Channel Myanmar

Marcus Lamb

Fréwaka (2024) 6.2
Fréwaka (2024)  Creepy ဖြစ်တဲ့ ဟော်ရာကားမျိုးကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ သူတွေအတွက် ဇာတ်ကားလေးတစ်ခုနဲ့မိတ်ဆက်ပေးပါ့မယ်။ဇာတ်ကားရဲ့ အလင်းအမှောင်အနေအထား၊ အသံ၊ရိုက်ကွင်းရိုက်ကွက်တွေက Horror ဇာတ်ကားကောင်းတစ်ခု ပီသပြီးတော့ တစ်ရာဖိုး သုံးပုဒ်ခပ်ပေါပေါ ဇာတ်ကားမျိုး မဟုတ်ပါဘူး။ငယ်ဘဝ ထရာမာ စိတ်ဒဏ်ရာတွေ ...ဘာသာရေး အမှောင်ကျမှုတွေကို ဖော်ညွှန်းထားတဲ့ဒီဇာတ်ကားက အိုင်ယာလန်နိုင်ငံမှာ ရိုက်ကူးထားတဲ့အိုင်းရစ်စကားပြော ဇာတ်လမ်းပါ။ဇာတ်ကားရဲ့ နာမည်က အိုင်ယာလန် ဘာသာစကားနဲ့ဖြစ်ပြီး “ဇစ်မြစ်/အမြစ်”ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ဒီဇာတ်ကားမှာ သက်ကြီးရွယ်အို ကူညီစောင့်ရှောက်ရေးအေဂျင်စီမှာ လုပ်ကိုင်တဲ့ “သျှူဘန်း (ခ) သျှူး” ဆိုတဲ့အမျိုးသမီး တစ်ယောက်ဟာ သူမရဲ့ မိခင် သူ့ကိုယ်သူဆွဲကြိုးချ သေဆုံးပြီးနောက် ကျန်ရစ်ခဲ့တဲ့ အခန်းကိုရှင်းလင်းရေး လုပ်ဖို့ သူမရဲ့ ဇနီး မီလာနဲ့အတူရောက်လာခဲ့ပါတယ်။ လေဖြတ်သွားတဲ့ သက်ကြီးရွယ်အို တစ်ဦးကို ကူညီစောင့်ရှောက်ပေးဖို့အတွက်အလုပ်မက်ဆေ့က ရောက်လာခဲ့လို့ ရှင်းလင်းရေးမပြီးခင်မှာပဲ သွားခဲ့ပါတယ်။ တစ်ကယ်တမ်းကျတော့သျှူးရဲ့ အေဂျင်စီက သူမကို မိသားစုနာရေးရှိလို့ခွင့်ရက်ပေးထားပြီးတော့ လုံးဝ အလုပ်အပ်ခဲ့တာမဟုတ်ပါဘူး။ ဟိုကိုရောက်တဲ့အခါမှာ ...
movie

Fréwaka (2024)

Bonhoeffer: Pastor. Spy. Assassin (2024) 6.3
Bonhoeffer: Pastor. Spy. Assassin (2024)  Bonhoeffer: Pastor. Spy. Assassin (2024)IMDb Rating (6.3) / Rotten Tomatoes (64%) ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်မစမှီ စစ်ပွဲအစချီလာတဲ့ ကာလကို မှီငြမ်းပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ပေါ်အခြေခံထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်း ဒုတိယကမ္ဘာစစ်ဆိုတာကတော့ ဟစ်တလာရဲ့ ဒိဌိတွေကြားကနေ အစပျိုးလာတာပေါ့။ဒီဇာတ်လမ်းထဲမှာတော့ ဂျာမနီမှာ ဟစ်တလာ အာဏာရလာပုံကို လူငယ်တစ်ယောက်နဲ့ ဇာတ်အိမ်တည်ပြီးတော့ ရိုက်ကူးတင်ဆက်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ---------------------ဒီထရစ်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ ငယ်ငယ်လေးကတည်းက အဆော့သန်တဲ့သူပါ။ အစ်ကိုကို အရမ်းချစ်တဲ့ဒီထရစ်ဟာ တစ်နေ့မှာ သူ့အစ်ကို စစ်မှုထမ်းဖို့အကြောင်းဖန်လာတာကိုတွေ့ခဲ့ပါတယ်။စစ်ပွဲကနေ ပြန်မရောက်လာခဲ့တဲ့ ဒီထရစ်ဟာ သူ့အစ်ကိုအတွက် စိတ်မကောင်းဖြစ်ပြီး စစ်ပွဲတွေအကြောင်းကို လေ့လာခဲ့ပါတယ်။အချိန်အတော်အတန်ကြာသွားတဲ့အချိန်မှာအမေရိကကိုရောက်သွားတဲ့ ဒီထရစ်ဟာ ဂျာမနီမှာ ဟစ်တလာတဖြည်းဖြည်းအာဏာရလာတာကိုသိသွားပါတယ်။ဒီလိုနဲ့ အမေရိကမှာ ခရစ်ယာန်စစ်ဖြစ်သွားပြီး ဂျာမနီကို ပြန်ရောက်သွားတဲ့ ဒီထရစ်ဟာ ဂျာမနီမှာ ခရစ်ယာန်ဘာသာကိုတောင် မှားယွင်းတဲ့ဝါဒီကိုဖြန့်ပြီး လွှမ်းမိုးသွားတဲ့ ဟစ်တလာဝါဒကို ဘယ်လိုတိုက်ဖျက်မလဲဆိုတာကို ဒီဇာတ်ကားထဲမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)File size…(1.8 GB) ...
movie

