Channel Myanmar

Marie Matiko

Mystery Men (1999)
Mystery Men (1999) IMDbs 6.1/10 Rotten Tomatoes (60%)အူတက်အောင်ခွီချင်ရင် ဒီစူပါဟီးရိုးဟာသကားကြည့်.. ဇာတ်လမ်းအကျဥ်းကတော့ ချန်ပီယံမြို့တော်ကြီးမှာ သိပ်ကို စူပါဟီးရိုးဖြစ်ချင်တဲ့ စူပါဟီးရိုးရူးတစ်သိုက်ရှိကြပါတယ် အမျိုးမျိုးကြိုးစားပေမဲ့ တလွဲတွေချည်းလုပ်တော့ လူတွေရဲ့ စိတ်ဝင်စားအသိမှတ်ပြုခြင်းမခံရတဲ့တစ်သိုက်ပေါ့....တစ်နေ့ ဂန္ဓဝင်လူဆိုးတစ်ယောက်ထောင်ထဲကလွတ်လာပြီး တမြို့လုံးကိုကာကွယ်ပေးလေ့ရှ်ိတဲ့ တကယ့်စူပါဟီးရိုးအစစ်ကလဲ လူဆိုးဆီမှာဖမ်းခံထားရတဲ့အခါ လူရာဝင်ချင်တဲ့ သူတို့တစ်သိုက်ဟာ ချန်ပီယံမြို့တော်ကြီးကို လူဆိုးဖျက်ဆီးမဲ့ရန်က ကာကွယ်ဖို့ ကြိုးစားပါတော့တယ် ဖမ်းခံထားရတဲ့စူပါဟီးရိုးကို သူတ်ို့သွားကယ်တဲ့အခါရော​ ဂန္ဓဝင်လူဆိုးနဲ့ချတဲ့အခါရော အလွဲပေါင်းသောင်းခြောက်ထောင်နဲ့ အူတက်နေအောင်ရယ်ရမဲ့ သိပ္ပံအက်ရှင်ဟာသကားလေးဖြစ်ပါတယ်နော်...File size…(2.3 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Adventure, Fantasy, Action, Comedy, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Shwe Eain Si 
movie

Mystery Men (1999)

The Corruptor (1999) 6.1
The Corruptor (1999)  ဖဲမင်းသားကြီး ချောင်ယွင်ဖတ်နဲ့ အက်ရှင်မင်းသားကြီး Mark Wahlbergတို့ပူးတွဲသရုပ်ဆောင်ထားတဲ့ ရဲစုံထောက်ကားဖြစ်တာမို့ မကောင်းမှာမပူရဘူးဗျ...။ဇာတ်လမ်းဇာတ်အိမ်ကိုတော့ နယူးယောက်က ရာဇဝတ်ဂိုဏ်းသားတွေခြေဆန့်ရာ တရုတ်တန်းမှာ ဇာတ်အိမ်တည်ထားပါတယ်....။ရဲသားတစ်ဦးဖြစ်တဲ့ ချန်းဟာ တရုတ်တန်းမှာတာဝန်ကျရင်း နေ့စဥ်ပဲလူမိုက်ဂိုဏ်းတွေရဲ့ နေ့စဥ်နယ်မြေလုမှုတွေ၊မူးယစ်ဆေးမှုတွေဒုစရိုက်မှုအစုံကို တိုက်ဖျက်နေရတယ်ပေါ့....မှန်မှန်ကန်ကန်နေထိုင်တာလည်းရှိသလို အခြေအနေအရ လူမိုက်တွေနဲ့တွဲဖက်ပြီး အမှုလိုက်ရတာလည်းရှိတဲ့ တရုတ်တန်းကရဲဘဝကို မြင်တွေ့ရမှာပါ...။ဒါကြောင့် ဇာတ်လမ်းနာမည်က The Corruptor(ချစားသူ)ဖြစ်နေတာပါ...။ဒါပေမဲ့ ဒီအခြေအနေတွေက တရုတ်တန်းကို လူဖြူရဲအရာရှိတစ်ယောက်တာဝန်ကျလာတဲ့အချိန်မှာပြောင်းလဲသွားပါတော့တယ်...ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုလို့ရပါပြီ...။  File size…2.38 GB / 1 GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

