Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mark Moses
6.7
Seeking a Friend for the End of the World (2012)
Seeking a Friend for the End of the World (2012)***********************************************IMDb....6.7၃ပတ်အတွင်းမှာ ကမ္ဘာကြီးက ဂြိုလ်ဆိုင်တစ်ခုနဲ့တိုက်မိပြီး ကမ္ဘာပျက်တော့မယ်တဲ့နောက်ဆုံးအချိန်လိုဖြစ်နေတဲ့ (၃)ပတ်မှာ ခင်ဗျားဆိုရင်ရောဘာတွေဆက်လုပ်မိမှာပါလိမ့်....Dodgeဆိုတဲ့ အာမခံဝန်ထမ်းတစ်ယောက်ကတော့ အဲဒီသတင်းကိုကြားလိုက်ရပြီး ခဏတာ သွေးပျက်သွားခဲ့သလို တိုက်တိုက်ဆိုင်ဆိုင်အဲဒီအချိန်မှာ သူ့မိန်းမကလည်းထားသွားခဲ့တယ်..ဒါပေမဲ့ သူ့ဘဝကို သူ ပုံမှန်ဆက်သွားဖို့ ကြိုးစားတယ် ...Pennyဆိုတဲ့ ကောင်မလေး သူ့မိသားစုဆီသွားဖို့ နောက်ဆုံးလေယာဉ်ကို လွတ်သွားတယ်..ကမ္ဘာကြီးကလည်း(၃)ပတ်အတွင်း ပျက်သုဥ်းသွားနိုင်သတဲ့...သူတို့၂ယောက်ကအိမ်နီးချင်းတွေ...(၃)ပတ်ဆိုသော ကာလလေးမှာ သူတို့(၂)ယောက်ဟာ ဘယ်လိုဖြတ်သန်းကြမလဲ.... ...ဒီကားထဲကဟာသမင်းသားကြီး Steve Carell နဲ့ မင်းသမီးချော Keira Knightleyကိုတော့ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ်...ဟာသဟန်တွေနဲ့ ဘဝနေနည်းတစ်ချို့ကို အချိန်ကိုက်ပြသွားတဲ့ကားလေးမို့ ကြည့်လိုက်ပါဦးလို့......... (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ JtheKoala ဖြစ်ပါတယ်..) File Size : 1.32GB/ 550MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:41:00 Genre : Adventure, Drama, ...
movie
Seeking a Friend for the End of the World (2012)
6.2
After the Sunset (2004)
After the Sunset (2004)****************************အလစ်သုတ်ရာမှာ ကျွမ်းကျင်လှပါတယ်ဆိုတဲ့ မက်စ် နဲ့ လိုလာတို့ဟာတစ်နေ့မှာတော့ FBI အေးဂျင့် စတန်လေ ကိုယ်တိုင် စောင့်ရှောက်နေတဲ့ ကြားကနေစိန်တုံးတစ်တုံးကို ခိုးယူသွားခဲ့ပါတယ်။ အဲဒီစိန်တုံးက နပိုလီယံ ပိုင်ဆိုင်ခဲ့တဲ့စိန်တုံး သုံးတုံး ထဲက ဒုတိယမြောက် အတုံးဖြစ်ပါတယ်။ ဒီကိစ္စ ပြီးတဲ့နောက်မှာတော့မက်စ်နဲ့ လိုလာတို့ဟာ သူခိုးလောကကနေ အနားယူခဲ့ပြီး Bahamas နိုင်ငံကParadiseကျွန်းပေါ်မှာ အပန်းဖြေနေခဲ့ကြပါတယ်။ ဖြစ်ချင်တော့ နပိုလီယံရဲ့ တတိယမြောက်စိန်တုံးဟာ တနေ့မှာ Paradiseကျွန်းပေါ်ကို ဆိုက်ဆိုက်မြောက်မြောက် ရောက်လာပါတော့တယ်။ဒီနောက်မှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။မက်စ်နဲ့ လိုလာတို့ဟာ တကယ်ပဲအနားယူသွားတာလား။တတိယမြောက် စိန်တုံးကို ထပ်အလစ်သုတ်ဦးမလား။FBIအေးဂျင့် စတန်လေ ကရော ဒီတခေါက် ဘာအကြံအစည်တွေများ ရှိနေဦးမလဲ။သူတို့တွေရဲ့ အားပြိုင်မှု ကြားထဲ Paradise ကျွန်းပေါ်က ဒေသခံ ဂိုဏ်းတစ်ခုကပါပါ၀င်လာတဲ့ အချိန်မှာတော့......IMDb rating 6.2 ရရှိထားပြီး ကြာမြင့်ချိန် ၁နာရီ ၄၀မိနစ် ...
