Channel Myanmar

Martin Lawrence

Sneaks (2025) 3.8
Sneaks (2025) Sneaks (2025)ဒီဇာတ်ကားလေးကတော့ Sneaker ချစ်သူတွေ ဖြစ်ကြတဲ့ Sneakerhead တွေဆိုပိုလို့တောင်အကြိုက်တွေ့ဦးမယ့် Animation ကားလေးဖြစ်ပါတယ်။ တစ်နှစ်တစ်ခါSneakerHead တွေစုပြီး ကျင်းပတဲ့ SneakerHead Gala ဆိုတဲ့ပွဲတစ်ခုရှိပါတယ်။ဒီတစ်နှစ်ပွဲမှာတော့ အက်ဆွန်ဆိုတဲ့ ဘတ်စကတ်ဘောဝါသနာရှင် ဖိနပ်ချစ်သူတစ်ယောက်လည်းဖြစ်တဲ့ အက်ဆွန်ဆိုတဲ့ကောင်လေးကလည်း သွားပါတော့တယ်။ဒီပွဲမှာတော့ နာမည်ကြီးဘတ်စကတ်ဘောကစားသမားဟောင်းလည်းဖြစ်ကိုယ်ပိုင်ဖိနပ်တွေကိုထုတ်နေတဲ့ Chris Paul ကနေပြီး ဒီပွဲအတွက် သီးသန့်အနေနဲ့Alchemy 24 ဆိုတဲ့ ဖိနပ်တစ်ရံကို မဲဖောက်ပေးပါတယ်။ ပွဲထဲမှာ ဖိနပ်စုဆောင်းတဲ့သူအကြီးစားကြီးတွေကလည်း ဒီဖိနပ်အတွက်ရောက်လာကြပါတော့တယ်။ဖြစ်ချင်တော့ အက်ဆွန်က ဒီဖိနပ်ကိုမဲပေါက်သွားပြီး ပိုင်ဆိုင်သွားတဲ့အခါမှာဖိနပ်စုဆောင်းတဲ့လူကြီးက အက်ဆွန့်ဆီကနေ လိုက်ဝယ်ပါတော့တယ်။လိုက်ဝယ်လို့မရတဲအခါ်မှာတော့ သူက ဖိနပ်ကို ရတဲ့နည်းနဲ့ယူပါတော့တယ်။ဒါက ဇာတ်လမ်းအညွှန်းသာဖြစ်ပြီး ဒီဇာတ်လမ်းရဲ့တကယ်ထူးခြားချက်ကတော့ဖိနပ်တွေရဲ့ POV ကနေ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဒီဖိနပ်လေးတွေအကုန်လုံးကကိုယ်ပိုင်အတွေးအမြင်တွေရှိနေတဲ့ လူတစ်ယောက်လိုမျိုး ပုံဖော်ထားပါတယ်။အက်ဆွန်အနိုင်ရသွားတဲ့ Alchemy24 ဖိနပ်တွေကလည်း တိုင်ဆိုတဲ့တစ်ဖက်နဲ့မက်စင်းဆိုတဲ့ တစ်ဖက်ရှိနေပါတော့တယ်။ တိုင်ကတော့ သီးသန့်ထုတ်ထားတဲ့ဖိနပ်ဖြစ်တာကြောင့် အလှပြခံချင်နေတဲ့ကောင်လေးဖြစ်ပြီး မက်စီကတော့ သူတို့ကိုတကယ့်လူတော်တစ်ယောက်က စီးနင်းပြီး အောင်မြင်မှုရစေနေချင်သူပါ။အဲ့လိုနဲ့ ...
movie

Sneaks (2025)

Life (1999)
Life (1999)  ဒီ ဇာတ်ကားလေးကတော့ Old but Gold ဆိုတဲ့ အရင်တုန်းက ဟာသ ဇာတ်ကား လေးတစ်ကားဖြစ်ပါတယ် 2000 ခုနှစ် အော်စကာပေးပွဲမှာ အကောင်းဆုံးမိတ်ကပ်ဆု ဆွတ်ခူးထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ် နာမည်ကြီး သရုပ်ဆောင်တွေ ဖြစ်တဲ့ Eddie Murphy နဲ့ Martin Lawrence တို့က ပါဝင် သရုပ်ဆောင်ထားတာလည်းဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ အဓိက ဇာတ်ဆောင် နှစ်ယောက်ဖြစ်တဲ့ Ray Gibson နဲ့ Claude Banks လို့ ခေါ်တဲ့ လူနှစ်ယောက်ဟာ မထင်မှတ်ပဲ တွေ့ဆုံပြီးတော့ အလုပ်တစ်ခုကို အတူတွဲလုပ်ဖို့ အကြောင်းဖန်လာပါတော့တယ် အဲ့ဒီ့အချိန်မှာပဲ လူသတ်မှု တစ်ခုကြားမှာ ပါဝင် ပတ်သက်မိပြီး ချောက်ချခံရပြီး မှားယွင်းစွပ်စွဲခံရပြီးတော့ နှစ်ယောက်လုံး ထောင်ဒဏ် တစ်သက် တစ်ကျွန်းကျသွားပါတော့တယ် ‌ထောင်ထဲမှာ ဘယ်လိုလူမျိုးတွေနဲ့ တွေ့မလဲ ဘယ်လို လွတ်မြောက်အောင် ကြိုးစားကြံစည်သွားမလဲဆိုတာကို ...
movie

Life (1999)

