Channel Myanmar

Manoj K U

Machante Malakha (2025)
Machante Malakha (2025) Machante Malakha (2025) "ငါ ခလုပ်တိုက်မိခဲ့တဲ့ ခပ်ထက်ထက်ဆူးငြှောင့်လေး" =======================================အသစ်ထွက်ထားတဲ့ မာလျာလမ်စကားပြော အချစ်ဇာတ်လမ်းလေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဆာဂျီဗန်ဟာ စူပါဖက်စ်ဆိုတဲ့ ယာဉ်လိုင်းတစ်ခုမှာ ယာဉ်အကူလုပ်နေသူတစ်ယောက်ဖြစ်ပါတယ်။သူဟာ အိမ်ထောင်မကျသေးတဲ့ လူပျိုကြီးတစ်ယောက်ဖြစ်ပြီး သူ ကြိုက်နေတဲ့ လုပ်ဖော်ကိုင်ဖက်မလေးကို ဖွင့်ပြောဖို့ အခွင့်ကောင်းစောင့်နေတဲ့သူပါ။ဒါပေမဲ့ အဲဒီလိုဖွင့်ပြောဖို့လုပ်နေတုန်းမှာ အဲဒီတစ်ယောက်က ရုတ်တရက်အိမ်ထောင်ပြုသွားတဲ့အတွက် စိတ်ညစ်ညစ်နဲ့ တခြားယာဉ်လိုင်းကို ပြောင်းပြီးလိုက်နေတုန်းမှာ သူ့ဘဝထဲကို ခပ်စွာစွာကောင်မလေးတစ်ယောက်ဝင်လာခဲ့ပါတယ်။အဲဒီကောင်မလေးနဲ့ စတွေ့ကတည်းက ဆာဂျီဗန်တစ်ယောက် အဆူခံရ၊ အိမ်ပြန်နောက်ကျရ၊ အလုပ်ပြုတ်မလိုတွေဖြစ်ခဲ့ရပေမဲ့ အဲဒီကောင်မလေးအပေါ် ခံစားချက်တွေဖြစ်လာတဲ့အချိန်မှာတော့...။မထူးဆန်းပေမဲ့ မြင်နေကျမဟုတ်တဲ့ ယာဉ်အကူကောင်လေးနဲ့ ခပ်စွာစွာကောင်မလေးတစ်ယောက်ကြားက ကဗျာဆန်ဆန်အချစ်ဇာတ်လမ်းလေးကို ဒီရုပ်ရှင်လေးထဲမှာ ဆွတ်ပျံ့ကြည်နူးဖွယ် မြင်တွေ့ခံစားကြရမှာပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2 GB / 1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 7min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Machante Malakha (2025)

Officer on Duty (2025) 7.7
Officer on Duty (2025) Officer on Duty (2025) "တာဝန်ကျအရာရှိ" IMDb - 7.7/10အီလေးဆွဲမနေဘဲ ဇာတ်လမ်းဇာတ်အိမ်ခပ်သွက်သွက်နဲ့ စိတ်ဝင်စားစရာအိန္ဒိယရုပ်ရှင်သစ် တောင့်တနေသူတွေအတွက်ဒီမလေယာလမ်ကားလေးက စိတ်အဆာပြေစေမှာပါ။ဆယ်စုနှစ် နှစ်ခုကျော်လောက်မှာ ရုပ်ရှင်ကားပေါင်းတစ်ရာကျော်ရိုက်ကူးခဲ့ပြီးတဲ့ မလေယာလမ်မင်းသားကြီး ကွန်ချက်ကိုဘိုဘာရဲ့ရုပ်ရှင်ကားသစ်။Box Officeမှာဆိုလည်း ဝင်ငွေကောင်းခဲ့တဲ့ရုပ်ရှင်။ဒီထဲမှာ ခပ်ကြမ်းကြမ်း ရဲအရာရှိနေရာက သရုပ်ဆောင်ထားပေမဲ့ သူ့ရဲ့ အချစ်ဇာတ်ရုပ်ပိုင်နိုင်မှုကြောင့် ချောကလက်ကောင်လေးလို့တောင်ခေါ်ခြင်းခံရတဲ့ မင်းသားတစ်လက်ပါ။ဟာရီဆိုတာ ဒုရဲမှူးရာထူးကနေ ရဲအုပ်အဖြစ် ရာထူးလျောခြင်း ခံထားရတဲ့သူ။သူ့ရဲ့ ဒေါသစိတ်၊ အလိုလိုသိစိတ်နဲ့ အမှန်တရားဘက်တော်သားဆိုတဲ့စိတ်ကို အထက်အရာရှိတွေကတောင် လန့်ကြရတယ်။တစ်နေ့ အပေါင်ဆိုင်မှာ စပယ်ယာတစ်ယောက် ဆွဲကြိုးအတုလာပေါင်ရာကစလို့ မီးခိုးကြွက်လျှောက်လိုက်ပြီးဖော်ထုတ်မိချိန်မှာထိတ်လန့်အံ့ဩစရာအမှုအခင်းတွေရယ် သူ့ရဲ့အတိတ်က အဖြစ်အပျက်တွေရယ်နဲ့ ဆက်စပ်နေချိန်မှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်။) File size…1.5 GB / 870 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 14min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Officer on Duty (2025)

