Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Marc Macaulay
Instinct (1999)
နာမည်ကြီးသရုပ်ဆောင် Anthony Hopkins ပါဝင်ထားတဲ့ Psychological Thriller အမျိုးအစားရုပ်ရှင် Instinct... နှစ်အနည်းငယ်လောက်ပျောက်ဆုံးသွားပြီး လူတွေနဲ့ဝေးရာ အာဖရိကတောနက်ထဲမှာ ဂေါရီလာမျောက်တွေနဲ့အတူသွားရောက်နေထိုင်ခဲ့တဲ့ မနုဿဗေဒပညာရှင် Ethan Powell လူသတ်မှုတွေနဲ့ တရားစွဲဆိုခံရပြီးနောက် စကားလုံးဝမပြောတော့တဲ့အခါ... စိတ်ရောဂါကုဆရာဝန် Dr. Theo Caulder တစ်ယောက်ကတော့ Powell ရဲ့အမှုကို အကဲဖြတ်ဆန်းစစ်မှုတွေပြုလုပ်ဖို့ အကြောင်းဖန်ခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံရာကတော့ Harmony Bay အကျဉ်းထောင်ထဲမှာ ဖြစ်လာပါတယ်။ Powell ကရော ဘာကြောင့် လူတွေကိုတိုက်ခိုက်ပြီး သတ်ဖြတ်ခဲ့ရတာလဲ။ အမှုရဲ့နောက်ကွယ်မှာ ဘယ်လိုစိတ်ဝင်စားစရာတွေရှိနေလဲ။ Dr. Theo ကရော Powell ကို ကူညီပေးနိုင်မှာလား။ Harmony Bay က စိတ်ရောဂါလူနာအကျဉ်းသားတွေကို ဘယ်လိုထိန်းချုပ်ထားလဲ။ စိတ်လှုပ်ရှားရတာကိုသဘောကျပြီး စိတ်ပညာနဲ့ပတ်သက်တာကို စိတ်ဝင်စားတဲ့လူတွေအတွက် သဘောကျလောက်စရာ ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။စဉ်းစားစရာတွေအများကြီးပါဝင်ပြီး ခင်မင်မှုနဲ့ သံယောဇဉ်တွေအကြောင်းကိုလည်း မီးမောင်းထိုးပြထားပါသေးတယ်။ Ethan Powell ...
movie
Instinct (1999)
5.9
2 Fast 2 Furious (2003) Fast and Furious 2
Fast and Furious ရုပ်ရှင်ကားတွေအကုန်လုံးကို 4K DD.5.1 Quality နဲ့ Extended Version တွေချည်း တင်ဆက်လိုက်ပါတယ်... ဒီမှာ https://www.channelmyanmar.to/category/special-package/fast-and-furious/ ကြည့်ပါ။ Family အဓိက...ဘော်ဒါအဓိကဆိုတဲ့ Fast & Furious Franchise ဟာ ရုပ်ရှင်ထွက်လာလိုက်တိုင်း Box Office ဝင်ငွေကြမ်းခဲ့တာချည်းပါပဲ။ 1. The Fast & The Furious (2001) - $ 207 M 2. 2 Fast 2 Furious (2003) - $ 236 M 3. The Fast & The Furious : Tokyo Drift (2006) - $ 158 M 4. Fast & Furious (2009) ...
movie
2 Fast 2 Furious (2003) Fast and Furious 2
2003
4K HEVC
6.9
Tigerland (2000)
Tigerland (2000)IMDb Rating (6.9) / Rotten Tomatoes (77%) 1 November 1955 ကနေ 30 April 1975 အထိဖြစ်ပွားခဲ့တဲ့နာမည်ကျော် ဗီယက်နမ်စစ်ပွဲအတွင်းမှာတော့ အပြစ်မဲ့ပြည်သူတွေသာမက လူပေါင်းများစွာသေကြေပျက်စီးခဲ့ရပါတယ်။သို့သော်လည်း ဘယ်လောက်ပဲ ဘယ်လိုပဲ လူတွေသေစေကာမူ အထက်ဖိအောက်ဖားဆိုသလိုပဲ နှစ်ဦးနှစ်ဖက်စလုံးက စစ်သားတွေကတော့လုပ်စရာရှိတာတွေ လေ့ကျင့်စရာရှိတာတွေကိုအပြန်အလှန်တိုက်ခိုက်ဖို့ ရန်သူကိုချေမှုန်းဖို့ နိုင်ငံကိုကာကွယ်ဖို့အတွက် စတဲ့စတဲ့ ဆင်ခြေဆင်လက်တွေနဲ့ ပင်ပန်းဆင်းရဲစွာ ရှိခဲ့ကြပါတယ်။ထိုအထဲမှပဲ အမေရိကန်ဘက်ကလည်း တစ်ဖက်ကိုစစ်ရှုံးနေတဲ့အတွက် တပ်ရင်းအသီးသီး တပ်မအသီးသီးက စစ်သားတွေကို အားရပါးရဖိပါတော့တယ်။တစ်ချို့ကလည်း ပင်ပန်းလို့ထွက်ချင်ကြ တစ်ချို့ကလည်း စစ်သားအချင်းချင်းနောက်ကြ မတည့်ကြနဲ့ဘဲ အမျိုးမျိုးအထွေထွေ ပရပွက်တွေကိုဂယက်တွေထနေကြပါတယ်။အဓိကဇာတ်ကောင်ဖြစ်သူ တပ်သား Roland Bozzဆိုသူကလည်း တကယ့်လက်ပေါက်ကပ်ပြီး ပြောရဆိုရခက်တဲ့ လူရှုပ် လူဂွစာတစ်ယောက်ပါ။သူနဲ့ သူ့ဘော်ဒါ Jim Paxtonတို့ စစ်ပွဲအတွက် အတူတူလေ့ကျင့်ရေးဆင်းကြနဲ့ တစ်တွဲတွဲတစ်လာလာလုပ်ကြနဲ့ပဲ နောက်ဆုံးပိတ်လေ့ကျင့်ရင်းဖြစ်တဲ့ Tigerlandဘက်ကို အတူတူဆင်းကြရဖို့ဖြစ်လာပါတယ်။Tigerlandဆိုတာကတော့ ဗီယက်နမ်စစ်ပွဲရောက်ရင် ...
