Channel Myanmar

Matt Devere

Monte Carlo (2011) 5.8
Monte Carlo (2011) Monte Carlo (2011)အဆိုတော် Selena Gomez တယောက် ၁၈ နှစ်အရွယ်လောက်က ရိုက်ကူးထားတဲ့ ရှားရှားပါးပါးချစ်စရာရုပ်ရှင်ကားလေးပါ။ ဆလီနာဂိုးမက်ဇ်အပြင် Katie Cassidy ၊ Leighton Meester တို့လို မမကြီးတွေပါ ပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့... Grace (Selena Gomez) ဟာ တက္ကဆက်က ဆင်းရဲတဲ့ စားပွဲထိုးကောင်မလေးတယောက်ဖြစ်ပြီး ပါရီမြို့ကိုအလည်သွားဖို့ဆိုတာ သူမရဲ့အိမ်မက်ဖြစ်ပါတယ်... ဒီလိုနဲ့ အထက်တန်းလဲအောင်မြင်ပြီးတာနဲ့ သူမနဲ့ သူငယ်ချင်း Emma (Katie Cassidy)၊ အစ်မ Meg (Leighton Meester) တို့ဟာ ပါရစ်မြို့ကို အလည်အပတ်ခရီးထွက်ကြပါတယ်။ ဖြစ်ချင်တော့ ပါရီမှာ Grace နဲ့ တထေရာထဲတူတဲ့ သူဌေးသမီး Cordelia Winthrop Scott ကို တွေ့ပြီး မတော်တဆ အစားထိုးဝင်ရောက်သွားတဲ့အခါ တက္ကဆက်က စားပွဲထိုးကောင်မလေးဟာ Monte Carlo က သူဌေးသမီး ဇိမ်ခံဘဝကို တမုတ်ဟုတ်ချင်းရောက်သွားပါတော့တယ်။ "တစ်ခါတလေ လူတစ်ယောက်ရဲ့ဘဝကို ခဏနေကြည့်ဖို့ ...
movie

Monte Carlo (2011)

Silent Zone (2025)
Silent Zone (2025) ဒီတစ်ခုကတော့ ပုံမှန်လူသားတွေကနေဇွန်ဘီတွေဖြစ်ကုန်ပြီး ကျန်ရစ်တဲ့လူသားမျိုးနွယ်တွေက ကိုလိုနီတွေအဖြစ်စုနေပြီး ခေတ်ပျက်ကြီးထဲမှာ ရှင်သန်လှုပ်ရှားရတဲ့ Plot မျိုးပါပဲ။အက်ဘီဂေးဆိုတဲ့ ကလေးမလေးက အမေနဲ့မောင်လေးအသတ်ခံလိုက်ရပြီးနောက်မှာ ကာစီးရပ်ဆိုတဲ့လူက ကယ်တင်ပေးခဲ့ပြီး သူ့ကိုရှင်သန်ဖို့လိုအပ်တာတွေအကုန်သင်ပေးခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ နှစ်ယောက်တည်းရှင်သန်လာကြရင်း တစ်နေ့မှာ သင်္ဘောပျက်တွေစုပြီးလူတွေနေကြတယ်ဆိုတဲ့လှေမြို့ဆိုတဲ့ကိုလိုနီကိုသွားနေတဲ့ လင်မယားနှစ်ယောက်နဲ့စုံခဲ့ပါတယ်။ဆက်ပြီးလှည့်ပတ်မသွားချင်တော့တဲ့ အက်ဘီဂေးက အဲ့ဒီလင်မယားနှစ်ယောက်နဲ့ လှေမြို့ဆိုတာကို အခြေအနေကြည့်ချင်ခဲ့တာကြောင့် သူတို့စတင်ပြီးခရီးထွက်ကြပါတော့တယ်။ လမ်းမှာ ဘယ်လိုအန္တရာာ်တွေတွေ့ကြုံရမလဲနဲ့ သူတို့ရဲ့ဦးတည်ရာကိုရောက်နိုင်ပါ့မလားဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ကြည့်လိုက်ကြပါ။File size…(2.6 GB)/(1.3 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Horror, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Phu Thet Khin 
movie

