Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Marcel Dalio
7.6
Sabrina (1954)
ဆင်းရဲသားနဲ့ သူဌေးသမီးတို့ရဲ့ အချစ်ဇာတ်လမ်းတို့ဘာတို့ဆိုတာကိုငယ်ငယ်တုန်းက ငှားကြည်ခဲ့ကြတဲ့အခွေတွေထဲမှာတော့ မကြာမကြာ ကြည့်ခဲ့ဖူးကြမှာပါ။(၁၉၅၄)တုန်းက ထွက်ရှိခဲ့တဲ့အချစ်ဟာသဇာတ်လမ်းအမျိုးအစားဖြစ်တဲ့“Sabrina”ဆိုတဲ့ ဇာတ်ကားလေးမှာတော့ကျိကျိတက်ချမ်းသာကြွယ်ဝလှတဲ့သူဌေးသားညီအစ်ကိုတို့နဲ့ သူတို့အိမ်က ဒရိုင်ဘာသမီး“ဆာဘရီနာ”တို့ကြားက အချစ်ကိုအဓိပ္ပါယ်ဖွင့်ဆိုပုံတွေကို သဘောကျဖွယ် ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်။ဆာဘရီနာကတော့ ညီဖြစ်သူဒေးဗစ်လာရာဘီးကို ငယ်စဥ်တောင်ကျေးကလေးဘဝကတည်းကတစ်ဖက်သတ်ချစ်မြတ်နိုးနေမိခဲ့တာပါ။ ဒါပေမယ့်လည်း မိန်းမလှလေးတွေ ဝိုင်းနေတဲ့ဒေးဗစ်တစ်ယောက် သူ့အိမ်က ဒရိုင်ဘာသမီးကို ဘယ်မျက်စိကျပါ့မလဲ။ဖုတ်လေတဲ့ငပိရှိတယ်တောင်မထင်တာမျိုးပေါ့။အခုလိုမျိုး အဆင့်အတန်း အဘက်ဘက်က ကွာခြားလှတဲ့ အချစ်မျိုးကိုမမြင်ချင်တာကြောင့်ဆာဘရီနာအဖေက ဆာဘရီနာကို ပဲရစ်က အချက်အပြုတ်ကျောင်းကိုပို့လိုက်ပါလေရော။ခက်တာက ပြန်ရောက်လာတဲ့အချိန် အလှကြီးလှလာတဲ့ ဆာဘရီနာကိုလေးဆက်မြောက်အိမ်ထောင်အတွက်စေ့စပ်ထားပြီဖြစ်တဲ့ ဒေးဗစ်တစ်ယောက်မျက်စိကျကာချစ်မိသလိုတွေ ဖြစ်ကုန်ပါတော့တယ်။သံယောဇဥ်မပြတ်သေးတဲ့ ဆာဘရီနာကကော ဒီနွံကိုများဆက်တိုးမလား။စီးပွားရေးကိုသာ ဇောက်ချလုပ်နေတဲ့ အစ်ကိုဖြစ်သူ လိုင်းနက်စ်ဟာလည်း ဒေးဗစ်လိုပဲဆာဘရီနာကို ရင်ခုန်မိသွားပါတော့တယ်။နွံထဲပဲ ဆက်နစ်ကြမလား။ သုံးပွင့်ပဲ ဆိုင်မလား။ စတဲ့ မေးခွန်းတွေရဲ့ အဖြေကိုတော့အဖြူအမည်းခေတ်က ရုပ်ရှင် “Sabrina”ကို ခံစားကြည့်ရှုရင်း အဖြေအတူတူ ရှာကြည့်လိုက်လို့ရပါပြီ။File size… 3.4 GB / 1.4 GB Quality… BluRay 1080p ...