movie
Tigerland (2000)
2000
4.4
Wild Things: Foursome (2010)
Wild Things: Foursome (2010)IMDb Rating (4.4) / Rotten Tomatoes (23%) Wild Things (1998) ဟာ Erotic Thriller တွေခေတ်စားတဲ့ 90s နှောင်းပိုင်းမှာထွက်ခဲ့ပြီးအောင်မြင်ခဲ့တဲ့ဇာတ်ကားတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။သူ့ရဲ့အောင်မြင်မှုအရှိန်အဝါကြောင့်ပဲနောက်ထပ် Sequel သုံးခုထပ်ထွက်လာနိုင်ခဲ့ပါတယ်။နောက်ပိုင်းဇာတ်လမ်းတွေဟာ ပထမကားရဲ့ပုံစံအတော်များများကိုပြန်သုံးထားပြီး သရုပ်ဆောင်နဲ့အဓိကဇာတ်ကွက်တွေပဲ ကွဲပြားသွားတာဖြစ်တဲ့အတွက်သုံးကားလုံးဟာ သူ့ဟာနဲ့သူကြည့်ကောင်းကြပါတယ်။နောက်ဆုံးကားနဲ့လေးကားမြောက်ဖြစ်တဲ့ Wild Things: Foursome 2010 မှာတော့..ကာဆင်ဝှိတ်လီဆိုတဲ့ဖခင်ဖြစ်သူကိုမကျေမနပ်နဲ့အရွဲ့တိုက်ပြီး ပျော်ပါးသုံးဖြုန်းနေတဲ့ ပေါ့ပေါ့နေပေါ့ပေါ့စား သူဌေးသားလေးကိုတွေ့မြင်ရမှာပါ။အဖေလစ်ပြီဆိုတာနဲ့ အိမ်ကြီးထဲမှာ ပါတီတွေပေးသလို ဘော်ဒါတွေ ပြိုင်ဘက်တွေနဲ့လည်းအလောင်းအစားနဲ့လှေပြိုင်ပွဲတွေ လုပ်လေ့ရှိတတ်ပါသေးတယ်။တစ်နေ့တော့ ပြိုင်ကားဝါသနာပိုင်ရှင် သူ့ဖခင်ပြိုင်ကားမတော်တဆမှုနဲ့သေဆုံးခဲ့ရာကနေ သေတမ်းစာမှာ မျှော်လင့်မထားတဲ့အဖြစ်တွေနဲ့တွေ့ကြုံရပါတော့တယ်။အဲ့ဒါကတော့ သူ့အဖေဟာ အသက် ၃၀ မပြည့်မချင်းလက်မထပ်ဘူးဆိုရင် သူ့အတွက် ငွေတစ်ပြားတစ်ချပ်မှထုတ်ယူသုံးစွဲခွင့်ပေးမထားတာပါပဲ။အဲ့ဒီကြားမှာမှ ပါတီတစ်ခုမှာသူနဲ့အီစီကလီလုပ်ဖူးတဲ့ မိန်းကလေးတစ်ယောက်က သူ့ကိုမုဒိမ်းကျင့်ပါတယ်ဆိုပြီး စွပ်စွဲပြီး တရားရုံးအထိခေါ်လာတဲ့အချိန်မှာတော့ ချောင်ပိတ်မိသွားတဲ့ကာဆင်တစ်ယောက်ထွက်ပေါက်ရှာဖို့ဖြစ်လာခဲ့ပါတယ်။ထုံးစံအတိုင်းပဲ ဒီဖြစ်စဉ်တွေအားလုံးဟာ ရိုးရှင်းရဲ့လား? ဘယ်ဖြစ်ရပ်ဟာ ဘယ်တစ်ယောက်ရဲ့လှည့်ကွက်အကြံအစည်လဲ?ဘယ်သူကရော ဘယ်လောက်အထိအပြစ်ကင်းနိုင်မှာလဲ အစရှိတာတွေကိုဇာတ်လမ်းထဲမှာ ...
movie
Wild Things: Foursome (2010)
2010
Big Trouble (2002)
Director Barry Sonnenfeld ရိုက်ကူးထားပြီးမင်းသားကြီး Stanley Tucci တို့ Tim Allen တို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ဟာသဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်အလုပ်တွေပြုတ်၊ မိန်းမနဲ့ကွာရှင်း၊ စိတ်ဓာတ်တွေကျနေတဲ့ အဲလိယက်အာနိုး တစ်ယောက်ဟာ မိုင်ယာမီ ကိုရောက်လာဖို့ဖြစ်လာပါတယ်အဲဒီအချိန်မှာပဲ မိုင်ယာမီ လေဆိပ်ကို ခရီဆောင်သေတ္တာတစ်လုံးဟာလည်း ထူးထူးဆန်ဆန်းနဲ့ရောက်လာပါတယ်အဲဒီထူးဆန်းတဲ့သေတ္တာကိုအကြောင်းပြုပြီး လူပေါင်းများစွာဟာ ဘဝတွေအများကြီးပြောင်းလဲသွားကြသလိုလူပေါင်းများစွာရဲ့ဘဝတွေဲ့လည်း ဆက်စပ်နေပါသေးတယ်ဇာတ်ကားထဲမှာတော့ ဘဝဆိုတာတိုက်ဆိုင်မှုတွေ၊ ဖြစ်ရပ်ဆန်းတွေ၊ ပြောင်းလဲမှုတွေ၊ရူးကြောင်ကြောင်နိုင်မှုတွေ၊ မိုက်မဲမှုတွေ အားလုံးပေါင်းစပ်ပြီးရိုက်ကူးထားတာဖြစ်လို့လုံးဝကိုအခွီဇယားပါပဲ ပရိတ်သတ်ကြီးလည်း ကြည့်ရှုခံစားကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်ဒီဇာတ်ကားလေးကို အညွှန်းရေးပြီးဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ်File size…(1.5 GB)/(801 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Action, Comedy, Mystery, Thrller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Leo
movie
Big Trouble (2002)
5.0
Wild Things 2 (2004)
