Channel Myanmar

Marisa Tomei

The Watcher (2000) 5.3
The Watcher (2000)  The Watcher (2000)IMDb Rating (5.3) / Rotten Tomatoes (11%) နာမည်​ကြီး John Wick မင်းသားကြီး Keanu Reeves ပါဝင်သရုပ်ဆောင်ထားပြီး သရုပ်ဆောင်ပိုင်းမှာလူကြိုက်များခဲ့တဲ့ မှုခင်းကားလေးပါ။ဒေးဗစ်အယ်လန်ဂရစ်ဖင် ဆိုတဲ့သွေးအေးလူသတ်သမားက အချိန်နဲ့အလိုက် မိန်းကလေးတွေကိုရွေးချယ်ပြီးနေ့စဥ်စောင့်ကြည့်ကာ စနစ်တကျ သတ်လေ့ရှိပါတယ်။ဂျိုလ်ကန့်ဘဲကတော့ ဒီလူသတ်သမားကိုမဖမ်းနိုင်လို့စိတ်ညစ်ပြီး FBI ကထွက်ကာ ချီကာဂိုကိုပြောင်းလာပြီး စိတ်ဒါဏ်ရာရနေသူပါ။နောက်တော့အသတ်ခံရတော့မည့်ကောင်မလေးတွေရဲ့ ဓာတ်ပုံတွေရရှိလာပြီး လူသတ်သူက သဲလွန်စများ ပေးလာတာကြောင့် ချီကာဂိုမှာတင် အမှုကိုဆက်ကိုင်ခဲ့ပါတယ်။ထို့နောက် ဂျိုလ်နဲ့ ဂရစ်ဖင် ဘယ်လိုတွေများတွေ့ကြပြီးဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုခံစားရင်း အဖြေရှာကြည့်လိုက်ပါ။  (အညွှန်းနဲ့ဘာသာပြန်ကတော့ Kavil ဖြစ်ပါတယ်။)File size…(2.9 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Mystery,Thriller Duration….01:38:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Kavil
movie

The Watcher (2000)

2000
Crazy, Stupid, Love. (2011) 7.4
Crazy, Stupid, Love. (2011) Crazy, Stupid, Love. (2011)IMDb Rating (7.4) / Rotten Tomatoes (79 %)Ryan Gosling , Emma Stone တို့အပြင် ဂျာကြီး မိုက်ကယ်စကော့ Steve Carell , Julianne Moore , Aunt May ဖြစ်သူ Marisa Tomei , Lio Tipton , Kevin Bacon စတဲ့သရုပ်ဆောင်ပေါင်းများစွာနဲ့ ဒီဇာတ်ကားက အချစ်ဟာသ ဒရမ်မာရုပ်ရှင်ကားကြီးပါ။ Rating ကောင်းသလို ရုံတင်ဝင်ငွေလဲကောင်းခဲ့ပါတယ်။ ဘတ်ဂျက် သန်း ၅၀ သာ ကုန်ကျခဲ့ပေမယ့် Box office မှာ ၁၄၅ သန်း ပြန်လည်ရရှိတဲ့ထိ အောင်မြင်ခဲ့ပါတယ်။အရွယ်ရောက်လာတဲ့ယောက်ျားဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ်တော်တော်များများမှာ အိပ်မက်တစ်ခုရှိတယ် ပြီးပြည့်စုံတဲ့ family life တစ်ခုဖန်တီးဖို့ပဲ... ဒါကြောင့်အချစ်စစ်တစ်ခုရှာဖွေတယ် အိမ်ထောင်ပြုတယ်ဒါမှမဟုတ်သင့်တော်တဲ့သူလို့ထင်တဲ့သူနဲ့အိမ်ထောင်ပြုကြတယ်.. ပြီးတော့.. ...
movie

Crazy, Stupid, Love. (2011)