Silent Zone (2025)

The Brutalist (2024) 7.9
The Brutalist (2024)  The Brutalist (2024)IMDb Rating (7.9) / Rotten Tomatoes (94%) အော်စကာ စကာတင် ၁၀ ဆု ဝင်ထားတဲ့ ၂၀၂၄ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ခု လာပါပြီ။မင်းသားကတော့ The pianist နဲ့ လူသိများကြတဲ့ Adrien Brody ပါပဲ။ ဇာတ်လမ်းနာမည်ကတော့ Brutal - ရက်စက်သောဆိုတဲ့ စာလုံးကနေလာတာပါ။ဒါပေမဲ့ လူ့လုပ်ရပ်နဲ့ဆိုင်တာမဟုတ်ဘဲ Brutalism ဆိုတဲ့ ဗိသုကာသဘောတရားကနေလာတာပါ။ အဆောက်အဦဒီဇိုင်းကို ခပ်ကြမ်းကြမ်းပုံဖော်တာပေါ့။အလှအပတွေ အကွေ့အကောက်တွေထက် သင်္ချာကျကျ လေးထောင့်ကျကျ ခိုင်ခိုင်မာမာနဲ့ တောင့်တောင့်တင်းတင်း ဆောက်လိုက်တဲ့စတိုင်မျိုးပါ။ဒီရုပ်ရှင်ထဲမှာတော့ ဒုတိယကမ္ဘာစစ် ချွေးတပ်စခန်းကနေ လွတ်မြောက်လာတဲ့ ဂျူးဗိသုကာပညာရှင်ဟာ အမေရိကန်အိပ်မက်နောက်ကိုလိုက်ရင်း ၁၉၅၀ ကာလ ရှုပ်ထွေးတဲ့လူမျိုးရေးနိုင်ငံရေးတွေကြားမှာသမိုင်းတွင်တဲ့လက်ရာတစ်ခုကို တည်ဆောက်ခဲ့ပုံကို အခြေခံထားတာပါ။ ဖြစ်ရပ်မှန်မဟုတ်ဘဲ သမိုင်းနောက်ခံ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလက်စလိုတော့သ်ဟာ ဂျူးဗိသုကာပညာရှင်ကြီးတစ်ယောက်ဖြစ်ပြီး ချွေးတပ်စခန်းကနေ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်ကို ရောက်လာခဲ့တဲ့လူပါ။ရောက်ရောက်ချင်း ...
movie

The Brutalist (2024)

