Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Maria Erwolter
6.2
Hagen (2024)
Hagen (2024)IMDb Rating (6.2) ဒီဇာတ်ကားလေးကတော့ Nibelung ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်ကို ပြန်လည်ပြင်ဆင်ရေးသားရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလူသားတွေနဲ့ ရှေးဟောင်းဒဏ္ဍာရီလာသတ္တဝါတွေရောနှောတည်ရှိနေကြချိန် ဟေဂန်ဆိုတဲ့စစ်သည်တစ်ဦးရဲ့ တိုက်ပွဲတွေကြားထဲမှာရှင်သန်ရင်း သူငယ်ချင်းသံယောဇဉ် သစ္စာစောင့်သိမှု ဆုံးဖြတ်ရခက်တဲ့ရွေးချယ်မှု၊သစ္စာဖောက်မှု ရှုပ်ထွေးပွေလီလှတဲ့ အချစ်ခံစားချက်တွေအကြောင်းကို ရှေးဟောင်းအလယ်ခေတ်အပြင်အဆင်တွေနဲ့ ခံစားကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။အဓိကဇာတ်ကောင်ဖြစ်တဲ့ ဟေဂန်ဟာ သူ့ရဲ့တိုင်းပြည်နဲ့သခင်တွေအပေါ်မှာ သစ္စာရှိရှိကာကွယ်စောင့်ရှောက်ခစားနေရင်း အမှတ်မထင်ပဲ သူတို့ဆီကို စိဖရစ်လို့ခေါ်တဲ့ နဂါးသတ်သူရဲကောင်းတစ်ယောက်ရောက်ရှိလာချိန်မှာသူတို့ကြိုးစားပမ်းစားထိန်းသိမ်းစောင့်ရှောက်ထားတဲ့ တိုင်းပြည်ငြိမ်းချမ်းရေးအပေါ်ဘယ်လိုတွေသက်ရောက်မှုရှိလာမှာလဲ?တစ်ချိန်ထဲမှာ ကျူးကျော်စစ်တွေစတင်ခံရပြီး မဟာမိတ်လိုနေချိန်မှာ တာဝန်ဝတ္တရားတွေနဲ့ ချစ်ခြင်းမေတ္တာဘယ်အရာတွေကိုဦးစားပေးမှာလဲ?စွမ်းအားကြီးလွန်းလှတဲ့ ဒဏ္ဍာရီလာသတ္တဝါတွေဖြစ်တဲ့ နဂါးတွေ နတ်သူငယ်တွေ ဗယ်လ်ကာရီတွေရဲ့လွှမ်းမိုးမှုအပေါ်မှာရော လူသားတွေဘယ်လိုရင်ဆိုင်တုံ့ပြန်ကြမလဲဆိုတာတွေရှုပ်ထွေးပွေလီလှတဲ့အချစ်ဇာတ်လမ်းတွေနဲ့ ရောယှက်တင်ဆက်ထားပုံကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုခံစားကြည့်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Usa-Chan ဖြစ်ပါတယ်။) File size… (2.3 GB) / (1.2 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Drama, Fantasy Duration….02:19:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Usa-Chan
movie
Hagen (2024)
2024
Pusher II (2004)
Pusher 1 အပြီး ၈ နှစ်အကြာမှ ဆက်ထုတ်ခဲ့တဲ့ Pusher 2 လာပါပြီ။ IMDb မှာလည်း Pusher 1 နည်းတူ 7.3 ရရှိထားပါတယ်။ ဒီကားက ပထမကားထက်ပိုကောင်းလာပါတယ်။Pusher 1 မှာ အရံဇာတ်ကောင်အနေနဲ့ပဲပါ၀င်ခဲ့ရတဲ့ Mads Mikkelsen ရဲ့ တိုနီဇာတ်ကောင်ဟာ Pusher 2 မှာတော့ အဓိကဇာတ်ကောင်ဖြစ်လာခဲ့ပါပြီ။တိုနီတစ်ယောက် ထောင်ကပြန်လွတ်လာခဲ့ပြီ ဒါပေမဲ့ သူပြန်လာခဲ့တဲ့ကမ္ဘာကြီးကတော့ သူ့အပေါ် ခက်ထန်ကြမ်းတမ်းနေဆဲပဲ။ မိသားစု၀င်၊ အသိမိတ်ဆွေ နဲ့ ရည်းစားတို့ဟာလည်း အရင်အတိုင်းပဲ ထူးမခြားနား။ ယုံကြည်လို့မရဘူး။ဇာတ်လမ်းအစမှာ တိုနီဟာ ထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာပြီး သူ့ဘ၀ကိုအစကနေပြန်စဖို့ရာမျှော်လင့်ချက်နဲ့ အဖေဖြစ်သူဆီရောက်ချလာပါတယ်။ အဖေ နဲ့ ဦးလေးဖြစ်သူတို့ကလည်း ကားလုပ်ငန်းကိုဗန်းပြပြီး မှောင်ခိုလုပ်ငန်းလုပ်ကိုင်တဲ့ ရာဇ၀တ်သားအကြီးစားတွေပဲ။ အဖေဆီအလုပ်၀င်ရင်း အဖေ့ဆီကအလေးပေးမှုကို ငတ်မွတ်တောင်းတနေတဲ့တိုနီရဲ့ ဘ၀ထဲကို ကိုကင်းစွဲနေတဲ့ ရှားလက်လို့အမည်ရတဲ့ တစ်ချိန်ကပတ်သက်ခဲ့ဖူးတဲ့ ...