movie
After the Sunset (2004)
6.2
Reagan (2024)
ဒီ ဇာတ်လမ်းလေးကအမေရိကန် နိုင်ငံရဲ့ အယောက်လေးဆယ်မြောက်ရုပ်ရှင် သရုပ်ဆောင်ကနေ သမ္မတလာဖြစ်တဲ့ ရော်နယ်ရေဂန် ရဲ့ ဘဝဇာတ်ကြောင်း Biography ဇာတ်လမ်းလေးပါ၊ ဒီဇာတ်လမ်းက Paul Kengor ရဲ့ The Crusader: Ronald Reagan and the Fall of Communism ဆိုတဲ့ စာအုပ်ကို Inspired ယူပြီး ရိုက်ထားတာပါ ။ရော်နယ်ရေဂန်က ဟောလိဝုဒ်မင်းသားကနေ California ရဲ့ မြို့တော်ဝန်ဖြစ်လာပြီး အမေရိကန် နိုင်ငံရေးလောကထဲကို ဝင်လာပြီးတော့ အမေရိကန်နဲ့ ဆိုဗီယက်တို့ စစ်အေးတိုက်ပွဲ အပြင်းအထန်ဖြစ်နေတဲ့အချိန်မှာ သမ္မတဖြစ်ခဲ့တာပါ။ အခု ဂျိုးဘိုင်ဒန်မတိုင်ခင်အထိ ရေဂန်က အမေရိကန် သမ္မတတွေထဲမှာ အသက်အကြီးဆုံး သမ္မတ တစ်ယောက်ပါ။ ဆိုဗီယက် ပြည်ထောင်စုကြီး ပြိုကွဲတာ သူ့ကြောင့်လို့ တော်တော်များများကအခုချိန်ထိပြောကြပါတယ် ။ ဒီထဲမှာတော့ ဆိုဗီယက် KGB အေးဂျင့်ဟောင်းတစ်ယောက်က ...
