Channel Myanmar

Martin Sensmeier

The Ice Road (2021) 7.4
The Ice Road (2021) Taken မင်းသားကြီး လီယံနယ်ဆန်ရဲ့ ရုပ်ရှင်အသစ်ပါ။ သည်းထိပ်ရင်ဖိုအမျိုးအစားပါပဲ။အမေရိကမြောက်ပိုင်းစွန်းမှာ ရှိတဲ့ ဓာတ်ငွေ့တွင်းတစ်ခု ပေါက်ကွဲမှုဖြစ်ပြီး ပြိုကျသွားတဲ့အခါ အလုပ်သမား၂၆ ယေက်လောက် ပိတ်မိသွားပါတယ်။ သူတို့အတွက် အောက်စီဂျင်ကလည်း နာရီ ၃၀ လောက်ပဲ ရှိနိုင်တာမို့ သူတို့ကိုကယ်ထုတ်ဖို့ အရေးပေါ်လိုလာပါတယ်။ ဒါပေမယ့် ဥမင်ပြိုကျရတာက မက်သိန်းဓာတ်ငွေ့လိုင်းကြီးကို တူးမိလို့ ဖြစ်တာမို့ဓာတ်ငွေ့တွေကို ထုတ်ပစ်ဖို့ စက်ကြီးတစ်ခု ရှိဖို့လိုနေပါတယ်။ အဲဒီစက်က ၂၅ တန်လောက်လေးတဲ့အတွက်ရေခဲပြင်ပေါ်ကို လေယာဉ်ဆင်းပြီး သယ်လို့မရသလို ရဟတ်ယာဉ်နဲ့လည်း မနိုင်ပါဘူး။ ဒီတော့ ကားနဲ့သယ်ဖို့တစ်နည်းပဲ ရှိပါတော့တယ်။ ကားတွေကလည်း ရေခဲလမ်းလို့ ခေါ်တဲ့ ခဲနေတဲ့ မြစ်ရေပြင်ပေါ်က လမ်းကိုဖြတ်မောင်းရမှာဖြစ်ပြီး ဧပရယ်လထဲမှာ ဖြစ်လို့ ဘယ်ဒရိုင်ဘာမှ မမောင်းရဲပါဘူး။ အဲဒီအချိန်မှာ မောင်းပြီးပို့ရဲတဲ့ဒရိုင်ဘာ သုံးယောက်ပေါ်လာတဲ့အခါ ပိတ်မိနေတဲ့သူတွေအတွက် ...
movie

The Ice Road (2021)

2021
Wind River (2017) 7.7
Wind River (2017) Wind River (2017)IMDb Rating (7.7) / Rotten Tomatoes (87%)Hawkeye မင်းသားကြီး Jeremy Renner နဲ့ Wanda မင်းသမီး Elizabeth Olsen တို့ ဦးဆောင်ပါဝင်ထားတဲ့ ဒီဇာတ်ကားက အင်ဒီးယန်းနယ်မြေက ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ Rating မြင့် ရသစုံရုပ်ရှင်ကားကြီးပါ။ဇာတ်လမ်းကတော့... ကော်ရိုဟာ နှင်းတွေအမြဲဖုံးလွှမ်းနေတဲ့ အင်ဒီးယန်းရေခဲတောင်တွေပေါ်မယ် သားရဲမုဆိုးအဖြစ် အသက်မွေးနေသူတစ်ယောက်ဖြစ်ပါတယ်... တစ်နေ့မှာ သူခြင်္သေ့လိုက်ထွက်ရင်း နှင်းတောထဲမှာ မိန်းမပျိုလေးတစ်ဦးရဲ့အလောင်းကို တွေ့ရှိလိုက်ရပါတယ်...ဒီအမှုကိုစုံစမ်းဖို့အတွက် FBIက အတွေ့အကြုံမရှိတဲ့ စုံထောက်မလေး ဂျိမ်းကို စေလွှတ်လိုက်ပါတယ်... မနူးမနပ် ဆတ်ဆတ်ကြဲ ဂျိမ်းဟာ လူအင်အားကလည်းမလုံလောက် သူကလည်းအတွေ့အကြုံမရှိ အမှုကလည်းရှုပ်ထွေးလာနဲ့မကြံတတ် မစည်တတ်ဖြစ်လာရတဲ့အတွက် ကော်ရိုရဲ့အကူအညီကိုတောင်းခံပြီး အတူတကွ ဆက်လက်စုံစမ်းကြရတာပေါ့... ဒီလိုစုံစမ်းနေတဲ့အချိန်မှာပဲ ရေခဲတောင်ပေါ်မှာ နောက်ထပ်အလောင်းတစ်လောင်းကို ထပ်ပြီးတွေ့ရှိလိုက်ရတဲ့အခါမှာတော့ .........ဇာတ်အိမ်ဖွဲ့ပုံသေသပ်လှတဲ့အတွက် ဇာတ်ကားတလျှောက်လုံး ရင်တထိတ်ထိတ်နဲ့ တရားခံဘယ်သူဖြစ်နိုင်မလဲ.... ကိုယ့်ကိုယ်ကိုသတ်သေလိုက်တာရော မဖြစ်နိုင်ဘူးလား....စသဖြင့် စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်....ရုပ်ရှင်တစ်ခုလုံးမှာလည်း နှင်းတွေရေခဲတွေနဲ့အမြဲဖုံးလွှမ်းနေတဲ့အတွက် နှင်းတောင်တန်းရဲ့ ရသအပြည့်ပုံစံနဲ့ ခံစားရမှာပါ။ File size…(6.5 GB)/ ...
movie

