Channel Myanmar

Masaya Kato

Brother (2000) 7.1
Brother (2000)  Brother (2000)IMDb Rating (7.1) / Rotten Tomatoes (47%) Brother ဆိုတာ တကာရှီ ကီတာနိုရဲ့ ဒါရိုက်တာအဖြစ်နဲ့ ဂျပန်-အမေရိကန် ယာကူဇာဇာတ်ကားတစ်ကားပါ။ယာကူဇာအဖွဲ့ပြိုကွဲပြီးတဲ့အခါ ယမမတိုဆိုတဲ့ ဇာတ်လိုက်က ဂျပန်ကို စွန့်ခွာပြီး လော့စ်အိန်ဂျလိစ်ကို သွားရပါတယ်။အဲဒီမှာ သူ့ညီဖြစ်သူ ကင်ကို ရှာဖွေပြီး မိမိရဲ့အခြေခံကို ပြန်တည်ဆောက်ဖို့ ကြိုးစားပါတော့တယ်။ယမမတိုအနေနဲ့ တကာရှီ ကီတာနိုရဲ့ သရုပ်ဆောင်မှုက တကယ်ကိုအေးဆေးတည်ငြိမ်နေတာနဲ့ ကြမ်းတမ်းမှုတွေကို တစ်ပြိုင်နက်တည်းပေးစွမ်းနိုင်တာ အံ့သြစရာပါပဲ။ဇာတ်လမ်းက မိသားစုတန်ဖိုး၊ သစ္စာရှိမှု၊ ယာကူဇာရဲ့ယဉ်ကျေးမှုတွေအပြင် အကြမ်းဖက်မှုရဲ့ကျိန်စာတွေကိုပါ ထိထိရောက်ရောက် ဖော်ပြထားပါတယ်။ဂျပန်ယာကူဇာယဉ်ကျေးမှုနဲ့ အမေရိကန်လမ်းသရဲဂိုဏ်းတွေ ပေါင်းစပ်မှုကလည်း တမူထူးခြားတဲ့ ပုံစံတစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။ဇာတ်လမ်းရဲ့အဆုံးသတ်ကတော့ ဝမ်းနည်းစရာဖြစ်စေနိုင်သလို တကယ်တန်ဖိုးရှိတဲ့ သင်ခန်းစာကိုလည်း ပေးစွမ်းနိုင်ပါတယ်။ရိုက်ချက်ကလည်း ရိုးရှင်းပြီး တကာရှီရဲ့ထုံးစံအတိုင်း ဟာသနဲ့ ကြမ်းတမ်းမှုတွေကို သေချာပေါင်းစပ်ထားတာဆိုတော့ ကြည့်ရတာ တကယ်ပျော်ဖိုလည်းကောင်းသလိုအထာလည်းကျပါတယ်။ယာကူဇာဇာတ်ကားတွေကို ကြိုက်တယ်ဆိုရင်တော့ Brother ကို လက်မလွှတ်ဘဲ ကြည့်သင့်ပါတယ်။  (အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie

Brother (2000)

2000
Kingdom (2019) 7.1
Kingdom (2019) Kingdom (2019)IMDb Rating (6.7) / Rotten Tomatoes (93 %)ဒီဇာတ်လမ်းရဲ့ထူးခြားချက်ကတော့ တရုတ်ပြည်ရဲ့ ရာဇဝင်ဇာတ်လမ်းကို ဂျပန်က ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဂျပန်ရဲ့ နာမည်ကြီး Manga ရေးဆရာဖြစ်တဲ့ Yasuhisa Hara ရဲ့ ဇာတ်လမ်းကို ပြန်လည်အသက်သွင်းပြီး ရုပ်ရှင်အနေနဲ့ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ Kingdom Live Action အနေနဲ့ ၄ ကားထိထွက်ထားပြီး ဒီလင့်မှာ https://www.channelmyanmar.to/?s=kingdom+live+action အကုန်လုံးကိုကြည့်လို့ရပါတယ်။Kingdom Live Action တွေရဲ့အစ ဒီ ၂၀၁၉ ရုပ်ရှင်ကားရဲ့ ဇာတ်လမ်းကတော့....ဟရူးနဲ့ ရှင်း ဆိုတဲ့ မိဘမဲ့ အစေခံလေး နှစ်ယောက်မှာ အိပ်မက်ကြီးတစ်ခု ရှိကြပါတယ်။ ကြီးမြတ်တဲ့ စစ်သူကြီးတွေ ဖြစ်လာဖို့ပါပဲ။ဒီလိုနဲ့ တစ်နေ့မှာ သူတို့၂ယောက်ထဲက ဟရူးကို နန်းတော်က အမတ်တစ်ယောက်က အမှုထမ်းဖို့သပ်သပ် ရွေးခေါ်သွားခဲ့ပါတယ်။ဒါပေမယ့် ဟရူးက ရှင်းဆီကို မကြာခင်မှာပဲ ပြန်ရောက်လာပြီး သူနဲ့အတူ နန်းတွင်းအရှုပ်တော်ပုံနဲ့ပြည်တွင်း စစ်ပွဲကြီးတစ်ခု သယ်ဆောင်လာတဲ့အခါမှာတော့ Kingdom ...
movie