Bonhoeffer: Pastor. Spy. Assassin (2024)

2024
Flora and Son (2023) 7.1
Flora and Son (2023) Flora and Son (2023)~ IMDb - 7.1/10, Rotten Tomatoes - 94% ~ဂီတဟာ လူတွေကို နှလုံးသားချင်းပိုနီးစေတယ်။ သီချင်းထဲမှာတော့ ဘဝဟာရှိချင်မှရှိမှာပေမဲ့ ဘဝထဲမှာတော့ သီချင်းကို အားလုံးလိုခဲ့ကြတယ်။ ဒီဇာတ်လမ်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးရပြီး ကလေးကိုရော ကိုယ့်ဘဝကိုယ်ရော မုန်းနေတဲ့ အမေနဲ့ အမေကိုပါထထဆဲနေတဲ့ ဘာကိုမှမကျေနပ်နေတဲ့ကလေး သားအမိအကြောင်းပေါ့။ သားလေးသာ နည်းနည်းကြီးလာတယ်။ သားအမိကြား နားလည်မှုတစ်စက်မှမရဘဲ ဆဲလိုက်ဆိုလိုက် သေသွားရင်ကောင်းမယ်တွေးလိုက် လုံးလည်ချာလည်လိုက်နေတဲ့ သားအမိပါပဲ။ သားဆိုလည်း ခိုးမှုနဲ့ စခန်းခဏခဏရောက်နေတဲ့ လူပေလူရေလေး။ဒီလိုနဲ့ သူ့အမေက သူ့သားမွေးနေ့မှာ ဂီတာဟောင်းတစ်လက် မွေးနေ့လက်ဆောင်ပေးတယ်။ သားက ဂီတာကိုစိတ်မဝင်စားဘူး။ ကွန်ပျူတာနဲ့ဖန်တီးရတဲ့ ဂီတကိုပဲ စိတ်ဝင်စားတာဆိုတော့ အဖက်မလုပ်ဘူး။ အဲဒါနဲ့ပဲ ကလေးအမေက ဂီတာကို အွန်လိုင်းကနေ သူ့ဘာသာသင်ရင်း ဂီတကိုပိုချစ်တတ်လာတယ်။ သူ့သားကလည်း သူ့ဘာသာတော့ သီချင်းတွေဖန်တီးနေတဲ့ကလေး။ ...
movie

Flora and Son (2023)

2023
Royal Rendezvous(2023) 6.5
Royal Rendezvous(2023) Royal Rendezvous(2023)********************** fancy ဒရာမာ အချစ်ဇာတ်လမ်းလေး တွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်ကြည့်လို့ကောင်းမယ့်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ကတ်တလီနားကတော့ Food Truck နဲ့ စားသောက်ဖွယ်ရာတွေကိုရောင်းတဲ့ East L.A က စာဖိုမှူးမလေးတစ်ယောက်ပါ။လွတ်လွတ်လပ်လပ် နေတတ်ပြီး ဘဝကိုပျော်ပျော်ပါ့းပါး ဖြတ်သန်းနေတဲ့အမေရိကန် ကိုလမ်ဘီယား ကပြားမ‌ လေးတစ်ယောက်တော်ဝင်မျိုးနွယ်တွေရဲ့အိမ်မှာ ကျင်းပမယ့်ပွဲအတွက် ငှားရမ်းခြင်းကိုခံခဲ့ရပါတယ်။ အဲ့ဒီ့အိမ်ကြီးကတော့ မြို့စားမယ်တော်ကြီးပိုင်ပြီးနောက်တစ်ပတ်နေရင်ရောင်းချတော့မယ့်အိမ်ကြီးဖြစ်ပါတယ်။ ရောင်းချပြီးရင် သခင်ကြီး ပယ်ရီနဲ့ သူ့ရဲ့ သား ဂျိမ်းစ် တို့ဟာဆိုရင်သူ့ရဲ့အဖွားနဲ့ပြန်လိုက်သွားရတော့မှာပါ။ အဲ့ဒီနောက်မှာတော့......File Size :(1.8GB) and (674MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:29:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by PROXY Encoded by Phyo Pyae
movie

Royal Rendezvous(2023)