Channel Myanmar

Matěj Hádek

Cernak (2025) 7.1
Cernak (2025)  IMDB Rating - 7.1ဒီရုပ်ရှင်ကအပြင်မှာတကယ်ရှိခဲ့တဲ့ မာဖီးယားဂိုဏ်းခေါင်းဆောင်မီကီချာနက်ခ်ရဲ့အကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်ပါတယ်။ချာနက်ခ်က Horehron မာဖီးယားဂိုဏ်းခေါင်းဆောင်ဖြစ်ပြီးတော့ သူရဲ့အိမ်မက်က ဆလိုဗက်ကီးယားတစ်နိုင်ငံလုံးရဲ့ ဂိုဏ်းခေါင်းဆောင်တွေရဲ့ခေါင်းဆောင်ဖြစ်ချင်တာ။အဲလိုဖြစ်အောင်တကယ်လည်းကြိုးစားခဲ့တယ်။အာဏာရှိလာအောင်ပြိုင်ဖက်ဂိုဏ်းခေါင်းဆောင်တွေကိုရှင်းပစ်တာတွေ၊သစ္စာဖောက်တွေကိုနှိမ်နှင်းတာတွေစတာတွေလုပ်ပြီးနယ်မြေချဲ့တယ်။ကိုယ်ကိုယ်ကိုကာကွယ်ဖို့ရော အာဏာကြီးထွားလာဖို့အတွက်ရောအာဏာပိုင်တွေလာဘ်ထိုးပြီးပူးပေါင်းခဲ့တယ်။အာဏာအပြိုင်လုတာကြောင့် ဂိုဏ်းအချင်းချင်းနေ့ခင်ကြောင်တောင်ကြီးသေနတ်နဲ့ပစ်တာတွေ ခေါင်းဖြတ်သတ်တာတွေ ဗုံးခွဲတိုက်ခိုက်တာတွေ စတဲ့ထင်တိုင်းကြဲလုပ်ရပ်တွေကြောင့်ပြည်သူတွေဘဝကလည်း သိပ်မလုံခြုံတော့ဘူး။ဒါအပြင် တကယ်ထိတ်ထတ်ကြဲ ထိပ်ပိုင်းအရာရှိတွေအထိပေါင်းထားတော့တော်ရုံဖမ်းလို့မရဘူး။ဒီလိုရာဇဝတ်သားကြီးကို ၁၉၉၈ ရွေးကောက်ပွဲအပြီးမှာတက်လာတဲ့အစိုးရသစ်လက်ထက်မှာချာနက်ခ်နဲ့သူ့အပေါင်းအပါအကုန်လုံးကိုဖမ်းပြီးတော့ပြစ်ဒဏ်စီရင်ခဲ့တယ်။  File size… (1.28 GB) / (863 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 49m Genre …..Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Cernak (2025)

Miki (2024) 6.9
Miki (2024)  သမိုင်းနောက်ခံလည်းဖြစ် .. ဖြစ်ရပ်မှန် ဇာတ်ကားလည်းဖြစ်တဲ့ဇာတ်ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဒီဇာတ်ကားက ၂၀၂၄ မှာ ထွက်ထားတဲ့ မာဖီးယားဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း++++++++++++၁၉၉၀ ခုနှစ်ပိုင်း ကွန်မြူနစ်ခေတ်ကုန်ကာလ .. ဆလိုဗက်ကီးယားနိုင်ငံမှာအကြောက်ရဆုံးဖြစ်တဲ့ မာဖီးယားခေါင်း‌ဆောင်တစ်ဦးပေါ်ပေါက်ခဲ့ပါတယ်။ သူ့နာမည်က Miki။Miki ဟာ အရင်က သစ်တောထဲမှာ အလုပ်လုပ်တဲ့ အလုပ်သမားတစ်ယောက်ပါ။ အရမ်းချမ်းသာချင်တဲ့ Miki ဟာ အဲဒီဘဝကနေရုန်းထွက်ဖို့ ကြိုးစားရင်း လောဘတက်ပီး အာဏာတွေ ..သစ္စာရှိ အရိုသေခံမှုတွေကို ရှာဖွေရင်း မာဖီးယားလောကထဲကိုရောက်သွားပါတယ်။ သူလုပ်နေတဲ့ မာဖီးယား အလုပ်တွေကိုသူ့မိန်းမနဲ့ သူ့အမေ မသိအောင် ဘယ်လို ကျူးလွန်ခဲ့သလဲဆိုတာရင်တမောမောနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပါလို့ ပြောရင်း ..ဘာတွေ ဆက်ဖြစ်မလဲဆိုတာကတော့ ဇာတ်ကားထဲမှာပဲကြည့်ရှု ခံစားလိုက်ပါတော့။ ( ဘာသာပြန်နဲ့ အညွန်းကတော့ BZW ဖြစ်ပါတယ် )File size… (1.26GB) / (773MB ) Quality… WEB-DL 1080p HEVC ...
movie