2011
4K HEVC
The Wild Thornberrys Movie (2002)
The Wild Thornberrys Movie (2002) အန်နီမေးရှင်းရုပ်ရှင်ကြိုက်တတ်သူများတိရစ္ဆာန်လေတွေကိုချစ်တတ်သူများအတွက်နာမည်ကြီးဇတ်ကားကောင်းတစ်ခုအီလိုက်ဇာသွန်းဘယ်ရီဆိုတဲ့၁၂နှစ်အရွယ်ကောင်မလေးဟာတောနက်ထဲမှာကွန်ဗီးလို့ခေါ်တဲ့ကားအိမ်လေးနဲ့တောရိုင်းတိရစ္ဆာန်တွေကိုလေ့လာရုပ်ရှင်ရိုက်တဲ့မိဘတွေနဲ့အတူ အစ်မတစ်ယောက်ပါအပါ အတူခရီးလှည့်သွားနေခဲ့ကြပါတယ်။အီလိုက်ဇာဟာနတ်ဆရာတစ်ယောက်ဆီကနေ တိရစ္ဆာန်တွေကိုစကားပြောနိုင်တဲ့စွမ်းရည်ရထားခဲ့ပြီး ဒါက မိဘတွေ အဘိုးအဘွားနဲ့အစ်မဖြစ်သူအတွက် ထူးဆန်းတာတွေလုပ်နေတဲ့ကောင်မလေးဖြစ်လို့နေပါတယ်။အီလိုက်ဇာမှာ ဒါဝင်လို့ခေါ်တဲ့ ချန်ပင်ဇီမျောက်လေးတစ်ကောင်လည်းရှိပါတယ်။တစ်နေ့မှာအီလိုက်ဇာရဲ့ကြီးကြပ်မှုနဲ့သစ်ကျုတ်ပေါက်လေးသုံးကောင်အပြေးပြိုင်ကြရင်း တောရိုင်းတိရစ္ဆာန်ခိုးဖမ်းပြီးသတ်တဲ့သူတွေနဲ့ တွေ့ပြီး တာလီလို့ခေါ်တဲ့သစ်ကျုတ်ပေါက်ကလေးကိုဖမ်းသွားပါတယ်။အီလိုက်ဇာက လိုက်ကယ်ရင်း သူကိုယ်တိုင်အန္တရာယ်ဖြစ်လာတဲ့အခြေအနေကိုတွေ့တဲ့အခါ အဘွားဖြစ်က သူ့ကိုလန်ဒန်က ဘော်ဒါကျောင်းကိုပို့လိုက်ပါတယ်။ဘော်ဒါကျောင်းမှာဘာကြုံရမလဲ။နတ်ဆရာမိုင်ယန်ဘိုက အီလိုက်ဇာကိုဘာလို့ တိရစ္ဆာန်တွေနဲ့စကားပြောနိုင်တဲ့စွမ်းရည်လက်ဆောင်ကိုပေးခဲ့တာလဲ။ဒီစွမ်းရည်က ဘယ်လိုဆိုရင်ပျက်ပြယ်မလဲ။တာလီ့ကို အီလိုက်ဇာကယ်တင်နိုင်မလား။ကွန်ဂိုတောနက်ထဲက ဒဏ္ဍာရီကဘာဖြစ်မလဲ ။ဒါက တကယ်ဖြစ်လာမလား။တောရိုင်းတိရစ္ဆာန်ခိုးဖမ်းတဲ့သူတွေရဲ့ရည်ရွယ်ချက်ကဘာလဲ။ဒါကိုတော့ ရုပ်ရှင်ပိတ်ကားပေါ်မှာဆက်ကြည့်နိုင်ပါတယ်။ဖခင်ရဲ့မေတ္တာတွေကိုဖော်ကျူးထားတဲ့သီချင်းလေးက အဓိပ္ပါယ်ပြည့်ဝလှသလိုအဖေတွေကိုသတိရစေမှာဖြစ်ပါတယ်။အော်စကာဆုအတွက် အကောင်းဆုံးမူလသီချင်းဆုအတွက် ပေါလ်ဆီမွန်ရဲ့ Father and Daughter(အဖေနဲ့သမီး) သီချင်းကအမည်စာရင်းတင်သွင်းခံရပါတယ်။မှတ်မှတ်သားသားစကားလေးတွေကတော့- -“ပြီးတော့ မင်းကဒါကိုလုပ်ခဲ့တယ် မင်းရဲ့ လက်ဆောင်နဲ့မဟုတ်ဘူး ဒါပေမယ့်မင်းရဲ့နှလုံးသားနဲ့လုပ်ခဲ့တာ တကယ်လို့ ဒါကမင်းရဲ့စွမ်းအားမပါပဲနဲ့ မင်းလုပ်နိုင်ခဲ့တဲ့ဟာဖြစ်မယ်ဆိုရင် ငါသိထားခဲ့တာထက်တောင်မှမင်းမှာ ပိုကောင်းတဲ့ကံကြမ္မာတစ်ခုရှိတယ်”လူ့လောကမှာ စွမ်းရည်တွေထက်အရေးကြီးတာက နှလုံးသားထဲက မေတ္တာတရားနဲ့ကိုယ်ချင်းစာတရားပါပဲ။ကြည့်ရှု့ခံစားကြည့်လိုက်ပါ။File size…(1.7 GB)/(933 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Animation, Adventure, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Khin Sakar Khin 
movie

The Wild Thornberrys Movie (2002)

Untamed Heart (1993) 6.8
Untamed Heart (1993) Untamed Heart (1993)IMDb Rating (6.8)Spider-Man ရဲ့  ခပ်ဟော့ဟော့ Aunt May အဖြစ် လူသိများတဲ့ မင်းသမီး  Marisa Tomei တယောက် ငယ်ငယ်ကတည်းက ဘယ်လောက်ထိလန်းပြီး ချစ်ဖို့ကောင်းတယ်ဆိုတာ ဒီကားမှာ ကွက်ကွက်ကွင်းကွင်းမြင်ရမှာပါ...မင်းသားကြီး Christian Slater နဲ့တွဲဖက်ထားပြီး တကယ်ကိုမိုက်တဲ့ အချစ်ဇာတ်ကားလေးပါပဲ။"ချစ်တယ်ဆိုတာ ဦးနှောက်နဲ့ စိတ်ဝိညာဉ်ကိုသုံးပြီး ချစ်ရတာပါ၊ တကယ်နှလုံးသားနဲ့ ချစ်ရတာမဟုတ်ဘူး၊ အဲ့တာယုံတမ်းစကား သပ်သပ်ပဲ" "ဒါဆို မင်းမရှိရင် ဘာလို့ အဲ့နေရာက အရမ်းနာကျင်ရတာလဲ"- အရိုင်းဆန်သောနှလုံးသား (1993)ကယ်ရိုလိုင်းက စားသောက်ဆိုင်မှာ ညနက်တဲ့အထိ အချိန်ပိုင်း စားပွဲထိုးရတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပြီး အချစ်ရေးလည်း ကံခေသူလေးပါ။ အက်ဒမ်ကတော့ ငယ်ငယ်လေးကတည်းက မိဘတွေမရှိကြတော့လို့ မိဘမဲ့ဂေဟာမှာပဲ ကြီးပျင်းခဲ့ရသူပေါ့။ ဒါ့အပြင် ကျန်းမာရေးလည်းချူချာတာမို့ ဂေဟာမှာရှိတဲ့ သီလရှင်တွေက ခက်ခက်ခဲခဲ စောင့်ရှောက်ခဲ့ကြရတာပါ။ ဒီလိုနဲ့ သူလည်း အသက်ကြီးလာတဲ့အခါ ကယ်ရိုလိုင်း ...
movie

