Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mariel Martínez
7.0
The Accountant² (2025) The Accountant 2
The Accountant² (2025)IMDb Rating (7.0) / Rotten Tomatoes (77%) 2016 တုန်းက အောင်မြင်ခဲ့တဲ့ ဘန်အက်ဖလစ်ရဲ့ စာရင်းကိုင်ရုပ်ရှင် အဆက်ထွက်လာပါပြီ။ ဒါရိုက်တာကလည်း Gavin O'Connor ပါပဲ။ဒီအပိုင်းမှာတော့ ခရစ်ရဲ့ ညီအဖြစ် Punisher နဲ့လူသိများတဲ့ မင်းသား Jon Bernthal ပါ ပါဝင်လာပါပြီ။ထုံးစံအတိုင်း ဉာဏ်ကြီးရှင်လည်းဖြစ် ဖိုက်တာလည်းဖြစ်တဲ့ ခရစ်က လူတွေကို ကူညီဖို့ ကြိုးစားရင်း ရာဇဝတ်ဂိုဏ်းတစ်ခုနဲ့ ရင်ဆိုင်ရတာပါပဲ။ဇာတ်လမ်းအကျဉ်းရေးကင်းဆိုတဲ့လူဟာ ပျောက်ဆုံးနေတဲ့ လက်တီနို သားအမိနှစ်ယောက်ကိုလိုက်ရှာရင်း အသခံလိုက်ရပါတယ်။အဲဒီမှာ ဘဏ္ဍာရေးဌာန ဒုညွှန်ချုပ်ဖြစ်နေတဲ့ မယ်ဒီနာက စာရင်းကိုင်ကြီးကို အကူအညီတောင်းလာပါတယ်။အဲဒီမှာ သားအမိနှစ်ယောက်လူပျောက်ရှာရုံနဲ့ ဘာလို့ ရာဇဝတ်ဂိုဏ်းတစ်ခုက အပြင်းအထန်လုပ်ကြံရသလဲဆိုတာ အဖြေရှာရင် ပိုကြီးတဲ့ အမှုကြီးကို အစဆွဲထုတ်မိပါတော့တယ်။ခရစ်အကူအညီလိုလာတဲ့အတွက် လုပ်ကြံရေးသမားဖြစ်နေတဲ့ သူ့ ညီဘရက်စတန်ပါ လာကူညီရတဲ့အခါ ညီအစ်ကိုနှစ်ယောက် ပွဲကြမ်းရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. ...
movie
The Accountant² (2025) The Accountant 2
2025
4K HEVC
7.2
How to Blow Up a Pipeline (2023)
How to blow up a Pipeline (2023)ဒီကားကတော့ မြှောက်ထိုးပင့်ကော်ပဲ ပြောရမလား ရှေ့ဆောင်လမ်းပြပဲပြောရမလားပေါ့။ ဘက်ဂျက်နည်းနည်းနဲ့တကယ်ကောင်းအောင်ရိုက်ထားတဲ့ရုပ်ရှင်ပါပဲ။ဇာတ်ကားနာမည်အတိုင်း တကယ်ကို ရေနံပိုက်လိုင်းကြီးတစ်ခုကို ဖောက်ခွဲဖျက်ဆီးပုံကို အဆင့်လိုက်ကို ပြသထားတာပါ။ ဖောက်ခွဲတဲ့သူတွေက ဘယ်သူတွေလဲဆိုတော့ ဓာတုစက်ရုံတွေ၊ ရေနံချက်စက်ရုံတွေကြောင့် ကင်ဆာတွေဖြစ်၊မိသားစုတွေသေ၊ အိမ်မြေတွေဆုံးရှုံးဘဝတွေပျက်ခဲ့ရတဲ့ လူတစ်စုပါပဲ။ သူတို့တွေဟာ ဒီစက်ရုံတွေကြောင့် မကြာခင် ကမ္ဘာကြီး ရာသီဥတုနဲ့သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး လူတွေအများကြီးထပ်သေကြရတော့မှာကို သတိထားမိတဲ့ သူတွေလို့ပဲပြောရမှာပေါ့။ ကမ္ဘာအနှံ့မှာ ကာဘွန်ဒိုင်အောက်ဆိုက်လျှော့ချရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေလုပ်နေကြပေမယ့် ကော်ပိုရိတ်ကြီးကတွေ မမှုတဲ့အကြောင်းကိုမီးမောင်းထိုးပြထားတာပါပဲ။ ဒီတော့ နောက်ဆုံးကြံရာမရတဲ့အခြေအနေမှာ မက္ကဆီကိုက ဧရာမ ရေနံပိုက်လိုင်းကြီးကို မရရအောင်ဖောက်ခွဲဖို့ ကြိုးစားပုံကိုပြသထားတာပါပဲ။ လူတစ်ယောက်ချင်းဆီရဲ့ ဝမ်းနည်းစရာဘဝတွေကိုပြလိုက် လက်ရှိအချိန် ဧရာမဗုံးကြီးကိုလုပ်ပြီး ပိုက်လိုင်းကိုဖောက်ခွဲတာကိုပြလိုက်နဲ့ စိတ်ဝင်စားဖို့ကောင်းအောင်တင်ဆက်ထားတာပဲဖြစ်ပါတယ်။ ကြည့်လိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Thriller Quality…. 1080p | 720p | 480p File size… 2.3GB | 984MB | 455MB Format… mp4 Duration…. ...
movie
How to Blow Up a Pipeline (2023)
2023