Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Manoj Bajpayee
7.5
Sonchiriya (2019)
Sonchiriya (2019) ****************************IMDb.....7.5,,,, Rotten.....70%"မြွေက ကြွက်ကိုမြိုတယ် လင်းတက မြွေကိုပြန်စားတယ် ဒါကို လောဘသဘာဝလို့ ဘုရားမိန့်ဆိုထားတယ်..."*******************************ဘောလီဝုဒ်ကားကောင်းတွေ မျှော်လင့်နေတဲ့ပရိသတ်တွေအတွက် ၂၀၁၉ ထွက်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်အိန္ဒိယမှာ ဝင်ငွေပိုင်းအရ အောင်မြင်မှုမရခဲ့ပေမယ့် အနုပညာပိုင်းမှာတော့ မကျရှုံးဘူးလို့ ရဲရဲကြီးအာမခံနိုင်ပါတယ်ဘာကြောင့်လဲဆိုရင် IMDb 7.5/ 10 နဲ့ Rotten 70% အထိရရှိထားလို့ပါပဲ......ကျွန်တော်တို့ကြည့်နေမြင်နေကျ အိန္ဒိယကားတွေလို သီချင်းတွေ၊ ကခုန်နေတာတွေမပါဘဲ .. သရုပ်ဆောင်တွေဆိုလည်း လုံးဝမိတ်ကပ်မပါ သဘာဝကျကျနဲ့ အကောင်းဆုံး ပုံဖေါ်ထားတဲ့ဇာတ်ကားတစ်ကားပါသရုပ်ဆောင်တွေဆိုလည်း သဘာဝမင်းသားကြီးဖြစ်တဲ့ Manoj Bajpai အပါအဝင် နာမည်ကြီးတွေဖြစ်တဲ့ Bhumi Pednekar Sushant Singh Rajput တို့ကပါ အားဖြည့်ပါဝင်ထားပါတယ် ..ဇာတ်လမ်းကတော့ ဓားပြသူပုန်မာန်ဆင့်အဖွဲ့နဲ့ ရဲအရာရှိ ဂူဂျား ဘဲလ်ခန်ဒီယားတို့ ထိပ်တိုက်တွေ့ကြလေသောအခါ ...ဇာတ်ကိုအများကြီးမပြောထားတာ မထင်မှတ်ထားတဲ့ အလှည့်ပြောင်းတွေပါနေလို့ပါ ..သူပုန်ဓားပြတွေရဲ့ဘဝ .. သူပုန်ဓားပြတွေကို နှိမ်နင်းနေတဲ့ ရဲအရာရှိရဲ့အခြေနေ လူတွေရဲ့ ကောက်ကျစ်ယုတ်မာမှုတွေကို ကိုယ်တိုင်ပဲကြည့်ရှု့လိုက်ပါတော့... (အညွှန်းကို Zaw Htoo မှ ရေးသားထားပါတယ်) File size…1.95GB / 926MB Quality… WEB-DL ...