Death at a Funeral (2010) 5.7
Death at a Funeral (2010) Death at a Funeral (2010)IMDb...5.7ရယ်မောစရာ ဇာတ်လမ်းကောင်းတွေကို ကြည့်ရှူချင်ကြတဲ့ ပရိတ်သတ်တွေအတွက်IMDb – 5.4/10 ရှိတဲ့ Death at a Funeral ဆိုတဲ့၂၀၁၀ထွက် ဇာတ်ကားကောင်းတစ်ကား တင်ဆက်ပေးချင်ပါတယ်….ရုပ်မြင်ရင်ကိုရယ်ဖို့ကောင်းနေတဲ့  Martin Lawrence ကြီးအပြင် အခြားနာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာပါဝင်ထားလေရဲ့.... အသုဘနဲ့ဟာသဆိုတာ ဘယ်လိုမှမနီးစပ်နိုင်ဘူးလို့ ထင်စရာကောင်းတဲ့အရာတွေပါ…ဒါပေမယ့် ဒီဇာတ်ကားထဲမှာတော့ အသုဘတစ်ခုကို ဖန်တီးလိုက်ကြပြီး နာမည်ကြီးလူမည်းဟာသသရုပ်ဆောင်တွေကိုအသုဘတစ်ခုမှာ တွေ့ဆုံပေးလိုက်ခြင်းအားဖြင့် မရယ်မောဘဲ မနေနိုင်စေတဲ့ တလွဲတချော်ဖြစ်ရပ်တွေကိုအခြေတည်ပြီးတော့ပေါ့ပေ့ါပါးပါး ရယ်မောစရာကိစ္စတွေထဲမှာ လေးနက်တဲ့လူ့ဘဝအဓိပ္ပာယ်တွေကို ပါးပါးလေးထည့်ထားတာ မြင်တွေ့ရမှာပါ ဇာတ်လမ်းအကျဉ်းကတော့ လူမည်းတစ်ယောက်ဖြစ်တဲ့ အက်ဒ်ဝပ်ရဲ့ အသုဘမှာ လူမည်းလူဖြူမိတ်ဆွေတွေ လာရောက်ဆုံစည်းကြရင်း မသေခင်ကလျှို့ဝှက်ချက်တစ်ခုပေါ်ပေါက်လာတဲ့အခါသူ့ရဲ့သားတွေ ဒီလျှို့ဝှက်ချက်ကို လိုက်လံဖုံးဖိကြတာပဲဖြစ်ပါတယ်… ကြည့်ရှုခံစားတော်မူကြပ....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်...File Size : 2.65GB and 839MB Quality : 1080p HEVC and 720p Blu-Ray Format…mkv, mp4 Duration…01:30:00 Genre : ...
movie

Death at a Funeral (2010)

2010
Black Knight (2001)
Black Knight (2001) Martin Lawrence က ဒီဇာတ်ကားမှာ ကစားကွင်းပန်းခြံတစ်ခုရဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ဂျမဲလ်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။သူ့ရဲ့ ဒုံရင်းဘဝကို ငြီးငွေ့နေပြီးတော့ သူတို့ ကစားကွင်းနဲ့ အနီးအနားမှာ အသစ်လာဖွင့်မယ့် Castle World မှာ လျှောက်ထားဖို့ စိတ်အားထက်သန်နေသူလည်း ဖြစ်ပါတယ်။သူတို့ရဲ့ ရဲတိုက်ပုံစံတူရှေ့က ကျုံးမြောင်းကို ရှင်းလင်းနေရင်းနဲ့ အရောင်လက်နေတဲ့ ဒင်္ဂါးပြားကိုရေအောက်မှာ တွေ့ရှိခဲ့ပါတယ်။လောဘဇောနဲ့ အဆိုပါဒင်္ဂါးကို လှမ်းကောက်လိုက်စဉ်မှာပဲ ရေထဲကို ပြုတ်ကျသွားပြီးတော့ ပြန်တက်လာတဲ့အချိန်မှာ အလယ်ပိုင်းခေတ်ကို ရောက်မှန်းမသိ ရောက်သွားခဲ့ပါတယ်။ရေကန်ဘေးနားမှာ နေထိုင်နေတဲ့ ရှေးခေတ်အဝတ်အစားပုံစံနဲ့ အရက်သမားကြီးကို တွေ့ရှိပြီးတဲ့နောက်မှာအသက်ရှုရပ်သွားတဲ့ အဆိုပါ နော်တီ ဆိုတဲ့ အရက်မူးသမားကို ကူညီပေးနိုင်ခဲ့ပါတယ်။အဝေးပြေးလမ်းကို ရှာမယ်လို့စိတ်ကူးနဲ့ ထွက်လာခဲ့တဲ့အချိန်မှာ ရဲတိုက်တစ်ခုကို တွေ့ပြီး သူတို့ပန်းခြံနားမှာ လာဖွင့်မယ့် Castle World အမှတ်နဲ့ ဝင်ရောက်ဖို့ကြိုးစားခဲ့ပါတယ်။အစောင့်တွေက သူ့ကို တားတဲ့အချိန်မှာ နော်မန်ဒီဆိုတဲ့စကားကို ပြောခဲ့တာကြောင့်. သူတို့မျှော်လင့်စောင့်ဆိုင်းနေတဲ့သံတမန်လို့ထင်မှတ်ပြီးတော့ ဂျမဲလ်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ပါတယ်.။ဂျမဲလ်ကတော့ ...
movie

Black Knight (2001)

Bad Boys for Life (2020) 6.9
Bad Boys for Life (2020) Bad Boys for Life (2020)===================IMDb Rating - 7.1/10Bad Boys ရုပ်ရှင်တွေကို ရုပ်ရှင်ချစ်သူအတော်များများ သိကြမှာပါ။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ကြိုက်ခဲ့ရတဲ့ အက်ရှင်ခပ်မြူးမြူး တွေပါပဲ။ အခုလည်း ဆရာကြီးနှစ်ယောက် အသက်ကြီးမှ တကြော့ ပြန်လာပါပြီး။ အခုချိန်မှာဆို မားကတ်စ်ကလည်း အဘိုးဖြစ်လာပြီး အငြိမ်းစားယူဖို့ဆုံးဖြတ်လိုက်ပါပြီ။ မိုက်ခ် (ဝယ်လ်စမစ်) တော့ လူ ပျိုကြီးအဖြစ် သေတဲ့အထိ လူဆိုးဖမ်းချင်နေတုန်းပါပဲ။ ဒါပေမယ့် သူ တို့ရဲ့အတိတ်က ရန်ငြိုးက သူတို့ကို အေးအေးဆေးဆေးအနားယူခွင့် မပေးလာပါဘူး။ မိုက်ခ် နဲ့အတူ တရားသူကြီး၊ရှေ့နေ၊သတင်းပေး၊ ရဲ အရာရှိ စတဲ့သူတွေအကုန် လုပ်ကြံခံလာရပါတယ်။ ဒီတော့ နောက်ဆုံး မှာ Bad Boys ကြီးနှစ်ယောက် နောက်ဆုံးအကြိမ်အဖြစ် ဆိုးကြ ကြမ်း ကြပါတော့တယ်။ ဇာတ်လမ်းရယ် အက်ရှင်တွေရယ် အကုန်အဆင်ပြေ တာမို့ ကြည့်ရတာ ကျေနပ်ကြမှာပါ။Bad Boys ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=bad+boys  ကြည့်ပါ။ File size…(6.7 GB)/(2 GB ...
movie