Kingdom (2019)

2019
One Second Ahead, One Second Behind (2023) 6.4
One Second Ahead, One Second Behind (2023) One Second Ahead, One Second Behind (2023)IMDb Rating (6.4) ကမ္ဘာမှာ သူများထက် အရာရာခြေတစ်လှမ်းသာနေသူတွေရှိသလို သူများထက် အရာရာနောက်ကျနေသူတွေလည်းရှိတယ်။ဒီဇာတ်လမ်းက အဲဒီလိုလူ(၂)မျိုးလုံးရဲ့ ဇာတ်လမ်းပေါ့။ ကမ္ဘာကြီးထက် အရှိန်လွန်သူတွေ, ကမ္ဘာကြီးရဲ့အရှိန်ကို လိုက်မမီနိုင်သူတွေ များသောအားဖြင့်တော့ ကျွန်တော်တို့က ဒီနှစ်မျိုးနှစ်စားထဲကပါပဲ။ကမ္ဘာကြီးနဲ့ထပ်တူညီတဲ့အရှိန်မျိုးဆိုတာတော့ ကမ္ဘာကလွတ်မြောက်သူတွေ ကမ္ဘာကိုရလိုက်သူတွေမှာပဲရှိလိမ့်မယ်။ခင်ဖုန်းသက်ဝေထဲကလို " တဒင်္ဂဆင်းသက်လာတဲ့ နေမင်းရောင်ခြည်ဆီကို တရွေ့ရွေ့ကျောက်တုံးတွေရဲ့အားကိုးယုံကြည်မှုမျိုးနဲ့ ရှေ့ကိုချီတက်လာသူ"တွေထဲမှာ ကျွန်တော်တို့များပါနေမလား။အချစ်ဆိုတာရော စောစောလာလာ နောက်ကျမှလာလာ အချစ်က အချစ်ပဲဖြစ်တတ်လား။ အချိန်အခါလွဲမှားတဲ့ အချစ်ဇာတ်တွေဟာ ဝမ်းနည်းစရာကောင်းတတ်လား။ကမ္ဘာကြီးထက် အရှိန်လွန်သူတစ်ယောက်နဲ့ အရာရာမှာနောက်ကျတတ်တဲ့သူတို့က နီးစပ်ဖို့ရော အခွင့်ရှိလား။ အဖြေမရှိပါဘူး၊ အမေးတွေချည်းပဲ ဒီရုပ်ရှင်လည်း ဒီလိုပဲ။ကျွန်တော်တော့ အရာရာမှာ အဖြေတွေရှိတယ်လို့ ဘယ်တော့မှ မယုံပါဘူး။ အဖြေတွေပေးခဲ့ရင်လည်း အဖြေတွေဖြစ်မလာတတ်ဘူး။ခံစားချက်ဆိုတာတွေကလည်း မေးခွန်းသက်သက်နဲ့ လည်ပတ်နေတဲ့အရာတွေလို့ ယတိပြတ်သေချာတယ်။ ရုပ်ရှင်လည်း ဒီလိုသာပဲ ဒီရုပ်ရှင်ဟာ အမေးတွေတော့ ထွက်လာမယ့် ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie

One Second Ahead, One Second Behind (2023)

