Channel Myanmar

Mark Waschke

A Hidden Life (2019) 7.5
A Hidden Life (2019) A Hidden Life (2019)IMDb Rating (7.4) / Rotten Tomatoes (82%)" ကမ္ဘာကြီးကို ပိုကောင်းလာစေတဲ့ အဖြစ်အပျက်တွေထဲမှာ သမိုင်းမတွင်တဲ့လုပ်ရပ်တွေအများကြီးရှိပါတယ် မင်းတို့ငါတို့ရဲ့ ဘဝတွေ ဆိုးမသွားဘဲ အဆင်ပြေနေရတဲ့ အကြောင်းရင်းရဲ့ တစ်ဝက်လောက်က အညတရဘဝနဲ့ရှင်သန်ခဲ့ပြီး ဘယ်သူမှလာမတွေ့တဲ့ အုတ်ဂူတွေထဲက လူတွေရဲ့ ကျေးဇူးတွေပါပဲ။ " - George Eliotဒုတိယကမ္ဘာစစ်အတွင်းက အေးချမ်းပြီးလူတွေမသိတဲ့ ဘဝလေးတစ်ခု ပျက်စီးခဲ့ရတဲ့ ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံထားပါတယ်။ဖရန့်နဲ့ ဖန်နီက ဩစတေးလျတောင်တန်းတွေကြားက အေးချမ်းသာယာတဲ့ရွာလေးတစ်ရွာမှာ ယာလုပ်ရင်း ချစ်စရာသမီးလေးသုံး‌ယောက်နဲ့အတူပျော်ရွှင်နေကြသူတွေပါ။ဒုတိယကမ္ဘာစစ်စဖြစ်ကြတော့ ဖရန့်ကို စစ်ထဲဝင်ဖို့အမိန့်စာကျလာပါတယ်.. ဒီလိုနဲ့ လေ့ကျင့်ရေးစခန်းရောက်တဲ့အခါမှာတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲနေချင်တဲ့သူ့အနေနဲ့ ခေါင်းဆောင်တွေရဲ့လုပ်ရပ်တွေ မှန်ကန်တယ်လို့မထင်၊ စစ်ပွဲကလည်း မတရားဘူးလို့ယူဆတဲ့အလျောက် ဟစ်တလာကိုသစ္စာခံပါမယ်ဆိုတဲ့ ကျမ်းသစ္စာကိုမကျိန်နိုင်ပါဘူးဆိုပြီး ငြင်းပါလေရော။ဒါကြောင့် သူဟာ အကျဉ်းထောင်ထဲပို့ခံလိုက်ရပြီး ပြစ်ဒဏ်စီရင်ချက်ချဖို့စောင့်ဆိုင်းနေရတဲ့ အကျဉ်းသားဘဝကို တန်းရောက်သွားပါတော့တယ်။ဒီရုပ်ရှင်ကားက ဇာတ်လမ်းကဘာဆက်ဖြစ်မလဲဆိုတာထက် တကယ့်အပြင်က ခံစားချက်တွေကိုပဲ ပေးစွမ်းမယ့် ရုပ်ရှင်ကားဖြစ်ပါတယ်။ အကျဉ်းစခန်းက ဖရန့်နဲ့ သူ့မိန်းမနဲ့စာတွေအပြန်အလှန်ရေးပြီးလွမ်းဆွတ်ရတာတွေကိုကြည့်ပြီး နာကျင်မှုတွေက ကိုယ်ထဲထိစီးဆင်းလာမှာပါ။သာယာပျော်ရွှင်နေတဲ့မိသားစုလေးတခုတည်ရှိခဲ့ပေမယ့် ကိုယ်မှန်တယ်ထင်တဲ့အရာကို‌ခေါင်းမာမာနဲ့ လုပ်လိုက်တဲ့လင်ယောက်ျားကြောင့် သူမဟာ ပင်ပန်းဆင်းရဲစွာအလုပ်လုပ်နေရပြီး ပတ်ဝန်းကျင်ရဲ့ဖယ်ကျဉ်ခြင်းကိုခံနေရပေမယ့် လင်ယောက်ျားအပေါ်ငြူစူခြင်းမရှိဘဲ အဆုံးထိပါရမီ‌ဖြည့်ပေးခဲ့တဲ့ မိန်းမတစ်ယောက်ကိုလည်း မှတ်ကျောက်တင်စရာမြင်တွေ့ရမှာပါ။ဒါတွေအားလုံးက တကယ်ဖြစ်ခဲ့တဲ့အကြောင်းတွေဆိုတာတွေးမိရင် A hidden life ...
movie

A Hidden Life (2019)

