို ဘာသာပြန်၊ ကွာလတီ အကုန်စိတ်ကြိုက်ပြင်ပြီး ပြန်တင်ပေးထားပါပြီ။ Watchmen ဟာ Version ၃ မျိုးရှိပြီး ခုတင်ဆက်လိုက်တဲ့ Ultimate Cut ကတော့ အရှည်ဆုံး Cut ဖြစ်တဲ့ ၃ နာရီ ၃၅ မိနစ်ကျော်ကြာမြင့်တဲ့ Version ဖြစ်တာမလို့ အပြည့်စုံဆုံး Version ပါပဲ။Watchmen ရုပ်ရှင်ဟာ နောက်ပိုင်း မာဗယ်နဲ့ဒီစီနှစ်ခုလုံးမှာထွက်နေတဲ့ပေါ့ပေါ့ပါးပါးနဲ့ ဘဝအမောပြေစေတဲ့ကားမျိုးမဟုတ်လို့ စူပါဟီးရိုးရုပ်ရှင် မှောင်မှောင်လေးကြိုက်သူတွေကြည့်သင့်ပါတယ်။ Watchmen ဆိုတဲ့နာမည်ဟာ ရောမစာရေးဆရာ ဂျဗီနယ် ၁ ရာစုလောက်မှာ ရေးသားခဲ့တဲ့ နာမည်ကြီး လက်တင်ကဗျာထဲကနေ ဆင်းသက်လာတာပါ။noui consilia et ueteres quaecumque monetis amici, "pone seram, cohibe". sed quis custodiet ipsos custodesငါ့မိတ်ဆွေတွေ အမြဲပြောနေတဲ့ စည်းကမ်းထိန်းသိမ်းရေး၊ မိန်းမတွေကို စည်းကမ်းတင်းကြပ်ထားဆိုတာ၊ ဒီကင်းသမားတွေကို ဘယ်သူကင်းပြန်စောင့်မလဲ ဆိုတဲ့ ကဗျာပါ။ ရောမခေတ်ရဲ့ အမျိုးသမီးဖိနှိပ်မှုတွေကိုထောက်ပြထားတာဖြစ်ပြီး အာဏာပိုင်တွေကို ဘယ်သူက ထိန်းကျောင်းမလဲဆိုပြီး ...
movie
Watchmen (2009)
2009
4K HEVC
6.4
Honey, I Shrunk the Kids (1989)
Honey, I Shrunk the Kids (1989) ======================= IMDb Rating - 6.4/10ကာတွန်းစာအုပ်တစ်ခုကနေ Live Action ရိုက်ပြီး ဝက်ဝက်ကွဲအောင်မြင် သွားတဲ့ သိပ္ပံစိတ်ကူးယဉ် ဟာသ မိသားစုဇာတ်လမ်းတစ်ခု ဟောလိဝုဒ်နဲ့ ဒစ်စနေး ရုပ်ရှင်သမိုင်းမှာ ရှိခဲ့ဖူးပါတယ်။ လုံးဝမမျှော်လင့်ထားပဲ ဝင်ငွေ အရ အမြတ်အစွန်းကြီးသွားလို့ အတည်အခံ့ ရုပ်ရှင်ကြီးတွေကြားမှာတောင် ဝင်ငွေအကောင်းဆုံးကားတွေထဲ ကန့်လန့် ကန့်လန့် ပါသွားသေးတယ်။ ပထမကတော့ ရုပ်ရှင်ဆက်တင်တွေကို အသေးစိတ် ဖန်တီးထားပုံပါ။ဒီဘက်ခေတ်လို CGI တွေ တစ်လှေကြီးနဲ့ နုရွဖုထနေတာမျိုးမဟုတ်ဘဲ တစ်ခု ချင်းစီကအစ သေသေချာချာ လုပ်ထားရတာမလို့ အထင်ကြီးမိပါတယ်။ ဒုတိယကတော့ မိသားစုဇာတ်လမ်းပီပီ စိတ်ထားသင်ခန်းစာတွေ၊ မိဘနဲ့ သားသမီးကြားက အထင်အမြင်လွဲပုံလေးတွေ၊ မောင်နှမတွေကြားထဲက အချစ်တွေကို လှလှပပ ကြည့်ရဦးမှာပါ။အဲဒါနဲ့ပဲ တီဗီဇာတ်လမ်းတွဲတွေ၊ sequel ရုပ်ရှင်တွေ ဆက်ထွက်လာခဲ့တဲ့ အမှိုက်ထဲကရွှေဖြစ်ဇာတ်ကားပေါ့။ ဒီဇာတ်ကားကို Young Sheldon ထဲမှာ မစ်စီ က တဖွဖွ ထည့်ပြောနေတာ သတိထားမိမှာပါ။ Honey I Shrunk the ...
