Channel Myanmar

Mao Ichimichi

HAIKYU!! The Dumpster Battle (2024) 7.3
HAIKYU!! The Dumpster Battle (2024) Sport Anime မှာဆိုရင်တော့ Haikyu ကို မသိကြတဲ့လူ ရှားပါလိမ့်မယ်။သူကတော့ ဘော်လီဘော အားကစားကို အခြေခံထားတဲ့ Anime ကောင်းတစ်ခု ဖြစ်ပါတယ်။အခု ဒီ ရုပ်ရှင်လေးကတော့ Season 4 အပြီး တိုက်ရိုက်ဆက်စပ်ထားတဲ့ ရုပ်ရှင်လေးပါ။နောက်ထပ် စီးရီးမလာတော့ပဲ Ending အဖြစ် နောက်ဆုံးရုပ်ရှင်နှစ်ကားထုတ်မယ်ဆိုပြီးကြေငြာထားရာမှာ ဒီကောင်က ပထမကား ဖြစ်ပါတယ်။ဒီကားထဲမှာတော့ မင်းသားတို့ Karasuno ကျီးနက်တွေ အစမ်းဆော့ကြည့်တိုင်းဘယ်တော့မှအနိုင်မရတဲ့ ဟိုးအရင်ကတည်းက ပြိုင်ဖက်ဟောင်းအသင်းကြောင်ရိုင်းတွေရဲ့ Nekoma အသင်းနဲ့ ပထမဆုံးအကြိမ်အဖြစ်အမျိုးသားပြိုင်ပွဲ တတိယအဆင့်မှာ တွေ့ဆုံယှဉ်ပြိုင်ကြတာကို ဦးစားပေး တင်ဆက်ထားပါတယ်။Hinata အနေနဲ့လည်း ဘော်လီဘောအားကစားကို ပေါ့ပေါ့တန်တန် ကစားပေမဲ့ဉာဏ်အသေပြေးတဲ့ Kenma နဲ့ ပွဲထဲမှာ ဘယ်လိုတွေ ပညာစမ်းကြဦးမလဲဘယ်လိုတွေ ဒီအဆင့်ကို ကျော်ဖြတ်ပြီး ဘယ်အသင်းက အနိုင်ရသွားဦးမလဲဆိုတာထုံးစံအတိုင်း စိတ်ဝင်စားဖွယ် ကြည့်ရှုရဦးမယ့် Haikyuu ရုပ်ရှင်လေး ဖြစ်ပါတယ်ဗျာ။  File Size :  ...
movie

HAIKYU!! The Dumpster Battle (2024)

Eternal 831 (2022)
Eternal 831 (2022)  အခုတစ်ခါမှာတော့ 2022 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂျပန်စိတ်ကူးယဉ် animation ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်. ဒီဇာတ်လမ်းလေးထဲမှာဆိုရင် စိတ်ဝင်စားစရာ မြှုပ်ကွက်လေးတွေအပြင် ဂျပန်ဇာတ်လမ်းလို့မထင်မှတ်ရလောက်အောင် ကောင်းတဲ့ Animation လေးတွေကိုပါ ကြည့်ရှုခံစားလို့ရမှာဖြစ်ပါတယ်.ဇာတ်လမ်းအကျဉ်းဆူဇူရှီရိုဆိုတဲ့ သတင်းစာပို့တဲ့ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပုံမှန်အတိုင်းလုပ်ဆောင်ပြီး ပညာသင်ဆုအတွက် ကြိုးစားနေတဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ဆူဇူရှီရိုမှာ အချိန်ကိုရပ်တန့်နိုင်တဲ့ စွမ်းအင်တစ်ခုရှိနေပါတယ်။ အဲ့ဒီ့စွမ်းအင်ရှိနေတာကိုလည်း ဆူဇူရှီရိုတစ်ယောက် သိခဲ့တာတော့ သိပ်မကြာသေးပါဘူး. ဒါပေမယ့် သူတို့နေတဲ့ နေရာမှာ ဆူဇူရှီရိုအပြင် နောက်ထပ်အချိန်ကို ရပ်တန့်နိုင်တဲ့ လူတွေရှိနေခဲ့ပါတယ်။ တစ်နေ့မှာတော့ သူတို့နဲ့ ဆူဇူရှီရိုတို့ မထင်မှတ်ပဲ တွေ့ဆုံဖြစ်ခဲ့ပြီး ဇာတ်ရဲ့အဓိက အလှည့်အပြောင်းက ဘယ်လိုမျိုးတွေဆက်ဖြစ်မလဲ.အချိန်ရပ်တန့်နိုင်တဲ့သူတွေရဲ့ အဓိကရည်ရွယ်ချက်ကရော ဘာတွေဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖို့ကောင်းအောင် တင်ဆက်ပြသထားတဲ့ Mystery, Adventure နဲ့ Thriller အမျိုးအစားဇာတ်လမ်းလေးဖြစ်ပါတယ်။ဘာသာပြန်နဲ့ အညွှန်းကိုတော့ Jo Joe မှ ရေးသားထားပါတယ်။ File size…(1.6 ...
movie

Eternal 831 (2022)