movie
Reagan (2024)
Carriers (2009)
ကမ္ဘာပျက်ကိန်း Apocalypse နဲ့ပတ်သက်တဲ့ဇာတ်ကားတွေကြိုက်သူများအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ဒီဇာတ်ကားမှာ မင်းသား Chris Pine က Lead အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ လူသားမျိုးနွယ်တွေရဲ့ အသက်အန္တရာယ်ကိုခြိမ်းခြောက်နေတဲ့ ကူးစက်မြန်ဗိုင်းရပ်စ်တစ်မျိုးရဲ့ရန်ကနေ ရှောင်ရှားထွက်ပြေးရင်း လမ်းပေါ်မှာတွေ့ကြုံရတဲ့ အခက်အခဲများစွာကို ကြိုးစားဖြတ်ကျော်ပုံတွေကို သဘာဝကျကျ ရိုက်ကူးတင်ပြထားတာပါ။Survival of the fittest ဆိုတဲ့စကားအတိုင်း ဗိုင်းရပ်စ်ဆီကနေရှောင်ရှားဖို့အတွက် ကျန်ရစ်သူတွေက စည်းမျဥ်းတွေအတိုင်းလိုက်နာပြီး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာနေနိုင်မှသာ အသက်ရှင်နိုင်မှာပါ။ ဒါကြောင့်မို့ အသက်အန္တရာယ်နဲ့တွေ့ရတဲ့အခါ လူသားအချင်းချင်းတောင် ကိုယ်လွတ်မြောက်နိုင်ဖို့အတွက် ဘယ်သူ့ကိုမှ မငဲ့ညှာဘဲ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချမှတ်ရပုံများနဲ့ အဖြူအမဲဒွန်တွဲနေတဲ့လူ့သဘာဝကို အပြင်လောကကြီးအတိုင်း လက်တွေ့ဆန်စွာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…(1.8 GB)/(900 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Vader
movie
Carriers (2009)
4.8
Big Momma’s House 2 (2006)
Big Momma's House 2 (2006) ======================ရှေ့ကတင်ဆက်ခဲ့တဲ့ Big Momma's House 1 (2000)ရဲ့ FBIအေးဂျင့် မယ်လ်ကွန်တစ်ယောက် ယခုဒုတိယမြောက်ဇာတ်ကားမှာ သားနဲ့မယားနဲ့ အပြင် လူ့လောကရောက်လာတော့မဲ့ ပေါက်စနတစ်ကောင်နဲ့ ပျော်စရာ မိသားစုလေးကိုပိုင်ဆိုင်နေပါပြီ။ ဒါပေမဲ့ သူ့မိန်းမရှယ်ရီက နောင်ရေးကို တွေးပြီးယောက်ျားဖြစ်သူကို ရဲအလုပ်ကနေ တခြားအလုပ်ပြောင်းလုပ်ခိုင်း နေပါတယ်။အဲဒီအချိန်မှာပဲ မယ်လ်ကွန့်ရဲ့ပထမဆုံးပါတနာအေးဂျင့်ဟာ အသွင်ယူစုံစမ်း ရာကနေ သရုပ်မှန်ပေါပြီး လက်စဖျောက်ခံလိုက်ရပါတယ်။ မယ်လ်ကွန်ဟာ အဲဒီအမှုကို သူပဲဆက်ပြီးတာဝန်ယူချင်ပေမဲ့ အထက်လူကြီးကတော့ တခြား အလုပ်ပါတွဲလုပ်နေရပြီး၊ မကြာခင်ကလေးအဖေဖြစ်တော့မဲ့ မယ်လ်ကွန့်ကို အန္တရာယ်များမှာစိုးလို့ ကွင်းဆင်းအေးဂျင့်အဖြစ်ကနေ ရပ်စဲပစ်လိုက်ပါတယ်။ ဒါပေမဲ့ အေးဂျင့်ပိုးမသေသေးတဲ့ မယ်လ်ကွန်ကတော့ အားလုံးကိုတစ်ပတ် ရိုက်ပြီး အဲဒီအမှုထဲပါဝင်ပတ်သက်နေတဲ့ နည်းပညာကုမ္ပဏီအကြီးအကဲ တွမ်ဖူလာရဲ့အိမ်မှာ ကလေးထိန်းအဖြစ် သူ့သဘောနဲ့သူ အလုပ်သွားလျှောက် လိုက်ပါရော။ဒါပေါ့ဗျာ။ ရှေ့ကားထဲကအတိုင်း မိန်းမဝဝဝတ်စုံကြီးကို နောက်တစ်ခါထပ်ဝတ်ပြီး မယ်လ်ကွန်တစ်ယောက် မေမေကြီးဇာတ်ကို တဖန်ပြန်က ပါတော့တယ်။ ဒီတစ်ခါ မှာလည်း မေမေကြီးရဲ့ပြောင်မြောက်လှတဲ့ အမှုလိုက်ပုံတွေကို ကြည့်ရှုခံစားလိုက် ပါဦးလို့။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(2.0 GB) / (1.0 GB) Quality............BLU-RAY 1080p ...
