Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Marc Bischoff
7.5
Enemy at the Gates (2001)
Enemy at the Gates ( 2001 ) ဒီဇာတ်လမ်းက ဒုတိယဇာတ်ကမ္ဘာစစ်ကို အဆုံးအဖြတ်ပေးခဲ့တဲ့တိုက်ပွဲတစ်ခုအကြောင်းလို့ ပြောရင်လည်းပြောလို့ရတယ်။ဂျာမနီနဲ့ ဆိုဗီယက်ပြည်ထောင်စုကြားက တိုက်ပွဲပေါ့။ဒီတိုက်ပွဲမှာ ဆိုဗီယက်တပ်နီတော်ကနေ ဂျာမန်တပ်တွေကို လုံးလုံးအနိုင်ယူနိုင်ခဲ့တယ်။ဒီစစ်ပွဲမှာ စစ်သုံ့ပန်းဖြစ်ခဲ့တဲ့ ဂျာမနီတွေလည်း၉သိန်းကျော်၁၀သိန်းနီးပါးရှိခဲ့တယ်။ဒီစစ်ပွဲမှာ ဆိုဗီယက်ပြည်ထောင်စုနဲ့ ဂျာမန်တွေကြား အင်အားက တော်တော်လေးကွာခြားခဲ့တယ်။ဆိုဗီယက်တွေဘက်က ရိုင်ဖယ်တစ်လက်ကို နှစ်ယောက်ခွဲသုံးကြရတဲ့အထိကိုလက်နက်အင်အားနည်းပါးခဲ့သလို ပြည်သူ့စစ်ကိုထည့်သုံးရတဲ့အထိကိုအင်အားနည်းပါးခဲ့ပေမဲ့ စိတ်ဓာတ်ကတော့ တော်တော်လေးခိုင်မာခဲ့တယ်။ဆိုပေမဲ့ ဒီရုပ်ရှင်တော့ အဲဒီလိုစိတ်ဓာတ်ခိုင်မာလာဖို့ လုပ်ရတဲ့ ဝါဒါဖြန့်စစ်ပွဲတွေအတင်းအကျပ်ရဲ့အပိုင်းတွေကို ဒီရုပ်ရှင်မှာ ပါးပါးလေးပြသွားခဲ့သလိုသူ့ဘာသာသူကို စိတ်ဓာတ်ခိုင်မာနေတဲ့အပိုင်းကိုလည်း ပြသွားခဲ့တယ်။သမိုင်းကြီးတဲ့ ဒီစစ်ပွဲက ဒီရုပ်ရှင်ရဲ့နောက်ခံပေမဲ့ ဒီရုပ်ရှင်ကမီးမောင်းထိုးပြထားတာက ဒီစစ်ပွဲအကြောင်းကိုတော့ မဟုတ်ခဲ့ဘူး။Enemy at the Gates ဟာ ဒီစစ်ပွဲရဲ့ အရေးပါတဲ့ တစ်ထောင့်တစ်နေရာပါခဲ့တဲ့လက်ဖြောင့်တပ်သားလေးတစ်ယောက်အကြောင်းကို မီးမောင်းထိုးပြသွားတယ်။ Enemy at the Gatesမှာ စစ်ပြတဲ့အခြေအနေက ဆိုဗီယက်တွေကဂျာမနီရဲ့တိုက်ခိုက်မှုကို တင်းခံနေရပေမဲ့ တပ်ဆုတ်ရင်ပစ်သတ်ဆိုပြီးအမိန့်ပေးထားရတဲ့အထိ စိတ်ဓာတ်ရေးရာက ပျက်ပြားနေခဲ့တယ်။ဒီတော့ ပစ်မလွဲဖြစ်နေတဲ့ လက်ဖြောင့်တပ်သားလေးတစ်ယောက်ရဲ့ အောင်ပွဲတွေကိုသူရဲကောင်းဆန်ဆန် ရေးသားပြီး ...
