Channel Myanmar

Marc Robert

Joyeux Noel (2005) 7.6
Joyeux Noel (2005) (ခရစ္စမတ်ကို ရန်သူတွေနဲ့အတူဆင်နွှဲခဲ့ကြတဲ့ ပထမကမ္ဘာစစ် စစ်သားများအကြောင်း)ဒီရုပ်ရှင်ကိုမကြည့်ဖူးကြရင်တောင် ဆိုရှယ်မီဒီယာမှာ အတိုလေးတွေ အတော်များများ မြင်ဖူးကြမှာပါ။ဂျာမန်၊ ဗြိတိသျှ၊ စကော့တလန်စစ်သားတွေ ပထမကမ္ဘာစစ်အတွင်း ကတုတ်ကျင်းကိုယ်စီနဲ့ တစ်ဘက်နဲ့တစ်ဘက် အသေအကြေတိုက်ခိုက်နေကြပေမဲ့ခရစ္စမတ်အကြိုညမှာတော့ အပစ်အခတ်တွေရပ်စဲပြီး အတူ ဆင်နွှဲကြဖို့ ဆုံးဖြတ်လိုက်တဲ့ အကြောင်းပါ။စစ်ပွဲရဲ့ အကျဉ်းတန်ခြင်းတွေထဲကနေ လူသားဆန်မှုတွေကို ပြတဲ့ရုပ်ရှင်ပါပဲ။အကောင်းဆုံး နိုင်ငံခြားရုပ်ရှင်ဆု အော်စကာ စကာတင် ဝင်ခဲ့ပါတယ်။Tsotsi 2005 ကို မကျော်နိုင်ခဲ့လို့သာ ဆုမရခဲ့တာပါ။အော်စကာရသွားတဲ့ Tsotsi ကိုလည်း Channel Myanmar မှာ တင်ပေးပြီးသားပါ။ဒီရုပ်ရှင်ထဲမှာတော့ နှစ်ဘက်စစ်သားတွေရဲ့ တာဝန် နဲ့မိသားစုကြားက လွန်ဆွဲတာတွေ၊ရန်သူကနေ မိတ်ဆွေဖြစ်လာပြီး ရန်သူပြန်ဖြစ်လာတဲ့အခါ ဆုံးဖြတ်ရခက်တာတွေနဲ့ အထက်ဖိအားတွေကြားထဲက စစ်ရဲ့ အကျဉ်းတန်မှုတွေကို မြင်ရမှာပါ။ကြည့်ဖြစ်အောင်ကြည့်ရမဲ့ရုပ်ရှင်ဖြစ်လို့ ခရစ္စမတ်အမီလေး တင်ပေးထားလိုက်ပါတယ်။ File Size : 1.74 GB, 787 MB Quality : Blu-Ray 1080p / 720p Running ...
movie

Joyeux Noel (2005)

