Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Maria Dizzia
7.9
Captain Phillips (2013)
Captain Phillips (2013)IMDb Rating (7.8) / Rotten Tomatoes (93%)၂၀၀၉ ခုနှစ်မှာ အမေရိကန်တွေအတွက် အံ့အားသင့်ဖွယ်ရာကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ နှစ်ပေါင်း ၂၀၀ အတွင်း ပထမဆုံးအကြိမ် အမေရိကန်ကုန်တင်သင်္ဘောတစ်စင်း ပြန်ပေးဆွဲခံရတာပဲ ဖြစ်ပါတယ်။အိုမန် (Oman) နိုင်ငံ၊ ဆလာလဆိပ်ကမ်း (Port Of Salalah) ကနေ ကုန်ပစ္စည်းတွေသယ်ဆောင်လာတဲ့ အမေရိကန်ကုန်တင်သင်္ဘော အမ်ဗွီ မဲဆ်ခ် အာလဘာမား (MV Maersk Alabama) ဟာ ဆိုမာလီကမ်းရိုးတန်းကို ဖြတ်ကျော်ပြီး ကင်ညာနိုင်ငံ (Kenya)၊ မွမ်ဘာဆာမြို့ (Mombasa) ကို ခရီးအဆက်၊ လမ်းမှာ ဆိုမာလီပင်လယ်ဓားပြတွေရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတယ်။ ဒီအခါ ဘာတွေဆက်ဖြစ်တယ်ဆိုတာကို စိတ်လှုပ်ရှားဖွယ် ရသအပြည့်နဲ့ ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။ ထိုင်ရာမထတမ်း ကြည့်ရှုရလောက်အောင် ကောင်းမွန်တဲ့ အက်ရှင်၊ အတ္ထုပ္ပတ္တိဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။အကြိုက်ဆုံးကတော့ အခုမှ စပြီး ရုပ်ရှင်ရိုက်တဲ့ ဆိုမာလီဓါးပြဗိုလ် အဖြစ်သရုပ်ဆောင်တဲ့ (တကယ့် ဆိုမာလီလူမျိုး) Barkhad Abdi နဲ့ ...
movie
Captain Phillips (2013)
4K HEVC
6.3
While We’re Young (2014)
Authenticity… မြန်မာလို အဓိပ္ပာယ်ပြန်မယ်ဆိုရင်တော့ အစစ်အမှန်ဖြစ်မှုပေါ့။ကျွန်တော်တို့ အခုခေတ်မှာ သိပ်ကိုကြားရတဲ့ စကားလုံးတစ်လုံးပဲ။လူတိုင်းနှုတ်ဖျားကနေ Authenticity Authenticity ဆိုပြီးရေရွတ်နေကြတယ်။ ဒါပေမယ့် ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကဘယ်လောက်အထိတာသွားလဲ။ ဒီစကားလုံးကို သုံးနှုန်းလိုက်ပြီဆိုရင်ဘယ်လောက်ထိ မိမိမှာ တာဝန်ကြီးလဲဆိုတာကို လူတိုင်းနားမလည်ကြပါဘူး။ပေါပေါပဲပဲ ဒီိတိုင်းနှုတ်ထွက်ကောင်း နားကြားကောင်းတဲ့စကားလုံးတစ်ရပ်အနေနဲ့ပဲအထာကျအောင် ကောက်ယူသုံးစွဲနေကြခြင်းသာဖြစ်တယ်။ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကို နက်နက်နဲနဲ အလေးထားကြတဲ့ပုဂ္ဂိုလ်တွေအတွက်တော့ သိပ်ကိုတန်ဖို့းရှိလွန်းတယ်။ ပြောရမယ်ဆိုစပ်စပ်ထိမခံဖြစ်ကြတာတွေတောင် ရှိကြတယ်။ ဘယ်လိုအရာတွေကိုကျွန်တော်တို့က “Authenticity”လို့ သုံးနှုန်းသင့်ပြီး ဘယ်အရာတွေကိုမသုံးနှုန်းသင့်ဘူးလဲ။ ရှင်းပါတယ် “စစ်မှန်မှု”ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ရဲ့ အရှိအတိုင်းတကယ့်အစစ်တွေကို ချပြတဲ့နေရာမှာသုံးတာ။ဒါပေမယ့် အဲ့”အစစ်”ဆိုတဲ့ အရာမှာ ဟန်ဆောင်မှုနည်းနည်းလေးလောက်ဖြစ်ဖြစ်မိတ်ကပ်နည်းနည်းလေးလောက်ဖြစ်ဖြစ် ပါနေလို့မရပါဘူး။ကျွန်တော်တို့ရဲ့အတွေးအခေါ်တွေ အယူအဆတွေကို ချပြတဲ့အချိန်မှာကိုယ်ချပြတဲ့အရာတွေဟာ ကိုယ့်စိတ်ထဲမှာတကယ်ရှိနေတဲ့အကြောင်းအရာတွေ အမှန်တရားတွေဖြစ်နေဖို့လ်ိုပါတယ်။လူကြားကောင်းအောင် သို့မဟုတ် လူကြိုက်အောင် သည်းခြေကြိုက်အရာတွေကိုမိမိစိတ်ထဲကမပါဘဲနဲ့ ဟန်ဆောင်လိမ်ညာပြီးအားပေးမှုတောင်းခံခြင်းသည် “Authenticity” ဆိုတဲ့ဂုဏ်ကို ကိုင်ဆွဲခွင့် လုံးဝမရှိပါဘူး။ဒီရုပ်ရှင်ဟာလည်း ဒီအကြောင်းပါပဲ။အဓိကဇာတ်ဆောင်ဖြစ်သူ ကျွန်တော်တို့ရဲ့ ဟာသမင်းသားကြီး Ben Stiller ဟာAuthenticity ကို သိပ်အလေးထားတဲ့ မှတ်တမ်းတင် ရုပ်ရှင်တွေရိုက်ကူးသူတစ်ယောက်ဖြစ်ပါတယ်။ မှတ်တမ်းတင်ရုပ်ရှင်တွေကိုရိုက်ကူးတဲ့အချိန်မှာ ကျွန်တော်တို့ သာမာန်ရုပ်ရှင်တွေနဲ့ မတူတာတစ်ခုကအဖြစ်အပျက်တွေကို အမှန်အတိုင်းတင်ပြရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့မှတ်တမ်းတင်ရုပ်ရှင်တွေအမျိုးအစားတွေဟာကျွန်တော်တို့အရင်ခေတ်ကာလတွေက သမိုင်းမှတ်တမ်းမှတ်ရာတွေလိုမျိုးပါပဲ။ကျွန်တော်တို့ ကျန်စစ်သားမင်းအကြောင်း ဘုရင့်နောင်အကြောင်းမြန်မာရာဇဝင်တွေအကြောင်း မှတ်တမ်းတင်ထားတာတွေရှိသလိုမှန်နန်းရာဇာဝင်တွေလည်း ဖတ်ဖူးကြမှာပေါ့။ ဒီနေရာမှာဘာသွားတွေ့လဲဆိုတော့ ကျွန်တော်တို့ တချို့သမိုင်းတွေကိုခြယ်သရေးသားသီကုံးထားကြတာကို သတိပြုမိကြမှာပါ။ဒီလိုတွေလုပ်ထားတဲ့အတွက် သမိုင်းအမှန်ကို ဝေဝါးစေတာမျိုးတွေကြုံရပါတယ်။ မှတ်တမ်းတင်ရုပ်ရှင်တွေဟာလည်း ဒီအတိုင်းပါပဲသမိုင်းတစ်ခု အဖြစ်အပျက်တစ်ခုကို ကျွန်တော်တို့ ခြယ်သခြင်းမရှိဘဲမှတ်တမ်းတင်ရခြင်းပါ။ ဒါကြောင့်မို့လို့ ဒီအမျိုးအစားရုပ်ရှင်တွေဟာပျင်းစရာကောင်းတာကတော့ အမှန်ပါပဲ။ သို့သော်လည်းမှတ်တမ်းတင်ရုပ်ရှင်တွေကို ကြည့်ဖူးရင် နားလည်နိုင်မှာပါ။ကျွန်တော်တို့နာရီပေါင်းများစွာ ထိုင်ကြည့်ပြီးသွားရင်ဒီအဖြစ်အပျက်တစ်ခုမှာ စီးမျောသွားတတ်ကြပါတယ်။သာမာန်ရုပ်ရှင်တွေလို ဖျော်ဖြေရေးမဆန်ပေမယ့်သိပ်ကိုတန်ဖိုးရှိတဲ့ရုပ်ရှင်တွေပေါ့။အဓိကဇာတ်ရုပ်ဖြစ်သူ ဂျော့ရှ် ( Ben Stiller ) ဟာအထက်မှာ ပြောခဲ့သလိုပဲ သူရိုက်ကူးထားတဲ့ နာရီပေါင်းရာချီတဲ့ဗီဒီယိုအပိုင်းအစတိုင်းကို ဖြတ်ချပစ်ခဲ့ဖို့ နှမျောပြီး ရုပ်ရှင်တစ်ကားနဲ့တင်ဆယ်စုနှစ်နဲ့ချီပြီး တိုင်ပတ်နေသူပေါ့။ ဒီကြားထဲမှာ Authenticity ကိုအလေးထားသူ ယုံကြည်သူမို့ ခြယ်သသီကုံးတာမျိုးတွေလည်းမလုပ်နိုင်သူပေါ့။ ...
movie
While We’re Young (2014)
5.5
The Graduates (2024)
ထွက်သွားတဲ့သူနဲ့ ကျန်ရစ်ခဲ့သူ ဘယ်သူပိုနာကျင်ရလဲ။သွားလေသူကတော့ မသိနိုင်တော့ပေမဲ့ ကျန်ရစ်သူတွေရဲ့ဘဝဟာ တစ်ဆစ်ချိုးကိုရောက်ရှိသွားရပါတယ်။တိုင်လာတို့ သူငယ်ချင်းတစ်စုက အထက်တန်းကျောင်းတစ်ခုမှာ အတူတူတက်ရောက်နေကြတဲ့ အရမ်းရင်းနှီးကြတဲ့ဘော်ဒါတွေပါ။တစ်နေ့မှာတော့ စာသင်ကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီးတိုင်လာနဲ့ ကျောင်းသားကျောင်းသူအချို့ သေဆုံးသွားပါတယ်။ဒီဇာတ်ကားလေးမှာတော့ ကျန်ရစ်သူတွေကြုံတွေ့ရတဲ့စိတ်ဒဏ်ရာတွေ၊ ပြန်မရနိုင်တော့တဲ့အမှတ်တရတွေကြောင့်ခံစားရတဲ့ ခံစားချက်တွေကို ထင်ဟပ်စေအောင် ရိုက်ကူးထားပါတယ်။အထက်တန်းကျောင်းပြီးလို့ ခွဲခွာကြရတော့မဲ့ သူငယ်ချင်းတွေအထက်တန်းကျောင်းသားဘဝ နဲ့ လူငယ်ဘဝရဲ့ တစ်စိတ်တပိုင်းကိုဇာတ်လမ်းဇာတ်ကွက် ရိုးရိုးအေးအေးလေးနဲ့ ပိုင်ပိုင်နိုင်နိုင်တင်ဆက်ပြသထားသလို ကြည့်ရင်းကြည့်ရင်းနဲ့ ငယ်ဘဝကိုအမှတ်ရမိစေမဲ့ nostalgic vibe အပြည့်နဲ့ ဇာတ်ကားလေးဆိုရင်လည်း မမှားပါဘူးခင်ဗျာ။ File size… (1 GB) / (577 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 27m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie
