Channel Myanmar

Mason Gooding

Adult Best Friends (2024) 5.8
Adult Best Friends (2024)  ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့friendship နဲ့ပတ်သတ်တဲ့ ရုပ်ရှင်ကားကောင်းလေးပါ။လူတိုင်း ဘဝမှာ အခင်ဆုံးသူငယ်ချင်းတစ်ယောက်တော့အနည်းဆုံး ရှိကြမှာပါ။ကျောင်းသား ကျောင်းသူဘဝတုန်းက သက်တူ ရွယ်တူစိတ်တူ ကိုယ်တူ သူငယ်ချင်းတွေလည်း အများကြီး ရှိခဲ့ကြဖူးမှာ‌ပေါ့။ ဒါပေမဲ့ အသက်အရွယ်တွေ ကြီးပြင်းလာပြီး20 somethingအရွယ်တွေ ကိုရောက်တဲ့အခါမှာတော့အဲဒီ သူငယ်ချင်းဆိုတဲ့ အဝန်းအဝိုင်းလေးက တဖြည်းဖြည်းသေးလာတာကိုလည်း ကြုံကြရမှာပါ။အသက်အရွယ်တစ်ခုရောက်လာတဲ့အခါ ကိုယ်ဘဝတစ်လျှောက်လုံး ပခုံးဖက်ပေါင်းလာခဲ့တဲ့ အခင်ဆုံးသူငယ်ချင်းဟာလည်း အချိန်တိုင်းအနားမှာ မရှိနေနိုင်တော့ပါဘူး။တစ်ခါတလေမှာဆိုရင် သဘောထားချင်းမတိုက်ဆိုင်ကြတော့လို့ ခွာပြဲကြရတာမျိုးတွေတောင်ရှိတတ်ပါသေးတယ်။ဒီဇာတ်ကားထဲက ကေတီနဲ့ ဒီလန်နီဟာလည်း အသက် 12နှစ်ကတည်းက မခွဲမခွာဘဲ အတူတူပေါင်းလာကြတဲ့ အခင်ဆုံးသူငယ်ချင်းတွေပါ။ ဒီလိုနဲ့ သူတို့နှစ်ယောက်အရွယ်ရောက်လာတဲ့အခါမှာ ကေတီက ချစ်သူရည်းစားအတည်တကျနဲ့ဘဝကိုဖြတ်သန်းနေပေမဲ့ ဒီလန်နီကတော့ ဘဝကို ပျော်ပျော်ပါးပါး စားလိုက်သောက်လိုက်နဲ့ ဖြတ်သန်းနေတုန်းပါပဲ။ဒါပေမဲ့ ဒီလန်နီက အပြောင်းအလဲတွေကို မနှစ်သက်သူမို့သူတို့ရဲ့ သူငယ်ချင်းဆက်ဆံရေးကြားထဲမှာ ကေတီရဲ့ကောင်လေး ဝင်လာတာကို သိပ်သဘောမကျပါဘူး။တစ်ရက်မှာ ကေတီက သူ့ကောင်လေး‌ဆီကနေ လက်ထပ်ခွင့်တောင်းခံလိုက်ရ‌တော့ အပြောင်းအလဲတွေ သဘောမကျတတ်တဲ့ ဒီလန်နီကိုပြောပြဖို့ အခက်တွေ့လာပါတယ်။ဒီလိုနဲ့ ...
movie

Adult Best Friends (2024)