movie
Sonchiriya (2019)
6.2
Jail (2009)
Jail (2009) "ဘဝတစ်ကွေ့"ဒီတစ်ခါမှာတော့ ဘောလိဝုဒ်ပရိသတ်ကြီးအတွက် ၂၀၀၉ ခုနှစ်က ထွက်ရှိထားပြီး တကယ်ကြည့်လို့ကောင်းတဲ့ ဟင်ဒီစကားပြော ဒရာမာဇာတ်လမ်းကောင်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ပါရာ့ဂ်ဟာ ရုပ်ရည်သန်ပြန့်ချောမောတဲ့ ပညာတတ်လူငယ်တစ်ယောက်ပါ။ ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ကောင်းကောင်းရထားပြီး ချစ်သူချောချောလေးလည်း ပိုင်ဆိုင်ထားပါတယ်။ သိပ်မကြာခင်မှာပဲ အလုပ်ရာထူးလည်းတိုးသွားတာကြောင့် ပါရာ့ဂ်ရဲ့ရှေ့ရေးဟာ ဖြောင့်ဖြူးလို့ပေါ့။ဒါပေမဲ့ တစ်နေ့တော့ အဲဒီလိုအလားအလာကောင်းနေတဲ့ သူ့ဘဝကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒါကတော့ လူပေါင်းမှားသွားတဲ့ အဖြစ်ပါပဲ။ လူပေါင်းမှားရာက သူပါ ပြစ်မှုတစ်ခုမှာ အပြစ်မရှိဘဲ ရောယောင်အဖမ်းခံလိုက်ရပါတော့တယ်။အဲဒီလိုနဲ့ အမှုစစ်ဆေးဆဲကာလ ထောင်ထဲမှာ အကျဉ်းသားဘဝနဲ့ ပါရာ့ဂ်တစ်ယောက် ဘယ်လိုအရာတွေကို ရင်ဆိုင်ရမလဲ၊ အကြောင်းတွေတိုက်ဆိုင်လွန်းပြီး သက်သေပြဖို့ခက်တဲ့ အမှုမှာ အမှန်တရားပေါ်ပေါက်လာနိုင်ပါဦးမလားဆိုတာကို ဆက်လက်ရှူစားကြရမှာ ဖြစ်ပါတယ်။လူပေါင်းတစ်ခါမှားတာနဲ့ တစ်သက်တာ ဘယ်လိုခံစားသွားရနိုင်လဲဆိုတာ ပညာယူစရာ တွေးတောဆင်ခြင်စရာတွေအများကြီးမို့ တကယ်ကြည့်ရတန်မဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်အဖြစ် ညွှန်းဆိုပေးလိုက်ပါရစေ။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။) File size… 3.9 GB / 1.74 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard ...
movie
Jail (2009)
6.1
Despatch (2024)
Despatch (2024) "လျှို့ဝှက်ချက်များ တူးဖော်ခြင်း"သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းမျိုး ကြိုက်တဲ့သူတွေအတွက် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။မှုခင်းဆိုပေမဲ့ မြင်နေကျ ရဲဇာတ်လမ်းတွေထက် မှုခင်းသတင်းထောက်တစ်ယောက်ရဲ့စွန့်စားခန်းကို စာနယ်ဇင်းသမားအမြင်နဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။အခုလို ပြောင်းလဲလာတဲ့ဒီဂျစ်တယ်ခေတ်ကြီးမှာ အပြောင်းအလဲကြီးတစ်ခုကို မလွဲမသွေခံခဲ့ကြရတာကတော့ စာနယ်ဇင်းသမားတွေပါပဲ။Print media ခေတ်ကနေ digital media ခေတ်မှာ အသားကျအောင် ကြိုးစားနေရသူတွေထဲမှာ နှစ်ဆွေး မှုခင်းသတင်းသမားကြီး ဂျွိုင်းလည်း ပါ၀င်ပါတယ်။သူတို့သတင်းစာတိုက်မှာ အပြောင်းအလဲတွေဖြစ်နေခိုက်မှာပဲ အုပ်စုဖွဲ့ပစ်ခတ်မှုသတင်းတစ်ခု ပေါ်လာပါတယ်။အဲဒါကလည်း သူတို့မြို့က အကြီးစားငွေကြေးမှောင်ခိုသမားတွေနဲ့ ပတ်သက်နေပြီး အန္တရာယ်ကြီးတဲ့ အမှုမျိုးပါ။အဲဒီအခါမှာ ဂျွိုင်းတစ်ယောက် အပြောင်းအလဲနဲ့စိန်ခေါ်မှုတွေကြား၊ စနစ်ဟောင်းနဲ့စနစ်သစ် လွန်ဆွဲပွဲကြားမှာ ကိုယ်တိုင်စွန့်စားပြီး သတင်းလိုက်ရဖို့ ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ ဂျွိုင်းတစ်ယောက် သတင်းကြီးကြီးရဖို့ ဘယ်လိုစွန့်စားရင်ဆိုင်မလဲ၊ အလုပ်နဲ့ လူမှုရေးပြဿနာတွေကြား ဘယ်လိုကျော်ဖြတ်မလဲဆိုတာကို စိတ်၀င်စားစရာ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။) File size… 2.2 GB / 1.09 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 33mins Subtitle….Myanmar Subtitle (Hard ...
