Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Masataka Iwao
Sister Street Fighter: Fifth Level Fist (1976)
(၁၉၇၆)မှာ ထွက်ရှိခဲ့တဲ့ “Sister Street Fighter: Fifth Level Fist” ဇာတ်ကားက ကိုယ်ခံပညာအက်ရှင် ဇာတ်ကားကောင်း တစ်ကားဖြစ်ပြီးတော့ရှေ့က ထွက်ရှိခဲ့တဲ့ “Sister Street Fighter” ဇာတ်ကားတွေရဲ့ နောက်ထွက် ဇာတ်လမ်းလို့ ပြောလို့ရတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ကီမိုနိုဆိုင်ပိုင်ရှင် မိဘတွေရဲ့ သမီးဖြစ်သူ ကီကုကို စစမြင်လိုက်ရင်တော့ အမျိုးသမီးအများစုလို သိမ်မွေ့နူးညံ့တဲ့ အသက်ငယ်ငယ် မိန်းကလေးတစ်ယောက်သာသာပဲလို့ ထင်ရစရာရှိပါတယ်။တကယ်တမ်းတော့ ကရာတေးကိုယ်ခံပညာကို နှစ်သက်တဲ့ အမျိုးသမီးလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ကရာတေးကို စိတ်ဝင်စားသလို ဒီကိုယ်ခံပညာရပ်မှာပါ ကျွမ်းကျင်မှုရှိတဲ့ ကီကု တစ်ယောက် သူငယ်ချင်းဖြစ်သူရဲ့ အစ်ကို အသတ်ခံလိုက်ရရာကနေ ဝင်ကူညီရင်းရဲတွေ စုံစမ်းထောက်လှမ်းနေတဲ့ မူးယစ်ရာဇာတွေနဲ့ ပတ်သက်မိပါတော့တယ်။ဒီ “Sister Street Fighter: Fifth Level Fist” ဆိုတဲ့ ဇာတ်ကားလေးမှာ ကီကုတစ်ယောက်ရဲ့ အန္တရာယ်မှန်းသိသိနဲ့တစ်ယောက်တည်း တိုးဝင်ရာကနေ လူဆိုးတွေနဲ့ ယှဥ်ပြိုင်တိုက်ခိုက်တာတွေကို ...
movie
Sister Street Fighter: Fifth Level Fist (1976)
6.9
The Street Fighter (1974)
ဒီဇာတ်ကားကတော့ ဂျပန်ရိုးရာကရာတေးကစားနည်းနဲ့ တရုတ်သိုင်းတို့ကိုပြန့်ပွါးအောင် ကြိုးစားခဲ့တဲ့လူရဲ့ သားဖြစ်သူTakuma Surigi ကိုအဓိကတည်ပြီးရိုက်ကူးထားပါတယ်။တစ်ဖက်မှာလည်း ကမ္ဘာ့တတိယမြောက်အကြီးဆုံးရေနံကုမ္ပဏီရဲ့ ဥက္ကဌကြီးသေဆုံးတာကြောင့်ပိုင်ဆိုင်မှုတွေကိုအရယူလိုတဲ့လူတွေလည်းအမြောက်အမြားပါ။ဥက္ကဌကြီးရဲ့တစ်ဦးတည်းသောသမီးဖြစ်သူ Sarai Hammett ဆီကပိုင်ဆိုင်မှုတွေကိုရယူဖို့အားလုံးကလုပ်နေချိန်မှာSurigi အနေနဲ့ Sarai ကိုသူ့ရဲ့ပြည့်ဝလှတဲ့ကရာတေးစွမ်းရည်တွေနဲ့ဘယ်လိုကာကွယ်ပေးပေးသွားမလဲဆိုတာမြင်တွေ့ရမှာပါ။IMDB မှာလည်း Rating 6.9ထိ ရရှိထားတာမလို့ ဟောင်းပေမယ့်ကောင်းနေဆဲကားလေးတစ်ကားဖြစ်မှာပါ။ File size… 1.9 GB / 0.9 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ..... Action / Crime / Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Edrikk
movie
The Street Fighter (1974)
6.0
The Street Fighter’s Last Revenge (1974)
မင်းသားကြီး Shinichi Chiba ဟာ The Street Fighters ဇာတ်ကားတွဲတွေရဲ့အောင်မြင်မှုကြောင့်Sonny Chiba ဆိုတဲ့ နာမည်ကို နိုင်ငံတကာထိ ဟိုးလေးတကျော်ဖြစ်အောင် ထိုးဖောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ဆာမူရိုင်းဇာတ်လမ်းအများစုမှာ ပရိသတ်မျက်မှန်းတန်းမိနေတဲ့ Sonny Chiba ကို ဒီဇာတ်လမ်းမှာတော့ကရာတေးသိုင်းပညာရှင် ကြေးစားတိုက်ခိုက်ရေးသမားတစ်ယောက်အနေနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ကြေးစားတိုက်ခိုက်ရေးပညာရှင် ဆူရူဂီ(Sonny Chiba)ဟာ အိုဝါဒါ မိသားစုဝင် ဂို အိုဝါဒါ နဲ့ အနက်ရောင်လက်ဆွဲအိတ် တစ်ခု ကိုဆူပူအုံကြွမှုတစ်ခုအတွင်းကနေ ရဲယောင်ဆောင်ပြီးတော့ ကယ်တင်ခဲ့ပါတယ်။ချိန်းဆိုထားတဲ့နေရာထိအရောက်ပို့ပေးခဲ့ပေမယ့်လည်း အိုဝါဒါမိသားစုက ကတိမတည်ဘဲ ဆူရူဂီကို အပြတ်ရှင်းဖို့ ကြိုးစားခဲ့ပါတယ်။ဆူရူဂီကလည်း ဂိုအိုဝါဒါကို အမိဖမ်းပြီး သေနတ်တွေချဖို့ ချိန်းခြောက်ခဲ့ပါတယ်။လက်ဆွဲအိတ်ထဲက တိတ်ခွေကိုပေးဖို့ ချိန်းခြောက်ခဲ့ပေမယ့် အိုဝါဒါမိသားစုဝင်တွေငှားရမ်းထားတဲ့ ထိုင်ဝမ်က သိုင်းပညာရှင် ဟိုဖုန်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ဟိုဖုန်းက အမျိုးသမီးဖြစ်နေတာကို လက်ဝါးထင်ထင် တွေ့ရှိခဲ့တဲ့အတွက် ဆူရူဂီရဲ့နှလုံးသားက မာကျောနိုင်စွမ်းမရှိဘဲ ၁၀ နှစ် ကြိုးစားခွင့် ပေးခဲ့ပါတယ်။တိုကိုဓာတုဗေဒပစ္စည်းကုမ္ပဏီနဲ့ ...
movie
The Street Fighter’s Last Revenge (1974)