Channel Myanmar

Marcus Brown

Twisted Devotion (2025)
Twisted Devotion (2025) Twisted Devotion (2025)လေးစားအားကျရတဲ့သူ ဘဝရဲ့ရည်မှန်းချက်ပန်းတိုင်တွေကို လျှောက်လှမ်းဖို့မျှော်လင့်ချက်ပေးတဲ့သူဆိုတာ လူတွေဘဝမှာရှိတတ်ကြပါတယ်ဒီလိုပဲ အနုပညာရှင်တွေဆိုတာလဲ နှစ်သက်သူလူတိုင်းရင်မှာ နေရာတစ်ခုတော့ယူထားနိုင်စမြဲပါပျော်ရွှင်မှု ဝမ်းနည်းမှုတွေနဲ့ ဘဝပန်းတိုင်ကိုရောက်နိုင်ဖို့အတွက် အားပေးမှုအဖြစ်ယူဆထားကြတယ် အဆိုတော်တွေ သူတို့သံစဉ် သီချင်းတွေနဲ့ ဘဝအမောတွေဖြေပေးနိုင်တာကလဲ ကျေးဇူးတင်စရာပါပဲ ဒါဆိုရင် လေးစားမှုမှာပဲရပ်တန့်သွားမှာလား အရမ်းကို လေးစားချစ်ခင်လာတဲ့အခါ ကိုယ့်ခံစားချက်တွေဟာ ဒီနေရာမှာပဲရပ်တန့်သွားတာမဟုတ်ပါဘူး စွဲလန်းမှု ဟုတ်တယ် စွဲလန်းမှုဆိုတာ ကြောက်ဖို့ကောင်းတဲ့အထင်မှားမှုတစ်ခုပါစွဲလန်းကြသူလူသားတိုင်းကဒါကို အမှန်အတိုင်းမမြင်နိုင်ကြဘဲ အချစ်လို့ပဲယူဆကြတဲ့သူတွေကြီးပါပဲ အချစ်နဲ့စွဲလန်းမှုကြားမှာလဲ စည်းပါးပါးလေးပဲခြားပါတယ် တကယ်တော့နောက်ကွယ်မှာနက်ရှိုင်းတဲ့ခံစားချက်တွေနစ်မြုပ်နေစမြဲပါ ဒီကားလေးမှာလဲ နာမည်ကြီးလူကြိုက်များတဲ့သီချင်းတွေနဲ့နောက်ကွယ်က ပေါ့အဆိုတော်မလေး စကိုင်းတစ်ယောက် ဘဝမှာနစ်မွန်းလာပြီးအနားယူရာကနေ တစ်ဖန်ပြန်ကျော့လာတဲ့ သူ့ရဲ့အယ်ဘမ်အသစ်က အရမ်းကိုပေါက်သွားပါတယ် သူ့ရဲ့ဘဝအတွေ့အကြုံ သူ့ခံစားချက်ဘက်ကနေ သူ့ကိုစွဲလန်းလေးစားသူ အချစ်လို့သတ်မှတ်ထားတဲ့သူ့ပရိသတ်တစ်ယောက်ကတော့ သူ့ဘဝမှာ သူ့ကိုလက်ခံနိုင်ဖို့အတွက် ဘယ်လိုတွေမထင်မှတ်ထားနိုင်တဲ့ စည်းမျဉ်းကိုချိုးဖောက်လိုက်လဲ စိတ်ရဲ့စေရာကိုလိုက်ရင်းက ရူးသွပ်မှုတစ်ခုကို ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် File size…600 MB / 300 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 10min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Twisted Devotion (2025)

Joshua Tree (aka) Army of One (1993) 5.7
Joshua Tree (aka) Army of One (1993)  ပြစ်မှုကျူးလွန်သူအဖြစ် မှားယွင်းစွပ်စွဲ ထောင်ချခံရတဲ့ ဆန်တီဟာ အကျဉ်းထောင်ကူးပြောင်းနေတဲ့ လမ်းခုလတ်မှာပဲ ထွက်‌ပြေးခဲ့ပြီး မရက်ခ်အမည်ရှိတဲ့ အမျိုးသမီးတစ်ဦးကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့ပါတယ်။အဲဒီအမျိုးသမီးဟာ သမာသမတ်ကျတဲ့ ဒုလက်ထောက်ရဲအရာရှိဖြစ်တာကြောင့် ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ၊ ဆန်တီကရော ဘာအကြောင်းကြောင့်စွပ်စွဲခံရလဲ၊ နောက်ကွယ်က လက်မည်းကြီးက ဘယ်သူဖြစ်မလဲဆိုတာကို တစ်ဆင့်ချင်းခံစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ခုပါ။ File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:46:00 Genre... Action, Adventure, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina
movie

Joshua Tree (aka) Army of One (1993)

57 Seconds (2023)
57 Seconds (2023)   ကြည့်ရှုနှုန်းတွေလည်း ဆက်တိုက်မြင့်တက်လာနေတဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားလေးတစ်ကားပါ။ဝါရင့်သရုပ်ဆောင်ကြီး Morgan Freeman လည်းပါဝင်ထားပြီး အနာဂတ်မှာတိုးတက်လာတဲ့ နည်းပညာနဲ့ဆေးပစ္စည်းတွေရဲ့ အကျိုးဆက်က အမြဲတမ်းမကောင်းနိုင်ဘူး ဆိုတာကိုမီးမောင်းထိုးပြထားတာကိုတွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်း..... ဖရန့်ကလင်းဖော့စ်ကတော့ ဇီဝနည်းပညာရှင်တစ်ယောက်ဖြစ်ပြီး ညီမဖြစ်သူသေဆုံးမှုအတွက် တရားမျှတမှုကိုရှာပေးချင်နေတဲ့သူဖြစ်ပါတယ်။ လူတွေကိုလည်း အကောင်းဆုံးကျန်းမာရေးကိုပိုင်ဆိုင်နိုင်ဖို့ အမြဲနည်းလမ်းတွေပေးနေတဲ့သူဆိုလည်းမမှားပါဘူး။တစ်နေ့မှာတော့ အကောင်းဆုံးကျန်းမာရေးကိုဖော်ဆောင်ပေးနေတဲ့ နည်းပညာရှင်ဂုရုကြီးနဲ့သွားတွေ့ရာက မထင်မှတ်ဘဲ လက်စွပ်တစ်ကွင်းကောက်ရလာခဲ့ပါတယ်။ အဲဒီလက်စွပ်က ရှေ့ ၅၇ စက္ကန့်ကိုပြန်ရစ်လို့ရတဲ့လက်စွပ်ဖြစ်နေမှန်းသိလိုက်ရတဲ့အချိန်မှာ... ဖရန့်ကလင်းတစ်ယောက် လက်စွပ်ရဲ့အစွမ်းကိုအသုံးချပြီး သူ့ညီမအတွက်တရားမျှတမှုကိုဘယ်လိုရှာပေးမလဲ ပိုကောင်းတဲ့ကမ္ဘာကြီးဖြစ်လာဖို့ ဘယ်လိုကြိုးစားကြမလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.3 GB)/(680 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khunn 
movie

57 Seconds (2023)