Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Marc Riso
7.0
A Little Something Extra (2024)
ဟာသဆိုသော်လည်းဟာသသာမကဂရုဏာပါသက်စေမယ့်အပြင် အခြားရုပ်ရှင်များနဲ့ကွဲထွက်နေတဲ့ နိုင်ငံတကာထိပါ အောင်မြင်နေတဲ့ ဇတ်ကားကောင်းတစ်ခု။ဒီဇတ်ကားကပြင်သစ်စကားပြောရုပ်ရှင်ကားဖြစ်ပါတယ်။ ရာဇဝတ်မှုကျူးလွန်ထားတဲ့သားအဖနှစ်ယောက်က မမျှော်လင့်ပဲရဲလက်ကနေ လွတ်အောင်ပြေးရင်းနွေရာသီစခန်းချအပျော်ခရီးထွက်လာတဲ့မသန်မစွမ်းသူလူငယ်များနဲ့စခန်းချရာအိမ်ကိုလိုက်ပါဖြစ်သွားပါတယ်။ သားကမသန်မစွမ်းသူအဖေကကျောင်း ဆရာအဖြစ်ဟန်ဆောင်ရင်းဂွတီးဂွကျအ ဖြစ်တွေကြုံရတာကိုရိုက်ပြထားသလိုမ သန်မစွမ်းသူလူငယ်အမျိုးသားအမျိုးသမီး လေးများရဲ့ဇတ်ကောင်စရိုက်ကိုလည်းသေချာရိုက်ပြထားပါတယ်။ခမ်းနားတဲ့သရုပ်ဆောင်တွေမပါပေမယ့် လည်းပြင်ပဘဝကတကယ့်မသန်မစွမ်းလူငယ်အချို့ရဲ့သရုပ်ဆောင်မှုနဲ့ဇတ်ကွက်က သူတို့လေးတွေကိုဂရုဏာသက်ချစ်သွားစေမှာအမှန်ဖြစ်ပါတယ်။ ဆိုးတာတွေရှိနေတာတောင်လူတွေမှာ ကောင်းမြတ်တဲ့စိတ်နှလုံးသားလည်းရှိနေ ပါသေးတယ်ဆိုတာကိုပြချင်တာလည်းဖြစ်တယ်။သားအဖနှစ်ယောက်ရဲတွေလက်ကလွတ် မလာ။းဘာအလှည့်အပြောင်းတွေကြုံရ မလဲ။ အဖေ(အော်ရပီ)အဖြစ်သရုပ်ဆောင်တဲ့ Clovic Cornillac(ကလိုဗစ်စ် ကော် နီးလ်ယာကာ)ရဲ့သရုပ်ဆောင်ချက်ကလည်းမျက်နှာပေးကအစသဘာဝကျသမ္ဘာကျလှပါတယ်။ သား(ဆီလီဗန်း)အဖြစ်သရုပ်ဆောင်တဲ့ Atus(အေးတပ်စ်)ကဇတ်ကားရဲ့သရုပ် ဆောင်ဒါရိုက်တာဇတ်ညွှန်းရေးသူဖြစ်တယ်။တစ်ချို့ရိုက်ချက်တွေကစကားအများကြီးပြောစရာမလိုပြစရာမလိုပဲအဖြစ်အပျက်တွေကိုပေါ်လွင်ပြီးနှလုံးသားထိအောင်ရိုက်ပြသွားနိုင်ပါတယ်။ ပြင်သစ်သီချင်းလေးတွေကိုလည်းခံစားနားဆင်ရမှာဖြစ်တယ်။၂၀၂၄ ပြင်သစ်နိုင်ငံလက်မှတ်ရောင်း box officeမှာထိပ်ဆုံးပြေးနေတဲ့ဇတ်ကား ဖြစ်ပါတယ် ။ ဘတ်ဂျက်ဒေါ်လာ၆.၅၅သန်းသာကုန်ပေမယ့်ခုချိန်ထိတစ်ကမ္ဘာလုံးဝင်ငွေအနေနဲ့ဒေါ်လာ၈၄သန်းကျော်ရရှိထားတာဖြစ်ပါတယ်။ ဒါကြောင့် သင်လက်မလွှတ်သင့်တဲ့ ဇတ်ကားကောင်းဖြစ်ပါတယ်။ File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:39:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khin Sakar Khin
movie
A Little Something Extra (2024)
The Deep Dark (2023)