The Tiger Brigades (2006) 5.8
The Tiger Brigades (2006) The Tiger Brigades (2006) ==================== IMDb Rating - 5.8/10The Tiger Brigades ဟာ ၁၉၇၀-၈၀ ဝန်းကျင်မှာ အောင်မြင်ခဲ့တဲ့ ပြင်သစ် ဇာတ်လမ်းတွဲ Tiger Brigades ကိုအခြေခံထားတာပဲဖြစ်ပါတယ်။ ၁၉၀၇ ပြင်သစ်မှာရာဇဝတ်မှုတွေအလွန်အမင်းတိုးပွားလာချိန်မှာ ဝန်းကြီးချုပ်ကလေ မန်ဆောက ရာဇဝတ်မှုတိုက်ဖျက်ရေးအတွက် အထူးတပ်ဖွဲ့တွေကိုဖွဲ့စည်းခဲ့ ပါတယ်။ အဲ့ဒီအဖွဲ့တွေကိုနောက်ပိုင်းမှာ ကလေမန်ဆောရဲ့နာမည်ပြောင်ကို အစွဲပြုပြီး ကျားတပ်ဖွဲ့လို့အများပြည်သူကသိလာကြပါတယ်။ဖြစ်ရပ်မှန်မဟုတ်ပေမယ့် သမိုင်းမှာတကယ်ရှိခဲ့တဲ့ပုဂ္ဂိုလ်တွေ၊အထင်ကရ ဖြစ်ရပ်တွေကို စိတ်ကူးယဉ်နဲ့ရောမွှေဖန်တီးထားတာပါပဲ။ဒီဇာတ်ကားမှာတော့ အထူးတပ်ဖွဲ့ဝင်တွေဟာ သာမန်လုယက်မှုတစ်ခုကို လိုက်မိရာကနေ သပွတ် အူထက်ရှုပ်ထွေးတဲ့၊နိုင်ငံရေးထိပ်သီးပုဂ္ဂိုလ်ကြီးတွေ၊ သြဇာကြီးတွေ ပါဝင် ပတ်သက်နေတဲ့အမှုတစ်ခုကို အစဆွဲထုတ်မိတာကိုတွေ့မြင်ရမှာပါ။မြင်နေကျ အမေရိကန်အထူးတပ်ဖွဲ့ကားတွေလို ကိရိယာအဆန်းတွေ၊ဇာတ်လိုက်တွေရဲ့ သူမတူအောင်စွမ်းဆောင်ပုံတွေကိုမြင်တွေ့ရမှာမဟုတ်ပဲ သာမန်လူတွေလို သွားလာလှုပ်ရှား စကားပြော ကောက်ချက်ဆွဲကြတဲ့ သဘာဝကျကျလူသား ဆန်ဆန်ရဲစုံထောက်တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(2.29 GB) / (968 MB) Quality............BLU-RAY 1080p / 720p Duration.........2Hr 05Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Crime Translator.......Alias Encoder..........SWM
movie

The Tiger Brigades (2006)

2006
Neither Heaven Nor Earth (2015) 6.3
Neither Heaven Nor Earth (2015)  ဒီဇာတ်ကားက ပြင်သစ် ​War/thrillerဇာတ်ကားဖြစ်ပြီး IMDb 6.3RTမှာ92%ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းက​တော့ အာဖဂန်နဲ့ပါကစ္စတန်နယ်စပ်မှာ တာဝန်ကျတဲ့ စစ်တပ်တစ်ခုမှာ တပ်သား​တွေတစ်​​ယောက်ပြီးတစ်​ယောက် အစအနရှာမရဘဲ ​ပျောက်ကုန်ရာက​နေစပါတယ်။အစပိုင်းမှာ​တော့ တပ်ခွဲကပ္ပတိန်အ​နေနဲ့ နယ်ခံရန်သူ​တွေ၊ရွာခံ​တွေက ပြန်ပေးဆွဲထားတာလို့ ထင်ခဲ့​မိပေမယ့် ​နောက်ကျ​တော့တပ်သား​တွေက ​နေ​ရောညပါမကျန် ရုတ်တရက်​ပျောက်တဲ့ အဆင့်​​ရောက်လာပါ​တော့တယ်။ ဒီလိုနဲ့ ​ပျောက်ဆုံးရတဲ့အ​ကြောင်းရင်းကိုရှာရင်း ပြဿနာက သူတို့ထင်ထားတာထက် အများကြီး ပိုနက်ရှိုင်း​နေမှန်း သိလိုက်ရပါ​တော့တယ်။ File size…1.86 GB / 906MB Quality…Web-Rip  1080p 5.1 CH/ 720p Format…mp4 Duration….1h 40m Genre ….. Drama , Fantasy , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

Neither Heaven Nor Earth (2015)