2024
4K HEVC
The Martian (2015) 8.0
The Martian (2015) Nasa ရဲ့ အင်္ဂါဂြိုလ်ပေါ်စူးစမ်းလေ့လာရေး ခရီးစဉ်ကိုအခြေခံပြီး ရိုက်ကူးထားတဲ့ ယခုဇာတ်ကားဟာIMDb rating 8/10 ထိတောင်ရရှိထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်ကားထဲက တစ်ချို့တစ်ဝက်ကိုပြောပြရရင် အင်္ဂါဂြိုလ်ပေါ်ကိုလေ့လာမှုပြုလုပ်နေတုန်းကြောက်ဖို့ကောင်းတဲ့ မုန်တိုင်းကြီးတစ်ခုဝင်လာမှုကြောင့် အင်္ဂါဂြိုလ်ကို စွန့်ခွာရမယ့် အခြေအနေပါ။မစွန့်ခွာခင် အဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်မှုးနဲ့သူ့အဖွဲ့သား ၃ယောက်တို့ MAV ကို မလဲအောင် ထိန်းထားခဲ့ဖို့ ကြိုးစားရာကနေဒီဇာတ်လမ်းရဲ့ ဇာတ်ကောင် ဇာတ်လမ်း စတင်ပါတော့တယ်။မုန်တိုင်းကြားထဲမှာ Accident ဖြစ်မှုကြောင့် ကျန်နေခဲ့ရတဲ့ မာခ်ဝပ်နေ .သတိရရချင်းပဲ အင်္ဂါဂြိုလ်(Mars)ပေါ်မှာတစ်ယောက်ထဲကျန်နေခဲ့မှန်းသိလိုက်ရပါတယ်။အဲ့အတွက် သူ့အသက်မသေခင် ဂြိုလ်ပေါ်ကျန်နေခဲ့တဲ့ အစားအသောက်ရိက္ခာကိုတွက်ချက်တဲ့အခါလုံလောက်မှုမရှိမှန်းသိတဲ့အတွက် သူတတ်မြောက်ခဲ့တဲ့ပညာနဲ့ အင်္ဂါဂြိုလ်ပေါ်မှာ အာလူးပင်တွေစိုက်ဖို့ကြံပါတော့တယ်။စနစ်တကျပီပီပြင်ပြင် အပင်စိုက်ပြသွားတာဟာ nasa အဖွဲ့ရည်မှန်းချက်ကိုထုတ်ပြသွားတယ်လို့ပြောရမလားပဲအပင်တွေဖြစ်မြောက်အောင်မြင်ခဲ့ပြီးသူ့အတွက်ရိက္ခာပမာဏကို တိုးမြှင့်နိုင်ခဲ့ပါတယ်။ကမ္ဘာ မဟုတ်ဘဲ Mars ပေါ်ဖြစ်နေတဲ့အတွက်ကြုံခဲ့ရတဲ့အခက်အခဲများဟာသာမန်လူတစ်ယောက်အတွက်တော့ကြောက်ရွံ့တုန်လှုပ်တဲ့စိတ် နဲ့တင် အရှုံးပေးလက်မြှောက်လောက်ပေမယ့်ဝပ်နေ ကတော့ အခက်အခဲတွေကို လက်တွေ့ကျကျကျော်ဖြတ်ပြသွားတာဟာတကယ့်ကိုအံ့မခန်းပါပဲ။ကမ္ဘာမြေပေါ်က ပညာရှင်တွေကလည်းဝပ်နေးကို အင်္ဂါဂြိုလ်ပေါ်က ပြန်လည်ကယ်တင်ဖို့အမျိုးမျိုးကြိုးစားခဲ့ကြတာဟာ လေးစားအတုယူဖို့ကောင်းလောက်ပါတယ်။ဒါပေမဲ့ ကမ္ဘာပေါ်ကကယ်ဆင်ရေးယာဉ်က အင်္ဂါဂြိုလ်ပေါ်ရောက်မယ့်အချိန်နဲ့ ဝပ်နေးရဲ့ ရိက္ခာကျန်ရှိရက်ဟာရက်ပေါင်းများစွာကွာဟနေတာကြောင့် ကယ်ဆင်ရေးယာဉ်မရောက်ခင်မှာပဲအစာပြတ်သေသွားနိုင်တာကြောင့်ပညာရှင်တွေအကြပ်ရိုက်နေတုန်း ...
movie

The Martian (2015)