Heart Eyes (2025) 6.5
Heart Eyes (2025)  Heart Eyes (2025)IMDb Rating (6.5) / Rotten Tomatoes (80%) ဒီကားက ဗယ်လင်တိုင်းတုန်းက ရုံတင်ပြီး နာမည်ကြီးခဲ့တဲ့ကားပါ။ စောင်အတွဲတွေကို ချဉ်နေတဲ့သူအတွက် အကြိုက်ပါပဲ။တရားခံက တစ်နှစ်တစ်ခါ ဗယ်လင်တိုင်းရောက်တိုင်း စောင်အတွဲတွေကို ပိုးစိုးပက်စက် လိုက်-တ် တာပါ။စောင်အတွဲတွေ Ro နေတုန်း ခွေးပြေးဝက်ပြေးပြေးလိုက်၊ ရှောကုန်လိုက်နဲ့ ဟာတွေကို အားရပါးရ ကြည့်ရမှာပါ။ ဟော်ရာ၊ ဟာသ အမျိုးအစားပါပဲ။ဇာတ်လမ်းအကျဉ်းဗယ်လင်တိုင်းဒေးတွေမှာ နှစ်နှစ်ဆက်တိုက် အတွဲတွေကို လိုက်ဖြုတ်နေတဲ့ စိတ္တဇကောင်ကြောင့် အားလုံး ကျီးလန့်စာစားနေရတဲ့အချိန်ပါ။အတွဲမရှိတဲ့ကောင်တွေကတော့ အေးဆေးဆေးဆေး ဖြတ်သန်းနေတဲ့ အချိန်ပေါ့။ ၂၀၂၅ ဗယ်လင်တိုင်းမှာလဲ အတွဲမရှိတဲ့ မာကတ်တင်း ဝန်ထမ်းကောင်မလေးနဲ့ ကောင်လေးက အလုပ်ကိစ္စကို ဆိုင်မှာ ချိန်းတွေ့ရင်း တရားခံရှေ့မှာ အတွဲလို့အထင်လွဲခံရစရာလေးတွေ လုပ်လိုက်မိပါတယ်။ဒါနဲ့ပဲ အသည်းပုံမျက်လုံး လူ-တ်သမားလို့ နာမည်ကြီးတဲ့ စိတ္တဇကောင်က အိမ်ထိလိုက်လာပြီး ကြိတ်တဲ့အခါ အသက်ဘေးကလွတ်အောင်ပြေးရင်း ဘယ်လိုပြန်တိုက်မလဲ၊ ...
movie

Heart Eyes (2025)

2025
Y2K (2024) 5.2
Y2K (2024) Y2K (2024) IMDb Rating – 5.2 /10၁၉၉၉ ဒီဇင်ဘာအကုန် ၂၀၀၀ အကူးမှာ ကွန်ပြူတာတွေအကုန် ပျက်ပြီး ကမ္ဘာကြီးတစ်ခုလုံးထိခိုက်မယ်ဆိုတဲ့သတင်း ပြန်ခဲ့တာကို ၉၀ ဖွားတွေအကုန်မှတ်မိကြမယ်ထင်ပါတယ်။အဲ့သတင်းကို ကျောရိုးယူပြီး ရိုက်ကူးတင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကားမှာတော့ မင်းသား Jaeden Martell နဲ့ အခုတလော လူတော်တော်များများ မေတ္တာပို့နေကြတဲ့ စနိုးဝှိုက်မင်းသမီးလေး Rachel Zegler တို့ရဲ့ Horror/ Comedy ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။အထက်တန်းကျောင်းသားတွေဖြစ်ကြတဲ့ ‘အီလိုင်’နဲ့ ‘ဒန်နီ’တို့ သူငယ်ချင်းနှစ်ယောက်က ၁၉၉၉ ခုနှစ်ရဲ့ နှစ်သစ်ကူးညကို ရုပ်ရှင်တွေပဲ ကြည့်ရင်း အတူတူကုန်ဆုံးကြဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ဒါပေမဲ့ အဲ့နေ့မနက်မှာပဲ အီလိုင်ရဲ့ ခရပ်ရှ်/ တစ်ကျောင်းလုံးရဲ့ အချောအလှကွင်းလေး/ ‘လော်ရာ’က အီလိုင်ကို နှစ်သစ်ကူးပါတီတစ်ခုကို လာရောက်ဖို့အတွက် ဖိတ်သွားတဲ့အခါ သကောင့်သားနှစ်ယောက်က အိမ်မှာမနေကြတော့ဘဲ ပါတီကိုသွားကြပါတော့တယ်။သူတို့တွေ ပါတီရောက်လို့ ၂၀၀၀ ပြည့်နှစ်ကိုကူးပြောင်းသွားပါမှ ကမ္ဘာပျက်ကိန်းနဲ့ကြုံရတဲ့အခါ...(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Nway Oo K Zaw က တင်ဆက်ထားပါတယ်။) File size… 1.5 GB / 815 MB Quality…WEB DL ...
movie

Y2K (2024)