movie
Despatch (2024)
5.9
Daud (1997)
Daud 1997 အပြေးအလွှားDaud ဇာတ်ကားဟာ ၁၉၉၇ ခုနှစ်ထုတ် ဟင်ဒီစကားပြော Adventure Comedy ကားဖြစ်ပြီး နာမည်ကျော်မင်းသားကြီးဗီဂျေးရဲ့ လူငယ်ဘဝက ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။IMDb 5.9 ရရှိထားပြီး Box Office မှာ ထက်ဝက်မြတ်ခဲ့ပါသေးတယ်။ဇာတ်လမ်းစစချင်းမှာပဲ ၃ နှစ်ကြာစီစဉ်ထားရတဲ့ လုပ်ငန်းကိစ္စတွေပျက်ကုန်လို့ ဒေါသထွက်နေတဲ့လူတစ်ခုကိုမြင်ရမှာပဲဖြစ်ပါတယ်။ သူတို့ရဲ့အရေးကြီးသေတ္တာက လိုရာမရောက်ဘဲ အကောက်ခွန်ဌာနက ထိန်းသိမ်းထားတာကြောင့် ရဲတွေစစ်တပ်တွေဝင်မပါခင်မှာ ပြန်လည်ရယူဖို့ အရေးတကြီးစီစဉ်ရပါတော့တယ်။ဒါကြောင့် နာမည်ကြီးသူခိုးဖြစ်တဲ့ ခူရန်နာကို သေတ္တာကို ပြန်ခိုးပေးဖို့ အလုပ်အပ်လိုက်တဲ့အတွက် ခူရန်နာကလည်း လက်စွမ်းပြပြီးခိုးလာခဲ့တာပေါ့။ ဒါပေမယ့် အလုပ်အပ်သူတွေ ငွေမချေမှာကိုစိတ်ပူတဲ့အတွက် သေတ္တာပြန်မအပ်ဘဲ ငွေနဲ့လဲဖို့ ပြောပြီး ညဘက်တွေ့ဖို့ချိန်းဆိုလိုက်ပါတော့တယ်။တစ်ဖက်မှာလည်း အဲဒီသေတ္တာပျောက်သွားတဲ့အတွက် တာဝန်ရှိသူတွေ ခေါင်းမီးတောက်ပြီး ရဲအင်အားအလုံးအရင်းအသုံးပြုကာ ခူရန်နာကို လိုက်ရှာကြပါတော့တယ်။ ဒီလိုနဲ့ ရွှေတုံးတွေအပြည့်ပါတယ်လို့ ထင်ရတဲ့သေတ္တာတစ်လုံးပိုက်ကာ ခူရန်နာတစ်ယောက် ဒေါသူပုန်ထနေတဲ့လူဆိုးတွေနဲ့ ရဲတွေကြားကနေ ဘယ်လိုလွတ်မြောက်အောင်ထွက်ပြေးရမလဲ.. သေတ္တာက ဘယ်သူ့လက်ထဲရောက်သွားမလဲ..တကယ်ပဲ သေတ္တာထဲမှာ ရွှေတုံးတွေအပြည့်ပါလို့ ဒီလောက်အရေးတကြီးလိုက်ဖမ်းနေကြတာလားဆိုတာကိုတော့ ဇာတ်ကားအဆုံးထိ ဆက်လက်ကြည့်ရှုပေးကြပါဦးဗျာ။( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် ) File size… 3.16 GB / 1.4 GB Quality…WEB DL 1080p ...
