Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Marion Cotillard
8.5
The Dark Knight Rises (2012)
The Dark Knight Rises (2012) IMDb Rating (8.4) ဒီတစ်ခါတော့ ပရိတ်အကြိုက် Superhero ဇာတ်ကားဖြစ်တဲ့ The Dark Knight Rises ဇာတ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဒီကားက Christopher Nolan ရဲ့ Batman Trilogy မှာ နောက်ဆုံး ဇာတ်ကားဖြစ်ပြီး၊ မင်းသား Christian Bale ရဲ့ နောက်ဆုံး Batman ဇာတ်ကားဖြစ်ပါတယ်။ Batman ပရိတ်သတ် တွေအားလုံးနီးပါးရဲ့ အားပေးမှုကိုရခဲ့ပြီး၊ အကောင်းဆုံး Superhero ဇာတ်ကားလို့ သတ်မှတ်ထားတဲ့ The Dark Knight ရဲ့ နောက်ဆုံးပိတ်လည်းဖြစ်သလို၊ Epic Ending ဖြစ်မယ်လို့ ပြောထားခဲ့လို့ ဒီကားကို လူတွေစိတ်ဝင်စားခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ထင်သလောက် ဖြစ်မလာခဲ့ပါဘူး။ ဒီလိုပြောလို့ မကောင်းတာတော့မဟုတ်ပါဘူး။ ဇာတ်ကားကောင်းတစ်ကားပါ။ The Dark knight ...
movie
The Dark Knight Rises (2012)
2012
4K HEVC IMAXHDR
6.4
Charlotte (2021)
Charlotte (2021)~ IMDb - 6.4/10, Rotten Tomatoes - 71% ~Loving Vincent ဆိုတဲ့ အန်နီမေးရှင်းကားကိုမှ ဗန်ဂိုးရဲ့ ပန်းချီဟန်တွေနဲ့ ပေါင်းစပ်ထားတဲ့ ရုပ်ရှင်ကို သိကြမယ်ထင်ပါတယ်။ ဒီရုပ်ရှင်ဟာလည်း ထိုနည်းလည်းကောင်း ရုပ်ရှင်ပါ။ Charlotte လို့ခေါ်တဲ့ ဒုတိယကမ္ဘာစစ်ကာလတုန်းက ဂျာမန်ဂျူးအစပ် ပန်းချီဆရာမလေးရဲ့ ဂျာမန်တွေဒဏ်ကိုခံနေရတဲ့ကြားက မာစတာပိစ်လက်ရာတစ်ခုကို ဖန်တီးတဲ့အကြောင်းကို ရိုက်ပြထားတာပါ။ ကျွန်တော့်လို Loving Vincent ကို အသည်းစွဲကြိုက်တဲ့လူတွေတော့ ဒီရုပ်ရှင်ကိုလည်း သဘောကျကြမှာပါ။Charlotte ဟာ သူ့မိသားစုရဲ့ ရင်နာစရာဇာတ်ကြောင်းကို ပန်းချီကားတစ်ထောင်ကျော်နဲ့ ပုံဖော်ရေးဆွဲခဲ့ပြီး "ဘဝလေလား ပြဇာတ်လေလား" လို့ ပန်းချီတစ်ထောင်ကျော်လုံးကို တစ်စုတည်းအဖြစ် သတ်မှတ် နာမည်ပေးလိုက်ပါတယ်။ အဲဒီပန်းချီကားစုကို ပထမဆုံး ဂရပ်ဖစ်နိုဗယ်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ သူဟာ ပျော်စရာတွေထက် ဝေဒနာတွေက အနုပညာပိုစစ်တယ်လို့ ယူဆခဲ့ပြီး သူ့မိသားစုရဲ့ ဝေဒနာတွေကို ...
