Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Marc Pistono
6.8
The Man with the Answers (2021)
The Man with the Answers ( 2021 )ဒီရုပ်ရှင်က Cyprus နဲ့ Greece နဲ့ Italy သုံးနိုင်ငံ ပူးတွဲထုတ်ထားတဲ့ ရုပ်ရှင်။ ဇာတ်ကတော့ အဘွားနဲ့အတူတူနေနေတဲ့ လူငယ်လေးတစ်ယောက် အဘွားဆုံးသွားပြီးနောက်ပိုင်း သူ့အမေရှိတဲ့ ဂျာမနီကို ခရီးထွက်တဲ့အကြောင်းပေါ့။ နောက်အိမ်ထောင်ပြုပြီး တစ်နိုင်ငံခြားဆီမှာ အိမ်ထောင်ကျနေတဲ့အမေဆီကို မေးခွန်းတွေအပြည့်နဲ့ ထွက်လာခဲ့တဲ့ ခရီးတစ်ခုအကြောင်းပဲ။ သူ့ခရီးဟာ ပင်လယ်တွေ တောတန်းတွေ လမ်းသွယ်တွေနဲ့ လှပနေခဲ့သလို သူ့ရင်ဘတ်ထဲမှာလည်း မရေရာခြင်းတွေ နာကြဉ်းခြင်းတွေ မကျေနပ်ခြင်းတွေ ပြည့်နေခဲ့တယ်။ သိပ်လှတဲ့ ခရီးတစ်ခုကို သူထွက်လာပေမဲ့ အဲဒီအလှတွေကို သူမမြင်နိုင်အောင်ဖြစ်နေခဲ့တယ်။ ဒီလိုနဲ့ လမ်းမှာ အကြောင်းတရား ရေရေရာရာမရှိဘဲ ခရီးထွက်နေတဲ့လူတစ်ယောက်နဲ့ သူတွေ့ခဲ့တယ်။ သူတို့သူငယ်ချင်းဖြစ်လာကြတယ်။ သူ့သူငယ်ချင်းက သူ့ကို ဒီခရီးအရဲ့အရသာကို အပြည့်အဝခံစားနိုင်အောင် ကူညီပေးခဲ့တယ်။ သူ့ရင်ထဲက ပဟေဠိတွေရဲ့အဖြေကိုတော့ ကူထုတ်ပေးနိုင်လား ဒီခရီးက အဆုံးသတ်ကောင်းမှာလားဆိုတာကိုတော့ ကျွန်တော်တို့ ကိုယ်တိုင်ပဲ ဆက်ကြည့်ရလိမ့်မယ်။ဒီရုပ်ရှင်ဟာ မေးခွန်းတွေနဲ့ လူတစ်ယောက်အကြောင်းပေမဲ့။ ရုပ်ရှင်နာမည်ကတော့ အဖြေတွေနဲ့ ...
movie
The Man with the Answers (2021)
5.1
Siberia (2019)
Siberia 2019ဒီရုပ်ရှင်ကတော့ ဝီလမ်ဒဖိုးတစ်ယောက် အဓိက သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ပါပဲ။ အမျိုးအစားကတော့ survival နဲ့psychological ပေါင်းထားတာပါပဲ။ ကလင့်ထ်ဆိုတဲ့လူတစ်ယောက်ဟာ လူ့လောကထဲမှာနေကြည့်ပြီးခဲ့ပြီးအဆင်မပြေမှုတွေ များလွန်းလို့ ကမ္ဘာ့အစွန်း့ နှင်းတောကြီးထဲမှာ တစ်ယောက်တည်း လာနေနေတဲ့သူတစ်ယောက်ပေါ့။တစ်ယောက်တည်းလာနေနေသူတွေရဲ့ ထုံးစံအတိုင်း ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့ရှာဖွေနေတယ်၊ အတိတ်ကအဖြစ်တွေကို စဉ်းစားနေတယ်၊ တစ်ယောက်တည်း စိတ်ကူးယဉ်တယ်၊ အိပ်မက်မက်တယ်၊ အရှိတရားနဲ့ မရှိတရားကိုရောနှောတယ်။ လူတစ်ယောက် လူသူမနီးတဲ့နေရာမှာ ဘာတွေတွေးတတ်လဲဆိုတာ ရိုက်ပြတာပါပဲ။ ဒါရိုက်တာရဲ့အဆိုအရတော့ အိပ်မက်တွေကို ရုပ်ရှင်ရုပ်ပြလို့ဖြစ်နိုင်လားဆိုတဲ့ စကားကို အဖြေပေးလိုက်တာပေါ့။ဇာတ်ကြောင်းကို ပြောပုံကလည်း A B C D မဟုတ်ဘူး D B A C လို ဖြစ်နေတာမို့ အလကားနေရင်းhigh သွားချင်တဲ့သူတွေကြည့်ဖို့တော့ အသင့်တော်ဆုံးပါပဲ။တချို့ဇာတ်ဝင်ခန်းတွေမှာ အသက်၁၈နှစ်နဲ့အောက် မကြည့်ရှုသင့်ပါ Translated by ...
movie
Siberia (2019)
2019