Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Marco Assante
7.4
Begin Again (2013)
Begin Again (2013)IMDb Rating (7.4) / Rotten Tomatoes (83%)မင်းသားကြီး Mark Ruffalo နဲ့ မင်းသမီး Keira Knightley တို့အဓိကပါဝင်ထားတဲ့ Musical ဒရမ်မာ အချစ်ရိုမန့်ဇာတ်ကားလေးပါ။Music ကိုဝါသနာပါတဲ့ သူများ ပိုမိုကြိုက်နှစ်သက်လောက်မယ့်ဇာတ်ကားမျိုးပါပဲ။ သီချင်းလေးတွေရေးစပ်သွားတာ . Christmas လက်ဆောင်အဖြစ် သီချင်းလေးလက်ဆောင်ပေးသွားတာတွေဟာ ဇာတ်ကားရဲ့တကယ့်ကို ဆွဲဆောင်မှု အရှိဆုံးအချက်ထဲက တစ်ချက်လို့ပြောချင်ပါတယ်။ သာမန် Acoustic Guitar တစ်လုံးနဲ့တီးခတ်နေတဲ့ Gretta ရဲ့ သီချင်းတစ်ပုဒ်ကို လိုအပ်တဲ့ သံစဉ်ထောက်ပံ့မှုတွေကို အရက်သောက်နေရင်းနဲ့ မိမိစိတ်ထဲမှာတင် ခံစားတီးခတ်ပြသွားတဲ့ Dan ရဲ့ ဂီတစွမ်းရည်ဟာ ကျွန်တော့်တို့လို ဂီတကိုကြိုက်နှစ်သက်တဲ့လူတွေအတွက် မလွတ်တန်းကြည့်ချင်မိတဲ့ ဇာတ်ကားအဖြစ် စိတ်ထဲကိုနေရာယူစေမိတယ်။နောက်ထပ် အသိရသအနေနဲ့ကတော့ လဲကျနေတဲ့စိတ်ဓါတ်တွေကိုပြန်လည်မြင့်တင်ပေးပြီး . မိမိစိတ်ကို ပြန်အားတင်းစေတဲ့အသိခံစားမှုကိုလည်းပေးစွမ်းနိုင်တဲ့ Drama ဇာတ်ကားကောင်းတစ်ပုဒ်ပါ။ ခပ်အေးခပ်ငြိမ့်ငြိမ့်ကြည့်ရှုဖို့အတွက် ဆူညံတဲ့နေရာ ပတ်ဝန်းကျင်မှာ မကြည့်ရှုဖို့တော့ အကြံပေးပါရစေ။ ဇာတ်ကားကောင်းတစ်ကားရဲ့ အနှစ်ခံစားချက်အပြည့်အဝကို အတွင်းကျကျခံစားချင်ရင် အခုလိုအေးမြတဲ့ ဆောင်းရာသီမှာ မနက်စောစောဖြစ်ဖြစ် . ...
movie
Begin Again (2013)
[18+] Striptease (1996)
Striptease (1996)ဒီကားကိုရိုက်တဲ့သူက မာလွန်ဘရန်ဒိုရဲ့ The Freshman နဲ့ နစ်ကေ့ရဲ့ ပွဲဦးထွက် ဂိကာလကားတစ်ချို့ကို ရိုက်ခဲ့တဲ့ Andrew Bergman ပါပဲ။ မင်းသမီးက Ghost ရဲ့ သရုပ်ဆောင် အလှပဂေး ဒယ်မီမိုး။ ဇာတ်လမ်းကတော့ Erotic ဆန်ဆန်ရိုက်ထားပေမဲ့ ထူးထူးခြားခြားကို Mystery ကားလိုလို စုံထောက်ကားလိုလို အငွေ့အသက်အပြည့်ရပါတယ်။မင်းသမီးက FBI က အတွင်းရေးမှူးဟောင်း။ ရာဇဝတ်မှတ်တမ်းနဲ့သူ့ယောက်ျားကြောင့် အလုပ်က ပြုတ်သွားတယ်။ သူတို့သမီးလေးကို အုပ်ထိန်းခွင့်အတွက် တရားရင်ဆိုင်ရာမှာလည်း သူ့ယောက်ျားကို ရှုံးသွားပြီး သူခိုးလုပ်နေတဲ့ ယောက်ျားနဲ့ သမီးကို ထားထားရတဲ့အတွက် ရတက်မအေးဖြစ်နေတာပေါ့။ ဒီလိုနဲ့ တစ်နေ့ သူအလုပ်လုပ်နေတဲ့ အဖော်အချွတ်ကလပ်မှာ နာမည်ကျော်လွှတ်တော်အမတ်တစ်ယောက်ရောက်လာပြီး သူ့ကို သဘောကျသွားတယ်။ လွှတ်တော်အမတ်က အဖော်အချွတ်ကလပ်ထဲရောက်နေတာနဲ့တင် ပြဿနာကြီးနေပြီကို ဒီဘဲက သူများခေါင်းပါသွားခွဲချလိုက်တယ်။ဒီလိုနဲ့ အဲဒီအခြေအနေရဲ့ပုံတစ်ချို့ ထွက်လာပြီး သူ လွှတ်တော်အမတ်ဆိုတာ သိနေတဲ့ ...
movie
[18+] Striptease (1996)
1996
7.3
Matchstick Men(2013)
Matchstick Men(2013) အညွှန်း***************************IMDb...7.3ဒါကတော့ မင်းသားကြီး Nicolas Cage အကြွေးနွံထဲနစ်ပြီး ပေါချာချာကားတွေရိုက်တဲ့ကာလမတိုင်ခင်ကရိုက်ခဲ့တဲ့ဇာတ်ကားကောင်းတစ်ကားပါ။ရိုင်း (Nicolas Cage)နဲ့ ဖရန့်(Sam Rockwell) တို့နှစ်ဦးက ရိုက်စားလောကမှာ အကွက်သေးသေးလေးတွေကနေ အချီကြီးတွေအထိဂွင်ဖန်ရင်း ကျင်လည်နေကြတဲ့လူလိမ်ဝိဇ္ဇာတွေပါ။ ရိုင်းကဉာဏ်ပြေးပေမယ့်အသန့်ကြိုက်လွန်တာတွေ၊ ပစ္စည်းတွေအစီစဉ်တကျဖြစ်မှကြိုက်တာတွေ၊အပြင်ထွက်ရတာမနှစ်သက်တာတွေစတဲ့ OCDတွေ Phobiaတွေရှိနေတဲ့သူပေါ့။ဒီလို တမူထူးတဲ့ အရည်အချင်းတွေကြောင့်ပဲလားမသိ... မိန်းမနဲ့လည်းကွဲခဲ့သလိုဒီလောကထဲမှာပဲ ဆက်ကျင်လည်နေခဲ့တယ်...တစ်နေ့တော့ မမျှော်လင့်ဘဲနဲ့ သူ့ဘဝထဲကိုဆယ်ကျော်သက်အရွယ်သမီးလေးရောက်ရှိလာတဲ့အခါသူ့ဘဝနဲ့အလုပ်ပေါ် ဘယ်လိုရိုက်ခတ်ရှုပ်ထွေးမှုတွေကြုံလာရမလဲဆိုတာကိုတော့..... File Size : (2.2GB)(0.9GB) and (359 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:56:00 Genre : Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Phyo Pyae
movie
Matchstick Men(2013)