movie
Sabrina (1954)
6.7
Donovan’s Reef (1963)
ဟာလီယာကာလိုဟာကျွန်းဟာ ဒုတိယကမ္ဘာစစ်အပြီးမှာ လူမျိုးပေါင်းစုံစုပေါင်းနေကြပြီး အေးချမ်းသာယာတဲ့ကျွန်းတစ်ကျွန်း။ ကျွန်းပေါ်နိုင်ထိုင်ကြတဲ့သူတွေထဲ အမေရိကန်စစ်ပြန်ကြီးတိုဖြစ်ကြတဲ့ မိုက်ကယ်ဒိုနိုဗန်တိုလည်းပါတယ်။တနေ့မှာတော့ မိုက်ကယ့်မိတ်ဆွေဒေါက်တာရဲ့သမီးဟာ ဘော်စတွန်ကနေ ဆိုင်းမဆင့်ဗုံမဆင့်ရောက်ချလာတော့ ဒေါက်တာဟာကျွန်းပေါ်အိမ်ထောင်ကျပြီး သားသမီး ၃ ယောက်ရှိနေပြီဆိုတဲ့အကြောင်း သူ့သမီးကို ဘယ်လိုပြောပြရကောင်းမှန်းမသိလို့ ကလေး ၃ ယောက်ကို သူ့သားသမီးတွေပါလို့ လိမ်ဆင်လုပ်ရာကနေပြီးတော့အစပြုမယ့် သူတိုရဲ့ချစ်ဇာတ်လမ်း။ File size…(3.1 GB)/(1.7 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:49:00 Genre... Adventure, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su
movie
Donovan’s Reef (1963)
To Have and Have Not (1944)
IMDbs 7.8/10 ; Rotten Tomatoes (94%)အဖြူအမဲခေတ်မှာ အတော်လေးပေါက်ခဲ့တဲ့မင်းသားကြီးဘိုဂတ်ရဲ့ ရိုမန့်စ် အက်ရှင်ကားကောင်းလေးပါ 1940နောက်ပိုင်း ပြင်သစ်ကျရှုံးပြီး ဗစ်ချီအစိုးရလက်အောက်ရောက်သွားချိန် နိုင်ငံရေးအရှုပ်အထွေးကာလကို ဇာတ်အိမ်တည်ထားတာပါပြင်သစ်ရောက် အမေရိကန်လူမျိုး ငါးဖမ်းလှေပိုင်ရှင် ကပ္ပတိန်မော်ဂန်ဟာ တစ်နေ့မှာတော့ လူတစ်စုကနေသူ့လှေကိုငှားရမ်းပြီး အလုပ်တစ်ခုလက်ခံပေးဖို့ တောင်းဆိုဖို့ရောက်လာကြတယ်နိုင်ငံရေးအရှုပ်အထွေးထဲဝင်မပါချင်တဲ့မော်ဂန်ဟာ အစပိုင်းဟာငြင်းဆိုခဲ့ပေမဲ့ သူနဲ့ပတ်သက်တဲ့မိန်းကလေးကို အိမ်ပြန်ပို့ရဖို့ဖြစ်လာတဲ့အခါ ဒီအလုပ်ကိုလက်ခံဖို့ဖြစ်လာပါတော့တယ် အဲ့ဒီနောက်မှာတော့ မော်ဂန်ဟာအန္တရာယ်များတဲ့အလုပ်ကိုလုပ်မိတာကနေ ဘယ်လိုအရှုပ်အထွေးတွေထဲဝင်ပါမိမလဲဆိုတာ....အဖြူအမဲခေတ်ကအရသာလေးနဲ့ ခံစားကြည့်လိုက်ကြပါအုံး Ratingတွေလဲကောင်းပြီး သရုပ်ဆောင်တွေကလဲအမိုက်စားနဲ့ မပျင်းရမဲ့ ဇာတ်ကားကောင်းလေးပါနော် File size…(2 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:40:00 Genre... Film Noir, Adventure, Comedy, Romance, Thriller, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shwe Eain Si
movie
To Have and Have Not (1944)
7.5
How to Steal a Million (1966)