movie
Daud (1997)
6.6
Bhaiyya Ji (2024)
Bhaiyya Ji (2024)"အစ်ကိုကြီး အဖအရာ" ================================The Family Man ထဲက သဘာဝမင်းသားကြီး မာနို့ဂျ်ရဲ့ IMDb 6.6/10 ရ ကလဲ့စား အက်ရှင်သည်းထိတ်ရင်ဖိုရုပ်ရှင်အသစ် ott ထွက်ရှိလို့လာပြီ။ဒီရုပ်ရှင်ဟာဆိုရင် အိန္ဒိယနိုင်ငံ ဥတ္တာပရာဒေ့ရှ်ပြည်နယ်ထဲက ဖြစ်ရပ်မှန်တွေပေါ်မှာ အခြေခံထားတယ်လို့လည်း ဒါရိုက်တာဖြစ်သူက ပြောပြထားပါတယ်။ဇာတ်လမ်းကတော့ မာနို့ဂျ်သရုပ်ဆောင်ထားတဲ့ ဇာတ်လိုက်ဖြစ်သူ ရမ်ချာရန်ရဲ့ မင်္ဂလာပွဲအတွက် သူ့ရဲ့ညီဖြစ်သူဟာ သူတို့ရဲ့ မွေးရပ်မြို့ဆီကို ပြန်လာနေတုန်းမှာ အကြောင်းပြချက်မရှိ ပျောက်ဆုံးသွားတဲ့အတွက် ရမ်ချာရန်တစ်ယောက် လိုက်ရှာဖို့ကြိုးစားရင်း တစ်နွယ်ငင်တစင်ပါဆိုသလို အမှိုက်ကစ ပြဿာဒ်မီးလောင်ကာ နိုင်ငံရေးသမား အကောင်ကြီးကြီးတွေနဲ့ငြိပြီး မီးခိုးကြွက်လျှောက်ဖြစ်ပုံကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ။သဘာဝမင်းသားကြီး မာနို့ဂျ်ရဲ့ အက်ရှင်အကြမ်းပတမ်းတွေကို မြင်တွေ့ရမှာဖြစ်လို့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ချန်နယ်မြန်မာ ဘောလိဝုဒ်အဖွဲ့သားတွေကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size…2.3GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Bhaiyya Ji (2024)
2024
8.1
Silence 2: The Night Owl Bar Shootout (2024)
Silence 2 The Night Owl Bar Shootout (2024) "ဖုံးကွယ်တတ်သော" IMDb - 7.9/10Manoj Bajpayeeနဲ့ Prachi Desaiတို့ရဲ့ စုံထောက်ကားကားကိုတင်ဆက်ပေးလိုက်ပါတယ် Silence... Can You Hear It(2021) ဒီသရုပ်ဆောင်တွေနဲ့ ဇာတ်လမ်းမတူတဲ့ ရုပ်ရှင်ကားကိုလည်း CM မှာ တင်ဆက်ပေးဖူးတာမို့ ပြန်ရှာကြည့်ချင်တဲ့ပရိသတ်တွေအတွက် CM Appမှာရှုစားနိုင်ပါတယ်။ဘားတစ်ခုမှာ သေနတ်တစ်လက်နဲ့ဝင်ပစ်ပြီး လူအတော်များများ သေခဲ့ရပါတယ်။ သေဆုံးသူတွေထဲမှာ အရေးပါအရောက်တဲ့ပုဂ္ဂိုလ်တစ်ယောက် ပါနေတဲ့အတွက် တရားခံကို အပူတပြင်းလိုက်ရှာပါတော့တယ်တရားခံက လိုက်ရှာနေရင်း လိုက်လေဝေးလေဖြစ်နေတာမို့ ထောက်လှမ်းရေးတွေ မခံချိမခံသာ ဖြစ်နေတာတွေကို ရှုစားရမှာပါ ဒီအမှုဖြေရှင်းတဲ့အချိန်မှာ စုံထောက်ကြီးတို့ရဲ့ ဦးနှောက်နဲ့ အမြင်ထက်ပြေးတဲ့ လူငယ်လေးတွေရဲ့ အကူအညီက အမှုအတွက်အရေးပါရုံမကဘဲ စုံထောက်ကြီးကပါ အံ့ဩယူလောက်အောင် ထက်မြက်နေခဲ့ပါတယ်။အမှုလိုက်ရင်း သူတို့တွေ ထပ်သိလာရတာက အသက်မပြည့်သေးတဲ့ မိန်းမငယ်လေးတွေ လိင်ကျွန်အဖြစ် တရားမဝင်လူကုန်ကူးနေတာတွေကိုပဲ။ဘားတစ်ခုလုံးမှာ လူအများကြီး အသတ်ခံလိုက်ရတဲ့အမှုက သက်သေအထောက်အထားမလုံလောက် တရားခံမပေါ်တဲ့ထူးဆန်းတဲ့အမှုနဲ့ နောက်ဆက်တွဲအမှုတွေကို စုံထောက်ကြီးတို့ ဘယ်လိုဖော်ထုတ်သွားကြမလဲဆိုတာတော့....အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood ...