Untamed Heart (1993)

The Lincoln Lawyer (2011) 7.3
The Lincoln Lawyer (2011) The Lincoln Lawyer (2011) အညွှန်း **********************************IMDb   .... 7.3,,,,RT..... 73%"ကနဦး ဒေါ်လာ ၁သိန်း အရင်လိုချင်တယ်...ပြီးရင် အလုပ်ချိန် ၁နာရီ ကို ဒေါ်လာ ၅၅၀အမှုစပြီးကြားနာရင် ဒေါ်လာ ၁၀၀ ထပ်တိုးမယ်"ဒါကတော့ ရှေ့နေမစ်ခ်ရဲ့ အမှုတစ်ခုအတွက်ပျမ်းမျှအခကြေးငွေပဲ...ပိုက်ဆံချေမယ်ပြောပြီး ငွေမရသေးရင် တရားရုံးတင်တဲ့ရက်ကို ရွှေ့ပစ်တဲ့ရှေ့နေတစ်ယောက်ပါ။သူက ဘိန်းရာဇာလိုကောင်တွေနဲ့တောင် အလုပ်လုပ်တဲ့သူ...သူ့မှာ သိပ်တော်တဲ့ အလွတ်တန်းစုံထောက်တစ်ယောက်ရှိသလို...နယ်ပယ်အသီးသီးက သတင်းအတိအကျရယူပေးနိုင်တဲ့အဆက်အသွယ်တွေလည်းရှိတယ်။ဒီလောက်ဆိုမစ်ခ်ဆိုတဲ့ရှေ့နေဟာ ဘယ်လိုဆရာကျနေမလဲသိလောက်ပါပြီ...ဒီလိုနဲ့တစ်နေ့မှာ မစ်ခ် ဟာ...လူကုံထံသူဌေးသား တစ်ယောက် မုဒိမ်းမှု၊လူရိုက်မှုတွေနဲ့ ...အစွပ်စွဲခံထားရတဲ့ အမှုကို ကူညီပေးဖို့သဘောတူလိုက်တယ်...အဲဒီမှာ သောက်ကျိုးနည်းပြဿနာတွေ တသီကြီး စပါတော့တယ် ....ဒီကားက မင်းသားကြီး  Matthew McConaughey အဓိကသရုပ်ဆောင်ထားတဲ့ကား...ဒီလိုစရိုက်မျိုးတွေဆို အပိုင်နိုင်ဆုံးလို့တောင်ဆိုရမယ်။ ဇာတ်လမ်းက အရမ်းမိုက်သလို...အစမှအဆုံးထိ ဆွဲဆောင်မှုရှိလွန်းတယ်...လက်မလွှတ်သင့်တဲ့ နင်းကန်ကောင်းတဲ့ကားမို့..ဒီကားလေးကို ကြည့်ကြည့်ကြပါလို့ညွှန်းလိုက်ချင်ပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thar Htet ပဲဖြစ်ပါတယ်...File size : 2.03GB / 1.01GB Quality ...
movie

The Lincoln Lawyer (2011)

Brothers (2024) 5.8
Brothers (2024)  မိသားစုတွေအများစုမှာ မျိုးရိုးစဉ်ဆက် Profession တွေရှိကြတယ်။ တချို့မိသားစုတွေက ရှေ့နေမျိုးရိုးဆွေ၊ တချို့ကဆရာဝန်မျိုးရိုးတွေ။ မန်ဂါမိသားစုကတော့ မျိုးရိုးစဉ်ဆက်မှာဆိုးပေ့မိုက်မေ့ဆိုတဲ့ ဒုစရိုက်မှုမှန်သမျှအကုန်လုပ်တဲ့ မိသားစုပါ။အမြွှာညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ ဂျူဒီ နဲ့ မုခ် က ငယ်စဉ်ကတည်းကမိသားစုဆီကနေ သင်ယူခဲ့ရတဲ့ သင်ခန်းစာတွေကြောင့် ခိုးဝှက်တဲ့အလုပ်တွေမှာ လက်စွမ်းထက်တယ်။သူတို့အမေဖြစ်သူက တစ်ရက်မှာ ဓားပြတိုက်ရင်း ရဲလက်ကနေထွက်ပြေးရတာကြောင့် ကိုယ့်ဝမ်းကိုယ်ကျောင်းဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ တစ်ရက်မှာပဲ စက်ရုံတစ်ရုံကိုဝင်ခိုးနေရင်းအဖမ်းခံရပြီး အစ်ကိုဖြစ်သူ ဂျေဒီက ထောင်ကျသွားပါတော့တယ်။ဂျေဒီ ထောင်က ပြန်လွတ်လာချိန်မှာတော့ ပျက်စီးသွားတဲ့ဘဝကိုပြန်အဖတ်ဆည်ဖို့ ကြိုးစားပါတော့တယ်။ ညီဖြစ်သူမုခ်ကတော့အိမ်ထောင်ကျပြီး ကလေးတစ်ယောက်ရကာ ဘဝကို တည်တည်ငြိမ်ငြိမ်နဲ့ဖြတ်သန်းနေခဲ့ပါပြီ။ဒီဇာတ်လမ်းလေးမှာတော့ ညီအစ်ကိုနှစ်ယောက်ပေါင်းပြီး နောက်ဆုံးမစ်ရှင်လေးတစ်ခု လုပ်ကြချိန်မှာ ကြုံတွေ့ရမဲ့ အလွဲတွေနဲ့ မိသားစုတွင်းဆက်ဆံရေးတွေကို ဟာသနဲ့အက်ရှင်ရောကာ ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်။  File size…2.90GB / 1.01GB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 29m Genre ….. Action , ...
movie