4K HEVC
Hercules (2014) 6.0
Hercules (2014) Hercules (2014)IMDb Rating (6.0)ဒီကားကတော့ The Rock (Dwayne Johnson) နဲ့လိုက်ဖက်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်သလို၊ Hercules ရဲ့ ဇာတ်လမ်းကို မထင်မှတ်ထားတဲ့ ရှုထောင့်ကနေတင်ဆက် ပေးထားတာဖြစ်ပါတယ်။ရှေးပုံပြင်တွေမှာ Hercules က Demi-God ဖြစ်ပြီး Zeus ရဲ့ သားဖြစ်တယ်လို့အာလုံး က လက်ခံထားကြသလို၊ Hercules ကာတွန်းကားကလည်း ဒီအတိုင်းပဲ သရုပ်ဖော်ထားခဲ့ပါတယ်။ ဒီကားကတော့ Hercules ရဲ့ ဂုဏ်သတင်း နဲ့ အားလုံးသိထားတဲ့ ပုံပြင်တွေ၊ စွန့်စားခန်းတွေ က တကယ်တော့ လူတွေ လုပ်ကြံပြောဆိုတာပါဆိုပြီး ရိုက်ကူးခဲ့ပါတယ်။ဇာတ်လမ်းမှာ Hercules ရဲ့ တူဖြစ်သူက ခရီးလှည့်လည်သွားလာရင်းနဲ့ ရောက်လေရာမှာ သူ့ဦးလေးရဲ့ အကြောင်းကို လူတွေ အထင်ကြီး လေးစားလာအောင် ရန်သူတွေ ကြောက်ရွံ့ အောင် ပြောဆိုလေ့ရှိပါတယ်။ Hercules က ခေါင်းသုံးနဲ့ နဂါးကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ၊ တောဝက်ကြီးကို ဘယ်လို နှိမ်နင်းခဲ့တာ၊ ခြေင်္သေ့ကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ စသဖြင့် ...
movie

Hercules (2014)

2014
4K HEVC
Sniper 2 (2002) 5.5
Sniper 2 (2002)  အမေရိကန်အထူးတပ်ဖွဲ့ရဲ့ တပ်ကြပ်ကြီး၊ မရိန်းစနိုက်ပါဟောင်းတဦးဖြစ်တဲ့ ဘက်ကက်ဟာ လွတ်မြောက်နယ်မြေမှာမွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုမစ်ရှင်တွေလုပ်ဆောင်နေတဲ့ ဆားဘီးယားဗိုလ်ချုပ်ကြီးကို ရှင်းပစ်ဖို့တာဝန်ပေးခံခဲ့ရပါတယ်။ဒီမစ်ရှင်မှာ သူနဲ့အတူ အထောက်တော်တယောက်ပါဝင်လာခဲ့ပြီးဒီအထောက်တော်ဟာ ထောင်ထဲမှာ သေဒဏ်ပေးခံထားရာကနေမစ်ရှင်မှာ ပါဝင်ခွင့်ရလာတာဖြစ်ပါတယ်။ကျွမ်းကျင်တဲ့ ဝါရင့်စနိုက်ပါသမားနဲ့ သေဒဏ်ကနေလွတ်ပြီး‌မစ်ရှင်အောင်မြင်ချင်တဲ့ အထောက်တော်တို့ဟာ အန္တရာယ်ရှိတဲ့လွတ်မြောက်နယ်မြေထဲ သွားလာရင်း စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်ကြရမှာလဲ၊ သူတို့နှစ်ယောက်ကြား ဘယ်လိုတင်းမာမှုတွေဖြစ်ပေါ်လာမှာလဲ၊ အသက်လုပြေးရတဲ့ အခက်အခဲတွေကြားထဲမှာဒီမစ်ရှင်ကို အောင်မြင်အောင် ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမယ့် စနိုက်ပါအသားပေးအက်ရှင်ရုပ်ရှင်ကားကောင်းတကားဖြစ်ပါတယ်။ File size…2.12GB / 964MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 38m Genre ….. Action , Thriller , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie

Sniper 2 (2002)