Anand Sreebala (2024) 7.3
Anand Sreebala (2024) Anand Sreebala (2024) "အဖြစ်မှန်"ပရိသတ်အကြိုက်ဖြစ်စေမယ့် မလေယာလမ် မှုခင်းဒရာမာ ရုပ်ရှင်လေး လာပါပြီဇာတ်လမ်းအကျဉ်းကိုပြောရရင် တစ်ညမှာ မိဘနှစ်ပါးက ဥပဒေကျောင်းသူသမီးပျောက်လို့ ရဲစခန်းကိုလာတိုင်ပေမယ့် ရဲတွေက ချက်ချင်းတာဝန်ယူဖြေရှင်းဖို့ နှောင့်နှေးနေခဲ့ပါတယ်နောက်တစ်ရက်မှာတော့ ရဲတွေက မိန်းကလေးအလောင်းကို ရှာတွေ့ခဲ့ပြီး အမှုစုံစမ်းမှုက သိပ်မကြာလိုက်ဘဲ သေကြောင်းကြံမှုအဖြစ်သာ အမှုပိတ်ခဲ့ရာမှာတစ်နှစ်ကြာတော့ သတင်းရှာနေတဲ့ တီဗွီသတင်းထောက်မလေးဟာ အဆိုပါအမှုကို လူစိတ်ဝင်စားအောင် ပြန်လုပ်ဖို့အကြောင်းဖန်လာတဲ့အခါ ရဲတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ သူ့ကောင်လေး အာနန့်ကို အလွတ်စုံထောက်လုပ်ခိုင်းပါတော့တယ် အမှုမှန်ပေါ်ပေါက်လာမှာလားဒီဇာတ်လမ်းထဲမှာ ပရိသတ်တို့ ဆက်လက်အဖြေရှာလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပါ File size… 1.6 GB / 827 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Anand Sreebala (2024)

Little Miss Rawther (2023) 7.9
Little Miss Rawther (2023) Little Miss Rawther (2023)"အချစ်ရူးမလေး မိရော်သာ" =======================================IMDb 8.3/10 စီအမ် အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် Little Miss Rawther ဆိုတဲ့ မလျာလမ်စကားပြော အချစ်ဟာသဇာတ်မြူးရုပ်ရှင်လေးကို CM Bollywood Team ကနေ တင်ဆက်ပေးချင်ပါတယ်။နိုင်နာရော်သာဆိုတဲ့ ကောင်မလေးဟာ အရာဝတ္ထုတွေ အစီအစဉ်တကျဖြစ်မနေရင် ရင်ဘက်ထဲ ကျလိကျလိဖြစ်တတ်တဲ့ OCD ရောဂါပိုင်ရှင် အရပ် ၅ ပေ ဝန်းကျင်ကောင်မလေးပဲဖြစ်ပါတယ်။ သူ့ဘဝမှာ အခက်အခဲဆိုလို့ သူများမျက်နှာ မော်ကြည့်ရတာလောက်သာ ရှိပြီး ဘဝကို သက်တောင့်သက်သာဖြတ်သန်းနေရတဲ့ ကံကောင်းသူလေးပေါ့။သူဟာ အရပ်ငါးပေဝန်းကျင်သာ ရှိပေမဲ့ သူ့ရဲ့ ရည်းစားဦး အာဘီဂျစ်ကတော့ အရပ် ၆ ပေကျော်တဲ့ ကလန်ကလားကိုကိုပဲဖြစ်ပါတယ်။ အာဘစ်ဂျစ်ကတော့ နီနာ့လို ဖယောင်းလမ်းကို သက်တောင့်သက်သာလျှောက်ခွင့်မရဘဲ ကလေးဘဝကနေ အရွယ်ရောက်တဲ့အထိ အခက်အခဲတွေကြားမှာ ဘဝကို ကန့်လန့်တိုက်ဖြတ်သန်းနေရတဲ့ မအောင်မြင်တဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်ဖြစ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက်ချစ်ကြပေမဲ့ အရပ်ကစလို့ အစစအရာရာကွာခြားနေတဲ့ သူတို့နှစ်ယောက်ကြား မတူညီမှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် တွေ့ကြုံရပုံကို ဒီရုပ်ရှင်လေးထဲမှာ ရယ်ရယ်မောမောကြည့်ရှုခံစားကြရမှာပါ...။ ( ဒီရုပ်ရှင်ရဲ့ ...
movie