4K HEVC
The Three Investigators and The Legacy of the Dragon /  Die Drei (2023) 5.7
The Three Investigators and The Legacy of the Dragon / Die Drei (2023)  "The Three Investigators" ဆိုတဲ့ ကလေးဖတ်စာအုပ်တွဲထဲက တစ်အုပ်ကိုမှီငြမ်းပြီးရိုက်ကူးထားတဲ့ ဂျာမန် Adventure & mystery ဇာတ်ကားလေးပါ IMDb 5.7 ရရှိထားပြီးကလေးသရုပ်ဆောင်သုံးယောက်ကတော့အဓိကဇာတ်ဆောင်တွေဖြစ်ပါတယ် ဇာတ်လမ်းထဲမှာတော့ စုံစမ်းထောက်လှမ်းရတာဝါသနာပါတဲ့သူငယ်ချင်းသုံးယောက်သား နွေရာသီအစမ်းခန့်အလုပ်အတွက် Transylvania မြို့ကိုရောက်သွားခဲ့ရာကနေစပါတယ် သူတို့ကအဲဒီမှာဒရက်ကူလာဇာတ်ကားရိုက်ဖို့အတွက်သွားကြတာဖြစ်ပြီး ရိုက်ကွင်းနေရာဖြစ်တဲ့ရဲတိုက်ကြီးကတော့ရာဇဝင်တွေအပြည့်ပါပဲ စုံထောက်‌ကျော်သုံးယောက်တို့ ရဲတိုက်ရဲ့ရာဇဝင်နဲ့ရဲတိုက်ထဲမှာဖြစ်နေတဲ့ထူးဆန်းတဲ့ကိစ္စကိုလိုက်စုံစမ်းကြရင်း ဘာတွေတွေ့ကြုံရမလဲ ရာဇဝင်တွေကတကယ်ရောဟုတ်ရဲ့လား မသမာသူတွေကရောရဲတိုက်ထဲမှာဘာတွေကြံစည်နေကြတာလဲဆိုတာကိုအဖြေရှာကြတဲ့ဇာတ်ကားဖြစ်ပါတယ် နာမည်ကျော်ကလေးဖတ်စာအုပ်ကနေမှီငြမ်းရိုက်ကူးထားတာမလို့ ကလေးတွေပါကြည့်လို့သင့်တော်တဲ့ပေါ့ပေါ့ပါးပါးဇာတ်ကားလေးပါFile size…(1.2 GB)/(700 MB)Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Adventure, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

The Three Investigators and The Legacy of the Dragon / Die Drei (2023)

Human Factors (2021) 6.0
Human Factors (2021) Human Factors (2021)================IMDb Rating - 6.0/10ဂျာမနီ၊ အီတလီ၊ ဒိန်းမတ် သုံးနိုင်ငံပေါင်းကထုတ်တဲ့ ဇာတ်ကားလေးပဲ ဆိုပါတော့။ ဇာတ်ကားလေးက လွယ်မယောင်နဲ့ခက်တိမ်ယောင်နဲ့နက် ပါတယ်။ ရုပ်ရှင်လောကမှာ တော်ရုံဇာတ်ကားကောင်းတွေ သိပ်မထွက်လှတဲ့ နိုင်ငံတွေက IMDb 6.0 ရထားတဲ့ကားဖြစ်လို့ ကောင်းလား မကောင်းလားက သိပ်မေးနေစရာရှိမယ်မထင်ပါဘူး။ဇာတ်လမ်းဇာတ်ကွက် ရိုးတယ်ထင်ရလွန်းလို့ ဟာ ဇာတ်ကွက်ကြီးက ရိုးလိုက် တာလို့ တွေးမိနေသော်ငြား စလာတည်းက ပဟေဠိပေါင်း သောင်းခြောက်ထောင် ပေးနေပြီး တဖြည်းဖြည်းနဲ့ ထင်သလောက်မရိုးဘူးဟလို့ တွေးရင်း တွေးရင်း ကြည့်သွားရမယ့် ကားလေးပါ။ဇာတ်လမ်းအကျဉ်လေးကို ညွှန်းရမယ်ဆိုရင်တော့ ယန်နဲ့သူ့မိသားစု (သူ့မိန်းမရယ်၊ သားတစ်ယောက်၊ သမီးတစ်‌ယောက်)ဟာ သူ့ယောက္ခမဝယ်ထားတဲ့ အပန်းဖြေ အိမ်ကြီးမှာ မြို့ပြက စိတ်ဒုက္ခတွေသက်သာအောင် လာရောက်အပန်းဖြေရာကနေ စပါတယ်။ ဒီတော့ အဲလိုတည်းရာကနေ Drama/ Fiction ဆိုတဲ့ အမျိုးအစား ဖြစ်သွားအောင် ဘယ်လိုတွေ ရိုက်ကူးထားမယ်၊ ဘာတွေဆက်ဖြစ်လာမယ် ဘယ်လောက် တောင်ကြည့်လို့ကောင်းမယ်ကတော့ Human Factors ဆိုတဲ့ကားလေးထဲမှာ ရှူ့စားပေးလှည့်ပါဦးခင်ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်)File ...
movie

Human Factors (2021)

2021