Wild Things (1998) ဟာ Erotic Thriller တွေခေတ်စားတဲ့ 90s နှောင်းပိုင်းမှာထွက်ခဲ့ပြီးအောင်မြင်ခဲ့တဲ့ဇာတ်ကားတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။သူ့ရဲ့အောင်မြင်မှုအရှိန်အဝါကြောင့်ပဲနောက်ထပ် Sequel သုံးခုထပ်ထွက်လာနိုင်ခဲ့ပါတယ်။ နောက်ပိုင်းဇာတ်လမ်းတွေဟာ ပထမကားရဲ့ပုံစံအတော်များများကိုပြန်သုံးထားပြီး သရုပ်ဆောင်နဲ့အဓိကဇာတ်ကွက်တွေပဲ ကွဲပြားသွားတာဖြစ်တဲ့အတွက် သုံးကားလုံးဟာ သူ့ဟာနဲ့သူကြည့်ကောင်းကြပါတယ်။ အခုတင်ဆက်ပေးမယ့် အပိုင်း ၂ မှာတော့ ဘရစ်တနေဟေဗာ ဆိုတဲ့ မီလျံနာသူဌေးကြီးတစ်ဦးရဲ့မယားပါသမီး အထက်တန်းကျောင်းသူလေးကိုတွေ့မြင်ရမှာပါ။ဘရစ်တနီရဲ့မိခင်က မကြာသေးခင်ကမှ ကိုယ့်ကိုယ်ကိုသတ်သေသွားခဲ့ပြီး အခုချိန်မှာတော့ ပထွေးဖြစ်သူနဲ့ နှစ်ဦးတည်းနေထိုင်နေတာဖြစ်ပါတယ်။ဘရစ်တနီကအထက်တန်းကျောင်း ဘော်လီဘောအဖွဲ့ဝင်တစ်ဦးဖြစ်သလို အပေါင်းအသင်းလည်းဝင်ဆန့်တဲ့အတွက် ကျောင်းမှာနာမည်ကျော်တွေထဲကတစ်ယောက်ပါ။ သူ့ရဲ့ငယ်စဉ်ဘ၀က ဆင်းရဲခဲ့တဲ့အတွက် အဲ့ဒါကိုအားနည်းချက်လိုအမြဲထုတ်ဖော်တိုက်ခိုက်ပြီး သူ့ကိုမနာလိုနေတဲ့ မာယာကင်း ဆိုတဲ့ပြိုင်ဘက်ကျောင်းသူတစ်ယောက်လည်း သူ့မှာရှိနေပါတယ်။ တစ်နေ့တော့ သူ့ပထွေးဖြစ်သူ သန်းကြွယ်သူဌေးကြီးဟာ ခရီးသွားစဉ်မတော်တဆမှုနဲ့သေဆုံးသွားခဲ့ပြီး အမွေကိစ္စရှေ့နေတွေနဲ့ရှင်းလင်းတဲ့အချိန်မှာ သူ့အတွက် တစ်နှစ်စာ ထောက်ပံ့ကြေး ၂၅၀၀၀ ကလွဲလို့ဘာမှချန်မထားခဲ့ပဲ ကျန်တဲ့စည်းစိမ်မှန်သမျှကို သူ့မှာသွေးသားရင်းရှိခဲ့ရင် အဲ့ဒီလူကိုသာလွှဲပြောင်း ဆက်ခံစေမှာဖြစ်ကြောင်းသိလိုက်ရပါတယ်။ အဲ့ဒီသွေးသားရင်းဆိုတဲ့သူက တကယ်တမ်းထွက်ပေါ်လာမှာလား? အဲ့ဒီလူဟာ ဘယ်သူဖြစ်နေမလဲ? ပထွေးဖြစ်သူရဲ့သေဆုံးမှုဟာလည်း သာမန်မတော်တဆမှုတစ်ခုပဲလား အစရှိတာတွေကို အဆုံးသတ်အထိ မြုပ်ကွက်တွေ ပဟေဠိတွေအပြည့်နဲ့ရှုစားရမှာပါ။ Erotic Thriller အမျိုးအစားဖြစ်တဲ့အတွက် အဖော်အချွတ်လေးတွေအနည်းငယ်ပါဝင်ပါတယ်။File size_(2.3GB)/(1GB) Quality_Blu-Ray 1080p HEVC/ 720p Format_mp4 Duration_01:30:00 Genre_Crime, ...
movie
Wild Things 2 (2004)
5.2
Wild Things 2 (2004)
Wild Things (1998) ဟာ Erotic Thriller တွေခေတ်စားတဲ့ 90s နှောင်းပိုင်းမှာထွက်ခဲ့ပြီးအောင်မြင်ခဲ့တဲ့ဇာတ်ကားတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။သူ့ရဲ့အောင်မြင်မှုအရှိန်အဝါကြောင့်ပဲနောက်ထပ် Sequel သုံးခုထပ်ထွက်လာနိုင်ခဲ့ပါတယ်။ နောက်ပိုင်းဇာတ်လမ်းတွေဟာ ပထမကားရဲ့ပုံစံအတော်များများကိုပြန်သုံးထားပြီး သရုပ်ဆောင်နဲ့အဓိကဇာတ်ကွက်တွေပဲ ကွဲပြားသွားတာဖြစ်တဲ့အတွက် သုံးကားလုံးဟာ သူ့ဟာနဲ့သူကြည့်ကောင်းကြပါတယ်။အခုတင်ဆက်ပေးမယ့် အပိုင်း ၂ မှာတော့ ဘရစ်တနေဟေဗာ ဆိုတဲ့ မီလျံနာသူဌေးကြီးတစ်ဦးရဲ့မယားပါသမီး အထက်တန်းကျောင်းသူလေးကိုတွေ့မြင်ရမှာပါ။ ဘရစ်တနီရဲ့မိခင်က မကြာသေးခင်ကမှ ကိုယ့်ကိုယ်ကိုသတ်သေသွားခဲ့ပြီး အခုချိန်မှာတော့ ပထွေးဖြစ်သူနဲ့ နှစ်ဦးတည်းနေထိုင်နေတာဖြစ်ပါတယ်။ ဘရစ်တနီကအထက်တန်းကျောင်း ဘော်လီဘောအဖွဲ့ဝင်တစ်ဦးဖြစ်သလိုအပေါင်းအသင်းလည်းဝင်ဆန့်တဲ့အတွက် ကျောင်းမှာနာမည်ကျော်တွေထဲကတစ်ယောက်ပါ။ သူ့ရဲ့ငယ်စဉ်ဘ၀က ဆင်းရဲခဲ့တဲ့အတွက် အဲ့ဒါကိုအားနည်းချက်လိုအမြဲထုတ်ဖော်တိုက်ခိုက်ပြီး သူ့ကိုမနာလိုနေတဲ့ မာယာကင်း ဆိုတဲ့ပြိုင်ဘက်ကျောင်းသူတစ်ယောက်လည်း သူ့မှာရှိနေပါတယ်။တစ်နေ့တော့ သူ့ပထွေးဖြစ်သူ သန်းကြွယ်သူဌေးကြီးဟာ ခရီးသွားစဉ်မတော်တဆမှုနဲ့သေဆုံးသွားခဲ့ပြီး အမွေကိစ္စရှေ့နေတွေနဲ့ရှင်းလင်းတဲ့အချိန်မှာသူ့အတွက် တစ်နှစ်စာ ထောက်ပံ့ကြေး ၂၅၀၀၀ ကလွဲလို့ဘာမှချန်မထားခဲ့ပဲ ကျန်တဲ့စည်းစိမ်မှန်သမျှကို သူ့မှာသွေးသားရင်းရှိခဲ့ရင် အဲ့ဒီလူကိုသာလွှဲပြောင်း ဆက်ခံစေမှာဖြစ်ကြောင်းသိလိုက်ရပါတယ်။ အဲ့ဒီသွေးသားရင်းဆိုတဲ့သူက တကယ်တမ်းထွက်ပေါ်လာမှာလား? အဲ့ဒီလူဟာ ဘယ်သူဖြစ်နေမလဲ? ပထွေးဖြစ်သူရဲ့သေဆုံးမှုဟာလည်း သာမန်မတော်တဆမှုတစ်ခုပဲလား အစရှိတာတွေကို အဆုံးသတ်အထိ မြုပ်ကွက်တွေ ပဟေဠိတွေအပြည့်နဲ့ရှုစားရမှာပါ။ Erotic Thriller အမျိုးအစားဖြစ်တဲ့အတွက် ...