Brothers (2024)

Someone Like You…(2001) 6.1
Someone Like You…(2001)  ဇာတ်ဆောင်ဂျိန်းက အသည်းကွဲနေတဲ့ကာလမှာ ယောကျာ်းတွေရဲ့သဘောသဘာဝကိုအဖြေရှာချင်ခဲ့ပါတယ်။ သူရှာဖွေတွေ့ရှိလာတဲ့သီအိုရီတခုကတော့ နွားအသစ်ပါတဲ့။နွားထီးတွေဟာ သူတိုမိတ်လိုက်ပြီးသားနွားမကို ၂ခါပြန်ပြီးမိတ်မလိုက်တတ်ပါဘူးတဲ့။ ယောကျာ်းတွေဟာလည်း နွားထီးတွေလို အသစ်မြင် အဟောင်းမေ့ဗီဇပါတဲ့သတ္တဝါတွေလိုမှတ်ယူလိုက်ပါတော့တယ်။ဂျိန်းကဇာတ်လမ်းအဆုံးထိ နွားသစ်သီအိုရီကိုလက်ခံသွားမလား မှားကြောင်းပြမယ့်လက်တွဲဖော်တွေ့သွားမလား???? ဇာတ်ကားအညွှန်း‌ရေးသူမိမိလည်း ဒီသီအိုရီကိုလက်ခံချင်မိပါတယ်။ လူကြီးမင်းတိုအမြင်မှာရော နွားအသစ်သီအိုရီကိုလက်ခံလား လက်မခံဘူးလား?လက်မခံတဲ့သူတွေကို အားကျလိုက်တာ အချစ်ခံရတဲ့လူသားတွေဖြစ်မယ်ထင်ပါတယ်။ မိမိလည်း နွားသစ်သီအိုရီကမှားကြောင်းပြနိုင်မယ့်သူတွေ့လာမယ်မျှော်လင့်ရင်း အညွှန်းလေးကိုအဆုံးသတ်လိုက်ပါတယ်ရှင့်။ File size…(1.8 GB)/(990 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:37:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Inzali
movie

Someone Like You…(2001)

Four Rooms (1995) 6.7
Four Rooms (1995)  ဒီဇာတ်ကားလေးက ဟိုတယ်ဧည့်ကြိုကောင်လေး Ted တယောက်ရဲ့ နှစ်သစ်ကူးညမှာကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ဟာသနှောပြီးရိုက်ကူးထားတာပါ၊ ထူးခြားတာက ဒီဇာတ်ကားကို ဒါရိုက်တာ ၄ ယောက်ကရိုက်ကူးခဲ့တာဖြစ်ပြီး ဟိုတယ်အခန်း ၄ ခန်းမှာ Ted တယောက်ကြုံတွေ့ခဲ့ရတာတွေကို ပုံဖော်ထားတာပါ၊ပထမအခန်းကတော့ နတ်ဘုရားတယောက်ကို အသက်ပြန်သွင်းဖို့ ကြိုးစားနေတဲ့ စုန်းမတွေနဲ့ Ted တယောက်တွေ့ခဲ့ရတာပါ၊ အသက်ပြန်သွင်းဖို့အစီအရင်မှာ ပစ္စည်းတခုလိုအပ်နေခဲ့ပြီး ဒါကိုလည်း Ted ကဖြည့်ဆည်းပေးခဲ့ရပါတယ်၊ဒုတိယအခန်းကတော့ ရန်ဖြစ်နေတဲ့လင်မယား၂ယောက်အခန်းပါ၊ Ted တယောက် ဒီရန်ပွဲထဲမှာ ကြားညှပ်ခဲ့ရပါတယ်၊နောက်တခန်းကတော့ ဂန်းစတားတယောက်ရဲ့အခန်းဖြစ်ပြီး ဂန်းစတားရဲ့ သားနဲ့သမီးကို ထိန်းဖို့ဖြစ်လာရကနေ အခက်အခဲပေါင်းများစွာကို Ted တယောက်ထပ်ပြီးကြုံတွေခဲ့ရပါတယ်၊နောက်ဆုံးအခန်းကတော့ ဟောလိဝုဒ်နာမည်ကြီးတယောက်ရဲ့ အခန်းဖြစ်တာမို့ Ted တယောက်သက်သာရာရပြီထင်ခဲ့ပေမယ့် နှစ်သစ်ကူးညကြုံတွေ့ရသမျှထဲမှာ အဆိုးဆုံးနဲ့ကြောင်တောင်တောင်အနိုင်ဆုံးကိစ္စကို ကြုံတွေ့ခဲ့ရပြန်ပါတယ်၊ဒီဇာတ်ကား‌က ဟိုတယ်တခုထဲမှာပဲ ဖြစ်ခဲ့တဲ့ မတူညီဖြစ်ရပ်တွေကို ဟာသဆန်ဆန်ရိုက်ကူးထားတာဖြစ်ပြီး တကယ်လည်းရယ်ရတဲ့ကားလေးပါ၊ File size…(1.7 GB)/(860 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. ...
movie

Four Rooms (1995)

