Channel Myanmar

Mary McDonnell

Broke (2025) 6.8
Broke (2025)    Broke (2025)IMDb Rating (6.8) ထရူးဘရန်ဒီဝိုင်ဆိုတဲ့ မြင်းစီးပြိုင်ပွဲ အားကစားသမား‌ဟောင်းတစ်ယောက် နှင်းမုန်တိုင်းထဲပိတ်မိနေခဲ့တာကို ဇာတ်အိမ်တည်ထားပါတယ် ။အန္တရာယ်များတဲ့ ခေတ်ဟောင်းအားကစားမှာမှ အသက်မွေး၀မ်းကျောင်းလုပ်မိတော့ ကြုံတွေ့ခဲ့သမျှဒုက္ခတွေအပြင်ကိုယ်ဘာလုပ်လုပ်အရာမထင်ပါဘူးလားဆိုတဲ့အသိကို အမြဲရိုက်သွင်းနေတတ်တဲ့ ဖခင်ဖြစ်သူကြား လုပ်ခဲ့မိတဲ့ဆုံးဖြတ်ချက်အမှားတွေကို သေရေးအတွက်ရုန်းကန်နေရချိန်မှာတစိမ့်စိမ့်ပြန်အောင့်မေ့တဲ့သဘော တင်ဆက်ရိုက်ကူးထားပါတယ် ။ကောင်းဘွိုင်အငွေ့အသက်အပြည့်အ၀ပါ၀င်နေပြီး ကြည့်ရှု့သူတွေကို ဖြည်းဖြည်းချင်းစီဆွဲခေါ်သွားမဲ့ ဇာတ်လမ်းလေးတစ်ခုပါပဲ ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size… (2.2 GB) / (950 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Western Duration…. 01:44:09 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Phu Thet Khin
movie

Broke (2025)

2025
Independence Day (1996) 7.0
Independence Day (1996) Independence Day (1996) ************************** IMDb.....7.0  (4K available on CM APP) မင်းသားကြီး Will Smith ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်ခဲ့တဲ့Independence Day (1996) ကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။1996 ခုနှစ်က ရုပ်ရှင်ကားမို့ Graphic တွေကို အထင်မသေးလိုက်နဲ့နော်ယနေ့ခေတ် CGI တွေကို ရင်ဘောင်တန်းနိုင်တဲ့ နည်းပညာတွေနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်ပြီး Best Visual Effect Award ရရှိခဲ့တဲ့ကား ဖြစ်ပါတယ်။ကမ္ဘာမြေကို ဂြိုဟ်သားတွေ သိမ်းပိုက်ဖို့ လာရောက်တိုက်ခိုက်မှုကို အမေရိကန်သမ္မတအနေနဲ့ဘယ်လို ကာကွယ်မလဲ.. Area 51 အကြောင်းလေ့လာချင်သူတွေအတွက်လည်း Area 51ရဲ့မြှပ်ကွက်တွေကို တွေ့မြင်ရမဲ့အပြင်... Pilot တစ်ဦးဖြစ်တဲ့ Will Smith အနေနဲ့ရော ဂြိုလ်သားတွေကိုဘယ်လိုပြန်လည်တိုက်ခိုက်မလဲဆိုတာတွေကို သိချင်တယ်ဆိုရင်တော့ အခုပဲ ဝင်ရောက်ကြည့်ရှုလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။ (ဘာသာပြန်နဲ့ အညွှန်းကိုတော့ Abby မှ ရေးသားထားပေးပါတယ်။)  File Size : ...
movie

Independence Day (1996)