movie
Wild Things 2 (2004)
8.2
The Truman Show (1998)
The Truman Show (1998) =============== IMDb Rating (8.2) Rotten Tomatoes (95%) Metacritic 90% Movie Type-Sci-fi/Dramaသင့်ဘဝကြီးတခုလုံးက Show တခုဖြစ်နေပြီး သင်ကဇာတ်လိုက်ဖြစ်နေမယ်လို့တွေးဖူးလား?ဒီကားက သင့်ကိုအတွေးပေါက်စေမယ့်ကားမျိုးပါ။ Sci-fi ဆိုပေမယ့် လေဆာတွေပစ် ယာဥ်ပျံတွေပါတဲ့ကားမျိုးမဟုတ်ပါဘူး။ သင်ဒီကားကြည့်ရင်းမျက်ရည်ဝဲမယ်။ နောက်ဆုံးခန်းကိုကြည့်နေရင်းမှာ လက်ကတခုခုကိုဆုပ်မှန်းမသိဆုပ်နေမိလိမ့်မယ်။ ပြီးတော့ အဆုံးမှာ ဇာတ်ကားထဲက လူတွေလိုပဲ သင်အရမ်းကိုကျေနပ်ပြီးမျက်ရည်တွေကျလာလိမ့်မယ်။ မယုံမရှိပါနဲ့။ မင်းသားက ရှားမှရှား Jim Carrey ပါ။ သူလိုလူနောက်ပေါ်လာဖို့ဆိုတာ တော်တော်မဖြစ်နိုင်တာပါ။ ဒါပေမယ့် ကျွန်တော်တို့မြင်နေကျ ပေါတောတော ဟာသ ကောင်ကြီးအဖြစ်နဲ့ ဒီကားမှာမြင်တွေ့ရမှာမဟုတ်ပါဘူး။ တကယ့် တခြား Jim Carrey တစ်ယောက်ကိုကြည့်နေရသလိုခံစားစေမှာပါ။ Oscar တန်းဝင်ကားပါ။Truman ဆိုတာက ဘဏ်မှာအလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်။ သူ့ဘဝကြီးကအစစအရာရာသာယာတယ်။ မိန်းမတစ်ယောက်ရှိတယ်။ မိန်းမကလည်းချောတယ်။ အရမ်းချစ်တဲ့သူငယ်ချင်းတစ်ယောက်လည်းရှိတယ်။ ဒါပေမယ့် သူနေနေတဲ့ကမ္ဘာကြီးမှာသူတစ်ယောက်ကလွဲ ပြီးကျန်တဲ့လူတွေကအတုတွေ နေရာတွေအကုန်လုံးက အတုတွေဆိုတာ တဖြည်းဖြည်း နဲ့ရိပ်မိလာတယ်။ Seaheaven ကျွန်းလေးဟာအတုအယောင်ဆိုတာသူတဖြည်းဖြည်းရိပ်မိလာတယ်။ သူဒီကထွက်ဖို့ကြိုးစားတော့မယ်.... ဒါပေမယ့်အောင်မြင်ပါ့မလား?Truman ဟာမိန်းမမရခင်မှာ Laurenဆိုတဲ့ကောင်မလေးနဲ့တွေ့တယ်ကြိုက်ခဲ့တယ်။ သူမကလည်းအတုအယောင်ပဲ။ ဒါပေမယ့် Lauren က Truman ကို ဒါကြီးကအတုအယောင် ...
movie
The Truman Show (1998)
4K HEVC
6.9
Bad Boys (1995)
Bad Boys (1995) ================ IMDb Rating - 6.9/10လူတိုင်းရင်းနှီးပြီးသား မင်းသားတွေဖြစ်တဲ့ Will Smith နဲ့ Martin Lawrence တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Action , Comedy , Crime ဇာတ်ကားပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ မင်းသားနှစ်ယောက် ဖြစ်တဲ့ Will Smith နဲ့ Martin Lawrence တို့က မိုက်ခ်နဲ့ မားကပ်စ်ဆို တဲ့ မိုင်ယာမီမူးယစ်တိုက်ဖျက်ရေးမှုခင်းရဲတွေပါ။တစ်နေ့ သူတို့ ဌာနမှ ထိန်းသိမ်းထားတဲ့ ကိုကင်းတွေကို အဖောက်ခံလိုက် ရပါတယ်။ အဲ့လိုအဖောက်ခံလိုက်ရတော့ သူတို့ရဲ့ခေါင်းဆောင် ဟောင်း ဝဒ်က သူတို့ကို ကို ပြန်ရှာခိုင်းပါတယ်။ ဒီလိုနဲ့ မိုက်ခ်နဲ့ မားကပ်စ်က သူတို့ နဲ့အရင်က ဇာတ်လမ်းတွေရှိခဲ့ဖူးတဲ့ ဆေးသမား ပြည့်တန်ဆာတွေနဲ့ပူးပေါင်း ပြီးတော့ သတင်းယူပြီး ဒီအမှုကိုလိုက်တာကနေ တစ်ကားလုံး သဘောကျ စရာကောင်းလောက်အောင်ကို သရုပ်ဆောင်ပြသွားတာပါ။Bad Boys ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=bad+boys ကြည့်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်) File ...