The Graduates (2024)
5.4
Christmas Eve in Miller’s Point (2024)
Christmas Eve in Miller’s Point (2024)IMDb Rating (5.4) / Rotten Tomatoes (78%) သိပ်မကြာခင်မှာ ခရစ္စမတ်ကို ရောက်တော့မှာဆိုတော့ ကြည်နူးစရာကောင်းတဲ့ ခရစ္စမတ်ကားလေးတစ်ကားကို ညွှန်းပေးချင်ပါတယ်။ခရစ္စမတ်အကြိုနေ့မှာ အီတလီအမေရိကန်မိသားစုတစ်စုက မိသားစုစုံညီစွာ ကျင်းပဖို့ ကျေးလက်ဒေသလေးကို ပြန်လည်ရောက်ရှိလာကြပါတယ်။ဒီအိမ်လေးကို ရောင်းချတော့မှာဖြစ်လို့ ဒီနေရာမှာ မိသားစုစုံညီစွာ ခရစ္စမတ်အကြိုကို ကျင်းပတာနောက်ဆုံးမို့ ဝမ်းနည်းဝမ်းသာ ကြည်နူးစရာမိသားစုပုံစံလေးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ဒီအိမ်လေးထဲမှာ မိသားစုတွေ အတူတူဆုံစည်းစားသောက်ကြတာတွေ၊ ခရစ္စမတ်ကို ပျော်ရွှင်စွာ ဆင်နွှဲကြပုံတွေ၊ ဆယ်ကျော်သက်တွေရဲ့ မိဘနဲ့ ကတောက်ကဆဖြစ်မှုလေးတွေ၊ခရစ္စမတ်လက်ဆောင်တွေ အချင်းချင်းဖလှယ်ကြပုံတွေကို ကြည်နူးစွာ မြင်တွေ့ရမှာ ဖြစ်လို့ ပျော်စရာကောင်းတဲ့ ခရစ္စမတ်ညလေးမှာ ကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ကြည့်ရင်းနဲ့ ကိုယ်တိုင် ဒီမိသားစုထဲကို ရောက်ရှိသွားသလို ခံစားရပြီး ပျော်ရွှင်ကြည်နူးစရာတွေ ရရှိမှာဖြစ်လို့ ခရစ္စမတ်ကာလလေးမှာ ဒီကားလေးကို မဖြစ်မနေကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။)File ...
movie
Christmas Eve in Miller’s Point (2024)
2024
7.1
My Old Ass (2024)
၂၀၂၄ နှစ်အကုန်ပိုင်းမှာပဲ ပူပူနွေးနွေးထွက်ရှိထားပြီး ညိုကီတို့ရဲ့အချစ်တော်မမ Lady Death တဖြစ်လည်း မမအော်ဗရေးပလာဇာပါဝင်ထားပြီးတော့ ကိုယ့်ရဲ့ Younger self ကို ပြန်သတိရသွားစေမဲ့ဆွတ်ပျံ့ကြည်နူးဖွယ်ရာ Comedy Drama ဇာတ်လမ်းကောင်းလေးဖြစ်လို့ ချက်ချင်းသာ ကြည့်လိုက်ကြပါတော့ဗျာ။ ဇာတ်လမ်းအကျဉ်း+++++++++အဲလယတ်ဟာ ၁၈ နှစ်ပြည့်မွေးနေ့မှာ သူမရဲ့သူငယ်ချင်းနှစ်ယောက်နဲ့အတူ ကျွန်းလေးတစ်ခုဆီသွားပြီး မှိုခြောက်စားကာ Good tripလေးရဖို့ စမ်းလုပ်ကြည့်ကြပါတော့တယ်။ ဒီလိုနဲ့ သိပ်မကြာခင်မှာသူမရဲ့ သူငယ်ချင်းနှစ်ယောက်က ကိုယ်စီ good trip တွေ သွားနေပေမဲ့အဲလိယတ်ကတော့ ဘာဆိုဘာမှ မခံစားရသေးပါဘူး။ဒါကြောင့် မှိုခြောက်က အစွမ်းမပြဘူးလို့ ထင်နေတဲ့အချိန်မှာ သူမဘေးမှာသက်လတ်ပိုင်းအရွယ်မိန်းမတစ်ယောက်က ဗြုန်းစားပေါ်လာပြီးသူမက အဲလိယတ်ရဲ့ ၃၉ နှစ်အရွယ်သူမဖြစ်ကြောင်း ငယ်ဘဝအမှတ်တရတွေနဲ့ သက်သေပြပါတော့တယ်။ မှိုခြောက်ကြောင့် လွင့်နေတာပဲလားထင်ယောင်ထင်မှားဖြစ်နေတာပဲလား တကယ့်အစစ်လားဆိုတာကိုမယုံတဝက် ယုံတဝက်ဖြစ်နေတဲ့အချိန်မှာ ၃၉ နှစ်အရွယ်သူမက ၁၈ နှစ်အရွယ်သူမကို ဘယ်အရာကိုတော့လုပ်ဖို့ ဘယ်အရာကိုတော့ဖြင့် မလုပ်ဖို့မဟုတ်ရင် နောင်တရလိမ့်မယ်စသဖြင့် သတိပေးပါတော့တယ်။ဒီတော့ ဒီဇာတ်ကားလေးမှာ ...