The Corruptor (1999)

The Sum of All Fears (2002) 6.4
The Sum of All Fears (2002) The Sum of All Fears (2002)~ IMDb - 6.4/10, Rotten Tomatoes - 59% ~ဒီဇာတ်ကားက Jack Ryan ရုပ်ရှင်တွဲရဲ့ ၄ကား​မြောက်ရုပ်ရှင်ဖြစ်ပြီး Ben Affleck နုစဉ်အခါက ဇာတ်ကားလည်း ဖြစ်ပါတယ်။ သူ့အပြင် Morgan Freeman ကြီးလည်း ပါဝင်ပါ​သေးတယ်။ ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်အပြီး ယူအက်စ်နဲ့ ရုရှားရဲ့ စစ်​​​​အေး​ခေတ် လက်နက် အားပြိုင်မှုကို ​ကျောရိုးယူရိုက်ကူးထားတာပါ။~ ဇာတ်လမ်းအကျဉ်း ~အ​မေရိကန် ​ဘော်တီမိုးမှာ သမ္မတကိုယ်တိုင် တက်​ရောက်အား​ပေးတဲ့ ​ဘောလုံးပြိုင်ပွဲကို အဏုမြူဗုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ သမ္မတက အသက်ရှင်ခဲ့​ပေမဲ့ ဒီတိုက်ခိုက်မှု​ကြီးကြောင့် လူ​ပေါင်းများစွာ သေ​​​ကြေခဲ့တာပါ။ ဒီအကြမ်းဖက်မှုရဲ့ရှေ့မှာလည်း ရုရှားက​နေ ခွဲထွက်ထားတဲ့ ချေချင်းညာ​ဒေသအ​ရေး​ကြောင့် ရုရှားနဲ့ အ​နောက်နိုင်ငံ​တွေ၊ အထူးသဖြင့် အ​မေရိကန်တို့ကြားမှာ တင်းမာမှုရှိခဲ့တာ​ကြောင့် ဒီတိုက်ခိုက်မှုဟာ ရုရှား​​တွေရဲ့လက်ချက်လို့ယူဆပြီး ...
movie

The Sum of All Fears (2002)

2002
The Art of War (2000) 5.7
The Art of War (2000)   Blade မင်းသားရဲ့ အက်ရှင်ကားဟောင်းတစ်ကားပါ။ဒီဇာတ်ကားမှာတော့ နိုင်ငံတကာပဋိပက္ခတွေဖြစ်ရင် UN က စိုးရိမ်နေရုံတင်မဟုတ်ပဲ လျှို့ဝှက်စစ်ဆင်ရေးအဖွဲ့တစ်ဖွဲ့လွှတ်ပြီး ​ဖြေရှင်းခိုင်းပါတယ်။ နီးလ်ရှောဟာ အဲ့အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ တရုတ်နဲ့ UN တို့ဟာ အလွန်အရေးပါတဲ့ကုန်သွယ်ရေးသဘောတူစာချုပ်လက်မှတ်ထိုးဖို့ အချိန်နီးကပ်လာချိန်မှာ အမေရိကန်ရဲ့ဆိပ်ကမ်းတစ်ခုမှာ တရုတ်ဒုက္ခသည်လူသေလောင်းတွေအပြည့်ပါတဲ့ကုန်တိန်နာတစ်ခု သောင်တင်လာတဲ့အခါ UN ဟာ နီးလ်ရှောတို့ရဲ့အဖွဲ့ကိုစေလွှတ်ပြီး ထောက်လှမ်းခိုင်းပါတော့တယ်။သတင်းယူရုံစစ်ဆင်ရေးလေးကနေ ပိုကြီးမားတဲ့အရှုပ်တော်ပုံထဲရောက်သွားတဲ့နီးလ်ရှောဟာ တရုတ်နဲ့ အမေရိကန်ကြားက တရားခံစစ်ကိုရှာရပါတော့တယ်။ ထောက်လှမ်းရေးအက်ရှင်ကားတွေကြိုက်ရင် လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။File size…(2.52GB) / (1.3GB) / (673MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:57:00 Genre...Action / Adventure / Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein
movie

The Art of War (2000)