movie
Honey, I Shrunk the Kids (1989)
1989
6.2
Rampage (2009)
Rampage (2009) ============== IMDb Rating 6.2/10လူကြီးမင်း ရေတစ်ခွက်သောက်လိုက်တာ လူကြီးမင်းအတွက် မထူးဆန်းပေမဲ့ ကမ္ဘာပေါ်က လူတစ်ယောက်အတွက် ရေတစ်ခွက်စာ လျှော့သွားတယ်တဲ့။ အ လားတူပါပဲ။ ထမင်းတစ်ပန်းကန် စားလိုက်မယ်၊ ငါးတစ်ကောင် စားလိုက်မယ်၊ ကားထဲကို ဓာတ်ဆီ တစ်ဂါလံထည့်လိုက်မယ်၊ မြေအောက်ရေကို ရေကူးကန်ထဲ စုပ်တင်လိုက်မယ်။ ကဲ လူကြီးမင်း။ ကမ္ဘာပေါ်က လူတစ်ယောက်ကတော့ ခံစား သွားရမှာအမှန်ပဲ။ကမ္ဘာ့လူဦးရေက တစ်နှစ်ကို သန်း ၇၀ နှုန်းနဲ့ တိုးပွားလာသတဲ့။ သမုဒ္ဒရာ ဝမ်းတစ် ထွာဆိုရင် သမုဒ္ဒရာ သန်း ၇၀ ထဲကို စီးဝင်ပြီး ပြန်ထွက်မလာတော့တဲ့ သဘာဝရင်း မြစ်တွေအကြောင်းတွေးကြည့်လိုက်။ ကဲ ဘာလုပ်ကြမလဲ။ ကျွန်တော်တို့ ရှင်သန် ကျန်ရစ်ချင်ရင် ဘာလုပ်ရမလဲ။ ကမ္ဘာ့တစ်နေရာက လူတစ်ယောက် အပျင်းပြေစား လိုက်တဲ့ ပေါင်မုန့်တစ်လုံးကြောင့် လူကြီးမင်းမှာ ညစာရှိမလာတော့ရင် လူကြီးမင်း ဘာလုပ်မလဲ။ဒီပြဿနာတွေကို အဖြေရှာချင်တဲ့ လူငယ်တစ်ဦးရှိပါတယ်။ ဒါပေမဲ့ သူ့ရဲ့ဖြေရှင်းနည်း ကတော့ ကဗျာဆန်လွန်းပါတယ်။ လူဦးရေများရင် ပြဿနာရှိတယ်။ လူဦးရေနည်းရင် ပြဿနာမရှိတော့ဘူး။ ဒါပဲ။ လူဦးရေနည်းအောင် ...