movie
My Old Ass (2024)
4K HEVC
6.7
Rachel Getting Married (2008)
Rachel Getting Married (2008)******************************2008 ခုနှစ်မှာ ထွက်ရှိပြီး ဆု ၃၂ ဆု best leading actress Oscar Nomination အပါအဝင် Nomination ၆၅ နဲ့ အဲဒီအချိန်က ဝေဖန်ချက်ကောင်းတွေ ရရှိခဲ့တဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။Family Drama အကြောင်း အသားပေးရိုက်ကူးထားပြီး ဒါရိုက်တာ Jonathan Demme ရိုက်ကူးကာ အားလုံးသိကြတဲ့ မင်းသမီးချော Anne Hathaway , Rosemarie DeWitt နဲ့ မင်းသမီးကြီး Debra Winger , မင်းသား Bill Irwin တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Anne Hathaway ကို ပထမဆုံးအကြိမ် Oscar nomination ရစေခဲ့တဲ့ကားဖြစ်ပြီးတော့ ဒီကားမှာတော့ ပုံမှန်ချစ်စရာကောင်းတဲ့ Anne Hathaway ကို Rehab ကထွက်လာတဲ့ Drug Addict အနေနဲ့မြင်ရမှာပဲဖြစ်ပါတယ်။ဆယ်နှစ်အတောအတွင်း rehab ကိုဝင်လိုက်ထွက်လိုက်လုပ်နေရတဲ့ Kym ...
movie
Rachel Getting Married (2008)
6.1
Above the Shadows (2019)
Holly ဆိုတဲ့ကောင်မလေးဟာ မိသားစုတစ်စုကအလတ်မလေးပေါ့..တစ်အိမ်လုံးနဲ့သူနဲ့ကအကြောမတည့်ပေမယ့် အမေဖြစ်သူနဲ့တော့အတော်လေးရင်းနှီးရှာတယ် တစ်နေ့အမေဖြစ်သူဆုံးသွားအပြီးမှာ သူမဘဝရုတ်ချည်းပြောင်းလဲခဲ့တယ်...ဖြစ်ပုံကတော့ တစ်မနက်ခင်းနိုးထလာတဲ့အချိန်မှာသူမဟာကိုယ်ပျောက်သွားတာပါ..ဒီလိုနဲ့ရှင်သန်လာရင်း တစ်နေ့မှာ သူ့ကိုမြင်နိုင်တဲ့တစ်ဦးတည်းသောယောကျာ်း Shayne နဲ့တွေ့ဆုံခဲ့ပါတယ်..Shayne ဟာလည်းတစ်ချိန်က လက်ဝှေ့ချန်ပီယံဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့အမေ့ခံဖြစ်နေပါပြီဒီလိုမျိုး အကူအညီလိုနေကြတဲ့နှစ်ယောက်သားတွေ့ကြချိန်မှာ တစ်ဦးကိုယ်တစ်ဦးဘယ်လိုကူညီကြမလဲဆိုတာ... File size…1.6GB / 754MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 51m Genre …..Drama , Fantasy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eric
movie
Above the Shadows (2019)
6.3
True Story (2015)
127 Hours တို့ Rise of the Planet of the Apes တို့လိုမျိုးနာမည်ကြီးရုပ်ရှင်တွေရဲ့မင်းသားဖြစ်ခဲ့တဲ့ James Franco နဲ့နာမည်ကြီးဟာသရုပ်ရှင်မင်းသားကြီး Jonah Hill တို့ပါဝင်သရုပ်ဆောင်ထားတဲ့ 2015 ကထွက်ရှိခဲ့တဲ့နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ ဖြစ်ရပ်မှန်ဇာတ်ကား True Story ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကို ကြားကတည်းက ထူးထူးဆန်းဆန်းဖြစ်ရပ်မှန် ဇာတ်လမ်းဆိုတဲ့အတိုင်း နယူးယောက်တိုင်းမ်သတင်းစာက သတင်းထောက် မိုက်ကယ်ဖင်ကယ်နဲ့သူ့နာမည်ကို ယူသုံးခဲ့တဲ့ခရစ်ယာန်လွန်ဂိုဆိုတဲ့ လူသတ်သမားတို့ကြားကဖြစ်ရပ်မှန် အကြောင်းအရာတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။IMDb Rating 6.3 ရရှိထားပြီး ကြည့်ရှုသူကို ဇာတ်ကားအစကနေအဆုံးအထိ ဆွဲငင်ညှို့ယူထားနိုင်မဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။မိုက်ကယ်ဖင်ကယ်ဆိုတဲ့ သတင်းထောက်တစ်ယောက်က ခရီးဝေးတွေသွားပြီး သတင်းတွေလိုက်ယူကာ သတင်းရေးတဲ့ သတင်းထောက်တစ်ယောက်ဖြစ်ပါတယ်။သူရေးတဲ့ သတင်းဆောင်းပါးတွေကလက်ရာကောင်းမွန်ပြီးတော့ သေသပ်တဲ့အတွက် သူ့အနေအထားနဲ့သူတစ်နေရာတော့ ရောက်နေတဲ့ သတင်းထောက်တစ်ယောက်ပဲဖြစ်ပါတယ်။ဒါပေမယ့် တစ်နေ့မှာအမှားတစ်ခုကြောင့် အလုပ်ပြုတ်ခဲ့ပြီး ရှေ့ဆက်ဘာလုပ်ရမလဲ မသိဘဲလမ်းပျောက်နေပါတော့တယ်။အဲ့ဒီအချိန်မှာ ကိုယ့်မိသားစု တစ်ခုလုံးကိုသတ်ခဲ့တဲ့လူသတ်သမားတစ်ယောက်က သူ့နာမည်ကိုယူသုံးခဲ့တယ်ဆိုတာကိုသိလိုက်ရတဲ့အချိန်မှာ အဲ့ဒီလူသတ်သမားနဲ့ ကိုယ်တိုင်သွားတွေ့ခဲ့ပါတယ်။သူတို့နှစ်ယောက် စကားပြောပြီးတဲ့ ...