Dances with Wolves (1990) 8.0
Dances with Wolves (1990) Dances with Wolves (1990)IMDb Rating (8.0) / Rotten Tomatoes (87%)Oscar ဆု 7 ဆုနဲ့ ရုပ်ရှင်ဆုပေါင်း 44 ခု ရရှိခဲ့တဲ့ 1990 ခုနှစ်က Adventure, Drama, Western ဇာတ်ကားတစ်ကားပါ။ဂျွန် ဘန်ဒါအမည်ရတဲ့ အရာရှိတစ်ယောက်ဟာ ပြည်တွင်းစစ်တွေ ဖြစ်ပွားနေတဲ့ နယ်စပ်ဒေသတစ်ခုကို မိမိဆန္ဒအလျောက် တာ၀န်ထမ်းဆောင်ဖို့ သွားခဲ့ပါတယ်။ ဟိုကိုရောက်တော့ လူမပြောနဲ့ တိရစ္ဆာန်တစ်ကောင်တစ်မြီးမှတောင် မရှိတဲ့အခြေအနေကို ကြုံတွေ့လိုက်ရပါတော့တယ်။ တာ၀န်အရလာတာဖြစ်တဲ့အတွက် ဂျွန်ဟာ နောက်ကြောင်းပြန်မလှည့်ပဲ သူရယ် မြင်းတစ်ကောင်ရယ် ရိက္ခာတွေနဲ့အတူ နေရစ်ခဲ့ပါတော့တယ်။ဂျွန် ဘန်ဒါတစ်ယောက် အဲ့ဒီဒေသမှာနေရင်း လူတွေအတွက် အန္တရာယ်ရှိလှပါပြီဆိုတဲ့ သားရဲကောင်တွေ လူရိုင်းတွေနဲ့ တွေ့ဆုံပုံတွေ၊ ဘာသာစကားမတူတဲ့ လူရိုင်းတွေ မိမိကို အန္တရာယ်မပေးအောင် သူတို့နဲ့ လိုက်လျောညီထွေနေရင်း မိတ်ဆွေအပေါင်းအသင်း ဖြစ်သွားပုံတွေကို ရိုက်ကူးတင်ဆက်ထားပါတယ်။Kevin Costner ကိုယ်တိုင် ဇာတ်လိုက်မင်းသားရော ဒါရိုက်တာအဖြစ်ပါ လက်စွမ်းပြထားတဲ့ Dances With Wolves ကို Director's cut Version နဲ့ တင်ဆက်ထားတာမလို့ ...
movie

Dances with Wolves (1990)

Margin Call (2011) 7.1
Margin Call (2011) Margin Call (2011)Margin Call ဆိုတာ Trading လောကမှ စကားလုံးဖြစ်ပြီး အဓိပ္ပာယ်ကတော့ မိမိအကောင့်၊ မိမိရဲ့ပိုင်ဆိုင်မှုတန်ဖိုးတွေဟာ သတ်မှတ်တန်ဖိုးအောက်စျေးကျသွားတဲ့အတွက် အကောင့်ပိတ်မသွားအောင် ‌ငွေထပ်ထည့်စိုက်မလား၊ ရှိသမျှပိုင်ဆိုင်မှုတွေရောင်းချမလားကို သတ်မှတ်ပေးတဲ့စည်းမျဥ်းတစ်ခုပါ။ တစ်နည်းပြောရရင် တန်ဖိုးကျသွားလို့ မွဲပြာကျသွားပြီး ဘဝမပျက်ချင်ရင် အကုန်ရောင်းလို့ဆိုလိုချင်တာပါ။ဒီလိုခေါင်းစဥ်နဲ့ ဇာတ်လမ်းလေးကတော့ 2007-2008 ခုနှစ်လောက်က ဖြစ်ပျက်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေးပျက်ကပ်တစ်ခုအတွင်း ဒေဝါလီခံခဲ့တဲ့ ကုမ္ပဏီတစ်ခုကို စိတ်ကူးယဥ်ပြီးပြန်ရိုက်ကူးထားတာပါ။ဇာတ်လမ်းထဲမှာတော့ စတော့ရှယ်ယာလိုမျိုး၊ အာမခံငွေလက်မှတ်လိုမျိုးတွေကို အရောင်းအဝယ်လုပ်တဲ့ ရင်းနီးမြှုပ်နံမှုကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်‌ယောက်ဟာ စီးပွားပျက်ကပ်ဖြစ်လာနိုင်တာကိုကြိုသိခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ ဒီလောကမှာက ယခင်ဖြစ်ခဲ့ဖူးတဲ့ စျေးနှုန်းတန်ဖိုးတွေ၊ အရောင်းအဝယ်မှတ်တမ်းတွေကိုကြည့်ရှုပြီး နောင်ဖြစ်လာနိုင်တာကို အနီးစပ်ဆုံးခန့်မှန်းလို့ရနိုင်လို့ပါပဲ။ဖြစ်လာမယ်မှန်းလည်းသိပြီဆိုတော့ ဒီပျက်ကပ်ကို ဘယ်လိုရှောင်လွှဲကြမလဲဆိုတာ ကြံကြပြန်ပါတယ်။ ဆုံးဖြတ်ချက်မြန်မြန်ချနိုင်လေ ဆုံးရှုံးနိုင်မှုနည်းလေးပဲဆိုတော့ ညတွင်းချင်းဆုံးဖြတ်အတည်ပြုကြပါတယ်။ရှုပ်ထွေးလှတဲ့လောကကြီးမှာ သူများထက် ခေါင်းပိုသုံးတဲ့သူ၊ ဉာဏ်နီဉာဏ်နက်များတဲ့သူ၊ လက်တစ်လုံးခြားလူလည်ကျမှ ရှင်ကျန်စမြဲဖြစ်ကြောင်းရိုက်ပြထားတဲ့ စိတ်ဝင်စားစရာ financeကားလေးဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size        ...
movie