movie
Charlotte (2021)
2021
6.6
Annette (2021)
Annette (2021)=============IMDb Rating - 6.6/10 Adam Driver နဲ့ Marion Cotillard တို့ ပါ၀င် သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းဟာဆိုရင် musical filmငတ်နေသူတွေအတွက်တော့ဘ၀င်ကျစရာပါပဲ၊ La La Land တို့ The Greatest Showman တို့လို ဇာတ်လမ်းအဖြစ်အပျက်ကို သီချင်းတွေ သီဆိုရင်း အနုပညာမြောက်မြောက် တင်ဆက်ထားတာ တွေ့ရပြီး နားကြပ်လေးသာတပ်ကြည့်ရင် ဂီတအနှစ်သာရခံစားရတာ ပိုပြီးကောင်းပါလိမ့်မယ်။Musical film ဖြစ်တဲ့အတွက် Plot ကိုပဲ အာရုံစိုက်ပြီး ကျန်တာဘေးထားကြည့်နိုင်ရင်တော့ အပန်းဖြေစရာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ဟင်နရီဆိုတဲ့ လူဟာ stand-up comedian တစ်ယောက်၊ အန်ဆိုတဲ့ အမျိုးသမီးက operasinger တစ်ယောက်၊ ၂ ယောက်လုံးဟာ သူ့နယ်ပယ်မှာသူ ဒိတ်ဒိတ်ကြဲအောင်မြင်နေသူတွေ ဒီလိုအချိန်မှာ ရုတ်တရက်လက်ထပ်လိုက်ကြပြီး အန်းနက်ဆိုတဲ့ သမီးလေးမွေးဖွားလာတယ်။ သို့ပေမဲ့ အန်းနက်ဆိုတဲ့ ကလေးမလေးဟာ ...
movie
Annette (2021)
2021
5.5
Dolittle (2020)
Dolittle 2020============#Unicodeအားလုံးမျှော်လင့်နေတဲ့ ၂၀၂၀ ခုနှစ်ထွက် Doctor Dolittle ကိုတင်ဆက်ပေးလိုက်ပါတယ်... Dolittle ဟာ လွန်ခဲ့တဲ့ သက္ကရာဇ် ၁၉၂၀ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စာရေးဆရာ Hugh Lofting ရဲ့ ဒေါက်တာ Dolittle စွန့်စားခန်းများကို အခြေပြုရိုက်ကူးထားတာပဲဖြစ်ပါတယ်... ဒီဇာတ်လမ်းထဲက ဒေါက်တာ Dolittle ဟာ တိရစ္ဆာန်တွေကို စကားပြောနိုင်တဲ့ ထူးခြားတဲ့စွမ်းရည်တစ်ခုရှိပြီး တိရစ္ဆာန်တွေကိုလည်းဆေးကုပေးနေတဲ့ ဆရာဝန်တစ်ယောက်ပေါ့... တစ်နေ့မှာ ကြေကွဲဝမ်းနည်းစရာအဖြစ်အပျက်တစ်ခုကြောင့် သူဟာ လူ့လောကကြီးနဲ့အဆက်အသွယ်ဖြတ်ပြီး အိမ်ထဲမှာ တံခါးပိတ်နေထိုင်နေရင်း မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ တံခါးခေါက်ရောက်ရှိလာပါတော့တယ်... ဇာတ်လမ်းအစကနေ အဆုံးအထိ ရယ်မောစရာလေးတွေနဲ့ဒီဇာတ်လမ်းကိုကြည့်ရှုရမှာဖြစ်ပြီး အဆုံးသတ်မှာ ကြည့်ရှုသူရင်ထဲ တစ်စုံတစ်ခုကျန်ခဲ့လိမ့်မယ်လို့ထင်ပါတယ်... ဇာတ်လမ်းထဲမှာ Doctor Dolittle အဖြစ်သရုပ်တောင်ထားသူက ပြည်သူချစ်မင်းသားကြီး Robert Downey, Jr. ဖြစ်ပြီး တခြား အသံသရုပ်ဆောင်တွေအနေနဲ့လည်း Tom Holland,Rami Malek , John Cena, Selena Gomaz စတဲ့ ...