Spy (2015) 7.0
Spy (2015) Spy(2015)IMDb Rating (7/10) / Rotten Tomatoes (95%)ရုပ်ရှင်လောကမှာ ဟာသ နဲ့ အက်ရှင် ဆိုတာက အရောမတတ်ရင် တိုင်ပတ်သွားနိုင်တဲ့အမျိုးအစားတစ်ခုထဲပါတယ်။ အက်ရှင်နယ်ပယ်မှာလည်းပုံမလာ၊ ဟာသထဲကျတော့လည်းပေါနေပြန် ဆိုတာတွေနဲ့ Action- Comedy ကားတွေက တော်ရုံဆိုရင် ပေါက်ဖို့ကော Rating ကောင်းဖို့ပါခက်တယ်။ ဒီရုပ်ရှင်ကတော့ အဲဒီအချက်တွေနဲ့မငြိစွန်းဘဲ တော်တော်ကိုပေါက်ခဲ့တယ်။ "ပေါက်မှာပေါ့။ ပါတဲ့သရုပ်ဆောင်တွေကိုလည်းကြည့်ဦးလေ" လို့ပြောလို့ရပေမဲ့ နာမည်ကြီးတွေပြုံထည့်ပြီး ယမ်းရှူသွားရတဲ့ရုပ်ရှင်တွေလည်း ကျနော်တို့မြင်ခဲ့ဖူးပြီးသားပါ။ ဒီရုပ်ရှင်ဘာကြောင့်ပေါက်သလဲဆိုတာ ကြည့်မှပဲသိပါလိမ့်မယ်။စီအိုင်အေမှာ မြေပြင်ကိုသွားရတဲ့စပိုင်တွေနဲ့ မြေအောက်ခန်းကနေ သတင်းအချက်အလက်ထောက်ပံ့ရတဲ့အဖွဲ့ဆိုပြီး ၂ ဖွဲ့ရှိတယ်။ မြေပြင်ကစပိုင်တွေကတော့ စပိုင်ကားတွေထဲကလို ဂျလန်းကြီးတွေလုပ်ရပေမဲ့ မြေအောက်ခန်းကကွန်ပြူတာသမားတွေကတော့ လင်းနို့ဝင်လိုက် ကြွက်ဝင်လိုက်ဖြစ်နေတဲ့အခန်းထဲ ထိုင်အလုပ်လုပ်ကြရတာပေါ့။ပထမဆုံးဇာတ်ကောင် ၂ ယောက်အနေနဲ့ ဆူဆန်ကူးပါး(Melissa McCarthy) နဲ့ ဘရက်ဒလေဖိုင်း (Jude Law) တို့ပါတယ်။ ဆူဆန်ကတော့ နားကြပ်ကတဆင့် မြေပြင်က ဖိုင်းကို ညွှန်ကြားရတာပေါ့။ အဲဒီအပြင် ဖိုင်းကိုပါကြိတ်ကြွေနေသေးတာ။တစ်နေ့တော့ ...
movie

Spy (2015)

2015
4K HEVC
Terminator: Dark Fate (2019) 6.2
Terminator: Dark Fate (2019) အရေပျော်စက်ရုပ်ကားဆိုပြီး ငယ်ငယ်ကတည်းက စွဲလမ်းခဲ့ကြတဲ့ တာမီနေတာ ရုပ်ရှင်တွေရဲ့ နောက်ဆုံးထွက် ရုပ်ရှင်ပါ။ တာမီနေတာ တွေအထဲမှာ ကျွန်တော်တို့ အကြိုက်ဆုံးက နံပါတ် ၂ ရုပ်ရှင်ပဲ ဖြစ်မယ်ထင်ပါတယ်။အခုထွက်တဲ့ရုပ်ရှင်ကတော့ အားလုံး ဒုတိယအကြိုက်ဆုံး တာမီနေတာရုပ်ရှင် ဖြစ်လာမယ်ထင်ပါတယ်။ ဇာတ်လမ်း နဲ့ အက်ရှင်တွေက အတော်ကို ကောင်းပါတယ်။ အားရစရာပါပဲ။ဇာတ်လမ်းအကျဉ်းဆာရာကော်နာ နဲ့ ဂျွန်ကော်နာတို့ဟာ စကိုင်းနက်ကို ဖျက်ဆီးနိုင်ခဲ့ပြီး အနာဂတ်ကို ပြောင်းလဲနိုင်ခဲ့ပြီးချိန်မှာ တာမီနေတာ တစ်ကောင်က ဂျွန်ကော်နာကို သတ်သွားခဲ့ပါတယ်။ ဒါတွေဖြစ်ပြီးလို့ နှစ် ၂၀ အကြာလောက်မှာ ဒန်နီဆိုတဲ့ မိန်းကလေးကို သတ်ဖို့ အနာဂတ်က ပိုအဆင့်မြင့်တဲ့ ရက်ဗ်နိုင်းမော်ဒယ် တာမီနေတာ ရောက်လာပြီး၊ ဒန်နီကို ကာကွယ်ဖို့လည်း ဂရေ့စ် ဆိုတဲ့ စက်ရုပ်တစ်ပိုင်းလူသား ရောက်လာပါတယ်။ဒန်နီနဲ့ ဂရော့စ်တို့ကို ဆာရာ ကော်နာက ကယ်တင်သွားပြီး ရက်ဗ်နိုင်းကို ရင်ဆိုင်ဖို့ ရန်သူဟောင်းကြီးတစ်ယောက်နဲ့ ...
movie