Margin Call (2011)

2011
Sneakers (1992)
Sneakers (1992) IMDb - 7.1 Rotten tomatoes - 80% မင်းသားကြီး Robert Redford နဲ့ Ben Kingsley တို့ရဲ့ 1992 တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ထွက်ထားတာ အနှစ်သုံးဆယ်ကျော်ကြာခဲ့ပြီဆိုပေမဲ့လည်း ယနေ့ခေတ်ရဲ့ hacker ရုပ်ရှင်တွေကိုကြည့်နေရသလိုမျိူး ဖြစ်နေစေမဲ့ နည်းပညာဆိုင်ရာ Old but Gold ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ မာတင်နဲ့ ကော့စမိုဆိုတဲ့ လူငယ် ကွန်ပြူတာဟက်ကာလူငယ်လေးနှစ်ယောက်၊ လူငယ်သဘာဝလက်စွမ်းပြပြီး နောက်တဲ့သဘောနဲ့ ဘဏ်စနစ်တွေကို hack ပြီး ငွေတွေလွှဲနေကြရင်း ရဲတွေလာဖမ်းရာမှာ မာတင်ကတော့ ထွက်ပြေးလွတ်သွားခဲ့ပေမဲ့ ကော့စမိုကတော့ ထောင်ကျသွားပြီး ထောင်ထဲမှာသေဆုံးသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဖြစ်အပြီး အနှစ်နှစ်ဆယ်အကြာမှာ မာတင်ကသူရဲ့နာမည်ကိုပြောင်းပြီး ကုမ္ပဏီတွေရဲ့ လုံခြုံရေးစနစ်ကို စမ်းသပ်ပေးတဲ့အဖွဲ့တစ်ခုတည်ထောင်ခဲ့ပါတယ်။ ‌တနေ့မှာတော့သူ့ဆီကို အစိုးရဘက်လွှတ်လိုက်တယ်ဆိုတဲ့ လူနှစ်ယောက်က သိပ္ပံပညာရှင်တယောက်တီထွင်ထားတဲ့ သေတ္တာလေးတစ်ခုကို ခိုးယူဖို့ခြိမ်းခြောက်အကြပ်ကိုင်ပြီး ခိုင်းစေလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီသေတ္တာလေးကသာမာန်မဟုတ်ပဲ ...
movie

Sneakers (1992)

