Channel Myanmar

Martin Compston

Sweet Sixteen (2002)
Sweet Sixteen (2002) လီယမ်ဆိုတဲ့ ဆယ့်ငါးနှစ်သားကောင်လေးဟာ သူ့အမေ ထောင်က လွတ်လာမှာကို စောင့်စားနေရင်း သူ့ပထွေးနဲ့ သူ့အဖိုးတို့ရဲ့ အသုံးချမှုကို ခံနေရတဲ့ သူ့အမေကို ကယ်တင်ဖို့ကြိုးစားတဲ့ ဇာတ်လမ်းလေးပါ သူ့အမေနဲ့အတူ ပိုကောင်းတဲ့ ဘဝတစ်ခုမှာ နေထိုင်နိုင်ဖို့ စိတ်ကူးယဥ်ရင်း သူလုပ်တတ်တဲ့ အလုပ်နဲ့ ပိုက်ဆံရှာပြီး အိမ်ဝယ်ဖို့ ကြိုးစားလေရဲ့အဲဒီမှာ သူ့ပထွေး ဖွက်ထားတဲ့ ယာမတွေကို ခိုးပြီးရောင်းလေရဲ့ သူ့အသက် ၁၆ နှစ်ပြည့်ဖို့ တစ်ရက်အလိုနေ့ဟာ သူ့အမေ ထောင်က ထွက်လာတဲ့နေ့ပေါ့ ၁၆ နှစ်ပြည့်ရင် သူ့မွေးနေ့ကို သူသိပ်ချစ်တဲ့ သူ့အမေရယ် သူ့မိသားစုလေးရယ်နဲ့ အတူကုန်ဆုံးဖို့ မျှော်လင့်ထားတဲ့ လီယမ်... အရွယ်ငယ်ပေမယ့် တာဝန်ယူစိတ်ရှိတဲ့ လီယမ်... သူကျင်လည်ရတဲ့ ပတ်ဝန်းကျင်က သူ့ကို ဘယ်လိုတွေ ပုံသွင်းသွားသလဲဆိုတာ ဒီကားလေးမှာ ရှုစားကြည့်လိုက်နော်ဒီကားကို ရိုက်ကူးထားသူကတော့ ဆင်းရဲမွဲတေမှုနဲ့ လူမှုအသိုင်းအဝိုင်းရဲ့ သက်ရောက်မှုတွေကို အဓိက အသာပေးထောက်ပြတတ်တဲ့ ဒါရိုက်တာ ...
movie

Sweet Sixteen (2002)

Doomsday (2008) 6.0
Doomsday (2008) Doomsday (2008)IMDb Rating (5.9) / Rotten Tomatoes (50%)အကောင်းအဆိုးဒွန်တွဲမှုတွေရှိနေပေမယ့် Action/Sci-Fi တွေထဲတော့ ဒီရုပ်ရှင်ကားက မှတ်မိစရာဇာတ်ကားတစ်ကားပါပဲ။Mad max တို့၊ Escape from New York နဲ့ 28 days later တို့လို ဂန္ထဝင်ဇာတ်ကားကြီးတွေကို မှီငြမ်းအတုယူ၊ အနာဂတ်စစ်သားနဲ့ အလယ်ခေတ် မြင်းစီးချပ်ဝတ်စ်သည်တော်နဲ့ ယှဉ်ပြိုင်တယ်ဆိုတဲ့ စိတ်ကူးကို တစ်စိတ်တစ်ပိုင်း အကောင်အထည်ဖော်၊ ဒါရိုက်တာကြီးကို သူ့ရဲ့အရင် ဇာတ်ကားနှစ်ကားမှာရခဲ့တဲ့ ရုပ်ရှင်ရိုက်ကူးရေးဘက်ဂျက်တွေရဲ့ သုံးဆအထိ ထုတ်ပေးပြီး အားပါးတရ ရိုက်ကူးခိုင်းလိုက်တဲ့အခါ rating တွေထိုးကျ၊ ခရမ်းချဉ်သီးပုပ်တွေ ဟိုတစ ဒီတစနဲ့ ရုံတင်ဝင်ငွေ အရှုံးပေါ်သွားတဲ့ Hollywood Bomb သောက်တလွဲကားကြီး ဖြစ်လာပါတော့တယ်။စိတ်မပျက်ပါနဲ့ လူကြီးမင်း။ ဘာမှ မခိုင်မာ၊ ယုတ္တိမရှိတဲ့ဇာတ်အိမ်၊ မခိုင်မာ မပြောင်မြောက်တဲ့ ဇာတ်ကောင်စရိုက် ဖော်ကျူးမှု၊ ဟိုမရောက် ...
movie