Aftermath (2024) 5.8
Aftermath (2024)  ဒီတစ်ခါမှာတော့ အက်ရှင်အကြမ်းစားတွေကိုကြည့်ချင်တဲ့ပရိသတ်တွေအတွက် အက်ရှင်ကားကောင်းတစ်ကားကိုယူဆောင်လာပါတယ်။ဇာတ်ကားနာမည်က Aftermath ဖြစ်ပြီးတော့ အက်ရှင်ဇာတ်ကားတွေနဲ့ ဆုပေါင်းများစွာရရှိထားတဲ့ ဒါရိုက်တာPatrick Lussier က ရိုက်ကူးထားပါတယ်။အဓိကဇာတ်ဆောင်တွေအဖြစ် Mason Gooding,Dylan Sprouse, Dichen Lachman တို့က ပါဝင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ အကြမ်းဖက်အဖွဲ့တစ်ခုဟာ တံတားတစ်စင်းကိုဖောက်ခွဲပြီးတော့ တံတားပေါ်ကလူတွေကို ဓားစာခံဖမ်းလိုက်ပါတယ်။ဒါပေမယ့် အဲဒီဓားစာခံတွေထဲမှာ စစ်သားဟောင်းတစ်ယောက်ဖြစ်တဲ့ Eric နဲ့အတူ သူ့ညီမလေးပါ ပါသွားပါတယ်။ဒီလိုနဲ့ Eric ဟာ သူ့ညီမလေးနဲ့အတူ ဓားစာခံအဖြစ်ကနေဘယ်လိုလွတ်မြောက်အောင်လုပ်မလဲဆိုတာကိုစိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုကြရမှာပါ။အမိုက်စားအက်ရှင်ခန်းတွေနဲ့အတူ အကြမ်းပတမ်းရိုက်ကူးပြသထားပြီးတော့ အက်ရှင်ရသကို အပြည့်အဝပေးစွမ်းနိုင်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။  File size… (1.17GB) / (697 MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin
movie

Aftermath (2024)

Scream VI (2023) 7
Scream VI (2023) Scream VI (2023)~ IMDb - 7/10, Rotten Tomatoes - 77% ~Scream VI ထွက်လာပါပြီ။ သရဲမျက်နှာဖုံးနဲ့ လူသတ်သမားတွေဟာ ဟော်ရာရုပ်ရှင်သမိုင်းရဲ့ ထင်ရှားတဲ့အမှတ်အသားတစ်ခုပါ။ ဟာသကားတွေမှာရော၊ ဟောလိုးဝင်းပွဲတွေမှာရော အမြဲတွေ့နေရတဲ့မျက်နှာတွေပါပဲ။ ဘယ်အချိန်တွေ့တွေ့ ကြောက်ဖို့ကောင်းနေတုန်းပါပဲ။ ဒီရုပ်ရှင်မတိုင်ခင် အရင်ရုပ်ရှင်တွေမှာတော့ သရဲမျက်နှာလူသတ်သမားပေါင်း ၉ ယောက်ရှိခဲ့ပါတယ်။ အခုရုပ်ရှင်မှာတော့ အဲဒီ ၉ ယောက်လုံးအကြောင်းကို အမှတ်တရအနေနဲ့ ထည့်သွင်းပေးထားပါတယ်။ဒီတစ်ခေါက်မှာတော့ အဓိက ဇာတ်ကောင်တွေက အရင် Scream မှာ အသက်ရှင်ကျန်ခဲ့တဲ့ ဝုစ်ဘရိုက သူတွေပါပဲ။ သရဲမျက်နှာလူသတ်သမားရဲ့ သမီး ဆမ် နဲ့ တာရာတို့ဟာ အခြားမြို့ကို ပြောင်းရွှေ့လာခဲ့ပါပြီ။ ဆမ်ဟာ ဝုစ်ဘရိုမှာ သရဲမျက်နှာလူသတ်သမား နှစ်ယောက်ကို သတ်ခဲ့နိုင်ပေမဲ့ အင်တာနက်ပေါ်မှာတော့ သူဟာ လူသတ်သမားအစစ်ဖြစ်ပြီး သူများတွေကို ချောက်တွန်းခဲ့တယ်လို့ ကောလဟာလတွေထွက်ပြီး နာမည်တွေပျက်နေခဲ့ပါတယ်။ ...
movie

Scream VI (2023)