Bad Boys for Life (2020)

2020
4K HEVC
Bad Boys II (2003) Bad Boys 2 6.6
Bad Boys II (2003) Bad Boys 2 Bad Boys 2 (2003)==============IMDb Rating - 6.6/10Bad Boys ဇာတ်ကားရဲ့ဒုတိယမြောက်ဇာတ်ကားလေးပါ။ ဒီဇာတ်ကားရဲ့ထုံစံအတိုင်း မင်းသားတွေဖြစ်တဲ့Will Smith နဲ့ Martin Lawrence တို့ပဲဆက်လက်သရုပ်ဆောင်ထားပါတယ်။ ရှေ့ဇာတ်ကားနဲ့မတူကွဲပြားတဲ့ပုံစံမျိုးနဲ့ရိုက်ပြထားတာလည်းတွေ့ရပါတယ်။ ဒီဇာတ်ကားမှာတော့ ကျူးဘားက မူးယစ်မှောင်ခိုလုပ်တဲ့ တမီယာဆိုတဲ့သူက သူ့ဆေးတွေကိုအမေရိကမှာရောင်းပြီး ကျူးဘားဆီကို ငွေပြန်ပို့တာပါ မူးယစ်ငွေမဲတွေဖြစ်တဲ့အတွက်ဘဏ်တွေကနေတစ်ဆင့်ပို့လို့မရတဲ့အတွက် ရေကြောင်းသင်္ဘောတွေကို သုံးပြီးပို့ပါတယ်။ အဲ့ဒါကိုသိတဲ့အမေရိကန်တွေက ရေကြောင်းမှာ လုံခြုံရေးတင်းကျပ်ပြီး လိုက်ပေမယ့် ဖမ်းလို့မမိပါဘူး။ မိရင်လည်းနည်းနည်းသာဖြစ်ပြီးတပီယာကိုတရားစွဲလို့မရပါဘူး။ အဲ့အတွက် ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီးတွေက ဝင်ပြီးဖမ်းဆီးပေးတာကိုခပ်မိုက်မိုက်ကြည့်ရမယ့်ဇာတ်ကားမျိုးပါ။Bad Boys ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=bad+boys  ကြည့်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)  File size…(13 GB)/(1.5 GB ) / (1 GB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:26:45 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM,Ka Naung Translated ...
movie

Bad Boys II (2003) Bad Boys 2

2003
4K HEVC
Bad Boys (1995) 6.9
Bad Boys (1995) Bad Boys (1995) ================ IMDb Rating - 6.9/10လူတိုင်းရင်းနှီးပြီးသား မင်းသားတွေဖြစ်တဲ့ Will Smith နဲ့ Martin Lawrence တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Action , Comedy , Crime ဇာတ်ကားပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ မင်းသားနှစ်ယောက် ဖြစ်တဲ့ Will Smith နဲ့ Martin Lawrence တို့က မိုက်ခ်နဲ့ မားကပ်စ်ဆို တဲ့ မိုင်ယာမီမူးယစ်တိုက်ဖျက်ရေးမှုခင်းရဲတွေပါ။တစ်နေ့ သူတို့ ဌာနမှ ထိန်းသိမ်းထားတဲ့ ကိုကင်းတွေကို အဖောက်ခံလိုက် ရပါတယ်။ အဲ့လိုအဖောက်ခံလိုက်ရတော့ သူတို့ရဲ့ခေါင်းဆောင် ဟောင်း ဝဒ်က သူတို့ကို ကို ပြန်ရှာခိုင်းပါတယ်။ ဒီလိုနဲ့ မိုက်ခ်နဲ့ မားကပ်စ်က သူတို့ နဲ့အရင်က ဇာတ်လမ်းတွေရှိခဲ့ဖူးတဲ့ ဆေးသမား ပြည့်တန်ဆာတွေနဲ့ပူးပေါင်း ပြီးတော့ သတင်းယူပြီး ဒီအမှုကိုလိုက်တာကနေ တစ်ကားလုံး သဘောကျ စရာကောင်းလောက်အောင်ကို သရုပ်ဆောင်ပြသွားတာပါ။Bad Boys ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=bad+boys  ကြည့်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)  File ...
movie

Bad Boys (1995)

1995
4K HEVC
Bad Boys: Ride or Die (2024) 7.0
Bad Boys: Ride or Die (2024) ကောင်ဆိုးလေးများ ၂၀၂၄ ထွက်အသစ် လာပါပြီ။Bad Boys ထွက်ခဲ့တဲ့ ရုပ်ရှင်အားလုံးကိုလည်းchannel myanmar Web နဲ့ App မှာ ကြည့်နိုင်ပါပြီ။အစဉ်လိုက်ဆိုရင်1. Bad Boys 1995 2. Bad Boys II 2003 3. Bad Boys for life 2020 4. Bad Boys ride or die 2024Will Smith နဲ့ Martin Lawrence တို့ပဲ ပြန်ပါဝင်ထားပြီး၄ ကားမြောက်ဆိုပေမဲ့ ပေါမသွားဘဲ ပိုကောင်းလာအောင်ဖန်တီးထားတာ တွေ့ရမှာပါ။ ဇာတ်လမ်းကတော့ သူတို့နှစ်ယောက်ရဲ့ ကွယ်လွန်သွားတဲ့ ကပ္ပတိန်ဟောင်းဝဒ်နဲ့ပတ်သတ်တာပါပဲ။ကပ္ပတိန်ဟောင်းဝဒ်ကို မိုင်ယာမီရဲစခန်းကနေ မက္ကဆီကိုဒုစရိုက်ဂိုဏ်းတွေဆီက လာဘ်စားပြီး ပူးပေါင်းလုပ်နေတယ်လို့သက်သေအပြည့်အစုံနဲ့ ချောက်တွန်းလာပါတယ်။ဟောင်းဝဒ်ရဲ့ သိက္ခာကို ကာကွယ်ဖို့အတွက် လိုက်စုံစမ်းရင်းအကျင့်ပျက်ရဲတွေနဲ့ ဂိုဏ်းက မိုက်နဲ့မားကပ်တို့ကိုပါ နှုတ်ပိတ်ဖို့ချောက်တွန်းဖို့ ကြိုးစားလာပါတယ်။ရဲအချင်းချင်းပါ ယုံလို့မရတော့တာကြောင့် မိသားစုလူနည်းစုလေးနဲ့ မက္ကဆီကိုဂိုဏ်းနဲ့ ...
movie

