Channel Myanmar

Marc Faure

I Stand Alone (1998) 7.3
I Stand Alone (1998) I Stand Alone (1998)~ IMDb - 7.3/10, Rotten Tomatoes - 88% ~ပြင်သစ်စကားပြော Psychological Drama ဇာတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Gaspar Noé ရဲ့ ပွဲဦးထွက် ရုပ်ရှင်ဖြစ်ပြီး တော်တော်လေးကို မွန်းကြပ်စရာ မသတီစရာ ထိတ်လန့်စရာဖြစ်တာကို တွေ့ရပါလိမ့်မယ်။ကောင်းရောင်းကောင်းဝယ်လုပ်နေတဲ့ သားသတ်သမားတစ်ယောက် အမေပစ်သမီးလေးကို တစ်ကိုယ်တည်း ပျိုးထောင်နေရင်း သမီးကို အနိုင်ကျင့်တယ်လို့ အထင်မှားပြီး လူတစ်ယောက်ကို သတ်မိလို့ ထောင်ကျသွားပါတယ်။ ထောင်ကထွက်လာတော့ သမီးဆီ ပြန်မသွားဘဲ တခြားတစ်နေရာက မိန်းမတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး အဲဒီမိန်းမကိုယ်ဝန်ရတော့ မိန်းမရဲ့ဇာတိကို လိုက်သွားပြီး ယောက္ခမရဲ့အိမ်မှာနေတာကနေ ဇာတ်ကားစထားပါတယ်။အဲဒီကနေ သားသတ်သမားရဲ့ စိတ်အတွင်းပိုင်းက အမှောင်အတွေးတွေ ကြောက်စရာအတွေးတွေ မကျေနပ်မှုတွေကို စိတ်ကူးတွေအတိုင်း မပြုမပြင် ပွင့်ပွင့်လင်းလင်း သူကိုယ်တိုင်ပြောပြနေတဲ့ပုံစံနဲ့ ချပြသွားမှာပါ။အတွေးတွေဆိုတာ ရောက်ချင်တာကို အမြန်ဆုံးရောက်ပြီး အတိုင်းအဆမရှိ ...
movie

I Stand Alone (1998)

1998
Taxi 2 (2000) 6.5
Taxi 2 (2000) Taxi 2 (2000)IMdb Rating (6.5) / Rotten Tomatoes (70%)Taxi ဇာတ်ကားလို့ ဆိုလိုက်တာနဲ့  ပြင်သစ်က အူကြောင်ကြားရဲနဲ့ မာဆေးလမ်းမတွေပေါ်က မြန်နှုန်းမြင့် လန်ပျံနေတဲ့ တက္ကစီသမားတို့ကို ပြေးမြင်ကြမှာပါ။Taxi ဇာတ်ကားတွေဟာ အက်ရှင်ဟာသရုပ်ရှင်ကားတွေထဲ Rating မြင့်ပြီး တကယ်လဲရယ်ရတဲ့ဇာတ်ကားတွေပါ...ပြင်သစ်က ရိုက်ကူးထားတဲ့ Taxi ဇာတ်ကား ၅ ကားရှိပြီး ၁ ကနေ ၄ ထိကတော့ မင်းသား၊မင်းသမီး၊ဇာတ်ပို့တွေက အတူတူပါပဲ။ပြင်သစ်မင်းသားတွေဖြစ်ကြတဲ့ Samy Naceri,Frédéric Diefenthal,Bernard Farcy ၊ မင်းသမီး Marion Cotillard,Emma Wiklund တို့ပါဝင်ထားပြီး တခါတလေ နာမည်ကြီးဧည့်သည်သရုပ်ဆောင်တချို့ ပါလာတတ်ပါတယ်။Taxi-5 မှာတော့ လူတွေပြောင်းရိုက်ထားပြီး Theme လောက်ပဲ တူတော့သလိုဖြစ်တာကြောင့် သိပ်မကြိုက်ကြပါဘူး။၁ ကနေ ၄ ထိကတော့ တကယ်ကိုရယ်ရတဲ့ ဗရုတ်သုတ်ခဇာတ်ကားတွေဖြစ်ပြီး တစ်ကားနဲ့တစ်ကားဆက်စပ်မှုရှိပါတယ်...ဇာတ်လမ်းက ပေါ့ပေါ့ပါးပါးနဲ့ ...
movie

Taxi 2 (2000)

2000
1080p HEVC
A Very Long Engagement (2004) 7.6
A Very Long Engagement (2004) A very long engagement (2004)========================၁၉၁၉ ခုနှစ် သြဂုတ်လမှာ မာသိဒ် သီလရှင်တစ်ပါးဆီက စာရပါတယ်။စာက ပထမကမ္ဘာစစ်ထဲမှာ သေသွားပြီလို့ သိထားတဲ့ သူ့ခင်ပွန်းလောင်းရဲ့ရဲဘော်တစ်ဦးဆီပါ။ အဲဒီနောက်မှာတော့ သူ့ခင်ပွန်းလောင်းအပါအဝင်သေမိန့်ချခံခဲ့ရတဲ့ စစ်သားငါးယောက်အကြောင်းကို ကြားခဲ့ရပါတယ်။အဲဒီကနေစပြီး မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်း မတ်နတ်ခ်ကို ရှာပုံတော်ဖွင့်ပါတော့တယ်။မာနတ်ခ်ကို ရှာရတဲ့ခရီးက လွယ်တော့ မလွယ်လှပါဘူး။ ပထမဆုံးပဲရစ်ကို သွားပြီး စုံထောက်တစ်ယောက်ငှားတယ်။ သူ့ကို ပိုက်ဆံတွေအလကားဖြုန်းပစ်နေတာပဲလို့ ပြောကြပါတယ်။ သူ့ဦးလေးနဲ့အဒေါ်ကလည်း မေ့ပစ်ပြီး သင့်တော်တဲ့သူတစ်ယောက်ရှာတော့တဲ့။အမျိုးမျိုးတားကြတဲ့ကြားမှာ မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်းအသက်ရှင်နေသေးတယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ထားဆဲပါပဲ။ ဒီလိုနဲ့ရသမျှအချက်အလက်တွေကို လိုက်ချိတ်ဆက်ပါတော့တယ်။မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်းကို ရှာတွေ့ပါ့မလား?သူ့ခင်ပွန်းလောင်းကရော အသက်ရှင်နေပါ့မလား?အသက်ရှင်နေရင်ရော ဘာတွေကြောင့် ပြန်မလာနိုင်တာလဲ? အညွှန်းနဲ့ ဘာသာပြန်ကို Phu Myat Thwe ရေးသားထားပါတယ်  File size…2 GB / 819MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 13m Genre ..... ...
movie

A Very Long Engagement (2004)