Channel Myanmar

Marcin Bubółka

Death Before the Wedding (2025) 5.0
Death Before the Wedding (2025)  ဒီရုပ်ရှင်ဇာတ်ကားလေးဟာ 2025မှာထွက်ထားတဲ့ပိုလန်ဟာသမိသားစု ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ပိုလန်နိုင်ငယ်မြို့ငယ်လေးတစ်မြို့မှာနေတဲ့ Mirek ဆိုတဲ့အမျိုးသားတစ်ဦးဟာ သူ့ဘဝကို နို့ထွက်ထုတ်ကုန်လုပ်ငန်းမှာမြုပ်နှံထားသူပါ။ သူဟာအပြောကြမ်းပေမဲ့ သူ့မိသားစု ၊မြို့ငယ်လေးနဲ့ သူ့စက်ရုံလေးကို ကာကွယ်ပေးချင်သူတစ်ဦးပဲဖြစ်ပါတယ်။ သို့ပေမဲ့လည်းသူဟာအရာရာကိုသူ့ပုခုံးပေါ်တင်ထားပြီး လူတိုင်းကသူမရှိရင်မဖြစ်ဘူးလို့တွေးထင်ထားတဲ့သူဖြစ်တဲ့အပြင် လုပ်ငန်း၊မိသားစု တွေမှာ အမျိုးသားတွေကသာဦးဆောင်သင့်တယ်လို့ အတွေးရှိတဲ့သူဖြစ်ပါတယ်။တစ်နေ့မှာ သူ့စက်ရုံရဲ့ CEOက နို့ထွက်ထုတ်ကုန်လုပ်ငန်းကိုကိုယ်ကျိုးအတွက်ပိတ်ချဖို့ သူတို့မြို့လေးကိုရောက်လာခဲ့ပါတယ်။အဲ့အချိန်ကနေစပြီး Mirek ဟာ စက်ရုံနဲ့မြို့လေးကိုကယ်တင်ဖို့ကြိုးစားပါတော့တယ်။ဒီလိုနဲ့ပဲ Mirek နဲ့ သူ့မိသားစုဟာဘယ်လိုပြဿနာလေးတွေရင်ဆိုင်ရမလဲ........သူရဲ့ အတွေးတွေဟာလည်းပြောင်းလဲသွားမလား..........သူ့ရဲ့စက်ရုံနဲ့မြို့လေးကိုရောကယ်တင်နိုင်ခဲ့မှာလားဆိုတာကိုပေါ့ပေါ့ပါးပါးကြည့်ရှူခံစားနိုင်မှာဖြစ်ပါတယ်။ဒီကားလေးမှာ မိသားစုဆက်ဆံရေးတွေ နဲ့ လူတွေကိုခွဲခြားဆက်ဆံတာတွေကို ဟာသကားဖြစ်တဲ့အလျောက် ရယ်မောပျော်ရွှင်စွာဖြင့်ကြည့်ရှူနိုင်မှာဖြစ်ပါတယ်။  File size… (2.14 GB) / (1.07 GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 46m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo
movie

Death Before the Wedding (2025)

Squared Love All Over Again (2023)
Squared Love All Over Again (2023)   ဇာတ်လမ်းကတော့ မိုနီကာဆိုတဲ့ မူလတန်းပြ ကျောင်းဆရာမလေးက တစ်ဖက်မှာလည်းကလောက်ဒီယာ ဆိုတဲ့ နာမည်နဲ့ မော်ဒယ် ဆယ်လီတစ်ယောက်ပါ ။ ကျောင်းဆရာမ ပီပီကလေးတွေနဲ့ဆက်ဆံရေးကောင်းပြီး ကလေးချစ်တတ်တဲ့သူတစ်ယောက် ဖြစ်ပြီး ကလေးတွေအတွက် Talent show တစ်ခုမှ Host လုပ်ပေးဖို့ကမ်းလှမ်းခံပါတယ်။ကျောင်းဆရာမအလုပ်နဲ့ မော်ဒယ်အလုပ်နှစ်ခုကို Balance ညီအောင်လုပ်ရင်း အချစ်ရေးမှာပါ ထိခိုက်လာခဲ့ ပါတယ်။ အဲ့လိုနဲ့သူ့ရဲ့ အလုပ်နှစ်ခုနဲ့ အချစ်ရေးကို Handle လုပ်ရင်း အခက်အခဲတွေကို ပေါ့ပေါ့ပါးပါး ဟာသလေးတွေနှောပြီး ကြည့်ရှုရမယ့် ပိုလန် Love Romance ကားလေးတစ်ကားပါ။ File size…(2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby
movie

Squared Love All Over Again (2023)