Alfie (2004)
Alfie (2004) IMDb 6.2 ရရှိထားပါတယ်။ Comedy / Romance အမျိုးအစားလေးပါ။ ဇာတ်အိမ်ကတော့ အယ်လ်ဖီဆိုတဲ့ ဒရိုက်ဘာတစ်ယောက်ကိုတည်ထားတာ။ အယ်လ်ဖီက လီမိုကားမောင်းတဲ့ ဒရိုက်ဘာတစ်ယောက်။ သူ့ရုပ်ရည်က စွဲဆောင်မှုရှိတဲ့အထဲပါတယ်ပေါ့။ စော်ကြည်ဘဲပေါ့။အယ်လ်ဖီရဲ့အားသာချက်က တော်ကီကောင်းပြီး မိန်းမတွေကိုညှို့ယူဆွဲဆောင်ရမလဲဆိုတာကို ကောင်းကောင်းသိတာ။ စော်ကြည်ဘဲအယ်လ်ဖီက လီမိုကားဒရိုက်ဘာလုပ်ပြီး၀န်ဆောင်မှုပေးရတဲ့ အထက်တန်းလွှာအသိုင်းအဝိုင်းထဲက မိန်းမတွေနဲ့ငြိတယ်ပေါ့။ ဒီလို၀မ်းနိုက်စတန်းတွေနဲ့ စားချင်တိုင်းစားနိုင်နေတဲ့အယ်လ်ဖီရဲ့ မကောင်းတဲ့အကျင့်က မိန်းကလေးတစ်ယောက်ကို စိတ်ရှိသလိုအသုံးချပြီးရင် တာ၀န်ယူမှုတာ၀န်ခံမှုကျ မရှိတာပဲ။ သူက သူ့ရဲ့မကောင်းတဲ့လုပ်ရပ်တွေကို ဆင်ခြေဆင်လက်ပေါင်းစုံနဲ့ အပြစ်လွတ်အောင် အကြောင်းပြပြီး ရှောင်ပြေးနေကျ။ ဒါပေမဲ့ လည်လွန်းတဲ့ဘီး ချေးသင့်ဆိုတဲ့စကားအတိုင်း အယ်လ်ဖီက သူ့ရပ်တွေရဲ့ ကြောက်စရာအကျိူးဆက်တွေကို တဖြည်းဖြည်းခံစားလာ‌ရတော့တယ်။ဒီရုပ်ရှင်ထဲမှာ ဇာတ်လိုက် အယ်လ်ဖီကိုယ်တိုင်က ‌ဇာတ်ကြောင်းပြော‌တဲ့‌‌သူနေရာကနေလည်း သရုပ်ဆောင်ထားတာကြောင့် သူက ဇာတ်၀င်ခန်းတွေမှာ ပရိတ်သတ်ကြည့်ပြီး စကားလှမ်းလှမ်းပြောတဲ့ပုံစံက ရုပ်ရှင်ကိုနည်းနည်းဆန်းသွားစေတယ်လို့ဆိုရမယ်။ ရုပ်ရှင်ကပေါ့ပေါ့ပါးပါးပါပဲ လိင်ကိစ္စ၊ ဖိုမသဘာ၀ ဟာသလေးတွေနဲ့ရောပြီး မက်ဆေ့ခ်ျလေးတွေကိုပေးသွားတာမလို့ အေးဆေးကြည့်လို့ကောင်းတဲ့ရုပ်ရှင်လေးပါ။ အဖော်အချွတ်ခန်းတွေပါ၀င်တာကိုတော့ သတိချပ်ပေးပါ။File ...
movie

Alfie (2004)

Upgraded (2024) 6.1
Upgraded (2024)  လူကြီးဆန်တဲ့အလှနဲ့ မောင်လေးတွေကိုဖမ်းစားထားတဲ့မမCamila Mendes ရဲ့အချစ်ဇာတ်ကားအသစ်ထွက်ရှိလာပါပြီ။ဒီအချစ်ဇာတ်ကားလေးရဲ့ နာမည်ကတော့ Upgraded ဖြစ်ပြီးIMDb Rating 6.1 အထိရရှိထားပါတယ်။အန်နာဆိုတဲ့ ကောင်မလေးတစ်ယောက်က ပိုက်ဆံဆိုရင်ရေသည် မိန်းမထက်တောင် ပိုမွဲပြီး အစ်မရဲ့အိမ်မှာကပ်နေနေရတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။နေ့စဉ်ရက်ဆက် သူ့ကိုအိမ်မှာမနေစေချင်တဲ့ မလိုလားအပ်တဲ့စကားတွေကိုကြားနေရပြီး တစ်နေ့မှာ သူအရမ်းဝါသနာပါတဲ့ပန်းချီပြခန်းလေး တစ်ခုဖွင့်နိုင်ဖို့ရည်မှန်းချက်ရှိနေသူဖြစ်ပါတယ်။အဲ့ဒီ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့အတွက်ပန်းချီကားတွေကို လေလံတင်ပေးတဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပြီး အလုပ်သင်ဘ၀မှာ သူ့ရဲ့အရည်အချင်းတစ်ခုကိုသူဌေးရှေ့မှာပြနိုင်ခဲ့တဲ့အတွက် လန်ဒန်မှာသူဌေးရဲ့ လက်ထောက်အနေနဲ့ လိုက်ပြီးအလုပ်လုပ်ရဖို့ အကြောင်းဖန်လာပါတော့တယ်။အဲ့ဒီလန်ဒန်ကို သွားတဲ့လေယာဉ်ပေါ်မှာ ဝီလီယမ်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ တွေ့ခဲ့ပြီး အမှတ်မထင်သူ့ကိုယ်သူ သူ့ကုမ္ပဏီရဲ့ဒါရိုက်တာလို့ ပြောလိုက်မိပြီး အဲ့ဒီဇာတ်အတိုင်းဆက်ကနေလိုက်ပါတော့တယ်။ဒီလိုနဲ့မှ အဲ့ဒီအလိမ်အညာတွေကတဖြည်းဖြည်းနဲ့ ပိုကြီးလာခဲ့ပြီးနောက်ဆုံးမှာတော့ လောကဓံရဲ့ရိုက်ချက်ကို ဘယ်လိုပြန်ခံစားရမယ်ဆိုတာတွေ ဝီလီယမ်နဲ့အန်နာကြားမှာရော အဲ့ဒီအလိမ်အညာကနေ အချစ်ဇာတ်လမ်းလေးတစ်ခုပေါ်ပေါက်လာမလားဆိုတာတွေကို ကြည့်ရှုရမဲ့ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.55GB / 683MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 44m Genre ….. Drama , Romance Subtitle….Myanmar ...
movie