movie
Dolittle (2020)
2020
6.6
Contagion (2011)
(Unicode)ခုတင်ဆက်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့H1 N1 ရောဂါအကြောင်းကို ရိုက်ထားတဲ့ဇာတ်ကားပါ ၂၀၁၁ ခုနှစ်ကထွက်ခဲ့တဲ့ဇာတ်ကားလေးပါဘတ်သ်အမ်ဟို့ဖ်ဆိုတဲ့ အမျိုးသမီးဟာ အလုပ်ကိစ္စနဲ့ဟောင်ကောင်ကိုသွားပြီး ပြန်အရောက်မှာ နေမကောင်းဖြစ်ပြီးရုတ်တရက်သေဆုံးရာကစခဲ့တာပါတစ်နေ့ပြီးတစ်နေ့ကူးစက်ခံရသူတေ် များလာတယ် သေဆုံးသူတွေလဲ များလာပါတယ်WHO အဖွဲ့ရော ဒေါက်တာရှီဗာတို့ရော ဒေါက်တာဆော့စ်မန်းတို့ရောဘာဖြစ်တာလဲသိဖို့ အားလုံးကြိုးစားရှာဖွေကြရပါတယ်ဒီထဲမှာမှ ဘယ်သူကရှာဖွေတွေ့ရှိသွားလဲကုသနိုင်တဲ့ဆေးရှာတွေ့မှာလားကာကွယ်ဆေးရောပေါ်လာလားဆိုတာတွေရှာဖွေနေစဉ်အတောအတွင်းမှာ စတေးလိုက်ရတဲ့ အသက်တွေလူထုကြား ရောဂါဖြစ်နေပြီဆိုတာ သတင်းပျံ့သွားတဲ့အချိန်မှာ လူထုကဘယ်လိုတုံ့ပြန်လာလဲဆိုတာတွေ အားလုံး ဝေဝေဆာဆာနဲ့ အကွက်ကျကျရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးပါဒီလိုအချိန်မှာ လက်မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားလေးလို့ ညွှန်းပေးပါရစေဗျာအချုပ်အနေနဲ.ပြောရရင် Steven Soderberg ရဲ့ 2009 Flu Pandemic ကို အခြေတည်ရိုက်ထားတဲ့ Contagion (2011) ဇာတ်ကားက အခုအချိန် ကြည့်ဖို့အသင့်တော်ဆုံးပဲ။Pandemic Event အတွင်း- WHO ရဲ့ စီမန်ခန့်ခွဲမှုအဆင့်ဆင့်တွေ၊- Medical Field ရဲ့ လုပ်ငန်းခွင် မလုံခြုံမှုတွေ၊- ဝိသမလောဘသားတွေရဲ့ အမြတ်ထုတ်ခြယ်လှယ်မှုတွေ၊- နောက်ဆုံး လူထုကြားမှာဆင့်ပွားလာတဲ့ အကြောက်တရားတွေ အကြောင်းကိုဒီကားမှာ ...