Anything for Her (2008) 7.9
Anything for Her (2008)   ဇာတ်လမ်းနာမည်လေးအတိုင်း ဇနီးအတွက် ဘာမဆိုလုပ်ပေးမယ့်ယောကျာ်းတစ်ယောက်ကိုမြင်တွေ့ရမှာမယ့် ပြင်သစ် Crime DramaThrillaကားလေးဖြစ်ပါတယ်... ဂျူလီယန် နဲ့ လီဆာဟာ ကလေးတစ်ယောက်နဲ့ သာမန်ပျော်စရာမိသားစုဘဝလေးကို နေထိုင်နေကြသူတွေပါ...။တစ်နေ့ကျတော့ သူတို့တိုက်ခန်းကို ရဲတွေ ဝင်စီးပြီး လီဆာကိုဖမ်းခေါ်သွားပါတယ်။ အမှု‌မေးတော့ လူသတ်မှုတဲ့...လီဆာမကျူးလွန်တဲ့လူသတ်မှု။ဖြစ်နိုင်စရာမရှိပါဘူး။ ဘာလို့ဆို သူတို့က ရိုးရိုးအေးအေးနေတဲ့ လင်မယားစုံတွဲ၊တစ်ယောက်က ကျောင်းဆရာ တစ်ယောက်က ရုံးဝန်ထမ်း...။ပြစ်မှုကျူးလွန်ဖို့ ပူလောင်သောကရောက်စရာလည်းမရှိသူတွေပါ။ဒါပေမဲ့ ကိုယ်ကျင့်တရားတွေ ဘယ်လောက်ကောင်းကောင်း ဥပဒေကအနိုင်ရစမြဲပဲ ဖြစ်နေတော့ လီဆာဟာ ထောင် နှစ် ၂၀ကျသွားပါတယ်။ကိုယ်ချစ်တဲ့သူ တစ်ဦးတစ်ယောက် အပြစ်မရှိဘဲ ထောင်ထဲရောက်သွားရင်ဘယ်လိုနေမလဲ... ဘယ်လိုခံစားရမလဲ... ဘာတွေပြန်ကြိုးစားပေးမလဲ...။ဒါကို လက်မခံနိုင်တဲ့ ယောကျာ်းဖြစ်သူ ကျောင်းဆရာက ဇနီးဖြစ်သူကိုထောင်ထဲက ခေါ်ထုတ်ဖို့အကွက်ချစီစဥ်ပါတော့တယ်...လူမိုက်လည်းမဟုတ် ဂိုဏ်းစတားလည်းမဟုတ်တဲ့ ရိုးရိုးသာမန်ကျောင်းဆရာတစ်ယောက်က ဘယ်လိုတွေ အသေးစိတ်စီစဥ်ပြီးဇနီးဖြစ်သူကို ကယ်တင်မလဲဆိုတော့ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ။  File size…1.56GB / 583MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ..... Crime , Drama ...
movie

Anything for Her (2008)

A Very Long Engagement (2004) 7.6
A Very Long Engagement (2004) A very long engagement (2004)========================၁၉၁၉ ခုနှစ် သြဂုတ်လမှာ မာသိဒ် သီလရှင်တစ်ပါးဆီက စာရပါတယ်။စာက ပထမကမ္ဘာစစ်ထဲမှာ သေသွားပြီလို့ သိထားတဲ့ သူ့ခင်ပွန်းလောင်းရဲ့ရဲဘော်တစ်ဦးဆီပါ။ အဲဒီနောက်မှာတော့ သူ့ခင်ပွန်းလောင်းအပါအဝင်သေမိန့်ချခံခဲ့ရတဲ့ စစ်သားငါးယောက်အကြောင်းကို ကြားခဲ့ရပါတယ်။အဲဒီကနေစပြီး မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်း မတ်နတ်ခ်ကို ရှာပုံတော်ဖွင့်ပါတော့တယ်။မာနတ်ခ်ကို ရှာရတဲ့ခရီးက လွယ်တော့ မလွယ်လှပါဘူး။ ပထမဆုံးပဲရစ်ကို သွားပြီး စုံထောက်တစ်ယောက်ငှားတယ်။ သူ့ကို ပိုက်ဆံတွေအလကားဖြုန်းပစ်နေတာပဲလို့ ပြောကြပါတယ်။ သူ့ဦးလေးနဲ့အဒေါ်ကလည်း မေ့ပစ်ပြီး သင့်တော်တဲ့သူတစ်ယောက်ရှာတော့တဲ့။အမျိုးမျိုးတားကြတဲ့ကြားမှာ မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်းအသက်ရှင်နေသေးတယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ထားဆဲပါပဲ။ ဒီလိုနဲ့ရသမျှအချက်အလက်တွေကို လိုက်ချိတ်ဆက်ပါတော့တယ်။မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်းကို ရှာတွေ့ပါ့မလား?သူ့ခင်ပွန်းလောင်းကရော အသက်ရှင်နေပါ့မလား?အသက်ရှင်နေရင်ရော ဘာတွေကြောင့် ပြန်မလာနိုင်တာလဲ? အညွှန်းနဲ့ ဘာသာပြန်ကို Phu Myat Thwe ရေးသားထားပါတယ်  File size…2 GB / 819MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 13m Genre ..... ...
movie

A Very Long Engagement (2004)