Channel Myanmar

Mark Coles Smith

Kid Snow (2024) 6.1
Kid Snow (2024)  CM ပရိသတ်ကြီးကို သိပ်မကြားသေးခင်ကတင်ထွက်ထားတဲ့Kid Snow ဆိုတဲ့လက်ဝှေ့ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။"Kid Snow" က ၂၀၂၄ ခုနှစ်တွင် ထွက်ရှိခဲ့တဲ့ သြစတြေးလျအားကစား ဒရာမာရုပ်ရှင်ဇာတ်ကားဖြစ်ပြီး Paul Goldman မှဒါရိုက်တာလုပ်ကာ John Brumpton မှ ဇာတ်ညွှန်းရေးသားထားပါတယ်။ Billy Howle နှင့် Phoebe Tonkin တို့ ပါဝင်သရုပ်ဆောင်ထားသည့် ဒီရုပ်ရှင်က ၁၉၇၀ ပြည့်လွန်နှစ်များကိုအခြေခံထားပြီး ဇာတ်လမ်းမှာ နာမည်ကျော်ခဲ့ဖူးသော်လည်းယခုအခါ လက်ရည်ကျဆင်းနေသော လက်ဝှေ့သမား Kid Snow(Billy Howle) ၏ ဘဝအကြောင်းကို ရိုက်ကူးထားပါတယ်။ဇာတ်ကားတွင် Kid Snow က လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကသူနှင့် ယှဉ်ပြိုင်ခဲ့ဖူးသူကို ပြန်လည်ယှဉ်ပြိုင်ရန် အခွင့်အရေးရလာသောအချိန် သူ့ဘဝကို ပြန်လည်တည့်မတ်ရန် ကြိုးစားရင်းအနိုင်ပြန်လည်ယူနိုင်ပါ့မလား အရင်လိုပဲ လက်ဝှေ့လောကရဲ့မသမာမှုတွေ လှည့်ကွက်တွေမှာပဲ ဆက်လက်နစ်မွန်းနေဦးမှာပဲလားဆိုတာကိုကြည့်ရှူခံစားရမှာပါသည်ရုပ်ရှင်ကို သြစတြေးလျနိုင်ငံ၊ အနောက်သြစတြေးလျဒေသတွင်၂၀၂၂ ခုနှစ် မေလမှ ဇူလိုင်လအတွင်း ရိုက်ကူးခဲ့ပြီး ...
movie

Kid Snow (2024)

Scarygirl (2023) 6.2
Scarygirl (2023)  ပေါ့ပေါ့ပါးပါးနဲ့ ကာတွန်းလေးပဲကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက်လတ်တလောကမှထွက်ရှိထားတဲ့ ကာတွန်းကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ဂြိုဟ်တစ်ခုပေါ်က အလင်းမြို့တော်ဆိုတဲ့ မြို့မှာ Doctor Maybeeဆိုတဲ့သိပ္ပံပညာရှင်တစ်ဦးရှိပါတယ်။ သူဟာအဲ့ဂြိုဟ်ရဲ့ နေလုံးကနေစွမ်းအားတွေစုပ်ယူပြီးစမ်းသပ်ချက်တွေပြုလုပ်နေသူပါ။ ဒါ့အပြင် အဲ့ဂြိုဟ်မှာအရမ်းရှားတဲ့ရေဘဝဲတွေကိုလည်း ကြေးစားတွေငှားပြီးရှာဖမ်းခိုင်းထားပါသေးတယ်။တစ်ဖက်က အလင်းမြို့တော်နဲ့ဝေးတဲ့ နေရာမှာတော့ ဘလစ်စတာဆိုတဲ့ရေဘဝဲကြီးရှိပြီးနေရောင်ခြည်စွမ်းအင်လျော့ကျလာတာကြောင့် သေဆုံးကုန်ကြတဲ့အပင်တွေကိုသူ့အစွမ်းနဲ့ပြန်လည်ရှင်သန်အောင်ကူညီပေးနေသူပါ။ သူ့မှာ အာကီ လို့ခေါ်တဲ့သမီးလေးတစ်ယောက်ရှိပြီး အာကီက စက်တွေတီထွင်ရတာကိုဝါသနာပါသူဖြစ်ပါတယ်။တစ်နေ့မှာတော့ အလောင်းကစားတွေလုပ်တာကြောင့် အကြွေးတွေဝိုင်းနေလို့ရေဘဝဲလာရှာတဲ့ ဘန်နီဂုရု နဲ့ ဥ တို့နှစ်ယောက်ရယ် အာကီရယ်ဆုံမိကြပြီးအလင်းမြို့တော်ကိုသွားဖို့အကြောင်းဖန်လာပါတော့တယ်။ဇာတ်လမ်းအကျဉ်းကတော့ဒီလောက်ပါပဲ။ဇာတ်လမ်းသွားလေးကလည်း ပျင်းစရာမကောင်းဘဲပေါ့ပေါ့ပါးပါးရှိပြီးanimation တွေကလည်း အတော်ကိုကောင်းလှပါတယ်။ Australia ကရိုက်တဲ့ကားမို့Australian accent ကိုလေ့လာချင်တဲ့သူတွေလည်းကြည့်သင့်တဲ့ကာတွန်းလေးပါ။ဒီတော့ ဇာတ်ကားလေးကို ခံစားကြည့်ရှုလိုက်ကြပါဦး။ File size…1.56GB / 743MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 48m Genre ….. Animation , Adventure , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse
movie