Bad Boys: Ride or Die (2024)

4K HEVC
Do the Right Thing (1989) 8.0
Do the Right Thing (1989)  IMDb 8/10, RT 92% ရရှိထားတဲ့ Comedy/Drama ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Cannes ရုပ်ရှင်ပွဲတော်က ဆုအပါအဝင် ဆုပေါင်း ၂၁ ဆုနဲ့ အော်စကာမှာလည်း nomination ဝင်ခဲ့တဲ့ ဒီ ဇာတ်ကားထဲမှာ ဒါရိုက်တာဖြစ်သူ Spike Lee က မူကီအဖြစ် ကိုယ်တိုင်ပါဝင်ထားတဲ့အပြင် ဆုံးပါးသွားပြီဖြစ်တဲ့ မင်းသားကြီး Danny Aiello ကလည်း ပါဝင်သရုပ်ဆောင်ထားတာပါ။ဘရွတ်ကလင်းက လူမည်းအများစု နေထိုင်တဲ့ ရပ်ကွက်လေးတစ်ခုမှာ အမေရိကန်-အီတလီ လူဖြူဖြစ်သူ ဆယ်လ်က သားနှစ်ယောက်နဲ့အတူ ပီဇာဆိုင်လေးဖွင့်ထားပါတယ်။ သူတို့လူမျိုးတူတွေရှိတဲ့ရပ်ကွက်မှာ သွားဖွင့်လို့ရပေမဲ့ တခြားပီဇာဆိုင်တွေ ရှိနှင့်နေပြီးတာမို့ လူမည်းတွေရှိတဲ့ ရပ်ကွက်ထဲ ဖွင့်ထားခဲ့တာဖြစ်ပြီး ခေတ်အဆက်ဆက်က လူမည်းတွေကပဲ သူ့ဆိုင်ကို အားပေးလာခဲ့ကြတာပါ။ သူ့ဆိုင်မှာ သူ့သားနှစ်ယောက်အပြင် မူကီဆိုတဲ့ လူမည်းကောင်လေးကိုလည်း ပီဇာ‌တွေ လိုက်ပို့ဖို့ ခန့်ထားပါသေးတယ်။ မူက ကတော့ သူ့သားအကြီးကောင်နဲ့ ...
movie

Do the Right Thing (1989)

Open Season (2006) 6.1
Open Season (2006) သစ်တော နဲ့ နီးစပ်တဲ့ မြို့ငယ်လေး တစ်ခုမှာ ဘတ်ဂ် လို့ ခေါ်တဲ့တောခေါင်း အမျိုးသမီးငယ်လေးဟာ ဘုဂ် လို့ နာမည်ပေးထားတဲ့ဝက်ဝံကြီးတစ်ကောင်ကို ငယ်စဉ်ကတည်းက မွေးစားထားပါတယ်ဘုဂ် ဟာ သင်ရပြုရလွယ်ပြီး လိမ္မာရေးခြားရှိတဲ့ ဝက်ဝံကြီးတစ်ကောင်ဖြစ်လာပြီး သူ့သခင်မ နဲ့ အတူ နယ်မြိုကလေးမှာ လာလည်တဲ့ ဧည့်သည်တွေကိုဖျော်ဖြေလေ့ ရှိပါတယ်...တစ်ရက်မှာတော့ စည်းကမ်းမရှိတဲ့ မုဆိုးတစ်ယောက်ဟာ အမဲလိုက်ရာသီမစခင်မှာသမင်လေးတစ်ကောင်ကို ကားနဲ့ တိုက်လာပြီး ဘုဂ် တို့ ရှိတဲ့ မြို့လေးထဲ ရောက်အလာသနားတက်တဲ့ ဘုဂ် က သမင်လေး အီလီယော့ ကို ကယ်တင်ပေးလိုက်ပါတယ်ဒါပေမဲ့ ဘုဂ် ကယ်တင်ပေးလိုက်တဲ့ အီလီယော့ က တကယ့်ငမွေထိုးဖြစ်ပြီးတည်ငြိမ်နေတဲ့ ဝက်ဝံကြီး ဘုဂ် ရဲ့ ဘ၀ ကိုပါ ငါးပါးမှောက်အောင်လုပ်လိုက်တဲ့အခါဝက်ဝံကြီး ဘုဂ် ကို သခင်ဖြစ်သူက ရင်နာနာနဲ့ပဲ တောတွင်းထဲကို ပြန်လွှတ်ပေးလိုက်ရပါတော့တယ်လူယဉ်နေတဲ့ ဝက်ဝံကြီး ဘုဂ် ...
movie

Open Season (2006)

