Channel Myanmar

Manu Payet

Banger (2025) 5.5
Banger (2025)  ယခုတစ်ခေါက်တင်ဆက်ပေးလိုတဲ့ ဇာတ်ကားလေးကတော့ပြင်သစ်စကားပြော Comedy အမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ်..ဒီကားလေးမှာဆိုရင် မူးယစ်ဆေးအဖွဲ့ခေါင်းဆောင်ကိုဖမ်းဆီးဖို့အတွက် ဒီဂျေသမားဟောင်းတစ်ယောက်အားအသွင်ယူထောက်လှမ်းစေသည့်အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်..ScorpeX အမည်ရ ဒီဂျေသမားဟောင်းတစ်ယောက်ဟာအကြွေးပတ်လည်ဝိုင်းနေလျက် ၎င်းရဲ့သီချင်းဓာတ်ပြားတွေဟာလည်းရောင်းတန်းမဝင်ဘဲ လူကြိုက်နည်းကာအခက်အခဲကြုံနေရသူတစ်ယောက်ဖြစ်ပါတယ်..၎င်းဒီဂျေသမားဟာ မိမိကိုယ်ကိုယ်မိမိ ရောင်းတန်းမဝင်တော့သည့် အိုပယ်အနုပညာသမားအဖြစ်ကို ငြင်းဆန်လျက်လူငယ်ခြေတက်ဒီဂျေသမားများနဲ့ လိုက်လံတုပပြိုင်ဆိုင်နေစဉ်မှာပဲ ၎င်းထံသို့ အထူးအေးဂျင့်တစ်ယောက်ရောက်ရှိလာကာ မူးယစ်ခေါင်းဆောင်တစ်ဦးကို အသွင်ယူကာကူညီစုံစမ်းပေးဖို့ အတင်းအဓမ္မခြိမ်းခြောက်ခြင်းခံရပါတော့တယ်..ScorpeX နှင့်သိကျွမ်းသူ ဒီဂျေတစ်ယောက်ဟာ ထိုမူးယစ်ဆေးခေါင်းဆောင်နှင့်ပတ်သက်ကြောင်း သိရှိထားကြသည့်ထောက်လှမ်းရေးအဖွဲ့ဟာ ScorpeX မှတဆင့် ထောက်လှမ်းဖို့ကြိုးစားကြပြီး ScorpeX ဟာလည်း ခြိမ်းခြောက်မှုကိုမလွန်ဆန်နိုင်ဖြစ်လျက် သားရဲတွင်းဆီ ဝင်ရောက်ရဖို့ဖြစ်လာခဲ့ပါတယ်...ဂီတအနုပညာရူးသွပ်သူ ScorpeX အဖို့ အသက်ဘေးအန္တရာယ်နဲ့နီးကပ်လှတဲ့ ထောက်လှမ်းရေးလုပ်ငန်းကို ဝါသနာပါရာဒီဂျေစက်တွေကိုင်တွယ်ရင်း ရင်တထိတ်ထိတ်နဲ့လုပ်ဆောင်ရပုံကိုဟာသဆန်ဆန်ကြည့်ရှုရမှာပဲဖြစ်ပါတယ်..ဒီကားလေးဟာဆိုရင် ဒီဂျေသမားများကို အခြေခံရိုက်ကူးထားတာဖြစ်လို့ အီလက်ထရိုသီချင်းပေါင်းများစွာနဲ့ မြူးမြူးကြွကြွကြည့်ရှုရမယ့်ကားလေးဖြစ်ပြီး မိမိကိုယ်ကိုယ်အထင်ကြီးလှတဲ့ScorpeX ရဲ့ မဝံ့မရဲဖြစ်မှု မချင့်မရဲနိုင်မှု လေကြီးမှုတွေကိုပေါ့ပေါ့ပါးပါးတင်ဆက်ထားတာဖြစ်လို့ ရုပ်ရှင်ချစ်ပရိသတ်များစိတ်အပန်းပြေကြည့်ရှုခံစားနိုင်ရန် ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ.....................File size… (1.46GB) / (801MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / ...
movie

Banger (2025)