movie
Big Momma’s House 2 (2006)
2006
7.2
Born on the Fourth of July(1989)
Born on the Fourth of July(1989)*******************************ဒီရုပ်ရှင်ဟာ အမေရိကန်ရဲ့လွတ်လပ်ရေးနေ့ဖြစ်တဲ့၊ ဂျူလိုင် ၄ရက်နေ့မှာမွေးဖွားခဲ့တဲ့ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူ အမေရိကန်-ဗီယက်နမ် စစ်ပြန်ကြီး Ron Kovicအကြောင်းဇာတ်အိမ်တည်ရိုက်ကူးထားတဲ့စစ်ဆန့်ကျင်ရေး အတ္ထုပတ္တိကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Ronရဲ့ငယ်စဥ်ကလေးဘဝဟာ ထိုခေတ်ထိုကာလကထုံးစံအတိုင်း စစ်ပွဲအောင်နိုင်မှုတွေအကြောင်း၊တိုင်းပြည်တာဝန်ထမ်းပြီး စစ်တိုက်ရတာမှဂုဏ်ရှိတယ်၊ ကွန်မြူနစ်ဝါဒကို တိုက်ဖျက်ရမယ်ဆိုတဲ့ ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း အမေရိကန်-ဗီယက်နမ်စစ်ပွဲဖြစ်တော့ သူကိုယ်တိုင်ရောသူငယ်ချင်းတွေပါစိတ်လိုလက်ရ မရိန်းတပ်ထဲဝင်ပြီး တိုက်ပွဲဝင်ပါတော့တယ်။ ဒီစစ်ပွဲအတွင်းမှာပဲ စစ်ပွဲရဲ့ခါးသီးမှုတွေကြုံခဲ့ရပြီး စိတ်ဝေဒနာလည်းရ အကြောပါသေ၊ မြုံတဲ့ဘဝ ဒုက္ခိတဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဲ့အချိန်ထိ သူ့ရဲ့ စစ်ပွဲအပေါ်အယူအဆတွေက ပြောင်းလဲမသွားသေးပါဘူး။ စစ်ဆေးရုံကဆင်း မွေးရပ်ကိုပြန်ရောက်တော့မှ အဲ့ကာလမှာ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူတွေ၊နိုင်ငံရဲ့လက်ရှိအခြေအနေတွေကိုမြင်ရကြားရပြီး မျက်စိပွင့်နားပွင့်ဖြစ်လာကာ၊ ကိုယ်ကိုယ်တိုင်ကလည်း စစ်ပွဲနဲ့ပတ်သက်ပြီး စိတ်မလုံခဲ့သူမို့... Ron Kovidတစ်ယောက် စစ်တိုက်ရတာဂုဏ်ယူတဲ့လူငယ်လေးဘဝကနေစစ်ဆန့်ကျင်ရေးသမားကြီးဘဝကို ဘယ်လိုကံကြမ္မာတွေ၊ အဖြစ်အပျက်တွေကြောင့် ရောက်လာလဲဆိုတာ ရိုက်ကူးပြသထားတဲ့ anti-war movieလေးပါပဲ။File Size :(3.3GB)(1.3GB) and (714MB) Quality : BLU-RAY 1080P5.1Ch,720p Format…mp4 Duration…02:25:00 Genre : War, Biography , Drama Subtitle : Myanmar Subtitle ...