2006
Big Mommas: Like Father, Like Son (2011) 4.4
Big Mommas: Like Father, Like Son (2011) Big Mommas: Like Father, Like Son (2011) ===============================Big Momma's House သုံးကားရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ ကားဖြစ်ပါတယ်။ ဒီကားမှာတော့ မိန်းမဝဝ ဝတ်စုံကြီးဝတ်ရတာ မယ်လ်ကွန်တစ်ယောက်တည်း မဟုတ်တော့ပါဘူး။ ဇာတ်ကားနာမည်အတိုင်း ဘမျိုးဘိုးတူအဖေတူသား ထရန့်ပါ,ပါလာပါပြီ။ Big Momma's House (1)ထဲက ပေါက်စနထရန့်လည်း ဆယ်ကျော်သက် အရွယ်ရောက်လာပြီး သူ့ရဲ့ရက်ပါအိပ်မက်ကြောင့် မယ်လ်ကွန်နဲ့ အတိုက်အခံတွေဖြစ်နေပါတယ်။ (အခုထရန့်က ရှေ့၂ကားမှာပါခဲ့တဲ့ ထရန့်ငယ် ဘဝသရုပ်ဆောင်မဟုတ်ပါဘူး၊ လူသစ်ဖြစ်ပါတယ်၊ ဤကားစကားချပ်)။ချက်ကော့ဖ်ဆိုတဲ့လူဆိုး လူသတ်လိုက်တာကိုထရန့်မြင်သွားတာကတစ်ချက်၊ ချက်ကော့ဖ်လိုက်ရှာနေတဲ့ယူအက်စ်ဘီကို မယ်လ်ကွန်လည်း လက်ဦးမှုယူဖို့လုပ် နေတာကတစ်ချက်နဲ့ သားအဖနှစ်ယောက် ယူအက်စ်ဘီဖွက်ထားတဲ့‌နေရာဖြစ်တဲ့ ဂျော်ဂျီယာမိန်းကလေးအနုပညာကျောင်းမှာ ယူအက်စ်ဘီရှာရင်း၊ ထရန့်ကိုလည်း ဖွက်ရင်း မိန်းမဝဝ ဝတ်စုံကြီးတွေဝတ်ပြီး ဟန်ဆောင်နေလိုက်ကြပါတယ်။ ဒီလိုနဲ့ မိန်းကလေးကျောင်းမှာ အထီးနှစ်ကောင်...အဲလေ သားအဖနှစ်ယောက်ရောက်လာ ပြီး ဘယ်လိုတွေခွီရဦးမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.84 GB) / (1.0 GB) Quality............BLU-RAY 1080p / 720p Duration.........1Hr 47Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy, Crime Translator.......Ngwe ...
movie

Big Mommas: Like Father, Like Son (2011)

2011
Big Momma’s House 2 (2006) 4.8
Big Momma’s House 2 (2006) Big Momma's House 2 (2006) ======================ရှေ့ကတင်ဆက်ခဲ့တဲ့ Big Momma's House 1 (2000)ရဲ့ FBIအေးဂျင့် မယ်လ်ကွန်တစ်ယောက် ယခုဒုတိယမြောက်ဇာတ်ကားမှာ သားနဲ့မယားနဲ့ အပြင် လူ့လောကရောက်လာတော့မဲ့ ပေါက်စနတစ်ကောင်နဲ့ ပျော်စရာ မိသားစုလေးကိုပိုင်ဆိုင်နေပါပြီ။ ဒါပေမဲ့ သူ့မိန်းမရှယ်ရီက နောင်ရေးကို တွေးပြီးယောက်ျားဖြစ်သူကို ရဲအလုပ်ကနေ တခြားအလုပ်ပြောင်းလုပ်ခိုင်း နေပါတယ်။အဲဒီအချိန်မှာပဲ မယ်လ်ကွန့်ရဲ့ပထမဆုံးပါတနာအေးဂျင့်ဟာ အသွင်ယူစုံစမ်း ရာကနေ သရုပ်မှန်ပေါပြီး လက်စဖျောက်ခံလိုက်ရပါတယ်။ မယ်လ်ကွန်ဟာ အဲဒီအမှုကို သူပဲဆက်ပြီးတာဝန်ယူချင်ပေမဲ့ အထက်လူကြီးကတော့ တခြား အလုပ်ပါတွဲလုပ်နေရပြီး၊ မကြာခင်ကလေးအဖေဖြစ်တော့မဲ့ မယ်လ်ကွန့်ကို အန္တရာယ်များမှာစိုးလို့ ကွင်းဆင်းအေးဂျင့်အဖြစ်ကနေ ရပ်စဲပစ်လိုက်ပါတယ်။ ဒါပေမဲ့ အေးဂျင့်ပိုးမသေသေးတဲ့ မယ်လ်ကွန်ကတော့ အားလုံးကိုတစ်ပတ် ရိုက်ပြီး အဲဒီအမှုထဲပါဝင်ပတ်သက်နေတဲ့ နည်းပညာကုမ္ပဏီအကြီးအကဲ တွမ်ဖူလာရဲ့အိမ်မှာ ကလေးထိန်းအဖြစ် သူ့သဘောနဲ့သူ အလုပ်သွားလျှောက် လိုက်ပါရော။ဒါပေါ့ဗျာ။ ရှေ့ကားထဲကအတိုင်း မိန်းမဝဝဝတ်စုံကြီးကို နောက်တစ်ခါထပ်ဝတ်ပြီး မယ်လ်ကွန်တစ်ယောက် မေမေကြီးဇာတ်ကို တဖန်ပြန်က ပါတော့တယ်။ ဒီတစ်ခါ မှာလည်း မေမေကြီးရဲ့ပြောင်မြောက်လှတဲ့ အမှုလိုက်ပုံတွေကို ကြည့်ရှုခံစားလိုက် ပါဦးလို့။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(2.0 GB) / (1.0 GB) Quality............BLU-RAY 1080p ...
movie

Big Momma’s House 2 (2006)

2006
Big Momma’s House (2000) 5.2
Big Momma’s House (2000) Big Momma's House (2000) =====================စုံထောက်မင်းသားက မိန်းမဝဝ ဝတ်စုံကြီးဝတ်ပြီး အမှုလိုက်တဲ့ကားလို့ ကျွန်တော်တို့ငယ်ငယ်က သိခဲ့တဲ့ Big Momma's House ကို CM ပရိတ် သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ Big Momma's House (1,2,3)ဆိုပြီး 3ကားရှိတဲ့ထဲက ဒါကတော့ (2000)ခုနှစ်မှာ ထွက်ခဲ့တဲ့ ပထမ ဆုံးကားဖြစ်ပါတယ်။ ကျွန်တော်ငယ်ငယ်ကလည်း အရမ်းကြိုက်ခဲ့ရတဲ့ ငယ်ဘဝအမှတ်တရကားဖြစ်ပြီး ဒီကားက ကျွန်တော့်ထက် ၅နှစ်တောင် ကြီးပါသေးတယ်။ဇာတ်လမ်းအညွှန်းကတော့ FBIရဲဝန်ထမ်း မယ်လ်ကွန်ဟာ ထောင်ဖောက် ပြေးတဲ့အကျဉ်းသားကို ပြန်လိုက်ဖမ်းတဲ့မစ်ရှင်မှာ ထောင်ဖောက်အကျဥ်း သားရဲ့ ရည်းစားဟောင်းကောင်မလေးရှယ်ရီပီးယားစ်ရဲ့ ကွဲကွာနေတဲ့အဘွား ဖြစ်သူ (Big Momma-မေမေကြီး)ရဲ့အိမ်ကို စောင့်ကြည့်ရတဲ့တာဝန်ကိုယူ ရပါတယ်။ တစ်နေ့ မေမေကြီးမရှိခိုက် ရှယ်ရီက အိမ်ကိုပြန်လာမယ်ဆိုတဲ့ သတင်းကြောင့် မယ်လ်ကွန်က မိန်းမဝဝ ဝတ်စုံကြီးဝတ်ပြီး မေမေကြီးနေရာ ဝင်နေလိုက်ပါတယ်။ အဲဒီနောက် အလွဲပေါင်းစုံနဲ့ မယ်လ်ကွန့်မစ်ရှင်ကြီး စတင်တော့တာပေါ့ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.93 GB) / (939 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr ...
movie

