Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Matheus Nachtergaele
8.6
A Dog’s Will (2000) O Auto da Compadecida
A Dog's Will (2000)IMDb Rating (8.6) / Rotten Tomatoes (94%) ဂန္တဝင်ဇာတ်ကားအဖြစ်အသိအမှတ်ပြုခံထားရတဲ့ ဘရာဇီး ဇတ်ကားကောင်း အမေရိကန်ဟောလီဝုဒ်ဇာတ်ကား ကိုးရီးယားဇတ်ကား တရုတ်ဇတ်ကားဘောလီဝုဒ် ဇတ်ကားတွေနဲ့ရိုးနေပြီဆိုရင်တော့တောင်အမေရိကတိုက် ဘရားဇီးနိုင်ငံကဇတ်ကားလေးတစ်ကား ကိုညွှန်းပေးချင်ပါတယ်။ဒီဇတ်ကားက နာမည်ကြီးပြဇာတ်ကိုပြန်ရိုက်ထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့ဇတ်ကောင်တွေရဲ့ သရုပ်ဆောင်တာကသမရိုးကျ ကားတွေနဲ့ကွဲထွက်နေမှာဖြစ်ပါတယ်။ဒါကလည်းဇာတ်ကားရဲ့ဆွဲဆောင်မှုဖြစ်ပါတယ်။ ဟာသဆန်သလို တစ်ချို့နေရာတွေမှာ ကရုဏာသက်ရမှာဖြစ်ပါတယ်။ ဘာသာရေးဆိုင်ရာ အယူအဆတွေလည်းပါပါတယ်။ အစိုးရကို သရော်ထားတဲ့ အကွက်တွေလည်းပါပါတယ်။ဟာသဆန်တဲ့ ဇတ်ကားဖြစ်ပေမဲ့ တစ်ချို့အခန်းတွေက ဂီတတွေကတော့ ဝမ်းနည်းစရာ ခံစားရစေပါတယ်။ဇတ်လမ်းအကျဥ်းဘရာဇီးလ်နိုင်ငံမြောက်ပိုင်း မြို့လေးတစ်မြို့မှာ ဂျက်ခ်နဲ့ ချီကို သူငယ်ချင်းနှစ်ယောက်က ပေါင်မုန့်ဖိုတစ်ခုမှာဝင်လုပ်ကြပါတယ်။ဂျက်ခ်ကဆင်းရဲပေမဲ့ဥာဏ်ကောင်းတဲ့သူဖြစ်ပါတယ်။မုန့်ဖုတ်သမားယူရီကိုရဲ့ဇနီးဒိုရာမှာခွေးမလေးတစ်ကောင်ရှိပါတယ်။ဒိုရာက နောက်မီးလင်းတတ်သူဖြစ်ပါတယ်။ခွေးမလေး စားရတဲ့ အစာက ဂျက်ခ်တို့စားရတဲ့ အစားအသောက်တွေထက်ကောင်းနေတာပါ။ခွေးမလေးနေမကောင်းဖြစ်လို့ ကတ်သလစ်ဘုန်းတော်ကြီး ဆီဆာရိုကို ကောင်းချီးပေးဖို့ဂျက်ခ်ကိုပြောခိုင်းပါတယ်။ဖာသာက ငြင်းပါတယ်။ ဗိုလ်မှူးရဲ့ခွေးလို့ညာပြောတာနဲ့လုပ်ပေးမယ်ဖြစ်သွားပြန်ပါတယ်။ကောင်းချီးပေးဖို့လာတော့ခွေးကသေနေပြီဖြစ်သလိုဒိုရာကခွေးကိုခရစ်ယာန်ထုံးစံနဲ့မြှုပ်ပေးဖို့တောင်းဆိုပါတယ်။ဗိုလ်မှူးရဲ့ခွေးမဟုတ်လို့မလုပ်ပေးဘူးလို့ဖာသာကပြောလိုက်ပါတယ်။ဂျက်ခ်ကဖာသာကို ခွေးမလေးရဲ့ဆန္ဒအရတရားဝင် ဒီလိုလုပ်ဖို့စာရွက်ပေါ်မှာနှိပ်ထားတွေရှိပြီး ဖာသာအတွက်ရော ဘစ်ရှော့အတွက်ပါငွေတွေပေးဖို့ထားခဲ့တယ်ဆိုတာနဲ့အသုဘကိုလုပ်ပေးဖြစ်သွားပါတယ်။ဗိုလ်မှူးက သူ့သမီးနေမကောင်းလို့ဖာသာကို ကောင်းချီးလာပေးခိုင်းတဲ့အခါ ဂျက်ခ် ဇာတ်လမ်းရှုပ်ထားတာကြောင့် အလွဲတွေဖြစ်ကုန်ပြီး ဗိုလ်မှူးကစိတ်ဆိုးပြီးဂိုဏ်းအုပ် ...