movie
Born on the Fourth of July(1989)
6.2
Deep Impact (1998)
Deep Impactဆိုတဲ့အတိုင်းပါပဲ ကမ္ဘာရှိရာကို ဦးတည်ရိုက်ခတ်လာတော့မဲ့ ကြယ်တံခွန်ကြီး တစ်ခုအကြောင်းကို ဇာတ်အိမ်တည်ပြီး Sci-fiနဲ့ Drama တွဲလျက် ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကိုတော့ ဆယ်ကျော်သက် နက္ခတ္တဗေဒ ဝါသနာအိုးလေးတစ်ယောက်က ညဖက် Telescopeနဲ့ ကြည့်ရင်း အမျိုးအမည်မသိ ကြယ်တံခွန်ကြီး တစ်လုံးကို တွေ့ရာကနေ စပြီးဖွင့်ထားပါတယ်။ ဒီလိုနဲ့ New Yorkမြို့လောက်ကြီးတဲ့ အာကာသထဲက ပြဿနာထုပ်ကြီးကို အစိုးရဖက်က ပါးပါးနပ်နပ် ကိုင်တွယ်ဖြေရှင်း ပုံတွေကို ကြည့်ရှုရမှာပါ။ အမေရိကန်သမ္မတ နေရာကို Morgan Freemanက ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် IMDbကလည်း 6.2ရထားပြီး CGIတွေက မဆိုးလှတဲ့အနေအထား တစ်ခုမှာ ရှိတာမို့ ကြည့်ရကျိုးမနပ်ရင်တောင် အကျိုးတော့မယုတ်ဘူးဆိုတာ အာမခံပါတယ်။File size…(1.91GB) / (`1016MB) / (614MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:00:00 Genre... Drama / Action / Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie
Deep Impact (1998)
8.1
Platoon (1986)
Platoon (1986)[ Dir: Oliver Stone ]IMDb - 8.1/10, Rotten Tomatoes - 87% " ငါတို့တွေဟာ တိုက်လာတဲ့ စစ်ပွဲတိုင်း နိုင်ခဲ့ကြတာချည်းပဲလေ။ ဒီတစ်ပွဲတော့ရှုံးသင့်ပါတယ် " Sergeant Elias ကနေ ညတစ်ညမှာ တပ်သားလေး Chris ကိုပြောခဲ့တဲ့စကား။Platoon ဟာ Oliver Stone ရဲ့အအောင်မြင်ဆုံးဇာတ်ကားကြီးတွေထဲကတစ်ခုပေါ့။ သူ့အတွေ့အကြုံ သူ့ခံစားချက်တွေကို ချပြခဲ့တယ်။ Vietnam စစ်ပွဲမှာ အမေရိကန်တွေစစ်ရှုံးသွားပုံတွေပေါ့။ ပိုဆိုးတာက စိတ်ဓာတ်တွေပါ ဆုံးရှုံးသွားခဲ့ရတာ။=================Chris ရဲ့အဖိုးဟာ ပထမကမ္ဘာစစ်မှာ ဝင်ကြမ်းခဲ့တဲ့ သူရဲကောင်း။ အဖေက ဒုတိယကမ္ဘာစစ်မှာ အမေရိကန်တွေအတွက် ဂုဏ်ဆောင်ပေးခဲ့တဲ့သူ။ သူကိုယ်တိုင်ကရော ဒီ Vietnam စစ်ပွဲမှာ ဘာလုပ်ပေးနိုင်မလဲ?Chris ဟာတစ်ယောက်ထဲ စာရေးနေတတ်တယ်။ စကားတွေလဲပြောတတ်တယ်။ ဘယ်ကမှန်းမသိ ရှိလဲမရှိတဲ့ သူ့အဖွားဆီကိုပေါ့။ နည်းနည်းတော့ ကြောင်တောင်တောင်နိုင်ပေမဲ့ ဒီ ဇာတ်လမ်းတစ်ခုလုံးက ...