2023
Re:Born (2016) 6
Re:Born (2016) Re:Born (2016)~ IMDb - 6/10, Rotten Tomatoes - 65% ~မြို့ငယ်လေးတစ်မြို့မှာ စတိုးဆိုင်ငယ်လေး တစ်ခု ဖွင့်ထားတဲ့ တိုရှီရို ဆိုတဲ့သူ တစ်ဦးရှိပြီး ဆာချီ ဆိုတဲ့ ကလေးမလေးနဲ့ အတူ နေထိုင်လျက် ရှိပါတယ်။ သွေးမတော် သားမစပ်ကြပေမဲ့ ဆာချီကို တိုရှီရိုက သမီးလေးတစ်ယောက်လို စောင့်ရှောက်ထားတာပါ။ဘယ်သူမှ မသိကြတာကတော့ တိုရှီရိုဟာ ဇာတ်မြှုပ် နေ‌တဲ့ စစ်သားဟောင်းတစ်ဦးဆိုတာပါ။ နယ်နယ်ရရ စစ်သားမဟုတ်ဘဲ တိုက်ပွဲတိုင်းမှာ ရန်သူကို သွေးအေးအေးနဲ့ သတ်ဖြတ်တတ်တဲ့ ဒဏ္ဍာရီလာ ဂို့စ်တ် ဆိုတဲ့ စစ်သားပါပဲ။ဇာတ်မြှုပ်နေနေတဲ့ တိုရှီရိုကို သူ့ရဲ့ တပ်ဖွဲ့ဟောင်းက ပြန်ခြေရာခံမိတဲ့အခါမှာတော့ တိုရှီရိုတစ်ယောက် သူ့ကို သတ်မဲ့ ကြေးစားတွေနဲ့ လိုက်တမ်းပြေးတမ်း ကစားရပါတော့တယ်။သွေးသံရဲရဲ သတ်ဖြတ်ချက်တွေ၊ အက်ရှင်ကောင်းကောင်းတွေနဲ့ အများနဲ့တစ်ယောက် စိန်ပြေးလိုက်တမ်းတွေနဲ့ ဂျွန်၀စ်ဆန်ဆန် ရိုက်ချက်တွေကို ကြည့်ရအုံးမှာမို့ ...
movie

Re:Born (2016)

2016
SEE HEAR LOVE (2023) 6.5
SEE HEAR LOVE (2023) See Hear Love (2023)ဒီနေ့မှာတော့ IMDb 6.8/10 ရ ဂျပန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။Manga Artist တစ်ယောက်ဖြစ်တဲ့ “Shinji Izumoto” က သူရေးဆွဲတဲ့ဇာတ်လမ်းတွေနဲ့ လူငယ်တော်တော်များများကို စိတ်ဓာတ်ခွန်အားပေးနေတဲ့သူတစ်ယောက်ဆိုလည်းမမှားပါဘူး။ သူ့လက်ရာတွေဟာ တဖြည်းဖြည်းနဲ့လူကြိုက်များလာသလို ရုပ်ရှင်ပြန်ရိုက်ဖို့အထိပါ အောင်မြင်လာပြီဖြစ်တဲ့ Shinji ဟာ တစ်နေ့မှာတော့ အလုပ်ဒဏ်ပိလို့ပဲပြောရမလား သူကိုကကံဆိုးလို့ပဲပြောရမလား မျက်မမြင်ဒုက္ခိတဘဝကိုမထင်မှတ်ဘဲ ရောက်သွားပါတော့တယ်။အနုပညာရှင်တစ်ယောက်အနေနဲ့ သူချစ်တဲ့အလုပ်ကို ဆက်မလုပ်နိုင်တော့ဘဲ လမ်းပျောက်နေတဲ့ Shinji ဆီကို သူ့ရဲ့စာဖတ်သူတစ်ယောက်လည်းဖြစ်သလို သူ့စာတွေကြောင့် ခွန်အားရခဲ့ရပါတယ်ဆိုတဲ့ “Hibiki Aida” ဆိုတဲ့ မိန်းမလှလေး ရောက်လာတဲ့အခါ ..။Hibiki က မွေးရာပါ ဆွံ့အနားမကြားသူတစ်ယောက်ဖြစ်တာမို့ ငယ်ငယ်လေးတည်းက ကာတွန်းတွေ စာတွေကိုပဲအဖော်ပြုပြီးနေခဲ့ရတဲ့ကောင်မလေးပေါ့။ ဒီလိုကနေ မျက်မမြင်ကောင်လေးတစ်ယောက်နဲ့ ဆွံ့အနားမကြားကောင်မလေးတစ်ယောက်အကြား “အချစ်” ဆိုတဲ့အရာ မွေးဖွားလာတဲ့အခါမှာတော့ ..။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | ...
movie