Wind River (2017)

2017
4K HEVC
Frybread Face and Me (2023) 7.3
Frybread Face and Me (2023) Frybread Face and Me (2023)~ IMDb - 7.3/10, Rotten Tomatoes - 100% ~Coming of Age အမျိုးအစားဆိုတော့ ကလေးတစ်ယောက်ရဲ့ ဖြတ်သန်းခဲ့ရ ခဏပေါင်းများစွာကို ဒီရုပ်ရှင်မှာ ကျွန်တော်တို့ မြင်ရလိမ့်မယ်။ တခြား CoA ကားတွေနဲ့မတူဘဲ ပိုထူးတာက ဒီရုပ်ရှင်က အမေရိကန်တိုင်းရင်းသား အင်းဒီယန်းတွေရဲ့ ဓလေ့ကို ထင်ဟပ်စေတာပဲဖြစ်လိမ့်မယ်။ ဘာလို့ဆို ဒီရုပ်ရှင်ကို ဇာတ်ညွှန်းရေးပြီး ရိုက်တဲ့ ဒါရိုက်တာ ကိုယ်တိုင်ကလည်း အမေရိကန်တိုင်းရင်းသားတစ်ယောက်ပဲ။ ဒီဇာတ်လမ်းကလည်း သူ့ငယ်ဘဝကို သူကိုယ်တိုင် ပြန်ပြောင်းပြောပြနေတာပဲ။မြို့ပေါ်မှာ ကြီးလာတဲ့ကလေးကို အမေရိကန် အနောက်တောင်ဘက်က နာဗာဂျိုတိုင်းရင်းသားမျိုးနွယ်တွေနေတဲ့ဆီက သူ့အဘွားဆီ တစ်နွေပို့ပြီး အဲဒီမှာ ကျင်လည်ခိုင်းရာက အဲဒီကလေးကြုံရတဲ့ မှတ်မိနေတဲ့ အဖြစ်တွေကို ကျွန်တော်တို့ မြင်ရလိမ့်မယ်။ ရုပ်ရှင်တစ်ကားဆိုတာထက် ငယ်သူငယ်ချင်းတစ်ယောက် သူ့ငယ်ဘဝကို ပြန်ပြောင်းပြောပြနေတဲ့ ဖီလင်မျိုးလည်း ...
movie

Frybread Face and Me (2023)