Terminator: Dark Fate (2019)

Season of the Witch (2011) 5.4
Season of the Witch (2011)  14 ရာစုနှစ်မှာ လူဖြစ်လာခဲ့ရင် အသက်ရှင်သန်ဖို့ လွယ်ကူမှာ မဟုတ်ဘူး။ ကိုးကွယ်တဲ့ ဘာသာတွေ လွှမ်းမိုးမှု ရရှိနိုင်ဖို့ ဘာသာရေးစစ်ပွဲတွေ အပြိင်အဆိုင် ဆင်နွှဲကြတဲ့ ခေတ်ကာလ အမျိုးသမီးတွေဆိုရင် ဆေးကုတော်တာ ရေမနစ်တာ အဲဒီလိုအဖြစ်မျိုးတွေ ကြုံလာခဲ့ရင်တောင်မှ စုန်းမဖြစ်တယ်/ စုန်းပညာ တတ်စားတယ်ဆိုပြီး အထင်လွဲခံရတဲ့ ခေတ် စုန်းမ လို့ အထင်မှား ခံရတာနဲ့ ကြိုးပေးမယ်/ရေနှစ်သတ်မယ် ပြန်လည်ချေပခွင့်မရှိခဲ့ဘူး ဒီဇာတ်လမ်း ဖြစ်ပုံက Bhemen နဲ့ Felson ဆိုတဲ့ ဘာသာရေးစစ်သူရဲကောင်း ၂ယောက်ဟာ ရှေ့တန်းကနေ စစ်မတိုက်တော့ပဲ ပြန်လာခဲ့ကြတယ်။ သူတို့ အပြန်လမ်းမှာ မြို့တစ်မြို့ကို ရောက်တော့ လူတွေက ကပ်ရောဂါဘေးကြောင့် သေကြပျက်စီးစပြုနေကြပြီ ဒီလိုဖြစ်တာ ၃ နှစ် ကြာပြီဆိုတာလည်း စုံစမ်းသိရပြီးနောက် Bhemen နဲ့ Felson တို့ နှစ်ယောက် မြို့ကနေ ထွက်ဖို့ ...
movie

Season of the Witch (2011)