movie
True Story (2015)
6.3
The Other Woman (2009)
The Other Woman (2009) =================== IMDb Rating - 6.3/10ဒီဇာတ်ကားလေးကတော့ အိမ်ထောင်ရေးနဲ့ မိသားစုအရှုပ်ထုတ်တွေ ကြားက ဒရမ်မာလေးတွေကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။အီမီလီယာ ရဲ့သမီးလေးဟာ မွေးပြီးသုံးရက်လောက်မှာပဲသေဆုံးခဲ့ပါ တယ်။ ကလေးဆုံးလို့စိတ်ဓာတ်ကျနေတဲ့ အီမီလီယာ ဟာသူ့ယောက်ျား ဂျက် နဲ့အိမ်ထောင်ရေးကိုလည်း တည်မြဲဖို့ကြိုးစားနေရပါတယ်။ ဂျက်က အရင်မိန်းမနဲ့ကွဲပြီး အီမီလီယာ နဲ့လက်ထပ်ထားသူပါ။ အရင်မိန်းမနဲ့ရခဲ့ တဲ့ ဝီလျံ ဆိုတဲ့သားလေးတစ်ယောက်လည်းရှိပါတယ်။ ကလေးဆုံးလို့၀မ်း နည်းပူဆွေးနေရတဲ့အပြင် ဝီလျံ နဲ့ဆက်ဆံရေးအဆင်မပြေမှုတွေ၊ ဝီလျံ အမေရဲ့ ချုပ်ခြယ်ပြီး လက်ပေါက်ကပ်မှုတွေနဲ့ သူ့ရဲ့မိသားစုပြဿနာတွေ ကို အီမီလီယာ တစ်ယောက်ခံစားနေရတာပါ။ဒီဇာတ်ကားလေးထဲမှာဆိုရင် မိထွေးနဲ့သားဖြစ်သူတို့ကြားက မေတ္တာတွေ၊ ဝီလျံ ကိုသူငယ်ချင်းတစ်ယောက်လိုပေါ့ပေါ့ပါးပါးပဲ ဆက်ဆံတဲ့ မိထွေးအီမီ လီယာနဲ့ စည်းကမ်းကြီးပြီး အသေးအမွှားလေးကအစဂရုစိုက်တတ်တဲ့ အမေ အရင်းတို့ရဲ့ ကွာခြားပုံ စတာတွေကို ခံစားကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်)File Size..........(1.6 GB) / (599 MB) Quality............WEB-DL 1080p / 720p Duration........1Hr 42Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator......Theo Katt Encoder..........SWM
movie
The Other Woman (2009)
2009
6.8
Martha Marcy May Marlene (2011)
ဒီဇာတ်ကားက ၂၀၁၁ က ထွက်ရှိခဲ့တဲ့ Psychological Drama အမျိုးအစားဖြစ်ပါတယ်။ Marvel ထဲက Wanda အဖြစ်သရုပ်ဆောင်တဲ့ Elizabeth Olsen ရဲ့ပွဲဦးထွက်ရုပ်ရှင်လည်းဖြစ်ပါတယ်။ အပြင်မှာအမှန်တကယ်ဖြစ်ခဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဥ်းကတော့ မာသာ (Elizabeth Olsen) က အစွန်းရောက်ဂိုဏ်းတစ်ခုထဲမှာ နှစ်ပေါင်းများစွာနေလာခဲ့ရပြီး နောက်ဆုံးမှာ ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရ လွတ်မြောက်လာခဲ့ပေမဲ့ စိတ်ကတော့မလွတ်မြောက်ခဲ့ဘဲ အတိတ်က စိတ်ဒဏ်ရာတွေရဲ့ဖိစီးနှိပ်စက်မှုကိုခံနေရပါတယ်။ သူနေခဲ့တဲ့ အစွန်းရောက်ဂိုဏ်းက သူ့ကိုအလွတ်မပေးဘဲ နောက်ကနေလိုက်နေတယ်လို့ စိတ်ထဲမှာမြင်နေပါတယ်။ ဒီလိုနဲ့ သူ့ရဲ့စိတ်ဝေဒနာတွေက သူ့ကိုယ်သူတင်မကဘဲ သူ့ကိုလက်ခံစောင့်ရှောက်ထားတဲ့ အစ်မဖြစ်သူနဲ့သူ့ခင်ပွန်းတို့ရဲ့ဘဝကိုပါ အကျိုးသက်ရောက်လာပါတော့တယ်။ ဇာတ်ကားက စိတ္တဇဒရာမာ Thriller အမျိုးအစား Indie ရုပ်ရှင်ဖြစ်ပြီး Elizabeth Olsen က အဓိကသရုပ်ဆောင်ထားပါတယ်။ Imdb rating 6.8 ရှိပြီး စိတ္တဇ Thriller ဇာတ်ကားတွေကြိုက်နှစ်သက်တဲ့သူတွေ၊ Elizabeth ...
