Channel Myanmar

Matt Day

Runt (2024) 7.0
Runt (2024)  ခုတခေါက်တင်ဆက်ပေးမယ့် ရုပ်ရှင်ကားလေးကတော့IMDB Rating 7 ထိ ရထားတဲ့ Family/Adventureအမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်…ကြည်နူးစရာ ကြေကွဲစရာ ဝမ်းသာစရာ ဝမ်းနည်းစရာတွေကိုပေါင်းစပ်ရိုက်ကူးထားတဲ့ ရသစုံကားလေးဖြစ်လို့ ရုပ်ရှင်ချစ်ပရိသတ်တွေ သဘောကျနှစ်ခြိုက်မယ့်ကားလေးဖြစ်ပြီး ချစ်စရာအာဝုလေးတွေလည်းပါလို့ အာဝုချစ်သူပရိသတ်များလည်းလက်လွှတ်ဖို့မသင့်တဲ့ရုပ်ရှင်ကားလေးတစ်ကားဖြစ်ပါတယ်...ဩစတေးလျနိုင်ငံ Upson Downs မြို့ငယ်လေးက Shearersမိသားစုဟာ အခြားမြို့ခံများနည်းတူ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနဲ့အသက်မွေးဝမ်းကျောင်းပြုကြသူတွေဖြစ်ပါတယ်…ရေရှားပါးသဖြင့် ချောင်းရေကိုသာ အဓိကအားကိုးနေရတဲ့မြို့ကလေးဟာ ဓနရှင်သူဌေးကြီး Earl ရဲ့ ကုပ်သွေးစုပ်မယ့်အကြံနဲ့တည်ဆောက်ခဲ့တဲ့ ရေကာတာကြောင့် ရှားရှားပါးပါးမိုးရေကိုသာမျှော်ကိုးရပါတော့တယ်…ထို့နောက်မှာတော့ ရေရှားပါးကာ စိုက်ပျိုးရေးမဖြစ်ထွန်းဘဲတိရစ္ဆာန်များစားကျက်ရှားပါးလာမှုကြောင့် စားဝတ်နေရေးကျပ်တည်းလာတဲ့ Upson Downs အရပ်က Shearers မိသားစုအပါအဝင်ဒေသခံလယ်သမားမိသားစုများဟာ သူဌေးကြီး Earl အဖို့ ၎င်းတို့ရဲ့လယ်မြေတွေကိုဈေးချိုချိုနဲ့ ဝယ်ယူပြီး ချမ်းသာသည်ထက်ချမ်းသာအောင် အမြတ်ထုတ်စရာ သားကောင်များဖြစ်လာပါတော့တယ်…တချိန်တည်းမှာပဲ စီးပွားရေးကျဆင်းကာ ဘဏ်ကြွေးတွေဆင့်ဆင့်လာတဲ့ မိသားစုအကျပ်အတည်းကို သိပြီး ကူညီချင်စိတ်အပြည့်ရှိနေတဲ့ Shearers မိသားစုရဲ့ သမီးငယ်လေး Annie ဟာ အခက်အခဲကိုဖြေရှင်းဖို့ နည်းလမ်းတွေစဉ်းစားနေခဲ့ပါတယ်…Woolarama ပွဲတော်ရက်မှာတော့ Annie နဲ့ ...
movie

Runt (2024)