Scream 4 (2011) 6.1
Scream 4 (2011) Scream 4 2011 ===========ဒီကားကတော့ scream 3 ထွက်ပြီး ၁၁ နှစ်ကြာမှ ထွက်လာတာ ဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုကျော်ကြာမှ ထွက်လာတာဖြစ်လို့ တိုးတက်လာတဲ့ နည်းပညာတွေ ရုပ်ရှင်ပညာတွေကို ကောင်းကောင်းအသုံးချထားပြီးတော့ နောက်ဆုံးထွက်ခဲ့တဲ့ ကားထက်ကောင်းအောင် ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းဆက်ထားပုံကတော့ သရဲမျက်နှာလူသတ်သမားနဲ့ နောက်ဆုံးရင်ဆိုင်တွေ့ခဲ့တာ ၁၀ နှစ်ကျော်ကြာသွားပါပြီ။ အဲဒီအချိန်မှာ ဆစ်ဒနေက အတိတ်ရဲ့စိတ်ဒဏ်ရာတွေကို ကုစားဖို့ ကိုယ့်ကိုယ်ကို ပြုပြင်ရေးစာအုပ်တစ်အုပ်ရေးပါတယ်။ အဲဒီစာအုပ်ကို ထုတ်ဝေတဲ့အခါ book tour လုပ်တော့ မွေးရပ်မြေကို ပြန်လာဖို့ အကြောင်းဖြစ်လာပါတယ်။ ကံဆိုးစွာနဲ့ပဲ ဆစ်နေဒန် ပြန်ရောက်လာတာကြောင့် သရဲမျက်နှာလည်း ပြန်ပေါ်လာပါတယ်။ IMDB 6.1 ရထားပြီး tomatometer 60% ရထားပါတယ်။Scream 6 ကားစလုံးကို Scream Franchise မှာ ဝင်ကြည့်လို့ရပါတယ် Quality__Bluray 1080p IMDb Rating__6.1/10 Format__mp4 Duration__1h 51min Type__Horror, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by San Thu Aung Encoded by Htet Wai ...
movie

Scream 4 (2011)

2011
The Witcher: Nightmare of the Wolf (2021) 6.5
The Witcher: Nightmare of the Wolf (2021) ဒီ Animationဇာတ်လမ်းက​တော့ The Witcher universeထဲက ဇာတ်လိုက်​ကျော်ကြီးGeralt of Riviaအ​ကြောင်းမဟုတ်ပါဘူး။သူ့ရဲ့ဆရာ Vesemir : The Nightmare of the Wolfရဲ့ ဘဝဇာတ်​ကြောင်းကို အ​ခြေခံရိုက်ကူးထားတာပါ။ဒါ​ကြောင့် Live Action season1ရဲ့ timelineထက် ပို​စောပါလိမ့်မယ်။ဒီAnimationထဲမှာ Vesemirရဲ့ ငယ်ဘဝဇာတ်​ကြောင်း၊ Witcher တစ်​ယောက်ဖြစ်လာဖို့ ​ကျော်ဖြတ်ရတဲ့စမ်းသပ်မှု​တွေ၊သူ့ရဲ့စွန့်စားခန်း​တွေနဲ့အတူ ​ရှေးအယူအရ သာမန်လူ​တွေရဲ့ witcher​တွေအ​ပေါ် သ​ဘောထားကိုလည်း ​ပေါ်လွင်​အောင်ရိုက်ကူးပေးထားပါတယ်ဒါ့အပြင် Kaedwen တိုင်းပြည်က Madam Tetra Gilcrestကလည်း Witcher​တွေကို ရန်ငြိုးရန်စရှိတဲ့အတွက်​ကြောင့်မ​ကောင်းဆိုးဝါး​​တွေ၊ နတ်ဆိုး​​တွေနဲ့ပူး​ပေါင်းပြီး Vesemirတို့ရဲ့ Witcherတိုင်းပြည်ကြီးကို အပြီးတိုင် အမြစ်ဖြတ်ပစ်ဖို့ ကြိုးစားလာတဲ့အခါမှာ....Witcher verseရဲ့ထုံးစံအတိုင်း ကြမ်းကြမ်းတမ်းတမ်းအ​ပြောအဆို​တွေ၊ သတ်ခန်းဖြတ်ခန်း​တွေကို ​သွေးသံတရဲရဲနဲ့ ပီပီပြင်ပြင်တင်ဆက်ထားတာ​ကြောင့်R -ratedအဖြစ် သတ်မှတ်လို့ရပါတယ်သိပ်မကြာခင်ထွက်လာ​တော့မယ့် Witcher Season 2မှာလည်း ဒီကားရဲ့ ဇာတ်​ဆောင် Vesemirပြန်လည်ပါဝင်လာမှာမလို့ဒီ​နေ့ထွက်ဇာတ်ကားအသစ်​လေးနဲ့ သူ့ရဲ့ဘဝဇာတ်​ကြောင်း​ကို animation​ကောင်း​ကောင်း၊ ...
movie