movie
Martha Marcy May Marlene (2011)
7.1
Margin Call (2011)
Margin Call (2011)Margin Call ဆိုတာ Trading လောကမှ စကားလုံးဖြစ်ပြီး အဓိပ္ပာယ်ကတော့ မိမိအကောင့်၊ မိမိရဲ့ပိုင်ဆိုင်မှုတန်ဖိုးတွေဟာ သတ်မှတ်တန်ဖိုးအောက်စျေးကျသွားတဲ့အတွက် အကောင့်ပိတ်မသွားအောင် ငွေထပ်ထည့်စိုက်မလား၊ ရှိသမျှပိုင်ဆိုင်မှုတွေရောင်းချမလားကို သတ်မှတ်ပေးတဲ့စည်းမျဥ်းတစ်ခုပါ။ တစ်နည်းပြောရရင် တန်ဖိုးကျသွားလို့ မွဲပြာကျသွားပြီး ဘဝမပျက်ချင်ရင် အကုန်ရောင်းလို့ဆိုလိုချင်တာပါ။ဒီလိုခေါင်းစဥ်နဲ့ ဇာတ်လမ်းလေးကတော့ 2007-2008 ခုနှစ်လောက်က ဖြစ်ပျက်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေးပျက်ကပ်တစ်ခုအတွင်း ဒေဝါလီခံခဲ့တဲ့ ကုမ္ပဏီတစ်ခုကို စိတ်ကူးယဥ်ပြီးပြန်ရိုက်ကူးထားတာပါ။ဇာတ်လမ်းထဲမှာတော့ စတော့ရှယ်ယာလိုမျိုး၊ အာမခံငွေလက်မှတ်လိုမျိုးတွေကို အရောင်းအဝယ်လုပ်တဲ့ ရင်းနီးမြှုပ်နံမှုကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ယောက်ဟာ စီးပွားပျက်ကပ်ဖြစ်လာနိုင်တာကိုကြိုသိခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ ဒီလောကမှာက ယခင်ဖြစ်ခဲ့ဖူးတဲ့ စျေးနှုန်းတန်ဖိုးတွေ၊ အရောင်းအဝယ်မှတ်တမ်းတွေကိုကြည့်ရှုပြီး နောင်ဖြစ်လာနိုင်တာကို အနီးစပ်ဆုံးခန့်မှန်းလို့ရနိုင်လို့ပါပဲ။ဖြစ်လာမယ်မှန်းလည်းသိပြီဆိုတော့ ဒီပျက်ကပ်ကို ဘယ်လိုရှောင်လွှဲကြမလဲဆိုတာ ကြံကြပြန်ပါတယ်။ ဆုံးဖြတ်ချက်မြန်မြန်ချနိုင်လေ ဆုံးရှုံးနိုင်မှုနည်းလေးပဲဆိုတော့ ညတွင်းချင်းဆုံးဖြတ်အတည်ပြုကြပါတယ်။ရှုပ်ထွေးလှတဲ့လောကကြီးမှာ သူများထက် ခေါင်းပိုသုံးတဲ့သူ၊ ဉာဏ်နီဉာဏ်နက်များတဲ့သူ၊ လက်တစ်လုံးခြားလူလည်ကျမှ ရှင်ကျန်စမြဲဖြစ်ကြောင်းရိုက်ပြထားတဲ့ စိတ်ဝင်စားစရာ financeကားလေးဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size ...
movie
Margin Call (2011)
2011
6.9
The Good Nurse (2022)
IMDb 6.9/10 Rotten Tomatoes 8.1ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားပြီး Netflix ကထုတ်လွှင့်တဲ့ ဒီကားကတော့ Must Watch စာရင်းထဲပါတဲ့ဇာတ်ကားကောင်းဆိုလည်းမမှားပါဘူးရှင်တစ်နေ့..ပါ့ခ်ဖီးဆေးရုံကြီးကိုချာလီဆိုတဲ့ Male Nurse တစ်ယောက်အလုပ်လာလုပ်ခဲ့တယ် အေမီဆိုတာကတော့ ဆေးရုံမှာမသိတဲ့လူမရှိ လူချစ်လူခင်ပေါတဲ့သူနာပြုတစ်ယောက် ဒီလိုနဲ့ လူသစ်ချာလီကို ကူညီပေးရင်းသူတို့နှစ်ယောက်ရင်းနှီးသွားခဲ့ကြတယ် ချာလီကသူမထင်ထားတာထက် ဖော်ရွေသဘောကောင်းပြီး ကျန်းမာရေးမကောင်းတဲ့သူမကို အရမ်းဂရုစိုက်ပေးခဲ့တော့ တွဲဖက်ကောင်းတွေဖြစ်သွားခဲ့ကြတာပေါ့ဒါပေမယ့်မကြာခင်မှာပဲ ဆေးရုံကလူနာတွေရုတ်တရက်ကြီးသေဆုံးသွားကြပါတယ် ဆုံးပါးတဲ့လူနာတိုင်းကိုစစ်ကြည့်တော့လည်း အင်ဆူလင်ဆေးကြောင့်ဆိုတာထွက်ပေါ်လာတော့ ဆေးရုံဘုတ်အဖွဲ့ကမသင်္ကာလို့ရဲတွေအကြောင်းကြားပြီး ဒီအမှုကိုစုံစမ်းခိုင်းပါတော့တယ်ဒီလိုနဲ့ ICU မှာတာဝန်ကျသူနာပြုတွေကိုစုံစမ်းရင်း လူသစ်ချာလီက ထူးဆန်းစွာဆေးရုံပေါင်း၉ခုမှာအလုပ်လုပ်ခဲ့ကြောင်းတွေ့ရှိလာခဲ့တဲ့နောက်မှာတော့....တကယ်ပဲချာလီကဒီလူတွေသေတာနဲ့ပတ်သက်နေတာလား လူသတ်သမားကဘယ်သူဖြစ်နိုင်မလဲဆိုတာဆက်လက်ခံစားကြည့်ရှုလိုက်ကြပါရှင် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yunni ပါ )File Size__(2GB) / (750MB) Quality__WEB-DL_1080p, 720p IMDb Rating__6.9/10 Format__mp4 Duration__02:01:00 Type__Biography, Crime, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Yunni Encoded by Naing Aung Latt