SEE HEAR LOVE (2023)

2023
HiGH&LOW The Movie 2: End of Sky(2017) 7.1
HiGH&LOW The Movie 2: End of Sky(2017) အဆိုပါဂျပန်ရုပ်ရှင်ဟာ High & Low Franchise မှ တတိယမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ Imdb 7.1အထိရရှိထားပြီး ရုံတင်ငွေ ၁.၃၄ ဘီလျံယန်းထိရရှိပြီး Japanese Box officeမှာအတိုင်းတာတစ်ခုထိအောင်မြင်မှုရရှိခဲ့ပါတယ်။ ဇိုးအထာဖမ်းထားတဲ့တိုက်ရည်ခိုက်ရည်ကောင်းတဲ့လူငယ်ဇာတ်ကောင်များပါဝင်ပြီး လူငယ်ပရိတ်သတ်တွေ အကြိုက်တွေ့မယ့်ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်ဒုစရိုက်လောကကိုအုပ်စိုးတဲ့ ခူရူးယုဂိုဏ်း(KURYU GROUP) ဟာ SWORD နယ်မြေမှာ ကာစီနိုဖွင့်ရန်ကြံစည်နေပါတယ်။ အဆိုပါ ကိစ္စကို SWORD နယ်ခံဂိုဏ်းတွေကမလိုလားပါဘူး။ ဆန်းနိုးဂိုဏ်းကကော်ဘရာရဲ့ အပြောရဆိုရင် SWORD ဟာခူရူးယုဂိုဏ်းအုပ်စိုးနေသရွေ့အနာဂတ်ဆိုတာလည်းမရှိဘူးလို့ဆိုပါတယ်။ အင်အားကြီးတဲ့ဧရာမဂိုဏ်းကြီးနဲ့ အားပြိုင်ဖို့ကြိုးစားပုံမှာဇာတ်အိမ်တည်ထားတယ်။တချိန်တည်းမှာပဲ SWORD နယ်မြေကို ခပ်ထန်ကြမ်းတမ်းလွန်းတဲ့ဂိုဏ်းနှစ်ဂိုဏ်းဖြစ်ကြတဲ့ ရမ်မာရုရဲ့သံသယဂိုဏ်းနဲ့ ဂျက်စီရဲ့ ထောင်ဂိုဏ်းတို့ပူးပေါင်းကာ တိုက်ခိုက်ဖို့ကြံစည်ကြပါတယ်။ အဓိကက သံသယဂိုဏ်းရဲ့ထာဝရရန်ဖက်ဖြစ်တဲ့ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကို ချေမှုန်းချင်ရာကနေစတင်ပါတယ်။ဝှိုက်ရတ်စကဲလ်တွေဟာအမျိုးသမီးတွေကို ကာကွယ်သူတွေအဖြစ်ခံယူထားကြပြီးသံသယဂိုဏ်းသားတွေကတော့ ငွေရရင်ဘာမဆိုလုပ်ကြမယ့်လူတွေဖြစ် တယ်။ SWORD နယ်မြေက ဆန်းနိုးလူဆိုးဂိုဏ်းကိုယ်စားပြု ကော်ဘရာဟာ SWORD ဂိုဏ်းတွေမဟာမိတ်ဖွဲ့ဖို့ အဆိုကိုတင်သွင်းပြီးအားလုံးလိုလိုကငြင်းဆန်ခဲ့ကြပါတယ်။ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကရော့ကီဟာ သံသယဂိုဏ်းကဘဲတွေကိုသူကိုယ်တိုင်ပဲရိုက်ခွဲချင်နေပြီးအခြားဘေးကပါဝင်သူတွေကိုထိခိုက်နစ်နာမှာကိုမလိုလားပါဘူး။တစ်ဖက်မှာတော့ အာမားမီးယားညီအစ်ကိုဂိုဏ်းဟာ ဒုစရိုက်လောကရဲ့အကြီးဆုံးဂိုဏ်းဖြစ်တဲ့ခူရူးယုဂိုဏ်းကို အမြစ်ကနေဆွဲလှန်ပြီးဖျက်စီးနိုင်မယ့် ယူအက်စ်ဘီ(USB FLASH DRIVE)ကိုလက်ဝယ်ရရှိထားပါတယ်။ ...
movie