movie
Enemy at the Gates (2001)
4K HEVC
Good Bye, Lenin! (2003)
IMDb Rating – 7.7/10အဲလက်စ်ကာနာ (Daniel Bruhl) ရဲ့ ဖခင် ရောဘတ်က ၁၉၇၈ ခုနှစ်မှာ အနောက်ဂျာမဏီကို ထွက်ပြေးသွားပြီးနောက် မိခင် ခရစ်စတီယန်းကပဲ သားဖြစ်သူ အဲလက်စ်နဲ့ သမီးလုပ်သူ အာရီယန်းကို အရှေ့ဂျာမဏီဘက်မှာ တစ်ယောက်တည်း ပြုစုပျိုးထောင်လာရသူပါ။ ခရစ်စတီယန်းက လူမှုတိုးတက်ရေးလုပ်ငန်းစဉ်တွေအတွက် တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ပေးသူဖြစ်ပြီး နိုင်ငံတော်ကောင်စီက ပေးအပ်တဲ့ ဆုတံဆိပ်တွေကိုတောင် ရရှိလာတဲ့အထိ ပြည်သူအကျိုးကို သယ်ပိုးနိုင်သူတစ်ဦးဖြစ်လာပါတယ်။အရှေ့ဂျာမဏီ နှစ် ၄၀ ပြည့်ပြီးနောက်တစ်နေ့မှာ လူတွေက ဘာလင်တံတိုင်းကြီးကို ဖြိုချဖို့အရေး သတင်းလွတ်လပ်ခွင့်ရရှိရေးတို့အတွက် ဆူပူအုံကြွလာတဲ့အထဲမှာ အဲလက်စ် တစ်ယောက်ကလည်းပါဝင်ခဲ့ပါတယ်။ အဲ့လိုအုံကြွတဲ့အတွက် သူ့ကို ရိုက်နှက်ဖမ်းဆီးသွားတာကို ခရစ်စတီယန်း တစ်ယောက် တွေ့သွားတဲ့အခါ မူးလဲသွားပြီး ဆေးရုံကို အချိန်မီမပို့နိုင်တဲ့အတွက် ကိုမာဝင်သွားပါတော့တယ်။ရှစ်လအကြာ သူမ သတိပြန်လည်လာတဲ့အခါမှာတော့ ဘာလင်တံတိုင်းကြီးလည်း မရှိတော့တဲ့အပြင် တိုးတက်မှုတွေ များစွာဖြစ်နေပြီဖြစ်ပေမယ့် ဆရာဝန်က သူမအနေနဲ့ ...
movie
Good Bye, Lenin! (2003)
6.8
Taxidermia(2006)
အခုမိတ်ဆက်ပေးချင်တာက သာမာန်ဇာတ်ကားပုံစံနဲ့မတူကွဲထွက်နေတဲ့ ဟန်ဂေရီကားလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မျိုးဆက်သုံးဆက်ရဲ့ ယောက်ျားသုံးယောက်စီမှာရှိတဲ့ မတူညီတဲ့အမူအကျင့်တွေနဲ့ မတူညီတဲ့ စိတ်အားထက်သန်မှုတွေကို အနှစ်ကျကျရိုက်ကူးထားတာပါ။ ပထမဆုံးမျိုးဆက် အမျိုးသားက အင်မတန်နှာဘူးထတဲ့ကျော်ကြီးပါ။ သူ့ကမ္ဘာမှာ မိန်းမမရှိရင် မရှင်သန်နိုင်လောက်တဲ့အထိ တဏှာရမက်ကြီးမားလွန်းတဲ့သူဖြစ်ပါတယ်။ ဒုတိယမျိုးဆက်ဖြစ်တဲ့သူ့သားကတော့ အစားအင်မတန်ကြီးလွန်းသူဖြစ်ပြီး အစားအသောက်ပြိုင်ပွဲတွေမှာ ထိပ်တန်းအဆင့်ရှိသူတစ်ယောက်ဖြစ်ပါတယ်။ ပြီးတော့ သူ့ရဲ့သားနောက်ဆုံးမျိုးဆက်ကတော့ အသက်မရှိတော့တဲ့ အကောင်တွေကို အစာသွပ်ပုံသွင်းတဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ သူ့အလုပ်မှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူဖြစ်တာကြောင့် သာမာန်အစာသွပ်ပညာရှင်တွေ မလုပ်နိုင်တဲ့ကိစ္စမျိုးတွေကို သူ့ကိုပဲ လာအပ်ကြရပါတယ်။ဒီ မြေးအဖိုးအရင်းတွေရဲ့ မတူညီတဲ့ခံယူချက်၊ စိတ်ထား၊ ဝါသနာနဲ့ အလုပ်အကိုင်တို့ကို စိတ်၀င်စားစရာကောင်းအောင်ရိုက်ကူးထားတာကြောင့် အက်ရှင်တွေ၊ ဒရာမာတွေကနေ ခဏအနားယူလိုသူတွေ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။လိင်ပိုင်းဆိုင်ရာတွေ၊ အော်ဂလီဆန်စရာတွေ ပါ၀င်တာကြောင့် ရွံတတ်သူ၊သွေးကြောက်သူတွေကြည့်မယ်ဆိုရင် သတိထားသင့်ပါတယ်။ File size…699.3MB Quality…WEB-Rip 720p Format…mp4 Duration….1h 31m Genre ..... Comedy , Drama , Horror Subtitle….Myanmar Subtitle (Hard ...
movie
Taxidermia(2006)
7.7
Run Lola Run (1998)
Run Lola Run (1998)IMDb - 7.7/10 နဲ့ Rotten Tomatoes - 93% ရထားတဲ့ ဂျာမန်ကားလေးပါ။ ဒီကားဟာ ထွက်ထွက်ချင်းတုန်းက ဂျာမနီမှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့အပြင် ဂျာမန်ရုပ်ရှင်ခေတ်သစ်လို့ သတ်မှတ်ခံခဲ့ရပါတယ်။ ဥရောပကားလည်းဖြစ် Experimental နည်းနည်းပါတာကြောင့် အသွားနှေးပြီး နားမလည်နိုင်စရာတွေ ကြည့်ရတော့မယ်လို့ ထင်လိုက်မိမယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်။ရုပ်ရှင်နာမည်အတိုင်းပဲ ရှင်းပါတယ်၊ လိုလာဆိုတဲ့ မိန်းကလေး အသားကုန်ပြေးနေတာကို တစ်ကားလုံးနီးပါး တွေ့မြင်ရမှာပါ...။ ဒါပေမယ့် လိုလာလေး ဘာကြောင့်ပြေးရတာလဲ ဘယ်နှကြော့ပြန် ပြေးရမှာလဲ ဘယ်လိုလူတွေကို ဆုံတွေ့ခဲ့ပြီး ဘယ်လိုအကြောင်းအရာတွေကို တူးဆွမိခဲ့မှာလဲ...။ တစ်ကြိမ်ကြည့်ရင် တစ်ကြိမ်ဆိုသလို မတူတာတစ်ခုကို တွေ့နိုင်မှာပါ။ တစ်ကြိမ်ပဲကြည့်မယ်ဆိုရင်လည်း စိတ်လှုပ်ရှားမှု အပြည့်ရနိုင်မှာပါ။ဆုတွေ တစ်သီကြီးရထားတဲ့ ဒီကားနဲ့ပတ်သက်ရင် ပြောချင်တာတွေ အများကြီးရှိပေမယ့် မပြောဘဲထားတာဟာလည်း ကြည့်ဖြစ်ဖို့ အကြောင်းအရင်းတစ်ခုဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အခုပဲ လိုလာလေးကို ...
movie
Run Lola Run (1998)
1998