Scarygirl (2023)

Sweet As (2023) 6.8
Sweet As (2023)  မာရာဆိုတဲ့ ကောင်မလေးတစ်ယောက်ကအိမ်မှာ အမေနဲ့အတူတူနေထိုင်နေတာဖြစ်ပြီး အမေဖြစ်သူကဆိုးသွမ်းတဲ့အတွက် အရမ်းစိတ်ဖိစီးနေပြီးစိတ်ညစ်နေရတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာတော့သားအမိ နှစ်ယောက်ပြဿနာအကြီးအကျယ်တက်ပြီးတဲ့နောက်မှာ ဦးလေးဖြစ်သူက မာရာကိုတခြားကလေးတွေနဲ့အတူတူခရီးထွက်ဖို့အတွက် ပို့ပေးခဲ့ပါတော့တယ်။ အဲ့ဒီခရီးစဉ်က တစ်ပတ်ကြာမှာဖြစ်ပြီး တခြားယောက်ျားလေးနှစ်ယောက်နဲ့မိန်းကလေးတစ်ယောက်လဲ အတူပါဝင်ပါတယ်။အဲ့ဒီခရီးစဉ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ တောတောင်ရေမြေတွေရဲ့သဘာဝအလှအပတွေကိုကြည့်ရှုပြီးမှတ်တမ်းတင် ဓာတ်ပုံရိုက်ရတဲ့ခရီးစဉ်ပဲဖြစ်ပါတယ်။မာရာနဲ့အတူတူပါလာတဲ့ တခြားကလေးသုံးယောက်ကလဲ ကိုယ့်အခက်အခဲနဲ့ကိုယ်ရှိနေတဲ့ကလေးတွေဖြစ်ကြပါတယ်။ဒီလိုနဲ့ သူတို့လေးယောက်သားနဲ့ခရီးစဉ်လိုက်ပို့ပေးတဲ့သူနှစ်ယောက်ကြားမှာ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်အခိုက်အတန့်လေးတွေနဲ့သူတို့တွေရဲ့ ဘဝတွေကိုပါ ပြောင်းလဲပေးမဲ့အခိုက်အတန့်လေးတွေကိုကြည်နူးဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။  File size…1.77GB / 744MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 27m Genre ….. Action , Adventure , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Sweet As (2023)

Occupation: Rainfall (2020) 5.2
Occupation: Rainfall (2020) Occupation: Rainfall (2020)====================IMDb Rating - 5.2/10ဂြိုလ်သားမျိုးနွယ် နဲ့ လူသားမျိုးနွယ် အချင်းချင်းချကြပါပြီ။ အကျင့်မကောင်းတဲ့ လူသားမျိုးနွယ် နဲ့ နယ်မြေကျူးကျော်ချင်တဲ့ဂြိုလ်သားမျိုးနွယ်တို့ တို့ တိုက်ခိုက်ကြတဲ့အခါ ဘယ်သူနိုင်မယ်လို့ ထင်ကြလဲ ပရိသတ်ကြီး...အခုဇာတ်လမ်းလေးက ၂၀၁၈ လောက်က ထွက်ခဲ့တဲ့ Occupation ကားရဲ့အဆက်ဖြစ်ပြီး ဇာတ်လမ်းရဲ့ မူလအရသာမပျောက်သွားအောင် Home and Away နဲ့နာမည်ကျော်ခဲ့တဲ့ ဩစတြေးလျမင်းသား Dan Ewing ကပဲ အခုဒုတိယအတွဲမှာ ပြန်လည်သရုပ်ဆောင်ခဲ့ပါတယ်။ ဘဲကြီးရဲ့ သရုပ်ဆောင်ပိုင်နိုင်မှု နဲ့ ဇာတ်လမ်းထဲက ဂျစ်ကန်ကန်စတိုင်တွေကြောင့် ရုပ်ရှင်ချစ်ပရိသတ်ကြီးကိုထပ်ပြီးဆွဲဆောင်မှာတော့ မြင်ယောင်မိပါသေးတယ်။ပထမပိုင်းဖြစ်တဲ့ Occupation မှာတော့ ကျူးကျော်လာသူ ဂြိုလ်သားတွေကို ပြန်လည်တိုက်ခိုက်ဖို့ လူသားမျိုးနွယ်တွေအချင်းချင်းမဟာမိတ်ဖွဲ့ပြီးပြင်ဆင်ခဲ့ပါတယ်။ မဟာမိတ်အဖွဲ့တိုက်ခိုက်ပြီး လူသားမျိုးနွယ်ထဲကို ဂြိုလ်သားတွေရောနှောပေါင်းစပ်လာတော့မှရင်ခုန်စရာကောင်းအောင် အဆုံးသတ်သွားပြီးနောက် အခု ၂၀၂၁ မှာတော့ ဒုတိယအပိုင်းထွက်ရှိလာခဲ့ပါပြီ။ကမ္ဘာမြေပေါ်ကို ဂရေး လို့ခေါ်တဲ့ ဂြိုလ်သားအုပ်စုကြီး ဆင်းသက်လာတဲ့အချိန်ကစပြီး ...
movie

Occupation: Rainfall (2020)

2020