IMDB 5.7/10 ရရှိထားတဲ့ ပြင်သစ် Horror/Adventure ဇာတ်ကားလေးဖြစ်ပြီး ဆု ၁၃ ဆုနဲ့ nomination ၂၅ ခု ဝင်ထားပါတယ်။ horror ဆိုပေမဲ့ အကောင်အထည်မမြင်ရဘဲ ခြောက်တာမျိုးမဟုတ်ဘဲ သွေးထွက်သံယိုတွေနဲ့ တချို့အခန်းတွေမှာ jump scare အခန်းတွေ ပါတာမျိုးပါ။ဇာတ်လမ်းအကျဉ်းကို ပြောရရင် ကျောက်မီးသွေး မိုင်းတွင်းတူးဖော်တဲ့ အဖွဲ့တစ်ဖွဲ့ဆီကို ပါမောက္ခတစ်ယောက်က ရှေးဟောင်းတူးဖော်ရေး နမူနာတွေလိုချင်တယ်ဆိုပြီး ရောက်လာပါတယ်။ အထက်လူကြီးရဲ့အမိန့်နဲ့ ဘောနပ်စ်လည်း ပိုပေးမယ်လို့ဆိုတာမို့ ပါမောက္ခအလိုကျ သူလိုချင်တဲ့ အနက်အထိ ဆင်းပြီး မိုင်းတွင်းထဲ ခေါ်သွားမိတဲ့ အဖွဲ့ခမျာ သူတို့ကို ဘာတွေစောင့်ကြိုနေလဲဆိုတာကို မသိဘဲ အန္တရာယ်တွင်းထဲ သက်ဆင်းမိသွားရာမှာတော့...ပါမောက္ခလိုချင်တဲ့ နမူနာဆိုတာ ဘယ်လိုအရာများလဲ။ သူတို့ကို စောင့်ကြိုနေတဲ့ မမြင်နိုင်တဲ့ အန္တရာယ်ဆီကရော သူတို့တစ်ဖွဲ့လုံး လွတ်အောင်ပြေးနိုင်ပါ့မလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်ကြည့်လိုက်ကြပါဦး။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်က Emily ပါ) File ...
movie
The Deep Dark (2023)
6
The Visitor from the Future (2022)
The Visitor from the Future (2022)~ IMDb - 6/10, Rotten Tomatoes - 82% ~အချိန်ခရီးသွားသီအိုရီတွေ အချိန်ခရီးသွားတာတွေ၊ Timeline အပြောင်းအလဲတွေကို စိတ်ဝင်စားတဲ့လူတွေအတွက် ရုပ်ရှင်ကားသစ်ကြီးထွက်ရှိလာပါပြီ။ Sci-fi/Comedy ကားပေမဲ့ Rotten Tomatoes မှာ ၈၂ရာခိုင်နှုန်း ရထားတာဆိုတော့ အထာကျကျအခွီဖောက်ထားတဲ့ ရုပ်ရှင်လို့တော့ ပြောလို့ရပါတယ်။ အချိန်ခရီးသွားပြီး အနာဂတ်မှာဖြစ်လာမယ့် ကပ်ဘေးတစ်ခု မဖြစ်အောင်တားတာကိုကြည့်ရင်း အချိန်လမ်းကြောင်းမှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမလဲ တွေ့ကြရမှာပါ။အနာဂတ်မှာ အဏုမြူဓာတ်ပေါင်းဖိုကြီးပေါက်ကွဲသွားလို့ တိမ်တွေဟာ ဓာတ်သင့်သွားပြီး အဆိပ်သင့်တိမ်တိုက်တွေဖြစ်လာပါတယ်။ ဒီတိမ်တွေရဲ့ လမ်းကြောင်းကလူတွေဟာ သေဘေးကိုရင်ဆိုင်ရတော့မှာပါ။ ပြောရရင် တစ်ကမ္ဘာလုံး လူမျိုးသုဉ်းတော့မယ့် အန္တရာယ်ကို ကြုံရတော့မှာပါ။ ဒီတော့ အနာဂတ်က လူကောင်းသူကောင်းတွေဟာ အတိတ်ကိုသွားပြီး အဏုမြူဓာတ်ပေါင်းဖိုကြီး မပေါက်ကွဲအောင်လုပ်ဖို့ တားဖို့ကြိုးစားကြပါတယ်။ ဒါပေမဲ့ ဒီလောကမှာလည်း မာဗယ်ရဲ့ TVA ...
movie
The Visitor from the Future (2022)
2022