movie
Rampage (2009)
2009
7.6
50/50 (2011)
ဒီတစ်ခါမှာတော့ IMDb 7.6 ထိရရှိထားပြီး Rotten Tomatoes မှာ 93% ထိရရှိထားတဲ့ comedy/drama လေး တင်ဆက်ပေးမှာဖြစ်ပါတယ် ဒီဇာတ်ကားကို Joseph Gordon-Levitt နဲ့ Jurassic park က မမ Bryce Dallas Howard လည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ် ရေဒီယို ရုံးမှာအလုပ်လုပ်တဲ့ အသက် 27 နှစ်အရွယ် MC တစ်ယောက်ဟာ အရမ်းရှားတဲ့ ကျောရိုးကင်ဆာတစ်ခုဖြစ်နေတာသိလိုက်ရပါတော့တယ် 50% ပဲအသက်ရှင်နိုင်ချေရှိတဲ့ ကင်ဆာကို ကုသနေတုန်းမှာ MC တစ်ယောက် ခင်မင်မှုနဲ့ ချစ်ခင်မှု အကြောင်းကို သတိပြုလာမိပါတော့တယ် သေဆုံးနိုင်လောက်တဲ့ ကင်ဆာရောဂါဖြစ်နေတဲ့အချိန်မှာ ဘေးကလူတွေက ဘယ်လိုပြောင်းလဲသွားမှာလဲ ကိုယ့်ကိုယ်ကို သေဆုံးတော့မယ်လို့ မှတ်ယူထားတဲ့လူတစ်ယောက်က လောကကြီးကိုဘယ်လိုမြင်လဲ ဆိုတာကို ရိုက်ပြပေးထားတဲ့ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် လက်မလွှတ်ဘဲ ကြည့်သင့်ပါတယ် File size…(1.9 GB)/(960 MB) Quality….Webrip 1080p ...
movie
50/50 (2011)
6.2
Night at the Museum: Secret of the Tomb (2014)
Night at the Museum: Secret of the Tomb (2014) IMDb - 6.2/10_____Rotten - 47% ၂၀၀၆ ကတည်းက စတင်အောင်မြင်ခဲ့တဲ့ အမေရိကန်ဟာသဇာတ်လမ်းရဲ့ တတိယမြောက် ဇာတ်လမ်းတွဲဖြစ်သလို နောက်ဆုံးဇာတ်လမ်းလည်းဖြစ်တဲ့ ဇာတ်ကားသစ်အကြောင်း ပြောပြချင်ပါတယ်။၁၉၃၈ တုန်းက ရှေးဟောင်းသုတေသနပညာရှင်အဖွဲ့ဟာ အဖိုးတန်ရှေးဟောင်းပစ္စည်းတစ်ခုကိုရှာဖွေဖို့ အီဂျစ်ဂူသင်္ချိုင်းတစ်ခုကို တူးဖော်ပါတယ်။ ဂူသင်္ချိုင်းထဲကိုကောင်လေးတစ်ယောက် ပြုတ်ကျရာကနေ သူ့ဖခင်နဲ့ အခြားရှေးဟောင်းသုတေသန ပညာရှင်တွေကို လမ်းကြောင်းရှာပေးနိုင်ခဲ့ပြီး ဖာရိုဘုရင်ရဲ့ ကမ္ပည်းထိုးထားတဲ့ရွှေချပ်ပြားကိုရှာတွေ့ခဲ့ပါတယ်။ အဲဒီနောက်တော့ ရွှေကမ္ပည်းပြားကို နှစ်ပေါင်းများစွာထိန်းသိမ်းထားပါတယ်။ယနေ့ခေတ် နယူးယောက်မြို့က သဘာဝသမိုင်းပြတိုက်ကြီးမှာ အခမ်းအနားကြီးတစ်ခုလုပ်နေပြီး ဒေါက်တာမက်ပီး တက်ရောက်လာတာကို ပြတိုက်လုံခြုံရေးဖြစ်တဲ့ လာရီဒါလေကတွေ့ပါတယ်။ Night at the Museum အရင်ဇာတ်ကားတွေအတိုင်းပဲ ပြတိုက်က အရုပ်တွေ အသက်ဝင်ပြီး သူတို့အသက်ရှင်စဉ်ကနေခဲ့တဲ့ ပုံစံအတိုင်းနေရင်း ပြတိုက်ထဲမှာ ဖြစ်ချင်တိုင်းဖြစ်နေပါတယ်။ အီဂျစ်ဂူသင်္ချိုင်းထဲက ရွှေကမ္ပည်းပြားက နယူးယောက်သဘာဝသမိုင်းပြတိုက်ထဲမှာ ထိန်းသိမ်းထားတာဖြစ်ပြီး အဲဒီပစ္စည်း ...