နာမည်အတိုင်းပါပဲ Criminal ကို အချစ်၊ ဟာသလေးတွေနဲ့ အားထပ်ဖြည့်ထားတဲ့ ဇာတ်မြူးဖောက်ထွင်းရေး ရုပ်ရှင် ဖြစ်ပါတယ်။ ရုပ်ရှင်ကတော့ အဘိုးတို့ခေတ် (၁၉၆၆ ခုနှစ်)က ရုပ်ရှင်ဖြစ်တဲ့အတွက် စိတ်တွေမွန်းကြပ်လို့ ရုပ်ရှင်ကားဟောင်းတွေ ကြည့်ရင်း ပေါ့ပေါ့ပါးပါး ဇာတ်လမ်းလေးတွေနဲ့ အပန်းဖြေချင်တဲ့သူတွေအတွက် အံကိုက်စေမယ့် ရုပ်ရှင်လေးတစ်ကားပါ။နီကိုးလ်ရဲ့ အဖေဟာ ပန်းချီကားတွေကို အတုပြန်ဆွဲပြီး ရောင်းချတဲ့သူဖြစ်ပါတယ်။ နီကိုးလ်ကတော့ အဖေဖြစ်သူကို တားမရတဲ့အဆုံးလွှတ်ထာရပြီး တရက်မှာတော့ အိမ်မှာ ဖခင်ဖြစ်သူရဲ့ နာမည်ကျော် ရုပ်တုအတုကို ပြတိုက်မှာပြဖို့ ဖခင်က ဆုံးဖြတ်လိုက်ပါတယ်။ ပြတိုက်မှာ ရုပ်တုဖွင့်ပွဲအတွက် အိမ်မှာ လူမရှိတုန်း အိမ်ကို သူခိုးကပ်လို့ နီကိုးလ်တစ်ယောက် ရင်ဆိုင်ဖြေရှင်းရင်း သူခိုးရဲ့လက်မောင်းကို မတော်တဆ သေနတ်နဲ့ပစ်လိုက်မိပါတယ်။ အဲ့လိုကနေ သူခိုး(ဒါးမော့တ်) နဲ့ နီကိုးလ်တို့ ခဏခဏ တွေ့ဆုံဖြစ်ကြပြီးနောက်မှာတော့ မမြင်ရတဲ့ ကြိုးလေးတွေ ဖြစ်တည်လာပါတော့တယ်။ နှစ်ဦးနှစ်ဖက်ကလည်း အချင်းချင်း ခံစားချက်တွေရှိကြပါတယ်။တရက်မှာတော့ ...
movie
How to Steal a Million (1966)
8.5
Casablanca (1942)
CM ပရိတ်သတ်ကြီးအတွက် G(old) ဇာတ်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျားတို့ဘဝမှာ လုံးဝမမေ့နိုင်လောက်အောင်ချစ်ခဲ့ရတဲ့သူ ပြီးရင် အဲ့ဒီလူအတွက် ဘာမဆိုပေးဆပ်ရဲအောင် ချစ်ခဲ့ပြီးမှ စွန့်လွှတ်လိုက်ရတာမျိုးကြုံဖူးလားဗျ ဒါဆိုရင်တော့ ဒီဇာတ်ကားက ခင်ဗျားတို့နဲ့ တော်တော်တူသွားပါပြီ ဇာတ်ကားနာမည်က Casablanca ပါ လူတော်တော်များများက Casablanca ဆိုတဲ့နာမည်ကို ကြားဖူးကြမှာပါ အဲ့သီချင်းက အဓိပတိလမ်းမထက်ကခြေရာများဆိုတဲ့ သီချင်းရဲ့ မူရင်းသီချင်းဖြစ်ပြီး Bertie Higgins သီဆိုထားပါတယ် အဲ့ဒီ့သီချင်းထဲမှာmovieထဲက As Time Goes By ဆိုတဲ့ theme song နာမည်ကို ထည့်ဆိုထားသလို movie scriptဖြစ်တဲ့ A kiss is just a kiss in Casablanca ဆိုတာကိုလည်းထည့်ဆိုထားပါသေးတယ် ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်ကို အခြေခံပြီးရိုက်ထားတာပါ နိုင်ငံရေးနဲ့ အချစ် ရောပြွန်းထားတဲ့ ဇာတ်ကားပုံစံပေါ့ဒါပေမယ့်လည်း G(old) ဟောင်းပေမယ့် ကောင်းနေဆဲပါပဲ ရစ်ခ် နဲ့ အယ်လ်ဆာ ဟာ Parisမှာ ချစ်သူတွေဖြစ်ခဲ့ကြပါတယ် အရမ်းကိုရိုမန့်ဆန်တဲ့ချစ်သူနှစ်ယောက်ပါ သူတို့နှစ်ဦး စန္ဒရားသမားကိုတီးခိုင်းပြီး အမြဲနားထောင်လေ့ရှိတဲ့ သီချင်းတစ်ပုဒ်က As Time Goes By ဆိုတဲ့သီချင်းပါပဲ ဝေးကြဖို့ အကြောင်းကဖန်လာတော့ ပြင်သစ်မှာ နိုင်ငံရေးအခြေအနေကြောင့် ရစ်ခ် က အယ်လ်ဆာနဲ့အတူထွက်ပြေးဖို့ စီစဉ်ထားတာကို အယ်လ်ဆာ ဟာရောက်မလာခဲ့ပါဘူး အဲ့ဒီ့ကနေ ရစ်ခ် ...
movie
Casablanca (1942)
1942