movie
Platoon (1986)
1986
5.4
The Gandhi Murder (2019)
The Gandhi Murder (2019)====================IMDb Rating - 5.4/10၂၀၁၉ ခုနစ်ထွက် Historical/ Political ဇာတ်ကာဒချစ်သူတွေအတွက် A Must Watch ဇာတ်ကားတစ်ကားဖြစ်ပါတယ်....ကိုယ်နှုတ်နှလုံးသုံးပါးစလုံး ထပ်တူကျနေရင် ဒါဟာပျော်ရွှင်မှုပဲ အားနည်းတဲ့သူတွေဟာ ခွင့်မလွှတ်နိုင်ကြဘူး ခွင့်လွှတ်ခြင်းဆိုတာသန်မာတဲ့လူတွေပဲ ပိုင်ဆိုင်တဲ့အရည်အချင်းတစ်ခုဖြစ်တယ်လို့ မဟတ္တမဂန်ဒီက မိန့်ဆိုခဲ့ဖူးပါတယ်။အကြမ်းမဖက်ရေးလမ်းစဉ်သမား မေတ္တာရှင်ကြီး မဟတ္တမဟာ ၁၉၄၈ ခုနစ် ဇန်နဝါရီလ ၃၀ ရက်နေ့ နယူးဒေလီမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီဇာတ်ကားဟာ ဂန္ဒီရဲ့အမြင်ကိုရိုက်ကူးထားတာမဟုတ်ပဲ လက်တွေ့ဘဝမှာရှိခဲ့တဲ့ ရဲအရာရှိသုံးယောက်ရဲ့အမြင်ကို ဝိရောဓိဆန်ဆန် မှီငြမ်းရိုက်ကူးထားတာဖြစ်ကြောင်း သတိချပ်စေချင်ပါတယ်။ အခြေတည်ထားတာက ဂန္ဒီလုပ်ကြံမခံရမီ အိန္ဒိနိုင်ငံ ပူပူနွေးနွေး လွတ်လပ်ရေးရပြီးကာစ ကာလမှာဖြစ်ပါတယ်...ပြည်တွင်းစစ်ဖြစ်လာတော့မှာ ကျိန်းသေသလောက်ဖြစ်နေပြီး အမျိုးဘာသာဂိုဏ်းကွဲ အစွန်းရောက်တွေကြောင့် နိုင်ငံဟာချောက်ထဲကျလုကျခင်အခြေအနေဖြစ်နေပါတယ်....ပါကစ္စတန်က ငွေကြေးထောက်ပံ့ဖို့ ကို ပယ်ချခံရတဲ့ကိစ္စအတွက် ဂန္ဒီဟာ အစာငတ်ခံဆန္ဒပြခဲ့တာကြောင့် ဟိန္ဒူပါတီဝင်တွေကမကျေမနပ်ဖြစ်ပြီး လုပ်ကြံဖို့ကြံစည်နေကြပါတယ်....အဲဒါကို ဘုံဘေရဲတပ်ဖွဲ့ဝင် ဒီစီပီဂျင်မီနဲ့ ဒီအိုင်ဂျီရေနာတို့က ကြိုတင်သတင်းရထားခဲ့ပေမယ့် သူတို့ရဲ့ ...