Upgraded (2024)

Love the Coopers (2015) 5.8
Love the Coopers (2015)  မိသားစုတိုင်းမှာ မတူညီတဲ့ နောက်ခံဇာတ်လမ်းတွေအဖြစ်အပျက်တွေ ပျော်ရွှင်စရာတွေ ဝမ်းနည်းရတာတွေမကျေမနပ်ဖြစ်ရတာတွေ ရှိကြပါတယ်။ လူတွေဟာ လူတွေဖြစ်နေတဲ့အတွက်ကြောင့်ကို ပြီးပြည့်စုံခြင်းမရှိနိုင်ကြပါဘူး။ ဒါကြောင့် ဘယ်လောက်ပဲမပြေလည်တာတွေရှိကြပေမယ့်အချိန်မနှောင်းခင်မှာ ပြေလည်မှုရဖို့ ကြိုးစားသင့်ကြပါတယ်။ ဘာလို့လဲဆိုတာ့ မိသားစုဖြစ်နေလို့ပါ။ တစ်သက်မှာ တစ်ခါပဲ ရနိုင်တဲ့ ရွေးချယ်ခွင့်လည်းမရှိတဲ့ ကိုယ့်ကို ချစ်ခြင်းမေတ္တာတွေသိသိသာသာဖြစ်ဖြစ် မသိမသာဖြစ်ဖြစ် ပေးနိုင်တဲ့သူတွေဖြစ်နေလို့ပါလေ။ သွေးက ရေထက်တော့ပြစ်တယ်လို့ဆိုကြတယ်မလား။ ချစ်ခြင်းမေတ္တာက ပြဿနာအားလုံးကိုဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်။ဒီဇာတ်ကားလေးမှာလည်း သားသမီး‌တွေကို ထိန်းကျောင်းရင်း ကိုယ့်ဖာသာကိုယ်ပျောက်ဆုံးနေတဲ့ ဇနီးမောင်နှံနှစ်ယောက်ဟာ မိသားစုဝင်တွေအတွက် အမှတ်တရဖြစ်စေမဲ့ ခရစ်စမတ်ညစာလေးကိုဖန်တီးကြရင်း မပြေလည်တာတွေကို ပြေလည်အောင်လုပ်ပေးနိုင်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ အခက်အခဲတွေ ပြဿနာတွေ မထင်မှတ်တာတွေ ကြုံလာရတဲ့အခါ ဘယ်လိုကျော်ဖြတ်ကြလဲ နောက်ဆုံးမှာ ဘယ်လိုပြေလည်သွားကြလဲဆိုတာကို ခရစ်စမတ်အချိန်နောက်ခံလေး နဲ့ တင်ဆက်ပြထားတဲ့အတွက် ဆွတ်ပျံ့ကြည်နှူးဖွယ် ရယ်ရွှင်ဖွယ် ခံစားကြရမှာပါ။2015 ခုနှစ်ကထွက်ရှိခဲ့တဲ့ comedy drama အမျိုးအစားဇာတ်ကားဖြစ်ပြီး မိသားစု နဲ့ ချစ်ရသူတွေနဲ့ ကတောက်ကဆဖြစ်နေရတဲ့ အချိန်တွေမှာများကြည့်ဖြစ်ခဲ့မယ်ဆိုရင် ဇာတ်ကားဆုံးတာနဲ့ ရင်ထဲ အတွေးတစ်စကျန်ကောင်း ကျန်နေနိုင်ပါတယ်လို့ ပြောချင်ပါတယ်။ File size…    2 GB /  984 MB Quality… BluRay 1080p / 720p Format… ...
movie

Love the Coopers (2015)