Big Momma’s House (2000)

2000
Mindcage (2022) 4.9
Mindcage (2022) Mindcage (2022)Plotကောင်းကောင်းနဲ့ စုံထောက်ကားကောင်းကောင်းတစ်ကားလာပြီ။ဇာတ်လမ်းအကျဉ်း ...ဂျိတ်နဲ့ မေရီဟာ လွန်ခဲ့တဲ့ငါးနှစ်က ဖြစ်ခဲ့တဲ့ကွင်းဆက်လူသတ်မှုလိုမျိုး ပုံစံတူလိုက်လုပ်ပြီးလူတတ်တဲ့အမှုနဲ့ကြုံရပါတယ်။ အရင်အမှုတုန်းက လူသတ်သမားကိုတော့ ဖမ်းမိထားပြီး သူ့ကိုအနုပညာရှင်လို့ခေါ်ကြတာပါ။ဘာလို့ဆို သူကအမျိုးသမီးတွေကို အဆိပ်ခတ်သတ်ပြီးအလောင်းကို နတ်သမီးတွေလိုတောင်ပံတွေတပ်ပေး တာရှည်ခံအောင်လုပ်ပြီး လူမြင်သာရာမှာ အလှဆင်ထားထားခဲ့လို့ပါတဲ့။အခုအမှုမှာက အနုပညာရင်လုပ်သလိုလိုက်လုပ်တယ်။ ပစ္စည်းတွေကလည်း အတူတူပဲသုံးတာဆိုတော့ အနုပညာရှင်ဆီက သတင်းနှိုက်လို့ရအောင် မေရီသွားမေးရင်း ဘာတွေ ဆက်ဖြစ်ကြမလဲ?ထောင်ထဲက လုံးဝမထွက်ပဲ လူသတ်သွားတဲ့ geniusဆန်ဆန် psychoဆန်ဆန်အပြင် အပမီတာမျိုး religionsဆန်ဆန် ကြိုက်တတ်တဲ့သူဆိုရင် ဇာတ်လမ်းနဲ့အတူ လိုက်စုံစမ်းထောက်လှမ်းလို့ကောင်းတဲ့ ကားလေးပဲဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Themes ပါ။)File Size          : 1.8GB, 544MB, 297MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, ...
movie

Mindcage (2022)

2022
Wild Hogs(2007) 5.8
Wild Hogs(2007) Wild Hogs(2007)(zawgyi)"စစ်မှန်တဲ့ သူငယ်ချင်းတစ်ယောက်ဆိုတာ ကိုယ်နဲ့ နှစ်ကိုယ့်တစ်စိတ်ရှိနေသူပဲ"လို့ ဒဿနပညာရှင်ကြီး အရစ္စတိုတယ် ပြောဖူးပါတယ်။ ဒီရုပ်ရှင်ကတော့ ဘ၀တွေမတူ စိတ်အခြေအနေ‌တွေ မတူပေမယ့် ရူးသွပ်မှုခြင်း တူညီကြတဲ့ လူလတ်ပိုင်းအရွယ် သူငယ်ချင်းလေးယောက်ရဲ့ ဗရုတ်သုတ်ခတွေအကြောင်းပါ။အလုပ်သာ အဓိက ကျန်တာ သာမညထင်နေတဲ့ သွားဆရာဝန် တစ်ယောက် ။ ဘာမှအဖြစ်မရှိတဲ့ ကွန်ပျူတာပရိုဂရမ်မာ တစ်ယောက် ။ အိမ်သာဆေးရတဲ့အထိ အလုပ်ကြမ်းပေါင်းစုံ လုပ်ရတဲ့ စာ‌ရေးဆရာရူးလူမည်းတစ်ယောက်။ လေးယောက်မြောက်ကတော့ သူတို့ထဲက ကံအကောင်း‌ဆုံး တစ်ယောက်လို့ သူတို့ကိုယ်တိုင်ပြောကြတဲ့ ပိုက်ဆံချမ်းသာပြီး မော်ဒယ်မကို လက်ထပ်ထားတဲ့ ဝူဒီ။ သူတို့အားလုံးမှာ တူညီတာကတော့ အမဲရောင်ဂျာကင်‌တွေ ၀တ်ပြီး ဆိုင်ကယ်ပတ်စီးကြတဲ့ ဆိုင်ကယ်သမားတွေ ဖြစ်ချင်ကြတာပါပဲ။ မြို့ထဲပဲပတ်မောင်းနေရတဲ့ သူတို့ဆိုင်ကယ်သမားအဖွဲ့ကိုလည်း Wild Horse:လို့ သူတို့ဘာသာ နာမည်ပေးထားပါသေးတယ်။တစ်ရက်မှာတော့ သူတို့ထဲက ကံအကောင်း‌ဆုံးဝူဒီဟာ ဇနီးရယ်ကွာ အိမ်ရယ်က‌ဆုံး ပြီး တမုဟုတ်ချင်း ကံအဆိုးဆုံးတစ်ယောက်ဖြစ်သွားပါတယ်။ ဆန်အိုးသာကုန် မာန်မလျှော့သေးတဲ့ ဝူဒီဟာ ဒီအ‌ကြောင်းတွေကို သူငယ်ချင်းတွေကို မ‌ပြောဘဲ သူ့နောက်ဆုံး ပိုင်ဆိုင်မှုဖြစ်တဲ့ ဆိုင်ကယ်တစ်စီးနဲ့ မိုင်တစ်ထောင်ခရီးရှည်တစ်ခုထွက်ဖို့ ဆွယ်ပါတယ်။ နေရင်းထိုင်ရင်းတောင် ပြဿနာတက်နေကြတဲ့ Wild Hogs တွေဟာ ဒီခရီးရှည်ကြီးမှာ ပြဿနာကို ဘယ်လိုမီးခွက်ထွန်းရှာဦးမလဲ ဆိုတာ သဘာဝကျကျဟာသတွေနဲ့အတူ မြင်ကြရမှာပါ။ကျွန်တော်မြင်ဖူးသမျှ ရုပ်ရှင်တွေထဲ အပီအပြင်ကြမ်းပြနေကြ ဂျွန် ထရာဗိုကြီးဟာ လူပေါဇာတ်ရုပ်နဲ့လည်း ...
movie