Asterix & Obelix: The Middle Kingdom (2023) 4.9
Asterix & Obelix: The Middle Kingdom (2023) Asterix & Obelix: The Middle Kingdom (2023) ================================Asterix နဲ့ Obelix ဆိုရင်တော့ comedy ပိုင်းမှာ မသိတဲ့သူ မရှိအောင် နာမည်ကျော်တဲ့ ဇာတ်လမ်းတွဲတွေဆိုတော့ ထူးပြီး ပြောစရာမလိုလောက်ပါဘူး။ Asterix ၏ စွန့်စားခန်းများ comic book ကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ ဇာတ် ကားတွေဖြစ်ပြီး၊ အခု 2023 မှာတော့ အသစ်စက်စက် စွန့်စား ခန်းတစ်ခု ဆက်လက်ထွက်ရှိလာခဲ့ပါတယ်။ ဒါ့အပြင် နာမည် ကျော်ဘောလုံးသမားတစ်ဦးဖြစ်တဲ့ အီဗရာမိုဗစ်ကလည်း cameo အဖြစ် ပါလာသေးတာမို့ အားလုံး အကြိုက်တွေ့ကြဦးမှာပါ။ဇာတ်လမ်းကတော့ နေရာတကာမှာနယ်ချဲ့နေတဲ့ ရောမလူမျိုးတွေ သိမ်းပိုက်လို့ မရသေးတဲ့ Asterix တို့ရဲ့ Gaul ဆိုတဲ့ ပြင်သစ်ရွာ လေးမှာ အခြေခံထားပါတယ်။ တစ်ရက်မှာတော့ အဲဒီရွာလေးကို မိုင်ပေါင်းများစွာ ဝေးကွာလှတဲ့ တရုတ်ပြည်က ဧကရီဘုရင်မရဲ့ သမီးတော်ဖြစ်သူ မင်းသမီးတစ်ပါးရောက်လို့လာခဲ့တယ်။ သူမက မင်းသားတစ်ပါးနဲ့ ထိမ်းမြားရမဲ့ မင်္ဂလာပွဲကို လက်မခံခဲ့တာကြောင့် ပုန်ကန်မှုတွေဖြစ်ပွားခဲ့ပြီး ထီးနန်းသိမ်းခံလိုက်ရချိန်မှာ ထွက်ပြေး လွတ်မြောက်လာခဲ့တဲ့သူပါ။Gaul တွေကလည်း တရုတ်ပြည်က ...
movie

Asterix & Obelix: The Middle Kingdom (2023)

2023
Gangsterdam (2017)
Gangsterdam (2017) မျက်ဝန်းပြာပြာနဲ့ ပြင်သစ်ဟာသမင်းသား Kev Adams ကိုတော့ Aladdin ဟာသဇာတ်ကားနဲ့မှတ်မိကြမယ်ထင်ပါတယ်...ခုဇာတ်ကားမှာလဲ အလွဲလွဲအချော်ချော်နဲ့ ထပ်မြင်ရဦးမှာပါ...ကောလိပ်ကျောင်းပျော်ကြီး ရူဘင်တစ်ယောက် ကျောင်းသူသစ်လေး နိုရာကို စွဲလန်းသွားရာက ဇာတ်လမ်းစတယ်...ပြသနာက နိုရာက သာမန်ကျောင်းသူလေးမဟုတ်ဘူး...မာဖီးယားဂိုဏ်းတစ်ခုရဲ့  ဆေးခြောက် ကယ်ရီသမား...ကျောင်းသူလေးကို ဖွန်ကြောင်ရင်းနဲ့ ရူဘင်တစ်ယောက် မာဖီးယားဂိုဏ်းရဲ့ ဆေးခြောက်ထုပ်ကြီးပျောက်ဆုံးမှုမှာကြားညှပ်သွားပြီး Gangsterdam ဆိုတဲ့ စွန့်စားခန်းကြီး နယ်သာလန်မှာဖွင့်ပါတော့တယ်...။ဇာတ်ကိုပံ့ပိုးထားတဲ့ ဇာတ်ရံတွေကလဲ အသီးသီးထူးခြားတဲ့ဇာတ်ကောင်တွေနဲ့မို့ ရီနေရမှာ အသေအချာပါပဲ။ဟာသအက်ရှင်အခွီကားတွေ မျှော်လင့်နေရင်တော့ ဒီဇာတ်ကားက အဲ့လိုပါ။ File size…(1.5 GB) / (999MB) Quality….HDRip 1080p / 720p Format…mp4 Duration….01:33:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Nay Lin Thar
movie

Gangsterdam (2017)