Little Miss Rawther (2023)

2023
Chaaver (2023) 7.9
Chaaver (2023) Chaaver 2023 (ပတ်ပြေးကြသူများ) Crime/Thriller IMDb 8.2/10ဒီတစ်ခါမှာတော့ ပဟေဠိဆန်ဆန်ကြည့်ရှုကြရမယ့် ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။နိုင်ငံရေးနဲ့ပတ်သက်နေတဲ့ လူသတ်မှုတစ်ခုကို ကျူးလွန်ပြီးတဲ့နောက်မှာ မူစသူကာဦးစီးတဲ့ ဂိုဏ်းတစ်ခုဟာ ကားတစ်စီးနဲ့ ထွက်ပြေးတိမ်းရှောင်နေပါတယ်။ဂိုဏ်းထဲကသူတစ်ယောက် ဒဏ်ရာရသွားတဲ့အခါ ဘယ်ဆေးရုံမှာမှ ပြလို့မရပဲ ရဲတွေကိုပတ်ရှောင်နေရတဲ့သူတို့ဟာ ဆေးကျောင်းသားတစ်ယောက်ဖြစ်တဲ့ အာရွန်ကို ဒဏ်ရာဆေးထည့်ပေးဖို့ခေါ်လိုက်ပါတယ်။ဘာမှမသိတဲ့အာရွန်တစ်ယောက် ဒီအမှုထဲ မဆီမဆိုင်ပါသွားဖို့ အကြောင်းဖန်ပါတော့တယ်။ သူတို့တွေ ဘာဆက်ဖြစ်ကြမလဲ။ အမှုကရော အမှန်တိုင်းပေါ်လာဦးမှာလားဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V ~ Bpl ~ Yunni ~ ToMo ~ Cherry တို့ပဲဖြစ်ကြပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 1.8GB / 855MB Quality…1080p WEB DL /720p Format…mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V ~ Bpl ~ Yunni ...
movie

Chaaver (2023)

2023
Kannur Squad (2023) 8.1
Kannur Squad (2023) Kannur Squad(2023) "ကန်နူးရ်တပ်ဖွဲ့" IMDb-8.4/10 ဘတ်ဂျတ်ရူပီး ကုဋေသုံးဆယ်ကျော်သုံးထားပြီး ရုံတင်ငွေရူပီး ကုဋေတစ်ရာကျော်အထိ ပြန်လည်ရရှိခဲ့တဲ့ ရဲမှုခင်းကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၇-၂၀၁၃ကြားက ဖြစ်ခဲ့တဲ့အမှုနှစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ကြောင်း အဓိကဇာတ်ကောင်က အင်တာဗျူးတစ်ခုမှာ ဖြေကြားထားပါတယ်။ဂျော့်ချ်ဆိုတဲ့ အရာရှိတစ်ယောက်ဦးဆောင်တဲ့ အဖွဲ့တစ်ခုဟာ တရားခံပြေးတွေကိုလိုက်လံဖမ်းဆီးရင်း ပုတ်သိုးဆွေးမြေ့နေတဲ့ အလောင်းတစ်ခုကို တွေ့ခဲ့ပါတယ်။ သေဆုံးတဲ့အလောင်းကို စစ်ကြည့်တော့လည်း ဘယ်သူဘယ်ဝါမှန်းမသိ။ အဲဒီနယ်တစ်ဝိုက်မှာကလည်း လူပျောက်တိုင်ထားတာကမရှိ။ လိုက်စုံစမ်းတော့လည်း လူရိုင်းမျိုးနွယ်စုကလိုလို ဘာလိုလိုနဲ့အမှုပိတ်သိမ်းရမလိုဖြစ်နေပါတယ်။သတ်သေတဲ့အမှုဖြစ်ဖို့ ကိုးဆယ်ရာခိုင်နှုန်းထင်ပေါ်နေပေမယ့် တစ်ရာရာခိုင်နှုန်းမပြည့်တဲ့အတွက် အရာရှိဂျော့်ချ်တို့အဖွဲ့ဟာ ဒီအမှုကို လိုက်စုံစမ်းပါတော့တယ်။ လူသတ်မှုလား လူသေမှုလား။ သေဆုံးတဲ့သူက ဘယ်သူလဲ၊ ဘာကြောင့်လဲ။ ဒီလိုပဟေဠိတွေနဲ့ သို့လော သို့လော စိတ်ဝင်တစားကြည့်ရှုရမယ့် ရဲမှုခင်းကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ကြည့်ရှုအားပေးကြပါဦးလို့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…3.1GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 41m Subtitle….Myanmar ...
movie