Talladega Nights: The Ballad of Ricky Bobby (2006) 6.6
Talladega Nights: The Ballad of Ricky Bobby (2006)    အနောက်တိုင်း Comedy movie တွေကို 2k vibe နဲ့ ခံစားချင်သူတွေအတွက် 2006 ခုနှစ်ကထွက်ရှိထားတဲ့ ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားက ရစ်ကီဘော်ဘီလို့ခေါ်တဲ့ ပြိုင်ကားမောင်းသမားတစ်ယောက်ရဲ့ ဘဝအနိမ့်အမြင့် အတက်အကျကို ရိုက်ပြထားတာဖြစ်ပြီး အတော်လေးကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ရစ်ကီဘော်ဘီဟာ ပြိုင်ကားမောင်းရတာကို အရူးအမူးစွဲလမ်းတဲ့ ရိစ်ဘော်ဘီလို့ခေါ်တဲ့လူတစ်ယောက်ရဲ့ ရင်သွေးဖြစ်ပြီး သူဟာလည်းအဖေ့သွေးအပြည့်ပါတဲ့အပြင် ငယ်ငယ်ကဖခင်ဖြစ်သူပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့် လူငယ်အရွယ်မှာပဲ NASCAR ရဲ့ ပြိုင်ကားလောကထဲကိုရောက်လာပြီး ကမ္ဘာ့နံပါတ်တစ်နေရာကို စောစောစီးစီးယူနိုင်ခဲ့သူဖြစ်ပါတယ်။ သူ့အောင်မြင်မှုတွေကို ခံစားလို့မဝသေးခင်အချိန်မှာပဲ ဂျွန်ဂျရတ်ဒ်လို့ခေါ်တဲ့ ပြင်သစ်လူမျိုး ပြိုင်ကားမောင်းသမားတစ်ယောက် NASCAR ကိုရောက်ရှိလာချိန်မှာတော့ သူဟာအရှုံးတွေနဲ့ရင်ဆိုင်ရပြီး သူ့ဘဝဟာလည်း တစ်မျိုးတစ်ဖုံပြောင်းလဲသွားခဲ့ပါတယ်။ဒီလိုနဲ့ တစ်ချိန်ကအတော်ဆုံးပြိုင်ကားမောင်းသမား ရစ်ကီဘော်ဘီဟာ စုတ်ပြတ်သတ်နေတဲ့သူ့ဘဝထဲကရုန်းထွက်ပြီး အတော်ဆုံးဆိုတဲ့ဂုဏ်ပုဒ်ကို ပြန်လည်ရယူနိုင်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားက IMDB rating 6.6 အထိရရှိထားပြီး အားကစားနဲ့ပတ်သက်တာတွေ ကြည့်ချင်သူတွေ ဟာသကားကြိုက်တဲ့သူတွေအတွက်ကတော့ ကြည့်လို့ကောင်းမဲ့ဇာတ်ကားတစ်ကားပါပဲ။ File size…(2.4 GB)/(1.3 ...
movie

Talladega Nights: The Ballad of Ricky Bobby (2006)

Scoop (2006) 6.6
Scoop (2006) Scoop (2006)မင်းသားကြီး Hugh Jackman နဲ့ မင်းသမီး Scarlett Johansson တို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ Crime Fantasy ကားလေးပါပဲ။ Hugh Jackmanရဲ့ ငယ်ရွယ်ခံညားမှုနဲ့အတူ Scarlett Johanssonရဲ့ မျက်မှန်လေးနဲ့ ကျောင်းသူပုံစံယဥ်ယဥ်လေးကို မြင်တွေ့ရမှာပါ။သူတို့နှစ်ယောက်ကြားဆက်သွယ်ချက်က ဘယ်လိုလဲဆိုတော့ မင်းသားက တော်ဝင်မျိုးနွယ်၊ ကျိကျိတက် ချမ်းသာတဲ့၊ ဂုဏ်သတင်းမွှေးတဲ့ နိုင်ငံရေးသမား ... မင်းသမီးကတော့ သတင်းစာပိုင်းအထူးပြုကျောင်းသူလေး ...ကံစပ်ချင်တော့ သေဆုံးပြီးသား ဝိညာဥ်တစ်ယောက်က မင်းသမီးကို ကွင်းဆက်လူသတ်သမားတစ်ယောက်အကြောင်း သတင်းလာပေးပါတယ်။ ဝိညာဥ်ကလာပြောတာဆိုတော့ ယုံရခက်ခက်ပေါ့။ သတင်းကလည်း လူရည်မွန်လေးဖြစ်တဲ့ မင်းသားကိုမှ လူသတ်သမားတဲ့။မင်းသမီးကလည်း သတင်းထောက်ဖြစ်ချင်သူပီပီ ဒီအကြောင်းကို အသွင်ယူစုံးစမ်းဖို့ မင်းသားနား ချဥ်းကပ်ရင်းက...တရားခံနဲ့မှ ချစ်မိသွားတဲ့ Scarlett Johanssonလေးရဲ့ သရုပ်ဆောင်ပုံကို တဝကြီးမြင်တွေ့ရမှာပါ။ ငယ်ရွယ်သူအချစ်က တကယ်မျက်ကန်းနိုင်ပါတယ်။ သို့ပေမဲ့ ချမ်းသာပြီး တော်ဝင်မျိုးနွယ် ဂုဏ်သရေရှိတဲ့ လူချောလေး Hugh Jackman ...
movie