2023
The Magnificent Seven (2016) 7.0
The Magnificent Seven (2016) IMDb Rating (7.0) / Rotten Tomatoes (64%)Denzel Washington , Chris Pratt , Lee Byung-hun , Ethan Hawke , Vincent D'Onofrio တို့လို နာမည်ကြီးသရုပ်ဆောင်တွေ အပြွတ်လိုက်ကြမ်းကြမှာပါ။ကောင်းဘွိုင်ကားအကောင်းစားတွေ ရှားရှားလာချိန်မှာ ဒီကားလေးကြည့်ရတာ တကယ်တန်ပါတယ်ဗျာ။Wild West ရဲ့ ဂီတသံတွေ၊ ရှုခင်းတွေကြားမှာ အမှန်အမှား နဲ့ သေခြင်းရှင်ခြင်းဆိုတာ စက္ကန့်ဝက်လောက် လက်ပိုမြန်တဲ့လူလက်ထဲရောက်သွားတဲ့ ကာလပေါ့။အင်္ကျီလေးကို နောက်ဆွဲဟပြီး လက်ကို သေနတ်ပေါ်တင်လိုက်တိုင်း သူတို့နဲ့ လိုက်ပြီး ရင်ခုန်တတ်တဲ့အကျင့်က မပျောက်သေးဘူးကိုး။ဒီကားကတော့ ကောင်းဘွိုင်ကားကြိုက်သူ အက်ရှင်ကြိုက်သူတွေ အကြိုက်ဖြစ်အောင်ပြန်ရိုက်ထားတာပါပဲ။ဇာတ်လမ်းကတော့,,,မြို့ငယ်လေးတစ်ခုမှာ အင်အားသုံးပြီး အနိုင်ကျင့်ဗိုလ်ကျတဲ့ လူရာကျော်အင်အားရှိတဲ့ ဓားပြဗိုလ်ကိုလူ ၇ ယောက်တည်းက မြို့က လူစုလေးကို ဦးစီးပြီး ပြန်တိုက်ထုတ်တဲ့ ဇာတ်လမ်းပါ။၇ ယောက်လုံးရဲ့ မတူညီတဲ့ စရိုက်တွေ ...
movie

The Magnificent Seven (2016)

4K HEVC
The Last Manhunt (2022) 4.2
The Last Manhunt (2022) 1909 ခုနစ်က အမေရိကန်ဖြစ်ရပ်မှန် လူဖမ်းပွဲအကြောင်းကိုရိုက်ပြထားတာပါ။ Cowboy ကားတွေမှာပါလေ့ရှိတဲ့အတိုင်း ပြည်သူထဲစေတနာ့၀န်ထမ်းတွေကို Sheriff တစ်ယောက်ကဦးစီးပြီး လူဆိုးဖမ်းတဲ့စနစ်ကိုနောက်ဆုံးကျင့်သုံးခဲ့တဲ့အမှုပါ။ Willie Boy ဟာ Native American တစ်ယောက်ဖြစ်ပြီး Carlota ဆိုတဲ့သူ့ချစ်သူကိုခိုးပြေးပါတယ်။ ကောင်မလေးရဲ့ဖခင်ဖြစ်သူ က သဘောမတူဘဲပိတ်ပင်လို့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး Willie Boy ဟာမတော်တဆ သူ့ချစ်သူရဲ့ဖခင်ကိုသတ်လိုက်မိပါတယ်။ ထွက်ပြေးသွားတဲ့Willie Boy တို့စုံတွဲကို လိုက်ဖမ်းဖို့ Sheriff Frank Wilson လည်း လူစုပြီး ခြေရာခံဖို့ကြိုးစားရာက‌နေ ပြင်ပပယောဂတွေကြောင့် အခြေအနေကပိုရှုပ်ထွေးလာရပါတယ်။ နာမည်ကျော်မင်းသားကြီး Jason Mamoa ကိုယ်တိုင်ပူးတွဲရေးသားပြီး ပါ၀င်သရုပ်ဆောင်ထားပါတယ်။ အရည်အချင်းရှိတဲ့ Native American သရုပ်ဆောင်များစွာလည်း ပါ၀င်ထားတဲ့ Western ကားလေးပါ။ File size…(1.96GB)  / (1.01GB) / (493MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:13:00 Genre...Western Subtitle….Myanmar ...
movie