movie
Bad Boys (1995)
1995
4K HEVC
6.6
Wild Things (1998)
Wild Things(1998)ပထမဆုံးအနေနဲ့ ဒီကားမှာ sexခန်းတွေ၊ ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေ၊ homosexualအခန်းတွေ ဖောဖောသီသီ ပါဝင်တာကြောင့် မိသားစုနဲ့လုံးဝမကြည့်ဖို့တစ်ချက်သတိပေးပါရစေ။18နှစ်မပြည့်သေးသူတွေ အရွယ်မရောက်သေးတဲ့လူတွေလဲမကြည့်သင့်ပါဘူးဇာတ်လမ်းမှာအဓိကဇာတ်ကောင် ငါးယောက်ပါပါတယ်။ သူတို့ကတော့...1.ဆမ်လွမ်ဘာဒိုဘလူးဘေးအထက်တန်းကျောင်းက ကျောင်းဆရာလေးဆမ်က ရုပ်ချောသဘောကောင်းတဲ့ဆရာလေးမို့ လူချစ်လူခင်ပေါပြီး ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးပေါ့။ အထူးသဖြင့် ကျောင်းသူလေးတွေအတွက်ကတော့ ဆမ်ဟာသူတို့ရဲ့ပုံပြင်ထဲကမင်းသားလေး။2. ကယ်လီဗန်ရိုင်ယန်ကယ်လီကတော့ ဘလူးဘေးအထက်တန်းကျောင်းရဲ့ A list စာရင်းဝင် ခပ်ဟော့ဟော့ သူဌေးသမီးလေး။ သူလေးကလဲ ကျောင်းဆရာကို အသေအကျေ crushနေတဲ့ ကောင်မလေး။ တစ်နေ့မှာတော့ ကယ်လီတစ်ယောက် ကျောင်းဆရာရဲ့အိမ်ကို ကားသွားဆေးပေးရင်း သူ့ကိုကျောင်းဆရာက မုဒိမ်းကျင့်ပါတယ်ဆိုပြီး ရိုးသားကြိုးစားတဲ့ ကျောင်းဆရာလေးကိုစွပ်စွဲလာပါတော့တယ်။3.ဆူဇန်မာရီတိုလာဆူဇီလို့ခေါ်ကြတဲ့ ဒီကောင်မလေးကတော့ ကယ်လီလိုပဲ ခပ်လန်းလန်းကောင်မလေးဆိုပေမယ့် ကယ်လီလိုတော့ မချမ်းသာရှာဘူး မွေးစားမိခင်နဲ့အတူ မြို့စွန်ရပ်ကွက်မှာနေရတဲ့ကောင်မလေး။အဲ..ကယ်လီက ကျောင်းဆရာမုဒိမ်းကျင့်တာခံရပါတယ် စွပ်စွဲလိုက်တော့ တစ်မြို့လုံးမယုံကြည်နိူင် ဖြစ်နေကြချိန်မှာ ဆူဇီကလဲ ဒီကျောင်းဆရာဟာ သူ့ကိုလဲ ဒီလိုပဲကျင့်ခဲ့ဖူးကြောင်း အရင်တုန်းကပြောရင် ဘယ်သူမှမယုံမှာစိုးလို့ မပြောခဲ့တာဖြစ်ကြောင်း ထပ်ပြီးထုတ်ပြောလာပါတယ်။ ဒီအချိန်မှာ ကျောင်းဆရာလေးကတကယ်ပဲ မုဒိမ်းကျင့်တယ်လို့ တချို့တွေယုံလာကြပါတယ်။4,5. စုံထောက်ရေးဒူကတ် နဲ့ ဂလော်ရီယာသူတို့ကတော့ ကျောင်းဆရာလေးဆမ်ရဲ့အမှုကိုအဓိက ကိုင်တွယ်ကြမယ့်သူတွေပါ။ သူတို့နှစ်ယောက်ထဲက စုံထောက်မလေး ဂလော်ရီယာကလဲ ကျောင်းဆရာကိုကြိတ်ကြွေနေပါသေးတယ်။ဒါကတော့ဇာတ်လမ်းရဲ့ ...
movie
Wild Things (1998)
1998
7.5
Contact (1997)
Contact (1997)IMDb Rating (7.5) / Rotten Tomatoes (68%)Forrest Gump တို့ Cast Away တို့ Back to the Future တို့လို နာမည်ကျော်ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Robert Zemeckis ရဲ့ Sci-Fi /Drama ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ မင်းသမီး Jodie Foster, မင်းသားကြီး Matthew McConaughey တို့လို ဝါရင့်သရုပ်ဆောင်တွေပါဝင်ထားပြီး ရုံတင်ဝင်ငွေ $171.1 million ထိ ရရှိခဲ့တဲ့ တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။လူသားတွေက ကိုယ့်ရဲ့ဖြစ်တည်မှုတစ်ခုတည်းနဲ့တောင် ပြဿနာတွေ ဒီလောက်ရှုပ်ထွေးနေတာ အဆုံးအစမဲ့ ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲကိုတောင် ခြေဆန့်လို့ ငါလိုလူမျိုးရှိသေးလား ရှာဖွေတတ်ကြသူတွေပါ။လူကြီးမင်းအနေနဲ့ အပေါစား ဂြိုဟ်သားဇာတ်ကားထဲကလို ကွိကွိကွကွတွေပြော၊ အစိမ်းရောင်ကိုယ်ခန္ဓာနဲ့ အခြားကမ္ဘာသားတွေကို စိတ်ဝင်စားတတ်သူတစ်ယောက်လား။ ဒါဆိုရင်တော့ ဒီဇာတ်ကားက လူကြီးမင်းအတွက် ...
movie
Contact (1997)
5.4
My Bloody Valentine (2009)
My Bloody Valentine (2009) =====================ဟောလိုးဝင်းနဲ့လိုက်မယ့် အတော်အသင့် ခြောက်ခြားစရာ ရုပ်ရှင်တစ်ကားကို ရွေးကြည့်မယ်ဆိုရင် My Bloody Valentineက မဆိုးတဲ့ကားပါပဲ။SuperNaturalရဲ့ Dean Winchester , Jesen Ackelesရဲ့ Box Officeမှာ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်တယ်။ SuperNatural အစောပိုင်းကာလနဲ့ ခပ်ဆင်ဆင်အရသာလိုချင်တဲ့ Dean ပရိတ်သတ်တွေအတွက် အကြိုက်တွေ့မယ့် ကားမျိုးလည်းဟုတ်တယ်။တစ်ခုရှိတာက ဒီရုပ်ရှင်က Slasher filmပါ။ ပြောရရင်တော့ ချွန်ထက်တဲ့လက်နက်တွေနဲ့ ခန္ဓာကိုယ်ကို ဟက်တက်ခွဲ လူသတ်တာတွေပြတဲ့ Horror Filmတစ်မျိူးပါပဲ။ အရမ်းကြီးတော့ ကြောက်ဖို့မကောင်းလှပါဘူး။ ခေါင်းကို ကိတ်မုန့်ခွဲသလို ပါးစပ်ကနေ ဂေါ်ပြားထိုးစိုက်ပြီး လှီးပစ်တာလောက်ပဲပါပါတယ်။အားနည်းချက်ကတော့ တရားခံကိုထင်ယောင် ထင်မှားဖြစ်အောင် ပတ်ပြပြီး Plot twistလေး ထည့်ထားပေမယ့် ဇာတ်ကြောင်းအရ တရားခံကသိသာလွန်းနေတာပါပဲ။ တရားခံကို ဖုံးဖို့ အားစိုက်မကြိုးစားဘဲ ဒီအတိုင်းရေလိုက်ငါးလိုက်လေး ထားလိုက်ရင် ဒီကားရဲ့ Ratingက ဒီထက်ပိုကောင်းသွားမှာပါ။ Box officeမှာ အောင်မြင်တယ်ဆိုတော့ အများစုတော့ ကြိုက်ကြပုံပါပဲ။Jesen ...