movie
Night at the Museum: Secret of the Tomb (2014)
2014
6.4
Honey, I Shrunk the Kids (1989)
Honey, I Shrunk the Kids (1989) IMDb - 6.4/10_____Rotten - 76%ဒီဇာတ်ကားလေးကတော့ သိပ္ပံပညာရှင်အဖေတစ်ယောက်ရဲ့ မအောင်မြင်တော့ဘူးလို့ထင်ထားတဲ့ စက်တစ်ခုကနေပြီးတော့ ပေါက်တတ်ကရတွေဖြစ်သွားတဲ့ကားလေးဖြစ်ပါတယ်.... သိပ္ပံပညာရှင်သျှာလင့်စကီတစ်ယောက်အရာဝတ္တုတွေကိုသေးအောင်လုပ်တဲစက်တစ်ခုကို ဖန်တီးနေတာ နှစ်တွေအတော်ကြာခဲ့ပါပြီ...သူရဲ့ဖန်တီးစမ်းသပ်မှု့တွေကြောင့်လည်း ဘေးအိမ်ပတ်ဝန်းကျင်ကလူတွေပါ နေ့ရောညပါအနှောင့်ယှက်ဖြစ်ခဲ့ကြပါတယ်.. နောက်ဆုံးမှာတော့ သူ့ကိုအရူးတစ်ယောက်လို့ပဲသတ်မှတ်လိုက်ကြပါတော့တယ်... တစ်နေ့မှာသူနှစ်ပေါင်းများစွာတီထွင်ပေမယ့်လည်း အောင်မြင်ခြင်းမရှိတဲ့ အရာဝတ္တုတွေကိုသေးအောင် ချုံ့တဲစက်ဟာ သူ့ရဲ့သားသမီးတွေဆော့ရင်းကနေ ထိခိုက်မိပြီး ပြန်လည်အသက်ဝင်လာခဲ့ပါတယ်....အဲစက်ကနေသူ့ရဲ့ကလေးတွေကိုအင်းစက်အရွယ်စားထိချုံ့ပစ်လိုက်ပါတယ်... အဲဒီနောက်မှာတော့ ထိုလူငယ်လေးတွေဟာ သူတို့ရဲ့ခြံဝန်းထဲကနေပြန်ပြီးတော့ အိမ်ကိုရောက်အောင် ပြန်နိုင်အောင်ကြိုးစားကြရမှာပဲဖြစ်ပါတယ်... သာမန်အနေထားဆိုရင် ခြံဝန်းနဲ့အိမ်ကို ခြေသုံးလှမ်းလောက်ပဲလှမ်းရမှာဖြစ်ပေမယ့်လည်း အင်းဆက်အရွယ်သာသာဖြစ်သွားတဲသူတို့အတွက်အိမ်ထဲကိုပြန်ပြီးရောက်အောင် မိုင်ပေါင်းထောင်ချီအောင် ခရီးဆက်ရတော့မှာပဲဖြစ်ပါတယ်.. ထိုသို့ခရီးဆက်ရင်းလမ်းခရီးမှာဘယ်လိုအန္တရာယ်တွေနဲ့ကြုံရမလဲဆိုတာကတော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်... Disney ကတင်ဆက်ထားတဲ့ကားလေးဖြစ်ပြီးတော့ လူကြီးလူငယ်ပါကြိုက်နှစ်သက်စေမယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်.... Quality…..BluRay 1080p Duration…..01:33:00 Format…Mp4 File Size…(737 MB) Translator…..Khin Chan Myae Tun Encoder…..Moe Myint Lwin
movie
Honey, I Shrunk the Kids (1989)
1989