Channel Myanmar

Martha B. Knighton

You’re Cordially Invited (2025) 5.8
You’re Cordially Invited (2025)  ဒီဇာတ်ကားလေးကတော့ ၂၀၂၅ မှာ ထွက်ရှိထားတဲ့ Comedy ဆန်ဆန့်ပေါ့ပေါ့ပါးပါး မိသားစုရုပ်ရှင် ဇာတ်ကားလေးပါ။ဂျင် ကော့ဝဲလ် က ဇနီးဖြစ်သူ ဆုံးပါးသွားတဲ့နောက်မှာ သမီးလေးဖြစ်သူ ဂျန်နီ နဲ့ အတူနေထိုင်ပါတယ်။ ဒီလိုနဲ့ ဂျန်နီလေး တစ်နေ့မှာလက်ထပ်မဲ့အချိန်ရောက်လာတော့ မင်္ဂလာပွဲစီစဥ်ပေးဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ သားအဖ နှစ်ယောက်ရဲ့ ဆန္ဒအတိုင်းဂျင် နဲ့ သူ့ဇနီးတို့ လက်ထပ်ခဲ့တဲ့ ကျွန်းကလေးမှာပဲ မင်္ဂလာ‌ဆောင်ဖို့အတွက် စာရင်းသွင်းလိုက်ပါတော့တယ်။ဒါပေမဲ့လည်း တိုက်တိုက်ဆန်ဆန်ပဲ စာရင်းမှတ်တဲ့ ဟိုတယ်ဘက်ကအမျိုးသမီးက ဖုန်းဖြေကြားပြီးနောက်မှာပဲ ဆုံးပါးသွားတာကြောင့်စာရင်း မမှတ်လိုက်ရပါဘူး။ တစ်ဘက်မှာလည်း မိဘ အသိုင်းအဝိုင်းကသဘောမတူလို့ အစ်မဖြစ်သူ မာဂုတ်ကိုပဲ အားကိုးပြီး မင်္ဂလာပွဲစီစဥ်ရမဲ့သတို့သမီးလေး နဗ် တစ်ယောက်ရှိနေပါတယ်။သူတို့ကလည်း တိုက်တိုက်ဆိုင်ဆိုင်ပဲ ဂျင် တို့ စာရင်းသွင်းထားတဲ့ရက်မှာပဲ စာရင်းသွင်းလိုက်မိတာကြောင့် မင်္ဂလာဆောင်နှစ်ခုကတပြိုင်တည်းမှာ စာရင်းသွင်းမိသလိုဖြစ်သွားပါတော့တယ်။ဆိုတော့ ဒီဇာတ်ကားလေးမှာတော့ နေရာကျဥ်းကျဥ်းလေးထဲမှာမင်္ဂလာ‌ဆောင်နှစ်ခု ဖြစ်နေတဲ့ မိသားစု နှစ်စုရဲ့ ပွတ်တိုက်မှုတွေအလွဲအချော်တွေကို ဟာသနှောပြီး ပေါ့ပေါ့ပါးပါး ...
movie

You’re Cordially Invited (2025)

Civil War (2024)
Civil War (2024) A24 က ထုတ်လုပ်တဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ပထမဆုံး တရုတ်အထိပါ ရုံတင်ဖြစ်တဲ့ကားပါပဲ။ ဇာတ်လမ်းကတော့ အက်ရှင် စွန့်စားခန်း သည်းထိပ်ရင်ဖို အမျိုးအစားဖြစ်ပါတယ်။အမေရိကန်နိုင်ငံကြီး လက်ရှိခေတ်မှာ ပြည်တွင်းစစ်ဖြစ်သွားတာကို စိတ်ကူးယဉ်ရိုက်ကူးထားတာပါ။ ဒါရိုက်တာကတော့ 28 Days Later တို့ Ex Machina တို့ရဲ့ ဖန်တီးရှင် Alex Garland ပါပဲ။ စစ်ပွဲတွေရဲ့ ဖြစ်တတ်တဲ့ သဘာဝကို အဓိက ဇာတ်ကောင် စစ်သတင်းထောက်တွေ ပတ်လည်မှာ အခြေခံပြီး ပြသထားတာပါ။ စစ်ပွဲအတွက် စည်းကမ်းတွေအများကြီးရေးခဲ့ကြပေမဲ့ တကယ်တိုက်တဲ့အခါ ဘာစည်းကမ်းမှ မရှိတော့တာမျိုးကိုလည်း ပြထားပါတယ်။ဇာတ်လမ်းအကျဉ်း အမေရိကန် သမ္မတနဲ့အစိုးရ ဦးဆောင်တဲ့ တပ်တွေနဲ့ ခွဲထွက်ရေး အနောက်ပိုင်းတပ်တွေ ပြည်တွင်းစစ်ဖြစ်ကြပါတယ်။ ဝါရှင်တန်ဒီစီကနေ အစိုးရတပ်တွေ ဘယ်လိုအောင်ပွဲခံနေကြောင်း ဆက်တိုက်လွှင့်နေပေမဲ့ ခွဲထွက်ရေးတပ်တွေက တစ်မြို့ပြီးတစ်မြို့သိမ်းလာပြီး ရက်ပိုင်းအတွင်း မြို့တော်ဒီစီ ကျရှုံးတော့မဲ့အချိန်ကိုရောက်လာပါတယ်။ အဲဒီအချိန်မှာ စစ်သတင်းထောက် ...
movie

Civil War (2024)

4K HEVC