movie
My Bloody Valentine (2009)
5.7
Father of Invention (2010)
Father of Invention (2010) ===================ဒီကားလေးကတော့ Superman Return တို့ Baby Driver တို့မှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ ဝါရင့်သရုပ်ဆောင်ကြီး Kevin Spacey Fowler ပါဝင်သရုပ်ဆောင်ထားတဲ့ Comedy Drama ကားလေးပဲ ဖြစ်ပါတယ်..ဇာတ်လမ်းအကျဉ်းအနေနဲ့ Fowler တစ်ဖြစ်လဲ စွန့်ဦးတီထွင်သူ ဒိတ် ဒိတ်ကြဲတစ်ယောက်ဖြစ်တဲ့ Axle ဟာ သျှမ်းသျှမ်းတောက် အောင်မြင် ချမ်းသာရာကနေ သူ့ရဲ့ထုတ်ကုန်တစ်ခုမှာ Error တက်သွားပြီး လူတွေ ထိခိုက်သွားတဲ့အခါမှာတော့ ၈နှစ်လောက် ဂျေးအောင်းလိုက်ရပါတယ်။ အဲဒီနောက်ပိုင်း ဘဝကို တစ်ကနေပြန်စတဲ့ အဖြစ်အပျက်လေးကို ဟာသ လေးတွေနှောပြီး ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။Axle တစ်ယောက် ပြန်ကြိုးစားရင်း ဘယ်လို တလွဲတွေလုပ်မိမလဲ..မိသားစုကိုထားခဲ့ပြီးသမီး ဖြစ်သူငယ်ငယ်ရွယ်ရွယ်နဲ့ ဂျေးအောင်းလိုက်ရတာကြောင့် ပျက်စီးသွားတဲ့ သားအဖနှစ်ယောက်ကြားကဆက်ဆံရေးကို အလွဲအမှားလေးတွေကြားက ဘယ်လိုပြန်တည်ဆောက်မလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.88 GB) / (693 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 33Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Thetti Tun Encoder..........SWM
movie
Father of Invention (2010)
2010
Nine Dead (2009)
2010 ခုနှစ်ထွက်ရှိခဲ့တဲ့ ဒီ Horror/Thriller ဇာတ်ကားက သရဲကားမဟုတ်ဘဲ အသည်းတအေးအေးနဲ့ ကြည့်ရမယ့် စိတ်ဝင်စားစရာ ဇာတ်လမ်းကောင်းတစ်ခုပါ။ဇာတ်လမ်းအစကို ပြန်ပေးဆွဲမှုတွေ များစွာနဲ့ စတင်ထားပါတယ်။ ပြန်ပေးဆွဲသမားဟာ သူစိမ်း ၉ယောက်ကို အခန်းတစ်ခုထဲမှာ သံတိုင်တွေနဲ့ လက်ထိပ်တွေခတ်ထားပြီး ဖမ်းဆီးထားပါတယ်။ သူတို့ ၉ယောက်ကို ဘာလို့ ဖမ်းဆီးခဲ့ရသလဲဆိုတဲ့ အဖြေကို ရှာနိုင်ရင် အသက်ရှင်ခွင့်ရှိမှာပါ။ဒါပေမယ့် ၁၀မိနစ်ပြည့်တိုင်း ပြန်ပေးသမားက ဝင်လာပြီး ဘာလို့ ဒီကိုရောက်နေရသလဲ ဆိုတဲ့ မေးခွန်းကို မဖြေနိုင်ကြရင် တစ်ယောက်ချင်းစီကို သတ်သွားမှာပါ။ မသိဖူး မဆုံဖူးကြတဲ့ လူ၉ယောက်ဟာ သူတို့တွေ ဘာကြောင့် အဖမ်းခံထားရလဲ သူတို့ဘဝမှာ ဘယ်လိုအမှားကြီးကြီးတွေ ကျူးလွန်မိခဲ့ကြရလဲ အတူတူ အဖြေရှာကြရပါတော့တယ်။ File size…(688 MB) Quality…. 720p Format…mp4 Duration….01:32:00 Genre...Crime, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie
movie
Nine Dead (2009)
6.8
Dolphin Tale (2011)
Dolphin Tale (2011) =============== IMDb Rating - 6.8/10CM ပရိတ်သတ်ကြီးတို့ရေ။ ငယ်ငယ်က TV မှာလွှင့်ဖူးတဲ့ Dolphin Tale ဆိုတဲ့ ကလေးဘဝရုပ်ရှင်လေးကိုမှတ်မိကြပါသလား။ အမြီးဖြတ်ပစ်လိုက် ရတဲ့ လင်းပိုင်လေးဝင်းတားနဲ့ သူ့ကိုကယ်ပေးခဲ့တဲ့ ဆော်ရာဆိုတဲ့ကောင်လေး တစ်ယောက်အကြောင်းပေါ့။ ပရိတ်သတ်ကြီးတို့ထဲမှာ ကြည့်ဖူးတဲ့သူရှိရင်ဖြင့် လင်းပိုင်လေးဝင်းတားဟာ အပြင်မှာ တကယ်ရှိခဲ့တယ်ဆိုတာရော သိပါသ လား။ ဟုတ်ပါတယ် ဝင်းတားလေးဟာ တကယ်ရှိခဲ့ဖူးပြီး သူဟာ မသန်စွမ်း ကလေးငယ်တွေအတွက် ဘဝကိုအရှုံးမပေးဖို့ တကယ်ကို ခွန်အားဖြစ်စေတဲ့ လင်းပိုင်လေးတစ်ကောင်ပါ။ဝင်းတားလေးဟာ Clearwater Marine Aquarium ကို ဒဏ်ရာများစွာနဲ့ရောက် လာပြီး အမြီးပိုင်းသွေးမလျှောက်တော့တာကြောင့် အမြီးဖြတ်ပစ်လိုက်ရပါတယ်။ လင်းပိုင်တစ်ကောင်အတွက် ရေကူးစရာအမြီးမပါတော့တာဟာ လူတစ်ယောက် ခြေထောက်မပါတော့တာနဲ့အတူတူပါပဲ။ ဒါပေမဲ့ ဝင်းတားဟာ အရှုံးမပေးဘဲ အသက် 16နှစ်ထိ အသက်ရှင်နေထိုင်သွားခဲ့ပါတယ်။ သူ့ရဲ့ Bottlenose Dolphin မျိုးစိတ် သက်တမ်းဟာ နှစ်40ကနေ60ထိ ရှိတာပါ။ ဒါပေမဲ့ အမြီးမရှိတော့တဲ့လင်းပိုင်တစ် ကောင်အတွက်တော့ 16နှစ်ထိနေသွားနိုင်ဆိုတာ တကယ်အံ့ဩဖို့ကောင်းပါတယ်။ ဒါ့အပြင် Dolphin Tale 1,2မှာ ပါဝင်တဲ့လင်းပိုင်လေးဟာ တကယ့်အပြင်ကဝင်းတား အစစ်ဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ ...