HiGH&LOW The Movie 2: End of Sky(2017)

Sakura (2020) 6.3
Sakura (2020) Sakura (2020)မင်းသမီးလေး Nana Komatsu ပါဝင်ထားပြီး iMDB rating 6.3/10 ရရှိထားတဲ့ မိသားစုဒရာမာ ရုပ်ရှင်ဖြစ်ပါတယ်။ အိုဆာကာမှာနေထိုင်ကြတဲ့မိသားစုလေးတစ်ခုမှာ သားသမီး၃ယောက်ရှိပါတယ်။ ဆာကူရာဆိုတာကတော့ သူတို့ငယ်ငယ်တည်းကမွေးထားတဲ့ခွေးလေးရဲ့နာမည်ပါ။အကြီးဆုံးသား ဟာဂျိမဲ၊သားလတ် ခအိုရုနဲ့ အငယ်ဆုံးကတော့ သမီးလေး မိခိပါပဲ။ အငယ်ဆုံးကျမှ သမီးလေးမွေးတာမို့ မိဘတွေရော အစ်ကိုတွေကပါချစ်ပြီးအလိုလိုက်ကြပါတယ္။ ဒါကြော်င့မိခိက တစ်ကိုယ်ကောင်းဆန်ပြီး တဇွတ်ထိုး သူဖြစ်ချင်တာပဲသိပါတယ်။ အစ်ကိုကြီး ဟာဂျိမဲက အားကစားထူးချွန်ပြီး ဂုဏ်ယူရတဲ့သားတစ်ယောက်ပါ။ သားလတ် ခအိုရုကတော့ သူ့လောက်မတော်ဘဲ အစ်ကိုကြီးနဲ့အမြဲနှိုင်းယှဉ်ခံရပေမဲ့ မနာလိုစိတ် အလျဉ်းမရှိခဲ့သူပါ။ အစ်ကိုကြီးရည်းစားထားတော့လည်း မိခိက သဘောမကျဘဲ ကလန်ကဆန်တွေလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဟာ ပွင့်လင်းနွေးထွေးတဲ့ အားကျစရာမိသားစုလေးလိုပါပဲ။ဒီလိုနဲ့ အားလုံးက အားကိုးချစ်ခင်ရတဲ့ သားကြီး ဟာဂျိမဲကို taxiတစ်စီးကဝင်တိုက်ပြီး အောက်ပိုင်းချိ မျက်နှာထိခိုက်သွားတဲ့အခါမှာတော့ မိသားစုအခြေလေး ပျက်ခဲ့ရပါတော့တယ်။ ဒီလိုမထင်မှတ်ထားတာတွေနဲ့ မိသားစုလေးက ဘယ်လိုရုန်းကန်ဖြတ်သန်းခဲ့ကြပြီး ပြန်လည်ကုစားခဲ့ကြလဲဆိုတဲ့အကြောင်းတွေကို ကြည့်ရှုရမှာပါ။( ဘာသာပြန်ပြီး ...
movie

Sakura (2020)