Wild Hogs(2007)

2007
The Beach Bum (2019) 6.1
The Beach Bum (2019) Rebellious Stoner ကဗျာဆရာကြီးတစ်ယောက်ရဲ့ ကွဲပြဲကြီးလုပ်ချင်ရာတွေလုပ် လောကကြီးကိုကိုယ့်စိတ်ကူးအတိုင်းကိုယ့်ခံယူချက်အတိုင်းဖြတ်သန်းပြီး ပျော်တတ်တဲ့သူကြီးအဖြစ် ဒီမှာ Matthew McConaughey ကိုတွေ့မြင်ရမှာဖြစ်ပြီးနာမည်ကြီးအဆိုတော် Snoop Dogg နဲ့တွဲဖက်ပြီး ပြဲကြမူးကြပျော်ကြပါးကြပုံကိုတွေ့မြင်ရမှာပါ။လောကကြီးမှာ ဘယ်သူကဘယ်လိုပဲပြုပြင်ဖို့လာကြိုးစားကြိုးစား ကိုယ့်ပုံစံအတိုင်းကိုယ်တွေးခေါ်တဲ့အတိုင်းပဲလုပ်ချင်ရာတွေလုပ်ရတာတစ်ခါတစ်လေပျော်ဖို့သိပ်ကောင်းမှာပါပဲ။ဇာတ်လမ်းအကျဉ်းလေးကတော့ အမြဲပျော်ချင်ပြီး မူးပြဲနေတတ်တဲ့ ကဗျာဆရာတစ်ယောက် သူအရမ်းချစ်ရတဲ့မိန်းမဆုံးသွားတော့မိန်းမထားခဲ့တဲ့သေတမ်းစာကို ဘယ်လိုတွေလုပ်ပြီးဖြည့်ဆည်းမယ်ဆိုတာတွေ့ရမှာပါ။Snoop Dogg ကြီးရဲ့အားပေးအားမြောက်မှုနဲ့ ကဗျာဆရာကြီးဘယ်လိုတွေမူးပြဲပြီးစခန်းသွားမလဲဆိုတာကြည့်ချင်သူများ ကြည့်လိုက်ကြပါဦး (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရပါ) File Size : (750 MB) and (350 MB) Quality : WEB-DL 720p Running Time : 1h 35min Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.DD5.1.H264-SHITBOX Translated by Thura ...
movie

The Beach Bum (2019)

2019
Blue Streak (1999) 6.3
Blue Streak (1999) Blue Streak (1999)_____IMDb - 6.3/10    Blue Streak ကားနဲ့ပတ်သက်လို့ ကျွန်တော့်မှာ အမှတ်တရအကြီးကြီးတစ်ခုရှိခဲ့လို့ ပြောရဦးမည်... ဒီကားက သာမန်ဟာသကားတွေနဲ့မတူ ...မင်းသားက သူခိုးအကြီးစားဖြစ်တဲ့အပြင် ဉာဏ်ကလည်းကောင်းတယ်....ဇာတ်လမ်းကလည်း ဆွဲဆောင်မှုရှိတဲ့အပြင် နောက်ခံတေးတွေကလည်း အမိုက်စား...Martin Lawrence  ကြီးကလည်း ဒါမျိုးသရုပ်ဆောင်အတော်ပိုင်သည်.. သူ့ကြည့်နေရာ တစ်ချိန်လုံးရယ်နေရတယ်...ဒီကားကြည့်ပြီးရယ်နေတာကို တစ်ချိန်တုန်းက ကျွန်တော့်ကိုရက်ရက်စက်စက်ဖြတ်ခဲ့တဲ့ရည်းစားက တွေ့သွားပြီး နင်အဲ့လိုပေါတောတော ဟီလာတိုက်တတ်လို့ နင့်ကိုဖြတ်ခဲ့တာလို့ပြောသွားတယ်... သူပြောတာကိုကြားမိတော့ ကျွန်တော်မတုံမဆိုင်းပဲ အေးပါ ရပါတယ် နင့်ကိုငါနားလည်ပါသလို ခုလည်း ငါပျော်နေပါတယ်လို့ ခပ်ပြုံးပြုံးလေးပြောမိတယ်.... ဇာတ်ကားကရယ်ရတော့ နှလုံးပါမြူးပြီးအရာအားလုံးဟာ လှပနေတယ်....အရင်က အသည်းကွဲပြီး ဘဝက စုတ်ပြတ်နေတယ်ဆိုတဲ့အတွေးတွေ ကြက်ပျောက်ငှက်ပျောက်ပဲ... စိတ်နာခဲ့ဖူးတဲ့သူကိုတောင်ခပ်ပြုံးပြုံးလေး တုန့်ပြန်နိုင်တယ်... ဒါကြောင့် ကျွန်တော်တို့ ဘဝမှာ ဟာသကားလေးတွေ လိုကိုလိုအပ်သည်........ ကျွန်တော်ပြောတာမလွန်ကြောင်း ဒီကားကြည့်ဖူးတဲ့သူတွေသိပါလိမ့်မယ်.... မကြည့်ရသေးတဲ့သူတွေအတွက်ဇာတ်လမ်းအညွှန်းလေးသွားရအောင်..... Miles ဆိုတဲ့သူခိုးတစ်ယောက်ရှိတယ်....သူကတော်သလို အချီကြီးတွေမှကြံလေ့ရှိတဲ့သူမျိုး... တစ်နေ့တော့ ၁၇သန်းတန်စိန်ကြီးကို အပေါင်းအပါတွေနဲ့အတူ ခိုးကြတယ်... သစ္စာဖောက်တစ်ယောက်ကြောင့် သူတို့အဖွဲ့ဒုက္ခရောက်ရတယ်...စိန်တုံးကြီးကို နီးစပ်ရာအဆောက်အဦးမှာ ဖွက်ထားနိုင်ခဲ့ပေမယ့် Miles တစ်ယောက်ရဲဖမ်းခံရပြီး ထောင်ကျသွားတယ်..... ထောင်ကထွက်လာတဲ့အချိန်  ဖွက်ထားတဲ့ စိန်တုံးကြီးရှိရာအဆောက်အဦးဆီကိုလာခဲ့ပေမယ့်  တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် သူ ရူးမတတ်ဖြစ်သွားတယ်....... အဲ့ဒါကတော့ အဆောက်အဦးကြီးက ရဲစခန်းကြီးဖြစ်နေလို့ပါ... ကိုင်း Miles ဘယ်လိုတွေရှေ့ဆက်မလဲ ..... ခံစားကြည့်လိုက်ပါ .....နင်းကန်ရယ်ရတဲ့ဟာသကားမို့ ခံစားကြည့်လိုက်ပါဦး...   ဘာသာပြန်သူကတော့ Zuel Khant Thwin ဖြစ်ပါတယ်.....   File Size :(1.87GB) ...
movie