movie
Pusher II (2004)
6.6
Darkland (2017)
Darkland (2017)~ IMDb - 6.6/10, Rotten Tomatoes - 56% ~ဒီကားလေးက ဒိန်းမတ် အက်ရှင်ဒရာမာမှုခင်းကားလေးတစ်ကားဖြစ်ပါတယ်။ ဇိတ်က အောင်မြင်တဲ့နှလုံးခွဲစိတ်ဆရာ၀န်တစ်ယောက်ဖြစ်ပြီး စတိိန်းလို့ခေါ်တဲ့ ဇနီးချောချောလေးတစ်ယောက်ရှိတဲ့အပြင် သားတစ်ယောက်လည်းရတော့မှာပါ။ သောကြာညတစ်ညမှာ မိတ်ဆွေတွေနဲ့ ညစာစားနေတုန်း ညီဖြစ်သူ "ရာဇင်း" ရောက်လာပြီး အကူအညီလာတောင်းပါတယ်။ ဇိတ်ကငြင်းလိုက်ပြီး နောက်တစ်ရက်မှာတော့ ညီဖြစ်သူက ဆေးရုံရဲ့အရေးပေါ်ခန်းကို ဒဏ်ရာအပြည့်နဲ့ရောက်ရှိလာပြီး သေဆုံးသွားပါတော့တယ်။အဲဒီနောက်ပိုင်း ဇိတ်ရဲ့ဘ၀က ကမ္ဘာကြီးပြောင်းပြန်လှန်လိုက်သလိုဖြစ်သွားတော့တာပါ။ အမှုကို ရဲတွေလက်အပ်ထားခဲ့ပေမဲ့ ဒီကကိုလှရွှေတွေလိုပဲ သိပ်အကူအညီမဖြစ်တော့ အပြစ်ရှိစိတ်ရှိနေတဲ့ဇိတ်က သူကျင်လည်ခဲ့ဖူးတဲ့ဘ၀ကိုပြန်သွားပြီး ညီဖြစ်သူအတွက် တရားမျှတမှုကို လိုက်ရှာပါတော့တယ်။ဒီကားရဲ့ဇာတ်ညွှန်းဆရာတစ်ဖြစ်လဲ ဒါရိုက်တာက သူ့ရဲ့ညီ ဂိုဏ်းတစ်ခုနဲ့ပတ်သက်မိပြီး ဒုက္ခရောက်ခဲ့ဖူးတဲ့ လက်တွေ့ဘ၀အတွေ့အကြုံကိုမူတည်ပြီး ရိုက်ခဲ့ပါတယ်လို့ဆိုထားပါတယ်။ ဆုတွေလည်း (၇)ခုလောက် ရထားပြီး Nomi (၁၉)ခုလောက်ရထားတဲ့ ဒီကားလေးကို အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie
Darkland (2017)
2017
6.3
The Ritual (2017)
ကောလိပ်ကတည်းကတွဲခဲ့ကြတဲ့ သူငယ်ချင်းငါးယောက်ပြန်ဆုံကြတဲ့အခါ ခရီးထွက်ဖို့တိုင်ပင်ကြတယ်။ခရီးတွေကတစ်ယောက်တစ်မျိုးစီသွားချင်တဲ့နေရာတွေကမတူကြတော့ တိုင်ပင်ရင်းဘားကပြန်အလာ လမ်းမှာ သူငယ်ချင်းတစ်ယောက်က မတော်တဆအသတ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ဒီလိုနဲ့နောက်ထပ်ခြောက်လအကြာမှာ ကျန်တဲ့သူငယ်ချင်းလေးယောက်ဟာ သေဆုံးသွားတဲ့သူငယ်ချင်းရဲ့ဆန္ဒကိုဖြည့်ဆီးပေးတဲ့အနေနဲ့ သူသွားချင်တဲ့ တောင်တက်ခရီးကို သွားပေးခဲ့ကြတယ်။သူတို့တောင်တက်ခရီးသွားကြတဲ့နေရာဟာ ဆွီဒင်နဲ့နော်ဝေနိုင်ငံကြားက လူသူအရောက်အပေါက်နည်းတဲ့တောင်ကုန်းတွေ သစ်တောတွေဘက်ဖြစ်တယ်။သူငယ်ချင်းလေးယောက်ဟာ အဲ့ဒီနေရာမှာ ခြေလျင်တောင်တက်ကြရင်း သူငယ်ချင်းတစ်ယောက်ခြေခေါက်သွားတဲ့အတွက် တည်းခိုတဲ့နေရာကို အမြန်ပြန်ရောက်နိုင်ဖို့ ဖြတ်လမ်းကနေသွားဖို့ကြိုးစားကြပါတော့တယ်။အဲ့ဒီဖြတ်လမ်းဟာ နေပျောက်ထိုးမကျတဲ့ တောအုပ်ကိုဖြတ်သွားရပါတယ်။တောအုပ်ထဲကအမှောင်ထုထဲမှာ ဘယ်လိုထူးဆန်းအံ့သြပြီး ထိတ်လန့်ခြောက်ခြားဖွယ်ရာတွေရှိနေမလဲ….?ဆိုတာကို ပရိတ်သတ်ကြီးပဲ ကိုယ်တိုင်ကြည့်ရှုခြောက်ခြားတော်မူလိုက်ကြပါဦး။ဒီကားဟာ ၂၀၁၇မှာ British Independent Film Awards ကနေပေးတဲ့ Best Effect ဆုနဲ့ Catalonian International Film Festival ရဲ့ Best Actor ဆုကိုရရှိထားပါတယ်။ဒါရိုက်တာကတော့ David Bruckner ဖြစ်ပြီး သရုပ်ဆောင်တွေကတော့ Refe Spall, Arsher Ali, Robert James-Collier, Sam Troughton နဲ့ Paul Reid ...
movie
The Ritual (2017)
2017