movie
The Good Nurse (2022)
6.3
Funny Pages (2022)
Funny Pages (2022) ----------------------ဒီရုပ်ရှင်ကပြောရရင် ကောမစ်တွေအကြောင်း။ ဇာတ်လိုက်ကောင်လေးက ကောမစ်တွေစုသလို ကောမစ်ရေးတဲ့သူဖြစ်ချင်လို ငယ်ငယ်လေးကတည်းက ကောမစ်တွေထိုင်ဆွဲနေတဲ့ကလေး။ ဒီကားဇာတ်အိမ်တည်ရာ အချိန်မှာလည်း သူက ၁၇နှစ်ပဲရှိသေးတယ်။ သူက မာဗယ် ဒီစီတိုလို ကောမစ်တွေလည်းစုတယ်။ ငယ်ငယ်က ကစ်ဇုန်ထဲ ကျွန်တော်တိုရင်းနှီးပြီးသားဖြစ်တဲ့ ငပြောင်ကောင် ဂျက်သတ်ကောမစ်တွေလည်းစုတယ်။ သိုပေမဲ့ သူက အဲဒီငပြောင်ကောမစ်တွေကို ပိုသဘောကျတဲ့သူ။ သူဆွဲတာကလည်း အဲဒီလိုကောမစ်မျိုးပဲ။ သမိန်ပေါသွပ်တို ဂျက်ဟတ်တို ဘာတိုကို ပြန်လွမ်းလိုရမယ့် Nostalgia vibeလေး အပြည့်ရတယ်။ထူးတာက ဒီရုပ်ရှင်တစ်ခုလုံးက ကောမစ်တွေကို ချစ်တဲ့ ဆယ်ကျော်သက်ကောင်လေးနဲ့ ကောမစ်တွေအကြောင်းသက်သက်ပဲ။ နာမည်ကိုကလည်း Funny Pages. , Genreကလည်း Comedyပေမဲ့ ဟာသကွက်လည်းမပါသလို။ ဒီပျက်ရှင်၀င်လောက်စရာ ဇာတ်၀င်ခန်းတွေအပြည့်နဲ့ပြသွားတယ်။ ရုပ်ပြကာတွန်းကို ရူးသွပ်တဲ့ ကလေးတစ်ယောက် ရုပ်ပြကာတွန်းဆွဲဖို ကြိုးစားတာကို သေချာပြသွားတာဆိုတော့ တော်တော်တော့ စိတ်၀င်စားစရာကောင်းပါတယ်။ နာမည်နဲ့လိုက်ဖက်တဲ့ ပျော်စရာတစ်ခုမှ မပါပေမဲ့ ...
movie
Funny Pages (2022)
6.5
Late Night(2019)
Late Night(2019)(Zawgyi)အမေရိကန်နိုင်ငံရဲ့ ညပိုင်းစကားပြောအစီအစဉ်တွေအကြောင်းရိုက်ကူးထားတဲ့ ဟာသဇာတ်မြူးလေးပါ .....ဒီဇာတ်ကားထဲမှာ အစီအစဉ်တင်ဆက်သူတစ်ယောက်က အလုပ်အရမ်းကြိုးစားသလို အချိန်ပြည့်လည်း ဒီအစီအစဉ်ကိုပဲခေါင်းထဲထည့်ထားလေ့ရှိယတ်... သို့ပေမယ့် သူဟာ ပြောင်းလဲနေတဲ့ခေတ်ကြီးမှာ သူ့အစီအစဉ်တွေဟာ ဒီပုံစံခွက်ထဲက မထွက်သလိုဖြစ်နေတယ်...ဒီတော့ အောင်မြင်သင့်သလောက် မအောင်မြင်ဘူးဖြစ်နေရှာတယ်...အဲ့ဒီအချိန်မှာပဲ သူနဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဟာ ဒီအစီအစဉ်တွေကို တစ်ဘက်တစ်လမ်းက ကူညီဖို့ကြိုးစားတယ်... ဒီဇာတ်လမ်းက ဟာသဇာတ်မြူးလေးဆိုပေမယ့် လုပ်ငန်းခွင်နဲ့ပတ်သက်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ပညာသားသားပါပါ ထောက်ပြထားတယ်... ရယ်လည်းရယ်ရသလို မှတ်သားစရာလေးတွေလည်း ပါတာမို့ ခံစားကြည့်ကြပါဦးလို့.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Initiative ပဲဖြစ်ပါတယ်...(unicode)အမေရိကန်နိုင်ငံရဲ့ ညပိုင်းစကားပြောအစီအစဉ်တွေအကြောင်းရိုက်ကူးထားတဲ့ ဟာသဇာတ်မြူးလေးပါ .....ဒီဇာတ်ကားထဲမှာ အစီအစဉ်တင်ဆက်သူတစ်ယောက်က အလုပ်အရမ်းကြိုးစားသလို အချိန်ပြည့်လည်း ဒီအစီအစဉ်ကိုပဲခေါင်းထဲထည့်ထားလေ့ရှိယတ်... သို့ပေမယ့် သူဟာ ပြောင်းလဲနေတဲ့ခေတ်ကြီးမှာ သူ့အစီအစဉ်တွေဟာ ဒီပုံစံခွက်ထဲက မထွက်သလိုဖြစ်နေတယ်...ဒီတော့ အောင်မြင်သင့်သလောက် မအောင်မြင်ဘူးဖြစ်နေရှာတယ်...အဲ့ဒီအချိန်မှာပဲ သူနဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဟာ ဒီအစီအစဉ်တွေကို တစ်ဘက်တစ်လမ်းက ကူညီဖို့ကြိုးစားတယ်... ဒီဇာတ်လမ်းက ဟာသဇာတ်မြူးလေးဆိုပေမယ့် လုပ်ငန်းခွင်နဲ့ပတ်သက်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ပညာသားသားပါပါ ထောက်ပြထားတယ်... ရယ်လည်းရယ်ရသလို မှတ်သားစရာလေးတွေလည်း ပါတာမို့ ခံစားကြည့်ကြပါဦးလို့.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Initiative ပဲဖြစ်ပါတယ်...File Size : (950 MB) and (357 MB) Quality : Blu-Ray 720p Format…mp4 Duration…01:42:00 Genre : Comedy, ...