movie
Dolphin Tale (2011)
2011
5.9
Premonition (2007)
လင်ဒါဟန်ဆင်ဟာ သမီးနှစ်ယောက်မိခင် အိမ်ထောင်ရှင်မ တစ်ယောက်ဖြစ်ပြီး သူ့ခင်ပွန်းကတော့ အလုပ်ကိစ္စနဲ့ တစ်ညအိပ်ခရီးတိုတစ်ခုသွားနေခဲ့ပါတယ်။ ပုံမှန်မနက်ခင်းမှာ ပုံမှန်အတိုင်းပဲ နိုးထခဲ့ပြီး ကလေးတွေကိုကျောင်းပို့အိမ်ကိစ္စတွေလုပ်နေရင်းသူ့ဘဝကိုပြောင်းပြန်လှန်နိုင်တဲ့အပြောင်းအလဲတစ်ခုဟာ အိမ်ရှေ့ဘဲလ်ကို တီးပြီး ရောက်လာခဲ့တယ်။ တံခါးသွားဖွင့်ကြည့်လိုက်တော့ ရဲတစ်ယောက်ကို တွေ့ရပြီးအဲ့ဒီရဲကပဲ ဒီသတင်းဆိုးကို ပြောခဲ့တာပါ။ ' ခင်ဗျားယောက်ျား ကားမတော်တဆမှုဖြစ်ပြီး နေရာမှာတင် ဆုံးသွားပါတယ်" တဲ့။သူတို့နှစ်ယောက်ဟာ ချစ်ခြင်းတရားကို အခြေပြုတည်ဆောက်ထားတဲ့ အိမ်ထောင်ဖြစ်တဲ့အတွက် သတင်းကြားကြားချင်း လင်ဒါ စိတ်လွတ်သွားတယ်။ပတ်ဝန်းကျင်နဲ့ကင်းကွာသွားတဲ့အထိ။ အဲ့ဒီညမှာ သူတို့နှစ်ယောက်ရဲ့မင်္ဂလာဆောင် ဓာတ်ပုံလေးကို ဖက်ပြီး ဆိုဖာပေါ်မှာအိပ်ပျော်သွားခဲ့တယ်။ နောက်တစ်နေ့မနက်သူနိုးလာခဲ့တာကတော့သူတို့နှစ်ယောက်ရဲ့အိပ်ခန်းမှာတစ်ယောက်တည်းဖြစ်ပါတယ်။သမီးနှစ်ယောက်ကိုအော်ခေါ်တယ်။မီးဖိုချောင်ထဲကိုရောက်တော့တီဗွီကြည့်ပြီးမနက်စာစားနေတဲ့ယောက်ျားတစ်ယောက်ကိုမြင်တယ်။ မျက်နှာကိုပါတွေ့ရတော့မှ မနေ့က သေသွားပြီလို့သူသိထားတဲ့ သူ့ရဲ့ ချစ်လှစွာသော ခင်ပွန်းဖြစ်နေခဲ့တယ်။ ကြောင်တောင်တောင် မျက်နှာထားဖြစ်နေတဲ့ သူ့ကို သူ့ခင်ပွန်းက နူတ်ဆက်တယ်။ "ဘာတွေဖြစ်နေတာလဲအချစ်တဲ့"။သူတို့ သမီးလေးနှစ်ယောက်ဆင်းလာတယ်။ သူတို့အဖေကို နူတ်ဆက်တယ်။ အားလုံးကပုံမှန်အတိုင်းပဲ၊ သူတစ်ယောက်တည်းရူးကြောင်ကြောင်ဖြစ်နေသလိုမျိုး..။အဲ့ဒီနေ့လေးဟာဟိုးအရင်ကလိုပုံမှန်လည်ပတ်သွားတယ်။ ညအိပ်ယာဝင်တယ်။နောက်ထပ် တစ်နေ့ သူနိုးလာတယ်။ ဘယ်သူ့ကိုမှ ရှာမတွေ့တော့ အိမ်အောက်ထပ်ကိုဆင်းတယ်။အိမ်အောက်ထပ်မှာ ဝတ်စုံနက်နဲ့ ...
movie
Premonition (2007)
6.7
Killer Joe (2011)
Killer Joe ဇာတ်ကားဟာ 2013 ခုနှစ် COFCA Award မှာ Best Overlooked Film အပါအဝင် တခြားသော ဆုပေးပွဲတွေမှာပါ 9 wins တိတိရရှိခဲ့တဲ့ Crime Drama တစ်ခုပဲဖြစ်ပါတယ်။ ဒီကားထဲမှာဆိုရင် 2014 ခုနှစ် Best Performance by an Actor in a Leading Role နဲ့ အော်စကာဆုရရှိခဲ့သူ မင်းသားကြီး Matthew McConaughey ကို Killer Joe အနေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း Drug Dealer တစ်ယောက်ဖြစ်တဲ့ ခရစ်က အကြွေးပိပြီး အမေဖြစ်သူထားထားတဲ့ အသက်အာမခံကြေးကို မျက်စေ့ကျရာက အမေ့ကို သတ်ပြီး အသက်အာမခံကြေးတွေကို သိမ်းဖို့ အဖေဖြစ်သူနဲ့အတူ ပေါင်းကြံရာက ဇာတ်လမ်းစပါတယ်။ ခရစ်နဲ့ သူ့အဖေက ...
movie
Killer Joe (2011)
6.8
Great Expectations (1998)
ဒီဇာတ်ကားကပေးတဲ့သင်ခန်းစာကတော့ ဘဝမှာ မမျှော်လင့်သင့်တဲ့သူကိုမျှော်လင့်မိရင်၊ အချိန်တန်ဖြတ်သင့်တဲ့ကြိုးကိုမဖြတ်ပဲနေရင် ကိုယ့်ဘဝရဲ့တန်ဖိုးရှိတဲ့အချိန်တွေဆုံးရှုံးရနိုင်တယ်ဆိုတာပါပဲ။ လူတိုင်းက ကိုယ့်လိုမဟုတ်ပါဘူး။ တချို့အရာတွေကို ကိုယ့်ဘက်ကသာ လေးလေးနက်နက်သဘောထားပေမဲ့ တဖက်လူအတွက်ဆိုရင် ကိုယ်ကအသုံးချခံတစ်ယောက်လည်းဖြစ်နေနိုင်ပါတယ်။ လူတွေက အချင်းချင်း false hopeတွေပေးတတ်ကြတယ်။ အဲဒါကြောင့် အကောင်းဆုံးက ငါးစာပဲမြင်ပြီးငါးမျှားချိတ်ကိုမမေ့တတ်ဖို့ပါပဲ။ ဇာတ်လမ်းအကျဥ်းကတော့ ပင်လယ်နားနီးမြို့လေးမှာနေတဲ့ ဖင်းဆိုတဲ့ကောင်လေးက မြို့မှာအချမ်းသာဆုံးဖြစ်တဲ့နိုရာဒရစ်ဂါဒင်စမောတို့အိမ်မှာ အလုပ်လုပ်ရဖို့ဖြစ်လာတယ်။ ဒင်စမောဆိုတဲ့အဖွားကြီးက အသဲကွဲပြီးယောကျ်ားတွေကိုမုန်းတီးနေသူပါ။ ဖင်းရဲ့အလုပ်က ထွေထွေထူးထူးမဟုတ်ပဲ ဒင်စမောရဲ့အိမ်က ကလေးမလေးအက်စတယ်လာကိုအဖော်ပြုပေးဖို့ပါပဲ။ အက်စတယ်လာကိုစတွေ့တွေ့ချင်း ချစ်မိခဲ့တဲ့ဖင်းကအပတ်တိုင်း ထိုအိမ်ကိုသွားပြီး ပုံဆွဲ၊ အတူကပေးရင်းအဖော်ပြုပေးခဲ့တယ်။ ငယ်စဥ်ကလေးဘဝကတည်းက ချစ်ခဲ့တဲ့အက်စတယ်လာကို လူပျိုပေါက်အရွယ်ရောက်သည့်တိုင်အောင် ဖင်းရဲ့ခံစားချက်တွေက မပြောင်းလဲခဲ့ပါဘူး။ အက်စတယ်လာ့အတွက်တော့ ဖင်းက အိမ်ကိုလာနေကျအလုပ်သမားတစ်ဦးဆိုတာထက်မပိုခဲ့ဘူး။ ဒါတွေကို ဖင်းဘက်က သိချင်မှသိခဲ့မှာပါ။ အချစ်ဦးအက်စတယ်လာကလည်း သူ့အပေါ်မှာခံစားချက်တွေရှိနေတယ်လို့ ဖင်းက တဖက်သတ်ယုံကြည်နေခဲ့တယ်။ နောက်ပိုင်းမှာ ဖင်းတစ်ယောက်ဘာတွေဆက်ဖြစ်မယ်၊ ဖင်းရဲ့ဘဝဘယ်လိုတွေပြောင်းလဲလာမယ်၊ ဖင်းနဲ့အက်စတယ်လာတို့ရဲ့ကံကြမ္မာကဘယ်လိုပြောင်းလဲလာမယ်ဆိုတာ...။ File size…(2.3 GB)/(1.2 GB)/(620 Mb) Quality….Webrip 1080p / ...