Miki (2024)

Brothers (2023) Bratri 6.7
Brothers (2023) Bratri Brothers (2023)IMDb Rating (6.7) ဒီဇာတ်လမ်းလေးက 1950s အစောပိုင်းကာလမှာ Czechoslovakia က ကွန်မြူနစ်အစိုးရကို ဆန့်ကျင်တဲ့ တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့Mašín ညီအစ်ကိုတွေဖြစ်တဲ့ Josef နဲ့ Ctirad ရဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အပြီး Mašín ညီအစ်ကိုနှစ်ယောက်က အနောက်တိုင်းတပ်ဖွဲက လွတ်လပ်ရေးရအောင် လုပ်နိုင်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့ လက်နက်ကိုင်လုယက်မှုတွေ၊ ရဲတွေကို သတ်ပြီး တော်လှန်ခဲ့တယ်။1953 မှာ Mašín ညီအစ်ကိုနဲ့ သူတိုသူငယ်ချင်းသုံးယောက်  Berlin မြို အနောက်ပိုင်းကို ထွက်ပြေးဖို ကြိုးစားခဲ့ပြီး အဲဒီခရီးကြမ်းက အမှုထမ်း 20,000 ကျော် ပါဝင်ခဲ့တဲ့ဂျာမဏီအရှေ့ပိုင်းရဲ့ အကြီးမားဆုံး စစ်တပ်နဲ့ရဲတွေရဲ့ ဝရမ်းပြေးဖမ်းဆီးမှုကြီးတစ်ခုအဖြစ် သမိုင်းတွင်ခဲ့တာပဲ ဖြစ်ပါတယ်။Czech သမိုင်းကြောင်းမှာ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ခဲ့တဲ့ သူရဲကောင်းတွေ ဒါမှမဟုတ် ရာဇဝတ်သားတွေဆိုပြီး အမြင်ကွဲလွဲမှုတွေခံရတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ ​တော်လှန်ရေးခရီးကိုဒီဇာတ်လမ်းမှာ စိတ်လှုပ်ရှားဖွယ်အပြည့်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo ...
movie

Brothers (2023) Bratri

2023
Restore Point (2023) 6.7
Restore Point (2023) Restore Point (2023)~ IMDb - 6.7/10, RT - 95%, Meta - 74% ~ဒီကားကတော့ ခေတ်လွန်သိပ္ပံကားတွေကို မှုခင်းဒရာမာနဲ့ရောစပ်ပြီး ကြည့်ရတာကြိုက်တဲ့သူတွေ လက်လွတ်မခံသင့်တဲ့ကားပါပဲ။ ချက်ဇ်စကားပြောဇာတ်လမ်းဖြစ်ပြီး ဆန်ခါတင်ဆု နှစ်ဆုလည်း၀င်ထားပါတယ်။ဇာတ်လမ်းကို ဥရောပအလယ်ပိုင်းမှာအခြေပြုထားပါတယ်။ 2041 ခုနှစ်မှာ လူတွေ သမားရိုးကျမဟုတ်ဘဲသေရင် အသက်ပြန်သွင်းလို့ရတဲ့ ဥပဒေရှိပါတယ်။ အသက်ပြန်သွင်းဖို့အတွက် ၄၈နာရီတစ်ခါ အသက်ပြန်သွင်းပွိုင့်ကို အရံဒေတာကူးပေးရပါတယ်။အမ်တိုခီနိုဝါစကာက စုံထောက်တစ်ယောက်ဖြစ်ပြီး "ဘ၀ရဲ့မြစ်" လို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့အစည်းနောက်ကိုလိုက်နေတာပါ။ တစ်နေ့တော့ လင်မယားနှစ်ယောက်အသတ်ခံရမှုကိုလိုက်ရင်း ယောက်ျားဖြစ်သူက အသက်သွင်းဌာနရဲ့သုတေသနခေါင်း‌ဆောင်ဖြစ်ပြီး အရံဒေတာကလည်း ဖျက်ခံထားရတဲ့အတွက် အသက်ပြန်သွင်းလို့မရပါဘူး။ အဲဒါအပြင် ဆာဗာတစ်ခုလုံး ဗိုင်းရပ်စ်၀င်တော့ အရံဒေတာတွေ ကျပန်းဖျက်ခံရပြီး လူတွေတကယ်သေလာတဲ့အခါမှာတော့ အမ်တစ်ယောက် တရားခံကိုအပူတပြင်းရှာရပါတော့တယ်။ တရားခံက အမ်လိုက်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းကလား... သုတေသနခေါင်း‌ဆောင်သေဆုံးတဲ့ကိစ္စကရော ဘယ်သူ့လက်ချက်လဲ... ဆိုတာတွေကို အဖြေရှာရင်း စိတ်၀င်တစားကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri ...
movie

Restore Point (2023)

2023