2023
4K HEVC
Fall (2022) 6.4
Fall (2022)  အသည်းတအေးအေးနဲ့ကြည့်ရမယ့် ရုပ်ရှင်အသစ်တစ်ကားလာပါပြီ။ ပိုစတာကြည့်ရုံနဲ့တင် ဘယ်လိုကားလဲသိမလားတောင်မသိဘူး။ အမြင့်တက်တဲ့စွန့်စားခန်းကားပါပဲ။ တောင်တက်သမားကောင်မလေးတစ်ယောက်ဟာ အတူတောင်တက်တဲ့ သူ့ယောကျ်ား ပြုတ်ကျပြီး ဆုံးသွားတဲ့နောက်မှာ စိတ်ဓာတ်ကျပြီး အရက်တွေသောက် အခန်းထဲအောင်းတာပဲလုပ်နေပါတော့တယ်။ဒီတော့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းသူ့ကိုစိတ်ပြေလက်ပျောက်အမြင့်တစ်ခုတက်ဖို့လာခေါ်ပါတော့တယ်။ သူတို့တက်ရမယ့်အရာ အမေရိကရဲ့ စတုတ္ထမြောက်အမြင့်ဆုံး တီဗီတာဝါဖြစ်ပြီး ပေ ၂၀၀၀ လောက်ကိုမြင့်ပါတယ်။ သူက အစပိုင်းမှာ သံဘောင်တွေပါတဲ့အတွင်းလှေကားကနေ လုံလုံခြုံခြုံတက်ရတာဖြစ်ပေမဲ့ ထိပ်တစ်ဆင့်မှာတော့ လှေကားအလွတ်ကြီးပဲ ရှိပါတယ်။ သူတို့တွေ အဲဒီအပေါ်ကို ခက်ခက်ခဲခဲတက် ဓာတ်ပုံတွေရိုက်ပြီး ပြန်အဆင်းမှာတော့ သံလှေကားဟောင်းကြီး ကျွတ်ကျသွားခဲ့ပါတယ်။အဲဒီတော့ တာဝါအမြင့်ကြီးရဲ့ ထိပ်ဆုံးမှာ သူငယ်ချင်းနှစ်ယောက် ပိတ်မိနေပြီး ကယ်မယ့်သူလည်းမရှိ၊ ဘေးပတ်လည်မှာလူလည်းမရှိ၊ ဖုန်းလိုင်းလည်းမမိတဲ့အချိန်မှာ အသက်ရှင်လျက် ပြန်ဆင်းလာနိုင်ဖို့ ဘယ်လိုတွေ နည်းမျိုးစုံနဲ့ စွန့်စားရမလဲဆိုတာ ကြည့်ရမှာပါပဲ။ အက်မင်ကတော့ အမြင့်ကြောက်တတ်လို့ ဒီကားကြည့်ရတာ ဟော်ရာကားကြီးတွေထက်တောင် ရင်တုန်ပါသေးတယ်။ အတော်လေးခံစားလို့ကောင်းတဲ့ရုပ်ရှင်ပါပဲ။File size…(1.93GB)/(1018MB)/(451MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:47:00 Genre...Thriller Subtitle….Myanmar ...
movie

Fall (2022)

Moonshot (2022) 5.5
Moonshot (2022) Moonshot (2022)ဒီဇာတ်ကားလေးကတော့ ၂၀၂၂ မှာအသစ်ထွက်ရှိထားတဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။Walt ဆိုတဲ့ကောင်လေးတစ်ယောက်က ငယ်ငယ်လေးကတည်းက အာကာသတစ်ခွင် လျှောက်သွားချင်နေခဲ့တာပါ။ Kovi Industries Student Mars Program ဆိုတာကတော့ ကောလိပ်ကျောင်းသားတွေကို အင်္ဂါဂြိုလ်ဆီ ပို့ပေးနေတဲ့ ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ Walt ရဲ့ရည်းစားဖြစ်သူကလည်း အင်္ဂါဂြိုလ်မှာ အလုပ်လုပ်နေတဲ့သူတစ်ယောက်ပါ။ Walt တစ်ယောက် အင်္ဂါဂြိုလ်သွားဖို့ကို အကြိမ်ကြိမ်ပယ်ချခံရပြီးနောက်မှာတော့ Sophie ဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ Sophie ကတော့ ထူးချွန်တဲ့ကျောင်းသူတစ်ယောက်ဖြစ်သလို သူ့ရည်စား Kelvin ကလည်း အင်္ဂါဂြိုလ်ပေါ်မှာ အလုပ်လုပ်နေတာဖြစ်ပါတယ်။ တစ်နေ့မှာ Sophie ဟာသူ့ရည်စားနဲ့ တွေ့ဖို့အတွက် အင်္ဂါဂြိုလ်ကိုသွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီမှာ အင်္ဂါဂြိုလ်ရူး Walt ကလည်း Sophie ကိုအသုံးချပြီး ယာဉ်ပေါ်ကို ခိုးပြီးလိုက်ပါသွားပါတော့တယ်။ Walt ခိုးပြီးတော့လိုက်ပါလာတာကို Sophie သိသွားပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက် အာကာသခရီးစဉ်တစ်လျှောက် ဘယ်လိုနှစ်ပါးဆက်သွားကြမလဲ၊ သူတို့ရဲ့ ရည်းစားတွေနဲ့ရော အင်္ဂါဂြိုလ်ပေါ်မှာ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကတော့ C ...
movie