movie
Contagion (2011)
2011
6.3
Anchorman 2: The Legend Continues (2013)
ရွန်ဘွန်ဂနီပြန်လာပါပြီ ဒီအပိုင်း၂မှာတော့ ရွန်ဟာ ဗရိုနီကာနဲ့အိမ်ထောင်ကျပြီး သားလေးတစ်ယောက်ပါ ရထားပါပြီ မိန်းမဖြစ်သူနဲ့ အတူတူတကွ သတင်းတင်ဆက်သူအဖြစ် လုပ်ကိုင်နေရင်းမှ အထက်လူကြီးက ဝန်ထမ်းလျှော့တဲ့ ကာလမှာ သူ့မိန်းမကို ရာထူးတိုးပေးပြီး သူ့ကိုတော့ အလုပ်ဖြုတ်လိုက်ပါတော့တယ် ဒီမှာတင် မိန်းမဖြစ်သူနဲ့ အချေအတင်စကားများကြပြီး ရွန်တစ်ယောက် အိမ်ပေါ်ကဆင်းကာယစ်ထုပ်ကြီးတစ်ယောက်ဖြစ်လာပါတော့တယ် အဏ္ဏဝါပြတိုက်တစ်ခုမှာ တင်ဆက်သူလုပ်နေတဲ့ယစ်ထုပ်ကြီး ရွန် အဲ့အလုပ်ကပါ အလုပ်ပြုတ်ပြီးသူ့ဘာသာသူသတ်သေဖို့ကြံတဲ့အထိ ဘဝကို အရှုံးပေးလိုက်ပါတယ် သို့သော်လဲ တစ်မိုးအောက်တစ်ယောက်ရွန်ကို လူတစ်ယောက်က သတင်းကြေငြာဖို့လာခေါ်ပါတယ် အဲ့ခေတ်အခါက၂၄ နာရီလုံး သတင်းကြေငြာတဲ့ ရုပ်သံလိုင်းတွေကမရှိသေးဘဲ စွန့်ဦးထုတ်လွှင့်ဖို့ ရွန်ကိုလာငှါးတာပါ အဲ့မှာတင်ပဲရွန်တစ်ယောက် ထိုအလုပ်ကိုလက်ခံပြီး သူ့ရဲ့ တစ်ကွဲတစ်ပြားစီဖြစ်နေတဲ့ သူငယ်ချင်း၃ယောက်ကိုပါပြန်ခေါ်လို့ နယူးယော့မြို့ကြီးမှာ သတင်းတင်ဆက်သူအဖြစ် ပြန်လာရောက်ရှိလာပါပြီ အလွဲတွေနဲ့ ရွန်တစ်ယောက် နယူးယော့မှာ ဘယ်လိုတွေတွေ့ကြုံဦးမလဲ ဆိုတာကို ဆက်လက်ကြည့်ရှူခံစားရယ်မောလိုက်ပါဦး... --------------------------------------------------------Translated by Waizin WayneEncoded by sithu
movie
Anchorman 2: The Legend Continues (2013)
2013
7.7
Midnight in Paris (2011)
City oF Lightလို့ သမုတ်ကြတဲ့ ပါရီ ပဲရစ်မြို့အကြောင်း.... အဲ့ဒီမြို့ကလေးက ယွင်းယိုပျက်စီးခြင်းမရှိသေးတဲ့ အတိတ်တွေအကြောင်း...အဲ့ဒီမြို့ကလေးက စာရေးဆရာ၊ပန်းချီဆရာ အနုပညာသည်တွေအကြောင်း အဲ့ဒီမြို့ကလေးက ရွေးချယ်မှုတွေအကြောင်း ပြောပြချင်တယ်.... ။ အဲ့ဒီမြို့ကလေးဟာ အောက်ဆုံးဘဝမှာတောင် အပျော်ဆုံးဘဝတစ်ခုတည်နိုင်လေမဲ့ နိဗ္ဗာန်ငယ်လေးတစ်ခု.. နေခြည်အောက်မှာပဲတည်တည် မိုးမှုန်အောက်မှာပဲတည်တည် အဲ့ဒီမြို့ကလေးရဲ့ အလင်းဟာ စကြဝဋ္ဌာထဲ အထင်ရှာဆုံးလို့ ဆိုကြတယ်။ဘာရယ်ကြောင့် ပဲရစ်ဟာ အနုပညာဆန်စွာခမ်းနားနေတာလဲဆိုရင် ပဲရစ်မှာ မွေးဖွားခဲ့ကြတဲ့ အနုပညာတွေကြောင့်လို့ ဖြေမဲ့လူအတော်များလောက်မယ်။ ဗင်းဆင့်ဗန်ဂိုး