River Wild (2023) 5.4
River Wild (2023)  IMDb RATING - 5.4/10 အခုပရိတ်သတ်ကြီးအတွက် thriller ဆန်ဆန်ဇာတ်ကားလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့... အလုပ်ပိတ်ရက်မှာ အစ်ကိုဖြစ်သူဆီကို အလည်ရောက်လာခဲ့တဲ့ Joey နဲ့အတူ မြစ်ကြောင်းခရီးစဉ်လေးတစ်ခုသွားဖို့အတွက် စီစဉ်ခဲ့ကြပါတယ် အဲဒီခရီးစဉ်မှာ သူတို့နဲ့အတူလိုက်ပါလာတဲ့ Trevor က တကယ်တမ်းတော့ ရာဇဝတ်သားတစ်ယောက်ဖြစ်နေပြီး တခြားနိုင်ငံတစ်ခုကို နယ်စပ်ကနေထွက်ပြေးဖို့ တိုးတိုးတိတ်တိတ် ကြံစည်နေခဲ့တာကို သူတို့ဘယ်သူမှ မရိပ်မိခဲ့ကြပါဘူး အခြေအနေမှန်ကို သိသွားတဲ့အချိန်မှာတော့ Trevor က သူတို့အားလုံးကိုရန်ပြုခဲ့ပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်လာတဲ့အထိ ပြုမူလာပါတော့တယ် သူလွတ်မြောက်ဖို့အတွက် အားလုံးကို ဓားစာခံအဖြစ်အသုံးချပြီးဆွဲခေါ်လာခဲ့ပေမဲ့ လမ်းခရီးမှာ ထင်မှတ်မထားတဲ့အဖြစ်အပျက်တွေကြောင့် အခြေအနေတွေက အားလုံးရှုပ်ထွေးသွားခဲ့ပါတယ် ဒီအန္တရာယ်ကနေ Joey တို့ ဘယ်သူတွေ လွတ်မြောက်ပြီးအသက်ရှင်ကျန်ရစ်ခဲ့မလဲဆိုတာကို ဇာတ်လမ်းလေးမှာ စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပဲဖြစ်ပါတယ် File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Mystery, Thriller, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

River Wild (2023)

The Raven(2012) 6.4
The Raven(2012) The raven 2012ကွင်းဆက်လူသတ်သမား စုံထောက်ဇာတ်လမ်းမျိုးကိုမှ၁၈၀၀ ပြည့်နှစ်ကာလကို အခြေခံထားပြီးခမ်းခမ်းနားနားရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။မင်းသားတွေကလဲ 2012 ကမ္ဘာပျက်ဇာတ်ကားထဲကjohn cusack နဲ့ Dracula untold မင်းသား luke evans တို့ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ကဗျာဆရာ၊ စာရေးဆရာအက်ဒ်ဂါအလန်ပိုး ရဲ့ ပရိသတ်တဦးဖြစ်သူ လူသတ်သမားကပိုးရဲ့ စိတ်ကူးယဉ်လူသတ်ဇာတ်လမ်းတွေကို အခြေခံပြီးလူသတ်မှုတွေစတင်ကျူးလွန်ခဲ့ပြီးပိုးရဲ့ချစ်သူကိုပြန်ပေးဆွဲကာ သူမရှိရာနေရာကိုလာဖို့လူတယောက်သတ်ပြီးတိုင်း သဲလွန်စတွေချန်ထားပေးတာတွေကနေတဆင့်လူသတ်သမားကိုဖော်ထုတ်နိုင်မလား ပိုးရဲ့ချစ်သူကိုရောအချိန်မီကယ်တင်နိုင်မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်လမ်းကစိတ်ကူးယဉ်ဇာတ်လမ်းဆိုပေမယ့်အက်ဒ်ဂါအလန်ပိုးရဲ့ ကဗျာတွေ ပုံပြင်ဇာတ်လမ်းတွေကတော့ပိုးရဲ့စာအုပ်တွေထဲကယူသုံးထားတာတွေဖြစ်ပါတယ်။ File size…  1.1 GB /  489 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 51m Genre ..... Thriller , Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Chit Min Thu
movie

The Raven(2012)