The Last Manhunt (2022)

9 Bullets (2022)
9 Bullets (2022) 9 Bullets (2022) ရုပ်ရှင်အညွှန်း ======================= လူရယ်လို ဖြစ်လာရင် မိသားစုကောင်း၊ အိမ်နီးချင်းကောင်းရှိဖို လိုအပ်ပါတယ်။ဒါမှ အန္တရာယ်တစ်ခုခု ကြုံလာရတိုင်းမှာ ကိုယ့်ကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ဒီကားလေးထဲမှာတော့ အဖော်အချွတ် အကမယ်လေးက အိမ်နီးနားချင်းဖြစ်တဲ့၁၁ နှစ် အရွယ်ကောင်လေးကို ကယ်တင်ဖို့ အသက်လုပြေးရင် ကာကွယ်ရတဲ့Thriller ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်။ဇာတ်လမ်းရဲ့ အစမှာ ဆမ် ဆိုတဲ့ကောင်လေးရဲ့ မိဘတွေ အသတ်ခံရပြီး လူသတ်သမားတွေက ဆမ်ကိုပါ သတ်ဖို မြေလှန်ရှာတဲ့အခါမှာတော့...- ဘာအတွက်ကြောင့် ဆမ် ကို လိုချင်ကြတာလဲ...?- အိမ်နီးချင်း ဂျစ်ပစီဆိုတဲ့ ကောင်မလေးက ဘယ်လို ကယ်တင်သွားမလဲ...?- လွတ်မြောက်သွားနိုင်ပါ့မလား...?Game of Thrones မင်းသမီး Lena Headey အဓိက ပါဝင်သရုပ်ဆောင်ထားပြီးကလေးသရုပ်ဆောင် Dean Scott ရဲ့ acting တွေကလည်း မခေတာမိုThriller ဆန်ဆန် ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။(ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thura Hein ...
movie

9 Bullets (2022)

2022
Beyond The Sky (2018) 6.0
Beyond The Sky (2018) UFO တွေရောက်လာပြီး လူသားတွေကိုစမ်းသပ်ဖို့ ခေါ်ဆောင်သွားကြတယ်ဆိုတဲ့ သတင်းတွေ ကြားဖူးကြမှာပေါ့။အဲဒီ့ဖြစ်ရပ်တွေက တကယ်လား။ကောလဟလတွေများလား။ဒီဟာနဲ့ပတ်သက်ပြီး ရုပ်ရှင်တွေ၊ စာအုပ်တွေ၊ သက်သေတွေ အများကြီးရှိခဲ့ပါတယ်။ဒီတစ်ခါတင်ပေးလိုက်တဲ့ ရုပ်ရှင်လေးကတော့ ငယ်ငယ်လေးတည်းကမိခင်ဖြစ်သူဟာ ဂြိုလ်သားတွေ ခေါ်ဆောင်ခြင်းခံခဲ့ရတယ်ဆိုတာကိုလုံးဝမယုံကြည်တဲ့ ကောင်လေးတစ်ယောက်ဟာ တစ်နေ့မှာတော့သူ့အမေလိုပဲ ဂြိုလ်သားတွေ ခေါ်သွားတာ ခံခဲ့ရဖူးတဲ့ကောင်မလေးနဲ့တစ်ယောက်နဲ့ တွေ့တဲ့အခါမှာတော့ဒီကိစ္စရဲ့ ရင်းမြစ်ကို လိုက်လံစုံစမ်းကြပါတော့တယ်။နောက်ဆုံးသောအဖြေက အစစ်အမှန်လား၊ဒါမှမဟုတ် အတုအယောင်ဖြစ်နေတာလားဆိုတာကိုတော့Beyond the Sky ဆိုတဲ့ ရုပ်ရှင်ကားကို ကြည့်ရှုရင်း အဖြေထုတ်လိုက်ကြပါဦးဗျာ... File Size : ( 821 MB) & ( 293 MB)Quality : BluRay  720pRunning Time :1hr 22 minFormat ...
movie

Beyond The Sky (2018)

2018