2015
Trainwreck (2015) 6.2
Trainwreck (2015) စိတ်ပိုင်းဆိုင်ရာအရ ငယ်စဉ်မှာ မိသားစုနဲ့ပတ်သက်ပြီး စိတ်ဒဏ်ရာခံစားခဲ့ရတဲ့ကလေးတွေဟာ သူတို့စိတ်ထဲမှာ ဒဏ်ရာ ရခဲ့တာကို စွဲလမ်းနေတတ်ပြီး အသက်ကြီးလို့ လက်တွဲဖော်ရွေးတဲ့အခါမှာလည်း ကိုယ့်အပေါ် မကောင်းတဲ့လူ၊ နာကျင်စေတတ်တဲ့လူတွေကပဲ ရွေးချယ်နေတတ်ကြတယ်လို့ ဆိုကြပါတယ်။ Amy Townsend ကတော့ အဖေနဲ့ အမေရဲ့ အိမ်ထောင်ရေးအကွဲအပြဲကြား“တစ်လင်တစ်မယား စနစ်ဆိုတာ လက်တွေ့မဆန်ဘူး”ဆိုတဲ့စကားနဲ့ ကြီးပြင်းလာရတဲ့ ကောင်မလေးပါ။ရည်းစားတွေ တစ်ယောက်ပြီးတစ်ယောက် တွဲတတ်ပေမဲ့ဘယ်သူ့ကိုမှ အတည်မတွဲဘဲ အပေါ်ယံပေါ့ပျက်ပျက်ပဲ ဆက်ဆံတတ်ပါတယ်။ S’nuff မဂ္ဂဇင်းတိုက်မှာ အယ်ဒီတာအနေနဲ့ အလုပ်လုပ်နေတဲ့Amy တစ်ယောက် အားကစားသမားတွေကို ခွဲစိတ်ပေးနေတဲ့နာမည်ကြီးဆရာဝန် ဒေါက်တာ Aaron ကိုအင်တာဗျူးလုပ်ဖို့ တာဝန်ပေးခံရတဲ့အခါမှာတော့….. ဒီရုပ်ရှင်ရဲ့ ဇာတ်ညွှန်ကို Amy Schumer ရေးထားပြီးAmy Townsend အဖြစ် ကိုယ်တိုင်သရုပ်ဆောင်ထားပါတယ်။ နာမည်ကြီးခွဲစိတ်ဆရာဝန် Dr. Aaron အဖြစ်Bill Hader က သရုပ်ဆောင်ထားပါတယ်။ Action မင်းသားကြီး John Cena လဲ ရည်းစားတွေထဲကတစ်ယောက် အဖြစ် ပါဝင်သရုပ်ဆောင်ပေးထားပါသေးတယ်။ ဇာတ်ကွက်အနေနဲ့ မထူးဆန်းပေမဲ့ ပေါ့ပေါ့ပါးပါး ရယ်‌မောပြီးဘဝအမောတွေ ပြေစေမယ့် Rom-Com ...
movie

Trainwreck (2015)

2015
Only You (1994) 6.5
Only You (1994)  မင်းသားကြီး Robert Downey Junior နဲ့ အန်တီမေတို့ဇာတ်ကားလေးဖြစ်တာကြောင့် Marvel universeမှာ ဆုံစေချင်လျက်မဆုံလိုက်ရတဲ့ ပရိတ်သတ်များအတွက် စိတ်ကျေနပ်စေမှာပါ။Spidermanကားတွေထဲမှာတောင် သိပ်လှနေတဲ့အန်တီမေငယ်ငယ်ရွယ်ရွယ် ဖလန်းဖလန်းအချိန်မှာ ဘယ်လောက်တောင်လှမလဲတွေးကြည့်ရုံတင်မဟုတ် မျက်မြင်ပါကြည့်လို့ပါပြီ။ဇာတ်ကြောင်းကတော့ Faithဟာ ငယ်ငယ်က နာမည်ဖော်ရတဲ့Ouija boardနဲ့ ဗေဒင်ဆရာမဟောပြောချက်ကြောင့် Damon Bradleyနာမည်နဲ့လူဟာ သူ့ဖူးစာရှင်ဖြစ်တယ်ဆိုပြီး ဒီနာမည်ကို တစ်သက်လုံးစောင့်လာပါတယ်။ သူလက်ထပ်ခါနီးအချိန်မှာတင် ဒီနာမည်နဲ့လူကို ရှာဖို့အီတလီကိုလိုက်သွားပါတယ်။ အီတလီမှာ သူဖူးစာရှင်ကို ရှာတွေ့ပါ့မလား၊ဒီနာမည်နဲ့လူကရော သူ့ဖူးစာရှင်အစစ်ဖြစ်ပါ့မလား၊ မင်းသားကြီးRobert Downey Junior နဲ့ရော ဘယ်လိုဆက်စပ်နေမလဲဆိုတာရင်ခုန်စွာ ကြည့်လိုက်ကြရအောင်ဗျာ။  File size…2.36GB / 1.06GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 49m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie

Only You (1994)

She Came to Me (2023) 6.1
She Came to Me (2023) She Came to Me (2023)~ IMDb - 6.1/10, Rotten Tomatoes - 47% ~လတ်တလောမှ အသစ်ထွက်ထားတဲ့ Comedy, Drama, Romance ကားလေးပါ။ GoT ထဲက အကျော်အမော် တိုင်ရီယွန်လန်နစ်စတာသရုပ်ဆောင် Peter Dinklage ရယ်၊ ဟောလိဝုဒ်အလှပဂေး Anne Hathaway ရယ်၊ Tom Holland's Spider-Man ရဲ့အန်တီမေ Marisa Tomei ရယ်ဆိုတော့ အရွေးမမှားမယ့်ကားမျိုးပါပဲ။ လောလော‌ဆယ်တော့ Nomination နှစ်ခု၀င်ထားပါတယ်။ဒီဇာတ်လမ်း‌ကို ဇာတ်ကောင်တွေရဲ့စရိုက်နဲ့ အခက်အခဲတွေကို စိတ်၀င်စားဖို့ကောင်းအောင် ဖော်ကျူးထားတာဖြစ်ပါတယ်။ စတီဗင်က အော်ပရာတေးရေးဆရာတစ်ယောက်ဖြစ်ပြီး ဇနီးချော ကုထုံးဆရာ၀န်မလေး ပတ်ထရီရှာလည်းရှိပါတယ်။ အနုပညာရှင်တို့ရဲ့ တစ်သက်မှာတစ်ခါ ထုံးစံအတိုင်း လတ်တလောမှာ အိုင်ဒီယာမရှိကြောင်ပျောက်နေရင်းကနေ ဆွဲသင်္ဘောကပ္ပတိန်မ‌လေးကတ်ထရီနာနဲ့ ခဏတာအပျော်ရှာပြီးတဲ့နောက် ရုတ်တရက်အလင်းပွင့်ပြီး သီချင်းတွေပြန်ရေးနိုင်ခဲ့ပါတယ်။ ပတ်ထရီရှာကတော့ ဘာသာတရားကိုင်းရှိုင်းသူဖြစ်ပြီး ...
movie