Blue Streak (1999)

1999
College Road Trip(2008) 4.3
College Road Trip(2008) College Road Trip (2008)ရုပ်ကြီးမြင်တာနဲ့တင် ရယ်နေရတဲ့ ဟာသမင်းသားကြီး Martin Lawrence သရုပ်ဆောင်ထားတဲ့နောက်ထပ် College Road Trip  ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်..........ဒီကားထဲက ဟာသမင်းသားကြီး Martin Lawrence ကိုမသိရင်သာနေမယ်..အူတက်အောင်ရယ်ခဲ့ရတဲ့ သူကားတွေဖြစ်သည့် Blue Streak ,Bad boyတို့ Big Momma’s Houseတို့ကိုတော့ သိမယ်ထင်ပါတယ်..အခုတစ်ခါတစ်မှာတော့ ဒီမင်းသားကြီးဟာ သားသမီးအပေါ်အရမ်းချစ်တတ်ပြီး အရွယ်ရောက်သည့်အထိ ကလေးတစ်ယောက်လို သမီးအပေါ်သဘောထားတဲ့ စိတ်ပူတတ်လွန်းတဲ့ ဖခင်တစ်ယောက်နေရာမှာသရုပ်ဆောင်ထားပါတယ်...သူ့ရဲ့ သမီးကြီးဟာ ကော်လိပ်တစ်ခုတက်ရဖို့အခွင့်အရေးရလာတယ်..ဒီကောလိပ်က သူတို့အိမ်နဲ့ဆို မိုင်(၇၀၀) ခန့်ဝေးပါတယ်....ဒါ့ကြောင့်စိတ်ပူတတ်တဲ့ ဖခင်ဟာသူ့သမီးကိုကျောင်းအထိ ကားနဲ့လိုက်ပို့ဖို့ဖြစ်လာတယ်...လမ်းခရီးအမှာအလွဲတွေနဲ့ ရယ်ရတာတွေတွေ့ရမယ့်အပြင်ဖခင်နဲ့သားသမီးအကြားဆက်ဆံရေးလေးတွေကို ကောင်းမွန်စေဖို့ ပညာသားပါပါလေးတွေပြသသွားတဲ့ကားလေးမို့ ခံစားကြည့်လိုက်ပါဦးဗျို့....File Size : (850 MB) and (317 MB) Quality : Blu-Ray 720p Format…mp4 Duration…01:23:00 Genre : Adventure, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yoonwahwah Theint Encoded by Phyo Pyae
movie

College Road Trip(2008)

2008
National Security(2003) 5.6
National Security(2003) National Security(2003) နေ့စဉ်စားသုံးနေတဲ့ဟင်းလျာတွေတောင် တစ်မျိုးထဲထပ်ခါ ထပ်ခါစားသုံးနေပါက  ရိုးအီသွားပါလိမ့်မည်.. ကြက်အဆီပျံ ၀က်သားနီလန် မအီအောင် ချဉ်ပေါင်ခံ လည်း နေ့စဉ်စားသုံးပါက အဆင်မပြေဖြစ်ပါလိမ့်မည်... အားလပ်ချိန်ထဲက ရုပ်ရှင်ကားတွေခံစားစဉ်မှာလည်း  အတွေးအခေါ်နဲ့ဆိုင်တဲ့ကားမျိုးတွေ လှည့်ကွက်ပေါင်းများစွာပါတဲ့ကားမျိုးတွေ ရင်နင့်အောင်ခံစားရတဲ့ကားတွေကို ဆက်တိုက်ကြည့်ပြန်တော့လည်း နှလုံးသားအဟာရမဖြစ်တဲ့အပြင် နွမ်းလျမှုတွေပဲ ပိုတိုးလာပါလိမ့်မယ်.. ဒါကြောင့် ဟာသကားတွေလည်း မရှိမဖြစ်လိုကိုလိုအပ်လေတော့ အလှည့်ကျခံစားဖို့ရာ တင်ဆက်ပေးလိုက်ပါသည်... ဒီကားထဲက ဟာသမင်းသားကြီး Martin Lawrence ကိုမသိရင်သာနေမယ်.. အူတက်အောင်ရယ်ခဲ့ရတဲ့ သူကားတွေဖြစ်သည့် Blue Streak ,Bad boyတို့ Big Momma's House တို့ကိုတော့ သိမယ်ထင်ပါတယ်.. ရယ်ရတာ အူတက်တယ်ဆိုတဲ့ဝေါဟာရကိုဒီကားကြည့်ပြီးတဲ့အချိန်မှာ ခင်ဗျားထပ်သဘောပေါက်သွားလိမ့်မယ်.. ကိုင်းပြောတာလည်းရှည်ပြီဆိုတော့ ဇာတ်လမ်းအညွှန်းကို နည်းနည်းဆက်လိုက်ရအောင်.... ဇာတ်လမ်းအညွှန်း ************** နင်းကန် ရယ်ရတယ်...ဒါပဲ... ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်...    File Size : (900 MB) and (353 MB) Quality : Blu-Ray 720p Format…mp4 Duration…01:28:00 Genre :  Action, Comedy, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Khant Thwin Encoded ...
movie


2003