Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mary Bogue
7.4
The Cider House Rules (1999)
ဒုတိယကမ္ဘာစစ်ကာလတုန်းက မိဘမဲ့ဂေဟာတစ်ခုမှာ ဒေါက်တာလာ့ခ်ျဟာ ကြီးကြပ်တာဝန်ယူခဲ့တယ် သူ့ရဲ့ဂေဟာမှာ ထူးထူးခြားခြား ကလေးလေးတစ်ယောက်ဟာ နှစ်ခါတောင် ဂေဟာပြန်ပို့ခံရတယ် ဒီလိုနဲ့ အဲ့ဒီကလေးကို သူပဲမွေးခဲ့ရတယ်အဲ့ဒီကောင်လေး အရွယ်ရောက်လာပြီး တကယ့်လောကကြီးထဲ ထွက်ခွာချင်လာတဲ့အခါ အပြင်လောကကြီးက ကောင်လေးအတွက် ဘယ်လိုအတွေ့အကြုံတွေ ပေးမှာလဲ ကျန်ခဲ့တဲ့ ဒေါက်တာလာ့ချ်နဲ့ ဂေဟာကလူတွေကရော ဘယ်လိုတွေဖြစ်ကြမှာလဲ လူငယ်တစ်ယောက်ရဲ့ စွန့်စားစိန်ခေါ်ချင်မှု... မိဘဘက်က သားသမီးကို တစ်ယောက်တည်း လောကကြီးထဲ လွှတ်လိုက်ရတဲ့အခါ ဖြစ်ရတဲ့ စိတ်ပူပန်မှု... ဒီလိုမျိုး ၅၂၈ မေတ္တာကို အခုဇာတ်ကားလေးက လှလှပပလေး ဖော်ကြူးပေးထားပါတယ် ဒါ့အပြင် ကိုယ်ဝန်ဖျက်ချတာဟာ လုပ်သင့်ရဲ့လား?အချို့အခြေအနေတွေမှာ ကိုယ်ဝန်မဖျက်ချပေးရင်ရော တကယ်ကောင်းကျိုးဖြစ်မှာမို့လို့လား? မိဘမဲ့ဖြစ်လာတဲ့ ကလေးလေးတွေရဲ့ ခံစားချက်တွေ စတဲ့ လူမှုရေးဆိုင်ရာ အကြောင်းအရာတွေကိုလည်း စိန်ခေါ်ပြီး ရိုက်ကူးထားပါသေးတယ် ဇာတ်ကားလေးက အေးအေးလေးနဲ့ ရင်ထဲခံစားရအောင် ခေါ်ဆောင်ပေးသွားမှာမို့ စီးမျောလိုက်ပါပေးကြပါဦးနော် File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / ...
movie
The Cider House Rules (1999)
7.5
The Man Who Wasn’t There (2001)
မရှိခဲ့တဲ့သူတစ်ယောက်အကြောင်းမနေ့က လှေကားခွင်မှာမရှိခဲ့တဲ့သူ တစ်ယောက်နဲ့ဆုံခဲ့တယ်ဒီနေ့လည်း သူရှိမနေပြန်ဘူးဒီလူမရှိတော့ရင် သိပ်ကောင်းမှာပဲ။မနေ့က လှေကားပေါ်တက်လာတော့မရှိခဲ့တဲ့သူ တစ်ယောက်နဲ့ဆုံခဲ့တယ်ဒီနေ့လည်း သူ့ကိုထပ်မတွေ့ရပြန်ဘူးဒီလူပျောက်ကွယ်သွားရင် သိပ်ကောင်းမှာပဲ။“Antigonish” William Hughes Mearns အက်ဒ်ကရိန်းဆိုသူက ရှိနေပေမယ့်လည်း မရှိနေသူတစ်ယောက်လိုဖြစ်နေတဲ့သူပါ။ သူက ဆေးလိပ်ကိုသာ မပြတ်တမ်းဖွာနေပြီး စကားအပြောအဆိုနည်းလှပါတယ်။ ဆံသဆရာတစ်ယောက်ဖြစ်ပြီး အရာအားလုံးပိုင်ဆိုင်ထားတဲ့ ပြည့်စုံသူတစ်ယောက်ဖြစ်ပေမယ့်လည်း သူပိုင်ဆိုင်တာဘာမှလည်း ရှိမနေပြန်ပါဘူး။ အပြောင်းအလဲကြီးကြီးမားမားလည်းမရှိသလို ပြောင်းလဲဖို့လည်း မကြိုးစားနေသူပါ။ တနေ့မှာတော့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ထံမှာ ရင်းနှီးမြှပ်နှံချင်စိတ်တွေ ပေါ်လာပြီးနောက် သူ့ဘဝနဲ့ သူ့ပတ်ဝန်းကျင်ဟာ တစ်ဆစ်ချိုးပြောင်းလဲဖို့ဖြစ်လာပါတယ်။၂၀၀၁ခုနှစ်မှာရိုက်ကူးခဲ့ပေမယ့် ၁၉၄၉ခုနှစ်မှာ ဇာတ်အိမ်တည်ထားတဲ့ ဒီရုပ်ရှင်ကားကို ဆေးရောင်စုံနဲ့ရိုက်ကူးပြီး တည်းဖြတ်ချိန်မှာ အဖြူအမဲအဖြစ်ပြောင်းလဲထားတဲ့ neo-noir crime film အမျိုးအစားဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ ဇာတ်လမ်း၊ ရိုက်ကူး၊ တည်းဖြတ်၊ ထုတ်လုပ်သူ ဒါရိုက်တာတွေဖြစ်ကြတဲ့ Coen brothers ကိုတော့ No Country for Old Men နဲ့ The Ladykillers ...
movie
The Man Who Wasn’t There (2001)
7.3
Ghost World (2001)
Ghost World (2001)~ IMDb - 7.3/10, RT - 93%, Meta - 90% ~Coming-of-Age ကားလည်းဖြစ်တယ်၊ ရုပ်ရှင်ပိုစတာမှာလည်း ဆယ်ကျော်သက် ကောင်မလေး ၂ ယောက်ပုံနဲ့ဆိုတော့ သာမန် Rom-Com ကားလေးလို့ပဲ ထင်ရက်စရာရှိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုထင်ခဲ့တာပဲ။ဒါပေမဲ့ ဒီရုပ်ရှင်က Coming-of-Age ထက်ပိုတဲ့ ဒါမှမဟုတ် သာမန် Coming-of-Age တွေထက် ပိုအဓိပ္ပာယ်ရှိတဲ့ ရုပ်ရှင်တစ်ခုလို့ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရုပ်ရှင်က 90s နဲ့ 00s ခုနှစ်တဝိုက်ကထွက်တဲ့ ဆယ်ကျော်သက်ရုပ်ရှင်တွေလို ကျောင်းကပွဲမှာ ဒိတ်ရဖို့၊ ကျောင်းမှာ ရည်းစားရဖို့၊ သူငယ်ချင်းရဖို့၊ အလှဆုံးဖြစ်ဖို့၊ နာမည်ကြီးဖို့ ဘာဘာညာညာ ဖန်တရာတေ ဇာတ်လမ်းမျိုးမဟုတ်ဘူး။ အဲဒီဇာတ်လမ်းတွေထဲမှာက ပြဿနာတစ်ခုကို အရင်ဆုံးပြထားပြီး နောက်ဆုံး အဖြေပေါ်ရာကနေ ဇာတ်လမ်းပြီးတယ်။ ကပွဲအတွက် အတွဲရသွားတာတို့၊ အလှဆုံးဖြစ်တာတို့၊ ...
movie
Ghost World (2001)
2001