Moonshot (2022)

2022
Scream (2022)
Scream (2022) Scream ရုပ်ရှင်တွေဟာ ကမ္ဘာကျော် ဖရန်ချိုက်စ် ရုပ်ရှင်တွဲ‌တွေပဲမို့ အများစု သိပြီးသားဖြစ်မှာပါ။ အခုနောက်ဆုံးထွက်တဲ့ ရုပ်ရှင်က Scream-5 တော့ rating 7 အထိ ရထားတာပြီး အတော်ကြည့်လို့ကောင်းပါတယ်။ ခုနောက်ပိုင်း ရုပ်ရှင်တွဲပေါင်းစုံရဲ့ နောက်ဆက်တွဲတွေက ကြည့်ရတာ စိတ်ပျက်ရတာ များနေတဲ့အချိန်မှာ Scream ကတော့ တမူထူးခြားအောင်ပြသွားပါတယ်။ ဒီကားက လူသတ်ဟော်ရာကားဖြစ်သလို စုံထောက်လို လျို့ဝှက်ဆန်းကျယ်လိုလို ဟာသလိုလိုလေးတွေလည်းပါပါသေးတယ်။ ဟောလိဝုရဲ့ ရုပ်ရှင်အတွဲလိုက်ကြီးတွေကိုတောင် လှောင်သွားပါသေးတယ်. Scream-1 ဟာ အရမ်းကောင်းခဲ့ပေမဲ့ Scream 2,3,4 က သိပ်ခြေရာမနင်းနိုင်တာကိုလည်း ပြန်လှောင်ထားသလိုပါပဲ။ အရင်ရုပ်ရှင်တွေရဲ့ မူလဒါရိုက်တာက ဆုံးပါးသွားပြီဖြစ်လို့ ဒီကားကတော့ ဒါရိုက်တာအသစ်ရဲ့လက်ရာအသစ်ပါပဲ။ ဒါ့အပြင် သရုပ်ဆောင် လူငယ်အသစ်ကောင်းကောင်းတွေကို မူလရုပ်ရှင်တွေထဲက သရုပ်ဆောင်တွေနဲ့ သေချာပေါင်းစပ်ထားပြီး ဇာတ်လမ်းကိုလည်း ဆန်းသစ်ထားတာမို့ rating ကောင်းရနေတာဖြစ်ပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းတော့ မပြောတော့ဘူး စပရိုက်များများဖြစ်အောင်လို့ပါ။ ကြည့်ကြည့်လိုက်ပါ ...
movie

Scream (2022)

I Want You Back (2022) 6.7
I Want You Back (2022) ပီတာနဲ့ အမ်မာတို့ဟာ တတိုက်ထဲမှာအလုပ်တူတူလုပ်ပေမယ့် အချင်းချင်းမသိကြပါဘူး။တစ်ရက်မှာ မတော်တဆတွေ့မိရာကနေ သူတို့နှစ်ယောက်လုံး နှစ်ရှည်ကြာတွဲခဲ့တဲ့ရည်းစားတွေက မကြာသေးခင်ကပဲ ထားပစ်ခြင်းခံကြရမှန်းသိသွားကြပါတယ်။ဒီလိုနဲ့ပဲ သူတို့ရဲအရင်ရည်းစားတွေကိုပြန်ရနိုင်အောင် အချင်းချင်းကူညီပေးဖို့သဘောတူလိုက်ကြပါတယ်။သူတို့အကြံအစည်အတိုင်းလုပ်ကြရာမှာ ဟာသတွေ၊တလွဲတွေဖြစ်လာသလို နာကျင်ရမှုတွေ၊အချင်းချင်းလည်းနီးစပ်လာမှုတွေလည်း ဖြစ်လာပါတော့တယ်။အမ်မာနဲ့ပီတာတို့နှစ်ယောက်သူတို့ဘ၀ရဲ့အချစ်စစ်ကိုရှာတွေ့နိုင်မှာလား။ဒီကားက Romantic Comedy လေးဖြစ်ပြီး Romance အပိုင်းရော Comedyအပိုင်းကိုပါ ပိုင်နိုင်‌အောင်ရိုက်ပြထားပါတယ်။ဒါရိုက်တာ Jason Orley ကရိုက်ကူးထားပြီး Jenny Slate,Charlie Day,Scot Eastwood,Gina Rodriguezတို့ပါ၀င်ထားပါတယ်။Rotten tomatoမှာ 89%,Imdb 6.7/10 ရထားပါတယ်။ File size…(1.96 GB)/(820.33 MB)/(482.88 MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:56:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP 
movie