Doomsday (2008)

2008
A Guide to Recognizing Your Saints (2006) 6.9
A Guide to Recognizing Your Saints (2006)  ဒီတစ်ခါ ဇာတ်ကားဟောင်းပေမယ့် ကောင်းနေဆဲဖြစ်တဲ့အမေရိကန်ဒရာမာဇာတ်ကား တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားက ဒါရိုက်တာ ဒီတိုမွန်တီရယ် ကိုယ်တိုင်ရဲ့ဘဝအတွေ့အကြုံ မှတ်တမ်းက သူ့ရဲ့ငယ်စဉ်ဘဝကို ဇောင်းပေးမှီငြမ်း ရိုက်ကူးထားတာပါ။ဒီရုပ်ရှင်ကား ထွက်ရှိခဲ့တဲ့ ၂၀၀၆ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာဇာတ်ကားဆု၊ ဇာတ်ပို့ဆုတွေ ၈ခုထိရခဲ့ပြီး nomination ၉ခုရတဲ့အထိအောင်မြင်ခဲ့တဲ့ ဇာတ်ကား တစ်ကား ဖြစ်ပါတယ်။ ပါဝင်တဲ့သရုပ်ဆောင်တွေကတော့ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့Robert Downey Jr.၊ Channing Tatum နဲ့ Shia Labeouf တို့ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဇာတ်လမ်းက ဒီတိုက လက်ရှိအချိန်မှာ အယ်လ်အေမှာအောင်မြင်တဲ့ စာရေးဆရာ တစ်ယောက်အဖြစ်နဲ့ အစပျိုးထားပါတယ်။ သူ့ရဲ မိခင် ဖလော်ရီနဲ့ ငယ်သူငယ်ချင်းနာ့ဖ်တို့ဆီက ဖုန်းဆက်တိုက်တွန်းမှုတွေကြောင့် သူစွန့်ခွာခဲ့တဲ့ငယ်စဉ်နေရပ် နယူးယောက် အော်စတိုရီယား ကို နေမကောင်းဖြစ်နေတဲ့ ဖခင်ကို ဆေးရုံတက်ရန် ဖျောင်းဖျဖို့ ပြန်လာခဲ့ပါတယ်ဇာတ်အိမ်တလျှောက် ၁၉၈၀ ဝန်းကျင် ဒီတို ငယ်စဉ်ဘဝကြုံဆုံခဲ့ရတဲ့ ဖြစ်ရပ်တွေနဲ့ လက်ရှိအချိန် ...
movie

A Guide to Recognizing Your Saints (2006)