The Witcher: Nightmare of the Wolf (2021)

2021
Donnie Darko (2001) 8.0
Donnie Darko (2001) Donnie Darko (2001) IMDb - 8.0/10_____Rotten - 87%    ဒီကားကို Master Pieceကားတစ်ကားလို့ဆိုကြပါတယ်။ Personalအရပြောရမယ်ဆိုရင် Predestination.. Memento ..Prestige..InceptionShutter Island အစရှိသဖြင့် ကားတွေကတောင် ဒီကားရဲ့ လေးပုံတစ်ပုံလောက် ကျွန်တော့်ကို ခေါင်းမစားစေပါဘူး။ကျွန်တော်တို့ရဲ့ Legend Actorကြီး Jake Gyllanhaalနဲ့သူ့အမ Maggie Gyllanhaalတို့ကိုလည်း ဒီရုပ်ရှင်မှာ မောင်နှမတွေအဖြစ်တွေ့ရမှာပါ။ ဒီရုပ်ရှင်မှာ ...4th Dimension ဝါ အပြိုင်စကြဝဋ္ဌာ အချိန်ခရီးသွားခြင်းသီအိုရီတွေ...ကမ္ဘာပျက်ကိန်းတစ်ခု. အိပ်မက်ယောင်လမ်းလျှောက်တတ်တဲ့ရောဂါ ဖောက်ထွက်တတ်တဲ့ အတွေးအခေါ်ရှိတဲ့လူငယ်လေးတစ်ယောက်နဲ့ ဆရာမတစ်ယောက် အဓိပ္ပါယ်မရှိတဲ့တက်ကျမ်းတွေနဲ့အောင်မြင်နေတဲ့လူတစ်ယောက် ဘဝအပေါ်မတူညီတဲ့အမြင်တွေ ကံတရားရဲ့ မယုံနိုင်လောက်စရာတွေ စိတ်ကုထုံးဆွေးနွေးမှုတွေတွေအပြင် တခြားအကြောင်းအရာပေါင်းစုံကို ၂နာရီမခွဲတဲ့ အချိန်ကလေးမှာ အကုန်လုံးထည့်သွားပါတယ်။ တစ်ကားလုံးအပြီးမှာ ခင်ဗျားမှာ မေးခွန်းတွေ သိပ်များသွားမှာ သေချာပါတယ်။ အဖြေရှိမရှိကတော့ ကိုယ့်အပေါ်ပဲ မူတည်ပါတယ်။ ဒီကားထဲက အချိန်ခရီးသွားခြင်းနဲ့ပက်သက်တာတွေဟာ စိတ်ကူးယဉ်တာတွေမဟုတ်ပဲ တကယ့် သီအိုရီတွေဖြစ်ပါတယ်။ အကျယ်သိလိုက Stephan Hawkingရဲ့ A Brief History of Time မြန်မာပြန်PDFမှာ ဖတ်ရှုလို့ရပါတယ်။ 4th Dimension ဝါ..အပြိုင်စကြဝဋ္ဌာအကြောင်းတော့ ကျွန်တော်ဖတ်မှတ် နားလည်ထားသလောက်ရှင်းပြချင်ပါတယ်။ Donnie Darko ( Spoiler Alert) အရင်ဆုံးအနေနဲ့ ကျွန်တော်ရှင်းပြချင်တာက Tangent Universe(Parallel Universe)နဲ့ Primary ...
movie

Donnie Darko (2001)

2001