I Want You Back (2022)

Let It Snow (2019) 5.8
Let It Snow (2019) ဒီတစ်ခါတော့ CM ပရိသတ်ကြီးအတွက်ချစ်စရာRomance ကားလေးကိုတင်ဆက်ပေးလိုက်ရပါတယ်နှင်းတွေထူထဲစွာကျတဲ့အချိန်မှာဖြစ်ပေါ်လာခဲ့တဲ့ အချစ်ဇာတ်လမ်းလေးတွေ အကြောင်းပေါ့နှင်းတွေကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရတာချော်လဲရတာ၊နှောင့်နှေးရတာတွေရှိပေမယ့်လှပတဲ့ နှင်းမှူန်လေးတွေကို လွတ်လွတ်လပ်လပ်ကျခွင့်ပေးလိုက်ပါလို့ပြောထားတဲ့ဒီကားလေးက အခုလိုချမ်းအေးတဲ့တန်ဆောင်တိုင်ကာလမှာကြည့်လို့ကောင်းတဲ့ကားလေးဖြစ်လာမှာပါ။နာမည်ကျော်သရုပ်ဆောင်တွေပါဝင်ထားတဲ့ဒီကားလေးနာမည်ကတော့ Let it Snow (2019) ပါ။ File Size : ( 875 MB , 325 MB)Quality :  WEB-DL 720pRunning Time : 1 hr 32 minFormat : Mp4Genre : Comedy , RomanceSubtitle : Myanmar Subtitle (Hard Sub)Translated by Aye Mon KyawEncoded by Moe Myint Lwin 
movie

Let It Snow (2019)

2019
Booksmart (2019) 7.5
Booksmart (2019) သင်ဟာ ဇာတ်ကားကောင်းတွေကြိုက်နှစ်သက်သူလားသင်ဟာ ကျောင်းသားဟာသကားလေးတွေ ကြိုက်နှစ်သက်သူလား …သင့်မှာ အချစ်ဆုံးသူငယ်ချင်းတစ်ယောက် ရှိပါသလား …သင်ဟာ အထက်တန်းကျောင်းလောလောလတ်လတ် ပြီးစီးထားသူလား ...ဒါဆိုရင် ၂၀၁၉ ထွက်ထားတဲ့ Booksmart ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ် …ဇာတ်ကားအမျိုးအစားလေးကတော့ Comedy/Coming of age fiction ဖြစ်ပြီး Rating တွေမအနေနဲ့ IMDb – 7.5 /10 ရရှိထားပြီး RT – 97%တောင် ရရှိထားပါတယ်ကျောင်းမှာ စာအတော်ဆုံး အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်ဖြစ်ကြတဲ့ အေမီနဲ့ မော်လီတို့ရဲ့ အထက်တန်းပြီးမယ့် နောက်ဆုံးနေ့ကို ရောက်ရှိလာပါတယ် …သူတို့ကစာအတော်ဆုံးဖြစ်ပြီး တခြားကျန်တဲ့သူတွေကို ငတုံးတွေလို့ အထင်ရောက်နေကြတဲ့ နှစ်ယောက်ပေါ့…အတန်းထဲက တခြားသူတွေက အထက်တန်းပြီးလို့ ကောလိပ်တက်ချိန်ရောက်တဲ့အခါ သူတို့နှစ်ယောက်ကပဲ ဟားဗက်တို့လို ယေးလ် တို့လို တက္ကသိုလ်ကောင်းကောင်းတွေ ...
movie

Booksmart (2019)

2019