movie
The Gandhi Murder (2019)
2019
7.2
Red Dragon (2002)
Red Dragon (2002)================IMDb Rating - 7.2/10#Unicodeခေါင်းစားပြီး စိတ်ပညာမှုခင်းဇာတ်ကားတွေကြိုက်တဲ့လူတွေအတွက်တော့ အကြိုက်ဖြစ်စေမယ့်ဇာတ်ကားတစ်ခုပါ အဓိက ဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ Anthony Hopkin & Edward Nortonတို့နှစ်ယောက်ရဲ့ Chemistry မိမိနဲ့ သရုပ်ဆောင်မှုတွေကို တဝကြီးကြည့်ရမှာပါ။ဇာတ်လမ်းအညွှန်း ******** ဝယ် ဂရေဟမ်ဟာ FBI Agent တစ်ယောက်ဖြစ်ပြီး မှုခင်းတွေစုံစမ်းတဲ့နေရာမှာ သူမတူတဲ့ ဖြတ်ထိုးဉာဏ်တွေးခေါ်မှုတွေအမှုပေါင်းများစွာကို ဖော်ထုတ်ခဲဲ့တဲ့လူတစ်ယောက်ပါ။ မှုခင်းစုံစမ်းရေးတွေမှာသူ့ကိုကူညီနေတဲ့ စိတ်ပညာရှင် ဟန်နဘယ် လက်တာဆိုတာ FBI ကိုအိပ်ကပ်ထဲထည့်ထားပြီး တစ်ဖက်မှာလူပေါင်းများစွာကို သွေးအေးအေးနဲ့သတ်ပြီး ခန္တာဗေဒကိုလေ့လာနေတဲ့ ကြောင်သူတော်တစ်ယောက်လို့ပြောရမယ် ။ အကြောင်းစုံကိုသိသွားတဲ့ ဂရေဟမ်က ဟန်နဘယ်လက်တာကို ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ပြီးသူ့ရဲ့ FBI Agent ဘဝကိုလည်း ပြည်ဖုံးကားချလိုက်ပါတော့တယ် ။ နှစ်ပေါင်းများစွာကြာတဲ့အခါ ကိစ္စတွေကမပြီးသွားပဲ လက်တာလိုမျိုး အရမ်းထူးခြားတဲ့ စိတ္တဇလူသတ်သမားတစ်ယောက်ပေါ်လာခဲ့တာကြောင့်ဂရေဟမ် , လက်တာ နှစ်ယောက်ပေါင်းကာ အဲ့ဒီလူသတ်ကောင်ကို ထပ်မံဖမ်းဆီးရပါတော့တယ်။ အခန်းတိုင်းမှာ လျှိ့ကွက်လေးတွေရှိနေပြီး Genius ...
movie
Red Dragon (2002)
2002
7.8
Paranoia (2013)
ဒီကားလေးကတော့ တကယ့် Thrillerဇာတ်ကောင်းလေးပါ. ဇာတ်ကွက်အပြောင်းအလဲတွေနဲ့ ပရိသတ်ကို အဆုံးသတ်ထိဆက်ကြည့်စေချင်မယ့် ဇာတ်ကားလေးဆိုလဲ မမှားပါဘူး. ဇာတ်လမ်းအကျဉ်းကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ချင်တဲ့ အဒမ်ကတ်စီဒီဟာ နာမည်ကြီး နည်းပညာကုမ္ပဏီဖြစ်တဲ့ ဝိုက်စ်မှာ ၀င်ရောက်လုပ်ကိုင်ဖို့ ပရောဂျက်ကို တင်ပြခဲ့ပေမယ့်လည်း ငြင်းပယ်ခြင်းကို ခံခဲ့ရပါတယ်. အဒမ်သာ လူငယ်ပီပီ မိုက်ရုးရဲဆန်စွာနဲ့ ပရောဂျက်လုပ်ဖို့ ကုမ္ပဏီကပေးထားတဲ့ ထောက်ပံ့ငွေကို သုံးပြီး သူငယ်ချငိးတွေနဲ့ ပျော်ပါးသောက်စားပစ်ခဲ့ပ့ါတယ်. အဲ့ကိစ္စကို ဝိုက်စ်ဖက်ဒ်က သိတဲ့အခါမှာ သူ့ကို ငွေအလွဲသုံးစားမှုနဲ့ တရားစွဲမယ် ငြိမ်းခြောက်ပြီး သူတို့ကုမ္ပဏီရဲ့ ပြိုင်ဘက်ကုမ္ပဏီဖြစ်တဲ့ အိုက်ကွန်ကုမ္ပဏီရဲ့နည်းပညာလျှို့ဝှက်ချက်တွေကို ခိုးယူဖို့ အတင်းအကြပ်ခိုင်းခဲ့ပါတယ်. အဒမ်ဟာ အိုက်ကွန်ကုမ္ပဏီရဲ့လူယုံဖြစ်လာတဲ့အခါမှာတော့ ကုမ္ပဏီနှစ်ဦးရဲ့လှည့်ကွက်တွေကို နားလည်ပြီး သူဟာဓားစာခံဖြစ်မှန်းမသိပဲ ဖြစ်နေခဲ့တာကိုပါနလည်ခဲ့ပါတယ်. အဒမ်ဟာ ကုမ္ပဏီနှစ်ခုရဲ့ယှဉ်ပြိုင်မှုကြားကနေ ဘယ်လိုလွတ်မြောက်အောင် ကြံစည်အားထုတ်သွားတယ်. ကုမ္ပဏီကြီးတွေရဲ့ပြိုင်ဆိုင်မှုက ဘယ်လောက်ထိနက်နဲတယ်ဆိုတာကို ရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းဖြစ်တာကြောင့် ရုပ်ရှင်ချစ်သူတို့ လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းလေးပါလို့ ညွှန်းလိုက်ပါရစေဗျာ... File Size - 1gb Quality - bluray 1080p Subtitle - burmese Translator - YK Encoder - XCode
movie
Paranoia (2013)
2013
6.8
Bombshell (2019)
ဒါကတော့ 2019ရဲ့ လူစောင့်ကြည့်ခံရတဲ့ကားတွေထဲကတစ်ကားဆိုတာကတော့ရုပ်ရှင်နဲ့ရင်းနှီးသူတွေသိပြီးသားဖြစ်မှာပါ။ရုပ်သံတင်ဆက်သူအမျိုးသမီးတွေကိုဇာတ်အိမ်တည်ထားတဲ့အတွက်တကယ့်အချောအလှဒိတ်ဒိတ်ကြဲမင်းသမီးတွေဖြစ်တဲ့Charlize Theron, Nicole Kidman နဲ့ Margot Robbieတို့ ဦးဆောင်ပါဝင်ထားတာပါ။Charlize Theronနဲ့ Margot Robbieတို့ Oscar ဆန်ကာတင်စာရင်းတွေဝင်ပြီးတခြားဆုတွေရရှိပြီး အောင်မြင်မှုရခဲ့ပါတယ်။ဇာတ်လမ်းကတော့ Republicanပါတီကိုအလေးပေးတဲ့Fox News ရုပ်မြင်သံကြားချန်နယ်အတွင်းအမျိုးသမီးအစီစဉ်တင်ဆက်သူများစွာဟာ ခေါင်းဆောင်ပိုင်းအမျိုးသားတွေရဲ့လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရမှု၊ ဖိအားပေးခံရမှုတွေကိုခံခဲ့ရတဲ့အကြောင်းပါ။ရာထူးအာဏာကြီးပြီး ပိုက်ဆံကျောထောက်နောက်ခံရှိတဲ့သူကို တရားစွဲဖို့လုပ်ရင်းဘယ်လိုဂယက်တွေကြုံတွေ့ဆိုတာမြင်ရမှာပါ။အပြင်မှာလည်း လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရသူအမျိုးသမီးများစွာလည်းရှိနေပါတယ်။တစ်ချို့ကတော့ လိင်ကိစ္စနှင့်အောင်မြင်မှုကို လဲလှယ်ခဲ့ကြသူတွေပေါ့။နစ်နာသူတစ်ယောက်ယောက်က မဖွင့်ဟခဲ့လို့တခြားသူတွေပါနစ်နာရတဲ့အဖြစ်မျိုးတွေဖြစ်ရတာကိုပြသသွားခဲ့ပါတယ်။မင်းသမီးတွေကိုကြည့်ရတာနဲ့တင်တန်နေတာမို့ ခံစားကြည့်ရှုကြည့်ပါအုံး။ File Size : ( 1 GB , 372 MB ) Quality : WEB-DL 720p Running Time : 1 ...
movie
Bombshell (2019)