movie
Late Night(2019)
2019
6.6
Going in Style (2017)
Going in Style (2017)_______IMDb - 6.6/10 ဒီကားလေးကဘယ်လိုကားလေးလဲဆိုတာမမေးခင်ပါဝင်သရုပ်ဆောင်ထားတဲ့သူတွေကိုပဲအရင်ကြည့်လိုက်ပါ။ စိတ်ဝင်စားစရာဖြစ်မယ်ဆိုတာသိသာပါတယ်ဗျာ။ Now You See Meဇာတ်ကားတွေမှာအပြင်ဇာတ်ကားတော်တော်များများမှာပါဝင်တဲ့ဝါရင့်သရုပ်ဆောင်ကြီးMorgan Freeman၊ အဲဒီNUSMကားထဲမှာပဲMorganနဲ့အတူပါဝင်ခဲ့တဲ့Micheal Caineနှင့် နောက်ထပ်ဝါရင့်သရုပ်ဆောင်Alan Arkinတို့ပါဝင်ပါတယ်။ အဖိုးကြီးသုံးယောက်ပေါင်းလောင်းကျော်ပွဲကြမ်းထားကြတဲ့2017ထွက်ဟာသကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်ကြောင်းလေးကတော့အသက်အရွယ်ထောက်လာပြီဖြစ်တဲ့ဝီလီ၊ဂျိုးနဲ့အယ်ဘာ့တ်တို့ သူငယ်ချင်းတတွေငွေကြေးအခက်အခဲတွေနဲ့ရင်ဆိုင်လာရပြီးဘဏ်တွေရဲ့နှိပ်စက်မှုတွေကိုခံနေရပါတယ်။ အဲဒီနောက်သူတို့နှစ်ပေါင်းများစွာအလုပ်လုပ်ပေးခဲ့တဲ့companyဟာပိုင်ရှင်အသစ်လက်ထဲရောက်ပြီးနောက် သူတို့ခံစားနေရတဲ့ပင်စာလစာလေးတွေကိုပါဖျက်သိမ်းတော့မယ်လို့သိလိုက်ရတဲ့အခါမှာတော့ သူတို့ချစ်တဲ့မိသားစုတွေအပေါင်းအသင်းတွေဒုက္ခနဲ့လှလှနဲ့တွေ့ရတော့မယ်ဆိုတာသဘောပေါက်လာကြပါတယ်။ အဲဒီတော့အဖိုးကြီးသုံးယောက်သားဘဏ်ကိုဓါးပြတိုက်ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။ အသက်အရွယ်တွေကြီးနေကြပြီဆိုပေမယ့် သုံးယောက်သားဘယ်လိုအချက်ကျကျသေချာစီစဉ်ပြီးပွဲကြမ်းကြမလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။ အဲတော့သူတို့သုံးယောက်ဘယ်လိုအခက်အခဲတွေကိုတူတူရင်ဆိုင်ကြမလဲ။ ဘယ်လိုဖြေရှင်းကြမလဲ။ သူတို့လုပ်ဆောင်မယ့်အကြံအစည်တွေအောင်မြင်ပါ့မလား။ ရဲတွေစုံထောက်တွကိုဘယ်လိုနှစ်ကျပ်ကွက်နင်းသွားမလဲဆိုတာကိုဟာသအမြူးလေးတွေနဲ့ရှုစားရမှာဖြစ်ပါတယ်။ တကယ်ကြည့်လို့ကောင်းပြီးစိတ်အမောပြေစေမယ့်ကားကောင်းလေးဖြစ်မယ်ဆိုတာအသေအချာပဲဖြစ်တာမို့ လက်မလွတ်စေဖို့တိုက်တွန်းချင်ပါတယ်။ Ratingအနေနဲ့လဲ6.6 ထိရထားပြီးရုံဝင်ငွေဒေါ်လာ82.1သန်းထိရရှိထားတဲ့ကားလေးဖြစ်ပါတယ်။ ကဲအဖိုးကြီးတွေလေးတေးတေးနဲ့ဘယ်လိုလက်စွမ်းပြကြမလဲဆိုတာတော့ရယ်ရင်းမောရင်းကြည့်လိုက်ရအောင်ဗျာ။ (ဘာသာပြန် သူကတော့ May Tharaphi Twinlay ပါ) File Size : (702 MB) Quality : Webrip 720p Running Time : 1hr 36minutes Format : Mp4 Genre : Comedy,Crime Translated By May Tharaphi Twinlay Encode By Thanhtike Zaw
movie
Going in Style (2017)
2017