Okinawa Rendez-vous (2000) 6
Okinawa Rendez-vous (2000) Okinawa Rendez-vous (2000)ဇာတ်အိမ်ကရိုးရိုးလေးပဲ။ ဂိုဏ်းစတားတစ်ကောင်ရယ်၊ သူခိုးတစ်ကောင်ရယ် (လတ်စလီ)၊ ရဲတစ်ကောင်ရယ် (ခဖိုင်)၊ ကောင်မလေး၂ယောက်ရယ်ရဲ့ ‌နဖူးစာမင်ရည်ကျဲ၏ မကျဲ၏ ဇာတ်လမ်းသက်သက်ပဲ။ ချစ်ကြတယ်။ လွဲကြတယ်။ ဝေးကြတယ်။ ဒါကိုပဲ ဂိုဏ်းစတားနဲ့ သူခိုးနဲ့ ဂိုဏ်းစတားရဲ့ ရည်းစားဟောင်း (Faye Wong) ကြားက ဇာတ်ရှုပ်နဲ့ ချိတ်ဆက်ပေးထားတယ်။ ဇာတ်ကားနာမည်ကိုက အိုခိန၀ဆုံစည်းခြင်း ဆိုတော့ အိုခိန၀ရဲ့ကောင်းကင်အောက် တွေ့ကြတယ်။ ကွဲကြတယ်။ ကိုယ့်လမ်းကိုယ် ဆက်လျှောက်ကြတယ်။ ဒါပါပဲ။ ဒါပေမဲ့ Faye Wong နဲ့ Leslie Cheung တို့ လိုက်ဖက်ညီသဟဇာတ ဖြစ်နေတာက ဒီရုပ်ရှင်ကို ပိုအရသာရှိစေတဲ့ အဓိက အချက်လို့ဆိုရပါမယ်။ သူတို့၂ယောက်ကပေးတဲ့ ရသကို အမြည်းခံစားကြည့်ချင်ရင်တော့ အောက်ကစာ စာသားကို နမူနာမြည်းစမ်းကြည့်နိုင်ပါတယ်။" နှစ်လက်မတစ်စိတ် အကွာအဝေး၏ မိုင်သန်းပေါင်း လေးသောင်းနှစ်ထောင်ဆီမှ အရူးအမူးချစ်ခြင်းဖြင့် ဂျွမ်းထိုးမှောက်ခုံ ပြုတ်ကျလာခြင်းကြောင့် ...
movie

Okinawa Rendez-vous (2000)

2000
Re: Born(2016) 7.0
Re: Born(2016) ဂျွန်ဝစ်ဆိုတဲ့ကြေးစားလူသတ်ကားကိုပရိတ်သတ်တွေရင်းနှီးပြီးသားဖြစ်မှာပါဒီကားလေးကတော့ဂျပန်ဂျွန်ဝစ်လို့တောင်ကျွန်တော်တင်စားချင်ပါတယ်တိုရှီယိုဟာလွန်ခဲ့တဲ့၃နှစ်ကဖန်တွန်ဆိုတဲ့လူတစ်ယောက်ရဲ့လက်အောက်မှာ၃နှစ်ကြာအလုပ်လုပ်ခဲ့ပြီးအကြောင်းတစ်ခု ကြောင့်ကြေးစားလောကကနေအနားယူခဲ့ပါတယ်သူအနားယူလိုက်တဲ့အကြောင်းပြချက်တစ်ခုကကလေးလေးတစ်ယောက်ကြောင့်ပါစတိုးဆိုင်လေးတစ်ဆိုင်ဖွင့်ရင်းဘဝကိုအေးအေးချမ်းချမ်းနေထိုင်နေတဲ့တိုရှီယိုတစ်ယောက်ဖန်တွန်ရဲ့အပြစ်ဒဏ်ပေးမှုလုပ်ကြံသတ်ဖြတ်မှုကိုခံလာရတဲ့အချိန်မှာဘာတွေဆက်ဖြစ်မလဲပရိတ်သတ်တွေစိတ်ဝင်တစားကြည့်ကြရမှာပါစကားမစပ်ကြေးစားဘဝတုန်းကတိုရှီယိုရဲ့ကုတ်နာမည်ကghostပါသူ့ကိုရန်ရှာလာတဲ့ရန်သူတွေကိုတိုရှီယိုတစ်ယောက်ဘယ်လိုဘယ်ပုံရင်ဆိုင်မယ်ဆိုတာစိတ်ဝင်တစားစောင့်ကြည့်ရမှာပါအက်ရှင်ခန်းတွေကသတ်ဖြတ်မှုတွေကတစ်ကားလုံးနီးပါးပါပဲthe raid လိုပဲသတ်ဖြတ်ခန်းတွေကအတော်လေးကြမ်းပါတယ်လို့ပဲပြောကြားရင်အက်ရှင်ကြိုက်တဲ့သူတွေကြိုက်နှစ်သက်မှာပါလို့ပဲပြောကြားရင်စောင့်ကြည့်လိုက်ရအောင် Qty - 720p BlurayDuration - 1hr 45minGern - Action/ Crime/DramaSubtitle - MyanmarTranslator - Soe HtweEncoder - Kyaw Ye Aung
movie

Re: Born(2016)

2016