Kannur Squad (2023)

2023
Journey of Love 18+ (2023) 6.5
Journey of Love 18+ (2023) Journey of Love 18+ (2023) IMDb - 6.6/10ဆယ်ကျော်သက်တွေဖြစ်တဲ့ အာခစ်လ်နဲ့ အာသီရာတို့ဟာ အရမ်းချစ်ကြတဲ့ချစ်သူတွေပါ။ ဒါပေမဲ့ အချစ်စစ်တို့မည်သည် ပန်းခင်းထားတဲ့လမ်းမဟုတ်ဆိုသလိုပဲ သူတို့အချစ်ခရီးကတော့ဖြောင့်ဖြူးမနေပါဘူး။ ငယ်ရွယ်တဲ့ နှစ်ယောက်သားရဲ့အချစ်ဟာ တစ်ခဏတာရင်ခုန်တာပါလို့ လူကြီးတွေအတင်းခွဲရာကနေ နောက်ဆုံးလက်ထပ်မယ်အထိပါ နှစ်ယောက်လုံးခေါင်းမာမာနဲ့ တဇွတ်ထိုးဆန်လာကြပါတယ်။ဒီလိုနဲ့ ဘယ်သူမှသဘောမတူတော့တဲ့အဆုံး ခိုးပြေးကြမယ်လို့ဆုံးဖြတ်လိုက်ကြပါတယ်.... ဒီလိုနဲ့ သူတို့တွေရဲ့ မရင့်ကျက်သေးတဲ့အဆုံးအဖြတ်က မှန်ကန်သွားမလား၊ နောက်ဆုံး အောင်အောင်မြင်မြင်နဲ့ မင်္ဂဆောင်သွားကြမှာလား ကြုံတွေ့ရမဲ့ပြဿနာမျိုးစုံကို သူတို့ဘယ်လိုဖြေရှင်းမလဲဆို ကြည့်ရှူရမှာဖြစ်ပါတယ်။၁၈ နှစ်အရွယ် အချစ်ငှက်လေးနှစ်ကောင်ရဲ့ အချစ်စွန့်စားခန်းကို ဆွတ်ပျံ့ကြည်နူးဖို့ကောင်းပြီး ဟာသမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ရမဲ့ မလေရာလမ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်။) File size…2.37GB / 1.03GB Quality…1080p WEB DL /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Journey of Love 18+ (2023)

2023
Iratta(2023) 7.8
Iratta(2023) Iratta (2023) IMDb 7.8/10Rating ကောင်းကောင်းနဲ့ မှုခင်းစုံထောက်ကားတွေ ကြိုက်တဲ့ပရိတ်သတ်တွေအတွက် အိန္ဒိယ‌တောင်ပိုင်း ဇာတ်ကားတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ကီရာလာပြည်နယ် ဗာဂါမွန်ရဲစခန်းမှာ အခမ်းအနားပွဲကျင်းပနေတုန်း သေနတ်သံသုံးချက်ကြားလိုက်ပါတယ်။ အခမ်းအနားထဲမှာ လူစုလူဝေးတွေအကုန်ရုတ်ရုတ်သဲသဲဖြစ်ကြကုန်တယ်။ အဲ့ဒါကတော့ စခန်းထဲမှာရဲသားတစ်ယောက်အသတ်ခံလိုက်ရပါတယ်။အခင်းဖြစ်တဲ့ချိန်မှာ ရဲသားသုံးယောက်ရှိနေပြီး ထိုသုံးယောက်ကို လူသတ်မှုနဲ့သံသယစာရင်းထဲသွင်းခံရလိုက်ရတယ်။ ရဲသားသုံးယောက်ကလည်း အ လီဘိုင်ပြည့်ပြည့်စုံစုံရှိနေတဲ့ချိန်မှာ ရဲတစ်ယောက်သေဆုံးမှုဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေတာလား ဒါမှမဟုတ် တကယ်အသတ်ခံရလားဆိုတာကို လှည့်ကွက်ပေါင်းစုံနဲ့ တရားခံကိုအတူတူအဖြေရှာကြည့်ကြရအောင်ပါ။.. File size…1.54GB  / 724MB Quality…1080p True WEB DL /720p Format…mp4 Duration….1h 52mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Yunni~Nyein Aye
movie

Iratta(2023)

2023