She Came to Me (2023)

2023
Before the Devil Knows You’re Dead (2007) 7.3
Before the Devil Knows You’re Dead (2007) Imdb rating - 7.3/10ဒီ​ရုပ်ရှင်​ကတော့​ ၂၀၀၇ ခုနှစ်​က​ထွက်ရှိ​ခဲ့တဲ့​ အမေရိကန်​အင်ဒီရုပ်ရှင်​ဖြစ်ပြီး​ Crime/Drama နဲ့​ Thriller အမျိုး​အစားဖြစ်ပါတယ်။ ဇာတ်ကား​နာမည်က​ အိုင်းရစ်ရှ်စကားပုံတစ်ခုကနေ မှီငြမ်းထားတာဖြစ်ပြီး​ ဒီရုပ်ရှင်ကို​၂၀၀၇​ မှာ ထွက်ရှိခဲ့တဲ့အကောင်းဆုံးရုပ်ရှင် ဆယ်ခုထဲကတစ်ခု​အဖြစ်​ သတ်မှတ်ခဲ့ပါတယ်။အော်​စကာဆုရှင်မင်း​သားကြီး​ Philip Seymour Hoffmann နဲ့​ Ethan Hawke တို့က​ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့​ Hank နဲ့​ Andy Hanson​ ညီအစ်ကို​နှစ်ယောက်​အဖြစ်ပါဝင်ထားပါတယ်။ ဇာတ်လမ်း​မိတ်ဆက်​က​တော့​ ဟန်ခ့်​ဟန်ဆန်​ (Ethan Hawke) က​ ဇနီး​ဖြစ်သူနဲ့ကွာရှင်းထားပြီး ငွေကြေး​မပြေလည်တာကြောင့် အကြွေးပတ်လည်ဝိုင်းပြီး သမီး​ဖြစ်​သူအတွက် ကလေး​စရိတ်​ကိုတောင်​ပေးဖို့​ရုန်းကန်​နေရသူပါ။ သူ့အစ်ကိုဖြစ်တဲ့ အန်​ဒီက​ အိမ်ခြံမြေကုမ္ပဏီမှာ ဘဏ္ဍာရေး​ဌာနအကြီးအကဲဖြစ်ပြီး ငွေကြေးအလွဲသုံးစားလုပ်ထားတာတွေကြောင့်​ ဘရာဇီးကိုထွက်ပြေးဖို့ကြံစည်နေပါတယ်။ လိုအပ်​တဲ့ငွေကြေးကိုရဖို့အတွက် အန်ဒီ​က​ သူ့ညီဟန်ခ့်ကို ဓားပြ​တိုက်ဖို့စည်းရုံးပါတော့တယ်။ ဓားပြ​တိုက်မှာ​က​ တခြားမဟုတ်ဘဲ သူ့မိဘနှစ်ပါးရဲ့ရတနာဆိုင်ပါ။ ဒါပေမဲ့​ သူတို့​စီစဥ်ထားသလိုမဖြစ်ဘဲ​ အကြီးအကျယ်လွဲချော်သွားတဲ့အခါ နောက်​ဆက်​တွဲ​ဖြစ်​ရပ်​တွေ​ တသီတတန်းကြီးကို ...
movie

Before the Devil Knows You’re Dead (2007)

Parental Guidance (2012) 6.0
Parental Guidance (2012)  အာတီဟာ အသက် ၄၅ နှစ်အရွယ် ဘေ့စ်ဘောအားကစားပွဲတွေရဲ့ နောက်ခံအသံတင်ဆက်သူတစ်ယောက်ပါ။ သူဟာ အလုပ်ကို ချစ်လို့လုပ်တဲ့လူစားမျိုးဖြစ်ပေမဲ့လည်း အာတီတစ်ယောက် Facebook လေးတောင်မသုံးတတ်လို့ဆိုပြီး အလုပ်ကနေအထုတ်ခံလိုက်ရပါတယ်။ အဲဒီနောက်တော့ သူ့ရဲ့သမီးဖြစ်သူက ကလေးတွေကိုထိန်းပေးဖို့ အကူအညီတောင်းတော့ အာတီတို့လင်မယားနှစ်ယောက် ကလေးတွေထိန်းပေးဖို့သွားပါတော့တယ်။ အမေရိကန်မိသားစုတွေဆိုပေမဲ့လည်း မတူညီတဲ့မျိုးဆက်တွေကြားထဲက မိဘအုပ်ထိန်းမှုပုံစံတွေနဲ့ သွန်သင်ဆုံးမတဲ့ပုံစံတွေကလလည်း ကွာခြားနေတော့ အာတီတို့လင်မယားနှစ်ယောက် သူ့မြေး၃ကောင်နဲ့ ဘယ်လိုဘယ်ပုံစခန်းသွားကြမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားထဲက သရုပ်ဆောင်တွေဟာဆိုရင်လည်း ကလေးသရုပ်ဆောင်ကအစ နာမည်ကြီးရုပ်ရှင်ဇာတ်ကားတွေထဲမှာ သရုပ်ဆောင်ကြဖူးထားကြပြီး IMDb 6.0 ရရှိထားတဲ့ အမေရိကန် မိသားစုဟာသ ရုပ်ရှင်ဇာတ်ကားတစ်ကားလည်းဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေပြေကြည့်ရှုဖို့အတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။File size…(2.1 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mako
movie

Parental Guidance (2012)