2012
Ruben Brandt, Collector(2018) 7.2
Ruben Brandt, Collector(2018) Ruben Brandt, Collector(2018)****************************သင်ဟာ now you see me တို့လို့ money heist တို့လို အဖွဲ့လိုက်လှုပ်ရှားတဲ့ မှုခင်းကားမျိုးကိုသဘောကျတယ်ဆိုရင်တော့ ဒီကားဟာ တကယ့်ကိုကြည့်သင့်တဲ့ကားပါပဲ၊ ဒါ့အပြင် inceptionလိုမျိုး vibeလည်းခံစားရမှာပါ၊ ဇာတ်လမ်းရဲ့ animationပုံစံကနည်းနည်းတော့ ဆန်းတယ်ဗျ။ဇာတ်လမ်းထဲက လူတွေဟာ မျက်နှာနှစ်ခုတွေ၊ပါးစပ်ငါးခုတွေ၊ မျက်လုံးသုံးလုံးငါးလုံး ၊two-dimensional တွေ စတဲ့ ပီကာဆိုရဲ့ပန်းချီကားတွေထဲကလိုခပ်ဆန်းဆန်းမြင်ရမှာပါ။ ဘာလို့ဆို ဇာတ်လမ်းရဲ့ ဒါရိုက်တာဟာဘယ်အပိုင်းမှာပဲရပ်လိုက်ရပ်လိုက် ပန်းချီကားတစ်ချပ်ကြည့်ရသလို့ အရသာမျိုး၊တစ်ခုခုကြည့်စရာရှိနေစေချင်လို့ပါတဲ့။ ပန်းချီကားမကြည့်တတ်တဲ့သူတောင် ငေးကြည့်နေရမယ့်ဇာတ်ကားမျိုးပါပဲ။ ဒါ့အပြင် စုံထောက်စတိုင်တွေ၊actionတွေလည်း ခပ်မိုက်မိုက်အကွက်တွေနဲ့ ပါဝင်ပြီးဇာတ်လမ်းကို စိတ်ပညာလေးနဲ့ရောကာ တစ်ကားလုံးမငြီးငွေ့အောင်ဆွဲဆောင်သွားနိုင်တာက အသက်ပါပဲ၊ Plotကတော့ ပန်းချီကား ၁၃ချပ်ကိုခိုးတဲ့အကြောင်းပါပဲ...File Size :(1.1GB) and (418 MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…01:36:00 Genre : Crime , Animation , Action Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded ...
movie

Ruben Brandt, Collector(2018)

Fallen (2016) 5.4
Fallen (2016) Fallen (2016)_____IMDb - 5.4/10    Fallen 2016 ကားလေးကတော့ ဘုရားသခင်ကို လူစီဖာပုန်ကန်တဲ့အခါ ဘယ်ဘက်ကိုမှမရွေးခဲ့ပဲ ကြားနေခဲ့တဲ့ နတ်သားတစ်ပါးအကြောင်းပါ။ တိုက်ခိုက်ယူရလောက်အောင်အရေးကြီးတာ ချစ်ခြင်းတရားဆိုတဲ့သူ့ရဲ့ခံယူချက်ကြောင့် ကောင်းကင်ဘုံကနှင်ထုတ်ခံလိုက်ရပါတယ်။ နှင်ထုတ်ခံရပြီး ကမ္ဘာမြေပေါ်မှာ တခြားနတ်သက်ကြွေခဲ့ရတဲ့နတ်သားတွေနဲ့အတူ လူသားတွေနဲ့ရောနှောပြီးနေထိုင်ခဲ့ကြပါတယ်။ တစ်နေ့တော့ သူအယောင်ဆောင်တက်နေတဲ့ကျောင်းကို လုစ်ဆို တဲ့ကောင်မလေးတစ်ယောက်ပြောင်းလာခဲ့ပါတော့တယ်။ သူနဲ့ လုစ်ကြားက ဆက်နွှယ်မှုတွေ၊ကျိန်စာတွေ၊သူအလေးထားတဲ့ချစ်ခြင်းတရားတွေကို မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေနဲ့ လူငယ်ဆန်ဆန် ရိုက်ပြထားတဲ့ကားလေးပါ။ပေါ့ပေါ့ပါးပါးနဲ့ လူငယ်Romance ကားလေးတွေကြည်ချင်သူတွေအဖို့တော့ အံကိုက်ပါပဲ။   (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ အေးမွန်ကျော်ပဲဖြစ်ပါတယ်)    File Size : 702 MB Quality : Bluray 720P Running Time : 1hr 31minutes Format : Mp4 Genre : Drama, Fantasy, Romance Translator : Aye Mon Kyaw Encoder :Thanhtike Zaw  
movie

Fallen (2016)

2016