Scoop (2006)

Sweet Country (2017) 7.4
Sweet Country (2017) Sweet Country ဇာတ်ကားရဲ့နောက်ခံ အချိန်ဟာ ၁၉၂၉ ခုနှစ်အချိန်က သြစတေးလျ မြောက်ဘက်က ဝေးလံခေါင်ဖျားတဲ့နေရာတွေမှာနေတဲ့ လူမည်းတွေရဲ့ ဖိနှိပ်ခံရပုံကို အခြေပြုပြီး ရို်က်ကူးထားတာဖြစ်ပါတယ်….ဒီဇာတ်လမ်းထဲမှာ ဆမ် ဆိုတဲ့လူဟာ ဘလက်ခ်ဟေး ဆိုတဲ့ဒေသမှာနေတဲ့ သက်လည်ပိုင်း တိုင်းရင်းသားလူမည်းတစ်ယောက်ဖြစ်ပါတယ်…အဲ့ဒီဒေသတွေမှာ လူဖြူတွေဟာ လူမည်းတွေအပေါ်ကို တန်းတူထားမဆက်ဆံဘဲ တော်တော်လေးဖိနှိပ်ချုပ်ချယ်ကြတဲ့အထဲမှာမှ ဘာသာတရားကိုင်းရှိုုင်းတဲ့ သူ့လူဖြူမိတ်ဆွေ ဖရက်ဒ်ကတော့ သူ့ကို ကောင်းကောင်းဆက်ဆံတဲ့ ရှားရှားပါးပါး လူဖြူတစ်ယောက်ပါပဲ…တစ်နေ့ သူ့မိတ်ဆွေ မရှိခိုက် သူ့ကိုသေနတ်နဲ့လာပစ်တဲ့ လူဖြူတစ်ယောက်ကို ခုခံရင်း ၄င်းလူဖြူသေဆုံးသွားတဲ့အတွက် ဆမ်ဟာ မိန်းမကိုခေါ်ပြီး ထွက်ပြေးပါတော့တယ်..။ဒီဇာတ်ကားဟာ ၂၀၁၈ ဇန်နဝါရီလထဲထွက်ခဲ့တဲ့ကားဖြစ်ပြီး ဆုပေါင်း ၆ ဆု ရရှိခဲ့ကာ ဆန်ကာတင်ဆု ၁၀ ဆုမှာ ပါဝင်ခဲ့တဲ့ကားတစ်ကားဖြစ်ပါတယ်….ဒီဇာတ်ကားထဲမှာ မြိုပြရဲ့ ပြိုးပြိုးပြက်ပြက် အငွေ့အသက်တွေ လုံးဝတွေ့ရမှာမဟုတ်ဘဲ …ဝေးလံခေါင်ဖျားပြီး အနီးဆုံးမြို့မှာတောင် ဘုရားကျောင်းတစ်ကျောင်းမရှိတဲ့ သြစတေးလျား မြောက်ဖက်ပိုင်းရဲ့ ကျောက်တုံးကျောက်ခဲထူထူ နဲ့ ...
movie

Sweet Country (2017)

2017