movie
Great Expectations (1998)
6.7
Cleaner(2007)
Cleaner(2007) အညွှန်း********************ဒီဇာတ်ကားကတော့ ကျွန်တော်တို့ရဲ့အချစ်တော်ကြီး Samuel L.Jackson၊ မင်းသားကြီး Ed Harris နဲ့ မင်းသမီး Eva Mendes စတဲ့ နာမည်ကြီးသရုပ်ဆောင်များ ပါဝင်ပြီး ဒါရိုက်တာ Renny Harlin က ရိုက်ကူးထားတဲ့ မှုခင်းဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ တွမ်ကတ်တလာ(Samuel L.Jackson)ဟာရဲဝန်ထမ်းအလုပ်ကနေ အနားယူပြီး သူ့ရဲ့သမီးလေးကိုထောက်ပံ့ပေးဖို့အတွက်မှုခင်းဖြစ်ပွားတဲ့နေရာတွေကို သန့်ရှင်းရေးလုပ်ရတဲ့သူအဖြစ် အလုပ်လုပ်ကိုင်နေသူဖြစ်ပါတယ်။တစ်နေ့မှာတော့ သူလူမရှိတဲ့အိမ်တစ်အိမ်မှာ အလုပ်လုပ်ခဲ့ရပြီး အဲ့ဒီအိမ်မှာနေတဲ့ အန်းနော်ကပ်(Eva Mendes) ရဲ့အမျိုးသားဟာထူးဆန်းစွာပဲပျောက်ဆုံးနေတယ်ဆိုတာ သိလိုက်ရတယ်။ အဲ့ဒီအတွက်ကြောင့် တည်ငြိမ်နေပြီဖြစ်တဲ့ တွမ်ကတ်တလာရဲ့ဘဝကြီးဟာလည်းအရှုပ်တွေထဲကို နောက်တစ်ကြိမ်ပြန်လာရောက်ရှိလာပါတော့တယ်။ ဒီဇာတ်ကားထဲမှာတော့ အန်းနော်ကပ်ရဲ့အမျိုးသားကို ပြန်လည်ရှာဖွေတာအပြင်တွမ်ကတ်တလာရဲ့ အတိတ်ကအရှုပ်တော်ပုံတွေ၊ သူ့နားကသူငယ်ချင်းဖြစ်သူ အက်ဒီလော်ရန်ဇို(Ed Harris)ရဲ့လျှိုဝှက်ချက်တွေနဲ့ ထင်မှတ်မထားတဲ့ လှည့်ကွက်တွေကို စိတ်ဝင်စားဖွယ်ခံစားကြရမှာပဲဖြစ်ပါတယ်။ဇာတ်ကားထဲမှာ သွေးထွက်သံယိုဖြစ်တာတွေနဲ့မသတီစရာကောင်းတဲ့အခန်းတွေပါဝင်တာကြောင့် နှလုံးမကောင်းသူများကြည့်ရှုဖို့ မသင့်တော်ပါဘူး။ File Size :(1.9GB)(618 MB) and (380 MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:28:00 Genre : Crime , Thriller, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
Cleaner(2007)
5.9
Passenger 57 (1992)
Blades မင်းသားကြီး Wesley Snipesရဲ့ ၁၉၉၂တုန်းက ထွက်ခဲ့တဲ့ Old but gold အက်ရှင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ။မင်းသားကြီးဟာ ရဲဝန်ထမ်းဟောင်း၊ လက်ရှိ လေကြောင်းလုံခြုံရေး သရုပ်ပြ နည်းပြလုပ်နေသူ ဂျွန်ကတ်တာအဖြစ် ပါဝင်ထားပါတယ်။ အတိတ်က သူ့ရဲ့အမှားတစ်ခုကြောင့် ရဲအဖြစ်ကနေအနားယူထားတဲ့ ဂျွန်ဟာ တစ်နေ့မှာတော့ နိုင်ငံတကာ လေကြောင်းလိုင်းကြီးတစ်ခုရဲ့ လုံခြုံရေးအရာရှိအဖြစ် ခန့်အပ်ခံရကာ လော့စ်အန်ဂျလိစ်ကိုသွားဖို့ အကြောင်းဖန်လာပါတယ်။တိုက်ဆိုင်စွာပဲ သူစီးလာတဲ့ လေယာဉ်ပေါ်မှာ ဗုံးဖောက်ခွဲမှုများစွာကို ကျူးလွန်ထားတဲ့ အကြမ်းဖက်သမား ချားစ်ရိန်းက FBIဖမ်းဆီးမှုကို ခံထားရပြီး အေးဂျင့်၂ယောက်နဲ့အတူ လော့စ်အန်ဂျလိစ်ကို လိုက်ပါ လာကြပါတယ်။ နာမည်ကြီးအကြမ်းဖက်သမားဖြစ်တဲ့ ချားစ်ရိန်းက အချိန်းအချက်တွေနဲ့အတူ အတူပါ အေးဂျင့်၂ ယောက်ကို သတ်ပြီး လေယာဉ်ကို ပြန်ပေးဆွဲလိုက်တဲ့အခါ ဂျွန်ကတ်တာလည်း လုံခြုံရေး အရာရှိ ဖြစ်ဖြစ်ချင်း မဟာစွန့်စားခန်းကြီးကို စဖွင့်ရင်း ချားစ်ရိန်းနဲ့ ရင်ဆိုင်ရပါတော့တယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ...
movie
Passenger 57 (1992)
1
2
Next