movie
A Dog’s Will (2000) O Auto da Compadecida
2000
8.7
City of God(2002)
City of God(2002) ******************* IMDb....8.7 Rotten......90% အော်စကာ....၄ဆုဒီကားဇတ်လမ်းလေးအစမှကောင်လေး ၂ယောက်လမ်းလျှောက်လာတယ် တစ်ယောက်က ကင်မရာလေးတစ်လုံး လွယ်ထားတယ်... သူတို့လမ်းလျှောက်ရင်းပြောတဲ့စကားတွေက ဓာတ်ပုံရိုက်ရင် အန္တရယ်များလို့ အသတ်ခံရနိုင်တဲ့ အကြောင်း တစ်ယောက်ကလည်း ဒါမှသူအလုပ်ရနိုင်တဲ့အကြောင်းအခြေအတင်ပြောလာကြတယ်... အဲ့ဒီအချိန်မှာပဲ အဖွဲ့တစ်ဖွဲ့က ကြက်တစ်ကောင်ကိုသေနတ်နဲ့လိုက်ပစ်ဖမ်းနေတယ်..... ကောင်လေး ၂ယောက်ရှေ့မှာ ကြက်ကရောက်နေတော့ သေနတ်ကိုင်အဖွဲ့ရဲ့ခေါင်းဆောင်ကလှမ်းအမိန့်ပေးလိုက်တယ်.... ကြက်ကိုဖမ်းလိုက်စမ်းတဲ့ တစ်ချိန်ထဲမှာပဲ သေနတ်ကိုင်အဖွဲ့ကို ဖမ်းဖို့ ရဲအဖွဲ့က ကောင်လေး ၂ယောက်ရဲ့ နောက်မှာ ရောက်လာတယ်....လက်နက်ကိုင်၂ဖွဲ့ကြားမှ ကောင်လေး ၂ယောက် ........သူတို့ ၂ယောက်ဟာ ဘာလုပ်ရမှန်းမသိတဲ့ အနေအထား .......ကောင်လေးက သူတို့နယ်မြေရဲ့အကြောင်းကိုဆက်ပြောပြတယ် ကျွန်တော်တို့ဆီမှာ ပြေးရင်လည်း သူတို့ကလိုက်ဖမ်းမိမယ် ရပ်နေရင်လည်း သူတို့ကဖမ်းမှာပဲတဲ့........ ဒါကဇတ်လမ်းအစ....... လူတစ်ယောက်ဟာ ပတ်ဝန်းကျင်အနေအထားရဲ့လွှမ်းမိုးမှု အမှောင်ရိပ်ဟာ တစ်ချိန်လုံးလွှမ်းခြုံခံနေရရင် ရုန်းထွက်ဖို့ခက်ပါတယ် ဒီလိုအနေအထားမှာ အမှန်တရားဆိုတာဘာလဲ မေးခွန်းထုတ်နိုင်ဖို့ရယ် အဖြေရယ်ရှာဖို့ရာ အတော်ကိုမလွယ်ပါဘူး......ဘရာဇီးရဲ့ City of god မှာ ဒီလိုအဖြစ်အပျက်တွေပါ ...သေနတ်တွေအလွယ်တကူရတယ် ငွေရှာဖို့ လုတယ်... မူးယစ်ဆေးရောင်းဝယ်ဖောက်ကားတယ်... လူသတ်တတ်မှ ဆေးခြောက်ရှုတတ်မှ လူရာဝင်တဲ့နေရာမျိုး ....ကလေးငယ်တွေရဲ့ အနာဂတ်ဟာ အနက်ရောင်တွေ ထုံလွှမ်းနေတယ်.... နေရာစုံမယ် ကိစ္စဟူသမျှကို သေနတ်တရမ်းရမ်းနဲ့ဖြေရှင်းတယ်.....ကျွန်တော်ဟာ ...
movie
City of God(2002)
2002
8
Central Station (1998)
Central Station (1998) ~ IMDb - 8/10, Rotten Tomatoes - 94% ~ကျွန်တော့်မိဘတွေကို ကျွန်တော်တရားစွဲလို့ရလား ဆိုတဲ့ Capernaum ဆိုတဲ့ကားလေးကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ အဲလိုကားကောင်းမျိုးလေးတွေကို ထပ်ကြည့်ချင်နေတာကြာလှပြီပဲဆိုပါတော့။ ဆိုတော့ကာ အဲလိုဇာတ်ကောင်စရိုက်အသားပေးတဲ့ကားမျိုးလေးကို ၁၉၉၈ မှာထွက်ရှိတဲ့ Central Station ဆိုတဲ့ ဟောဒီကားလေးမှာ သွားတွေ့ရတယ်ဗျ။အသက်တစ်ရာမနေရ၊ အမှုတစ်ရာပွေရတဲ့ ဒီလောကကြီးမှာ လူတွေရဲ့ဇာတ်ကောင်စရိုက်ကိုဖော်ညွှန်းပြသတဲ့ ဒီလိုကားကောင်းလေးတွေဟာ တော်ရုံထွက်ခဲသလို၊ ကောင်းခဲတာမို့ ဇာတ်လမ်းအေးအေးလေးနဲ့ တမြည့်မြည့်ခံစားရင်းကြည့်ချင်တဲ့သူကြည့်ရမယ့် ကားလေးပဲဆိုပါတော့ဗျာ။ IMDb ဟာလည်း overrated ဖြစ်နေတာမဟုတ်ဘဲ ဝေဖန်ရေးဆရာတွေဝေဖန်တဲ့ကြားကနေ တကယ်ထိုက်တန်လို့ တကယ်ရထားတဲ့ IMDb ပါပဲ။ဒီကားလေးကတော့ Drama/ Road ဆိုတဲ့အပြင် လူ့သဘာဝသရုပ်အပြင် Tom Hanks ကြီးရဲ့ News of the World လို ခရီးသွားမှတ်တမ်းဇာတ်လမ်းမျိုးဆိုလည်း ဟုတ်တယ်ဗျ။ ...
movie
Central Station (1998)
1998