ပေါဂေါ်ဂင် အားနက်စ်ဟဲမင်းဝေး ပက်ဘလိုပီကာဆို အစရှိသဖြင့် မှတ်ကျောက်အထင်ဆုံးအနုပညာသည်တွေဟာ ဒီမြို့မှာ အကြီးကျယ်ဆုံးအနုပညာပစ္စည်းတွေကို မွေးထုတ်ပေးခဲ့တာလို အရာတွေကြောင့်လို့ ထင်ရင်ထင်လောက်စရာပါပဲ။ ပသို့ပဲထင်ထင်.. ပဲရစ်ဟာ သူ့ချည်းသက်သက်မှာလည်း လမ်းတိုင်း အဆောက်အဦးတိုင်း လမ်းမကျယ်ကြီးတိုင်းက အနုပညာဆန်လွန်းနေပါတယ်။ " နေ့ရက်၊ အချိန်အခါ၊ နေရာ၊ အဆောက်အဦး အရာဝတ္ထုတို့ဟာ အမှတ်တရတို့ကို သိုလှောင်သိမ်းဆည်းထားနိုင်စွမ်းမရှိဘူးတဲ့" တာရာမင်းဝေရဲ့ ကဗျာအက်ဆေးတစ်ပုဒ်ထဲမှာ ကျွန်တော် ဖတ်ခဲ့ဖူးတယ်။ ဒီ ရုပ်ရှင်မှာတော့...အချိန်အခါ နေရာ အဆောက်အဦးတို့မှာ သိုလှောင်သိမ်းဆည်းထားတဲ့ မသေဆုံးတတ်တဲ့ အတိတ်အမှတ်တရတို့ကို ချစ်မြတ်တဲ့လူတစ်ယောက်နဲ့ သူ့ရွေးချယ်မှုတို့အကြောင်း သူ့အနုပညာအကြောင်းကို ကျွန်တော်တို့ ခံစားကြရမှာပါ။IMDb Rating - 7.7/10 ရရှိထားပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်) File size__( 860 MB) and ( ...
movie
Midnight in Paris (2011)
2011
7.4
April and the Extraordinary World (2015)
Imdb 7.4 ရရှိထားတဲ့ ပြင်သစ် ကာတွန်းကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးကတော့ စိတ်ကူးယဉ် သိပ္ပံကာတွန်းကားမျိုးဖြစ်ပေမဲ့ တွေ့နေရကျပုံစံနဲ့ကွဲပြားပါတယ်။ ၁၉၄၁ ခုနှစ်မှာ ကမ္ဘာကြီးဟာ ကျွန်တော်တို့ သမိုင်းတွေ မှာသိခဲ့တာထက် တော်တော် ကို ကွဲပြားနေပါတယ်။ အဲ့အချိန်မှာ နပိုလီယံ ၅ က ပြင်သစ်နိုင်ငံ ကို အုပ်စိုးနေပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၇၀ အတွင်းမှာလည်း ပညာရှင်တွေ ဟာ ထူးဆန်းစွာပဲ ပျောက်ဆုံးသွားလေ့ရှိတယ်။ ဒီတော့ ဒီလိုပျောက်ဆုံးသွားတဲ့ အတွက်ကြောင့်နာမည်ကျော်တီထွင်မှု့တွေ ဖြစ်မလာတော့ဘူးပေါ့။ ရေဒီယိုမရှိတီဗွီဆိုတာမရှိ ဒီဇယ်အင်ဂျင်ဆိုတာလည်းမရှိ ကမ္ဘာကြီးဟာ တော်တော်ကို ခေတ်နောက်ကျ လို့နေတာပေါ့။ လွန်ခဲ့တဲ့ ရာစုနှစ်တွေ ကတည်းက တွေ့ ရှိခဲ့တဲ့ ကျောက်မီးသွေး ရေနွေးငွေ့ အင်ဂျင် ဆိုတဲ့ အခြေအနေမှာပဲ ရပ်တံ့ နေတာပါ။ ဒီလိုအခြေအနေမှာ အေဗရယ်လ် ရဲ့ မိဘတွေဟာ သက်ရှိတွေ အတွက် ထူးဆန်းတဲ့ဆေးရည်ကို တီထွင်ခဲ့ကျပါတယ်။ ဒါပေမဲ့ ဆေးရည် အောင်မြင်တဲ့ အချိန်မှာ ...
movie
April and the Extraordinary World (2015)
2015
1
2
Previous