The Disappearance of Alice Creed (2009)
The Disappearance of Alice Creed (2009) ဒီတစ်ခါမှာတော့ The Disapperance Of Alice Creed ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးကတော့ ဗစ်တာနဲ့ဒန်နီဆိုတဲ့ ထောင်ထွက်နှစ်ယောက်ဟာ တစ်ဦးတည်းသောသမီးဖြစ်သူ သူဌေးသမီးအဲလစ်ခရိဒ်ကိုပြန်ပေးဆွဲပြီး သူဖခင်သူဌေးကြီးဆီက ပိုက်ဆံနှစ်သန်းနဲ့ပြန်ရွေးခိုင်းပါတယ်။ သူမကိုပြန်ပေးဆွဲလာပြီး အခန်းတစ်ခုထဲမှာ ခြေတွေလက်တွေကိုကြိုးတုပ်ပြီးဖမ်းထားပါတယ် ဗစ်တာနဲ့ဒန်နီတို့ဟာ ပိုက်ဆံတွေကိုယူပြီး ထွက်ပြေးကြဖို့ စီစဥ်ထားခဲ့ကြတာပါ။ဒါပေမဲ့ ဗစ်တာတစ်ယောက်မသိလိုက်တာက ဒန်နီနဲ့အဲလစ်တို့ဟာ အရင်ကတည်းက ချစ်သူရည်းစားတွေဖြစ်ခဲ့ကြပြီး ဒန်နီဟာ ဗစ်တာကို သစ္စာဖောက်ပြီး ပိုက်ဆံတွေကို တစ်ယောက်တည်းယူပြီး အဲလစ်နဲ့ထွက်ပြေးဖို့ ကြိုတင်စီစဥ်ထားခဲ့တာပါ ဗစ်တာတစ်ယောက် ထိုအစီစဥ်ကိုသိသွားမလား ဒန်နီနဲ့အဲလစ်ကပဲ ပိုက်ဆံတွေယူပြီးထွက်သွားကြမလား နောက်ဆုံးမှာပိုက်ဆံတွေကို ဘယ်သူကရယူသွားနိုင်မလဲဆိုတာ ကြည့်ရှုရမှာပါထူးခြားတာတစ်ခုက ဇာတ်ကားတစ်ကားလုံးထဲမှာ ဇာတ်ကောင်သုံးယောက်တည်းပါဝင်ပြီး ထိုသုံးယောက်တည်းနဲ့ပဲ စိတ်ဝင်စားဖွယ်ရိုက်ကူးထားတာပဲဖြစ်ပါတယ် File size…(1.5 GB)/(686 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie

The Disappearance of Alice Creed (2009)

Mary Queen of Scots (2018) 6.3
Mary Queen of Scots (2018) Mary Queen of Scots (2018)~ IMDb - 6.3/10, Rotten Tomatoes - 62% ~1500 ပြည့်နှစ်တွေက စကော့တလန်ဘုရင်မ မယ်ရီနဲ့ အင်္ဂလန်ဘုရင်မ အယ်လိဇဘက်တို့အကြောင်းကို ပြန်လည်ပုံဖော်ထားတဲ့ သမိုင်းကားကောင်းတစ်ကားပေါ့။ တိုင်းပြည်နှစ်ခုရဲ့ ကိုးကွယ်တဲ့ဘာသာ အယူအဆတွေ နိုင်ငံရေးရပ်တည်ချက်တွေ ကွဲပြားပုံနဲ့ နှစ်ဖက်ကောင်စီ၀င်၀န်ကြီးတွေရဲ့ နိုင်ငံရေးအရှုပ်အထွေးတွေကြားက ၀မ်းကွဲတော်စပ်တဲ့ ဘုရင်မ၂ဦးအကြောင်းကို ရိုက်ထားတာပါ။မယ်ရီက ကက်သလစ်ကိုးကွယ်သူဖြစ်ပြီး အယ်လိဇဘက်က ရိုမန်ကက်သလစ်ကိုးကွယ်သူဖြစ်ပါတယ်။ အဲဒီတုန်းက ဘာသာရေးကွဲလွဲချက်တွေပြင်းထန်တဲ့အတွက် ၂နိုင်ငံအမြင်မတူဘဲ စစ်ဖြစ်နိုင်တဲ့အခြေအနေပါ။ ဒါကို မယ်ရီက ၀မ်းကွဲအမ အယ်လိဇဘက်ဆီကနေ ဆက်ခံသူအဖြစ်တောင်းဆိုတဲ့အခါ ဒီအချက်က နိုင်ငံ၂ခုကြားက တင်းမာတဲ့အခြေအနေကို ပိုလှုံ့ဆော်လိုက်တာပါ။မယ်ရီက အသက်၁၅နှစ်မှာ ပြင်သစ်သားနဲ့ အိမ်ထောင်ကျခဲ့ပြီး မုဆိုးမအဖြစ်နဲ့ စကော့တလန်ကိုပြန်လာတာပါ။ အယ်လိဇဘက်က အိမ်ထောင်မရှိ ဆက်ခံသူမရှိတဲ့အတွက် မယ်ရီရဲ့ဖြစ်တည်မှုက အယ်လိဇဘက်ရဲ့အာဏာနဲ့ ထီးနန်းကို ခြိမ်းခြောက်နေခဲ့ပါတယ်။ သံတမန်တွေနဲ့ တွေ့ဆုံပြီး ...
movie

Mary Queen of Scots (2018)

2018
The Aftermath (2019) 6.3
The Aftermath (2019) The Aftermath (2019)Aftermath ဆိုတာ စစ်ပြီးစ အခြေအနေလို့ အဓိပ္ပါယ်ဖွင့်ရမှာပေါ့။ မိသားစုတွေဆုံးရှုံးရတယ်... နာကျင်ခံစားရတယ်... ချစ်တဲ့သူတွေနဲ့ ခွဲခွာကြရတယ်... အစစအရာရာကို ပြန်လည်တည်ဆောက်ဆဲကာလတစ်ခုပဲ။လူးဝစ်က မဟာမိတ်အဖွဲ့က ကာနယ်တစ်ယောက် ။ စစ်ကြီးပြီးတော့ ဂျာမနီကို လာအုပ်ချုပ်တဲ့အချိန်မှာ သူ့ဇနီးရေချယ်ကိုပါ ခေါ်လာခဲ့တယ်။ သူတို့နေရမယ့်အိမ်က ဂျာမနီလူမျိုး ပညာတတ်တစ်ယောက်ရဲ့အိမ်မှာ... စစ်ကြီးပြီးတော့ နိုင်သူအကုန်မှန်ပေါ့။ ဒါပေမဲ့ လူးဝစ်က ဖြောင့်မတ်ပြီး လူကြီးလူကောင်းပီသတဲ့သူတစ်ယောက်။ အိမ်ရှင် မစ္စတာလူးဘတ်ကိုလည်း လေးလေးစားစားဆက်ဆံတယ်။ ဂျာမန်လူမျိုးတွေအပေါ်လည်း အနိုင်မကျင့်ပဲ ညှာတာစွာအုပ်ချုပ်ပေးတယ်... ဒါပေမဲ့ စစ်ဖြစ်ထားကြတာဆိုတော့ တစ်ဖက်နဲ့တစ်ဖက် လွယ်လွယ်မပြေနိုင်တဲ့ အမုန်းတရားတွေဟာ သူ့ဇနီးက ဂျာမန်တွေကို ကြည့်မရတော့တာက စပြီး သူ့ခင်ပွန်းကို မကျေမနပ်တွေစဖြစ်လာတော့တယ်။လူတစ်ယောက်ကို မုန်းဖို့ အချိန်ဘယ်လောက်လိုသလဲ။ လူတစ်ယောက်ကို ချစ်မိသွားဖို့လည်း အချိန်ဘယ်လောက်လိုပါသလဲ။ ချစ်ခြင်းနဲ့ မုန်းခြင်းကြားက စည်းက တကယ်တမ်းတော့ ပါးပါးလေးပဲ။ အဲဒီစည်းကို ကျော်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ကို ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့်လည်း " အမုန်းဆုံးတော့ အချစ် " ပါပဲ။(မင်းသမီးချော ကီရာနိုက်တလေရဲ့ 18+ ခန်းအချို့ပါဝင်တာမို့ မိသားစုနဲ့အတူမကြည့်ရှုသင့်ပဲ တစ်ကိုယ်တည်း ...
movie

The Aftermath (2019)

2019