movie
Silence 2: The Night Owl Bar Shootout (2024)
2024
6
Shootout at Wadala (2013)
Shootout at Wadala (2013) "ရေကုန်ရေခမ်း" IMDb - 6/10ရုပ်ရှင်ကားဟောင်းတွေထဲက အကောင်းစားဖြစ်တဲ့ action-crimeအမျိုးအစား ဘောလိဝုဒ်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေကို ကြည့်လိုက်မယ်ဆိုရင် အာနေးလ်ကပူးရ် ဂျွန်အီဘရာဟင်မ် မာနို့ဂျ်ဘတ်ဂျ်ပါယီနဲ့ ကန်ဂနားတို့လို တကယ့် ဘောလိဝုဒ်အကျော်အမော်တွေ ပါဝင်ထားကြပါတယ်။ရဲကားတစ်စီးပေါ်မှာ သေနတ်ဒဏ်ရာတွေနဲ့ဂန်းစတားကြီးတစ်ယောက် ပြောပြတဲ့ဇာတ်လမ်းကို ရဲအရာရှိတစ်ဦး နားထောင်နေတာကနေ အစပြုပါတယ်။ဒီဂန်းစတားကြီးက အရင်ကတော့ လိမ္မာယဉ်ကျေးတဲ့ ကောလိပ်ကျောင်းသား တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ အစ်ကိုဖြစ်သူကတော့ လူမိုက်တစ်ယောက်ဖြစ်ပြီး ပြဿနာအမျိုးမျိုးရှာတတ်တဲ့သူတစ်ယောက်။ ဒီလိုပြဿနာရှာတတ်တာကြောင့်လည်း လူဆိုးဂိုဏ်းကလိုက်ဖမ်းနေပြီး သူ့ကိုရိုက်နှက်တဲ့အချိန်မှာတော့ ညီဖြစ်သူပါ ဝင်ပါပြီး လူတစ်ယောက်အသက်ဆုံးရှုံးသွားခဲ့ပါတယ်။အဲဒီကနေ သူ့ဘ၀အပြောင်းလဲကြီး ပြောင်းလဲပြီး အမှောင်ဒုစရိုက်ဂိုဏ်းထဲမှာ ကျင်လည်ကျက်စားတဲ့ လူမိုက်ကြီးတစ်ယောက်ဖြစ်လာခဲ့ပုံကနေ ဇာတ်ကြောင်းပြန်ရင်း စိတ်ဝင်စားဖွယ်တင်ဆက်ပေးထားပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Thike Sanပဲဖြစ်ပါတယ်) File size…5GB / 1.6GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thike San
movie
Shootout at Wadala (2013)
2013
7.4
Joram (2023)
Joram (2023) "ဂျိုရမ်"IMDb 7.4 ရထားတဲ့ ဟင်ဒီ thriller ရုပ်ရှင်ကားသစ်ဖြစ်ပြီး ဝေဖန်ရေးဆရာတွေ ရွေးချယ်တဲ့ အကောင်းဆုံးရုပ်ရှင်ဆုနဲ့ သရုပ်ဆောင်ဆုတွေ ဆန်ခါတင်ထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်ခေတ်ပျက်တစ်ခုမှာ တည်ထားပြီး အရာရာယိုယွင်းနေတဲ့ အုပ်ချုပ်ရေးနဲ့အတူ ငတ်မွတ်မှုတွေ အာဏာပိုင်တွေရဲ့ လျှို့ဝှက်ချက်တွေ ကြားထဲမှာ ရုန်းကန်ရတဲ့ လူတွေအကြောင်းကို တင်ဆက်ထားတာပဲ ဖြစ်ပါတယ်ဇာတ်လမ်းကို အဓိကဇာတ်ကြောင်းနှစ်ခုနဲ့ တည်ဆောက်ထားပါတယ်... ဖခင်တစ်ယောက် ၃ လသားအရွယ် သမီးလေးကို ပိုက်ပြီး အာဏာပိုင်တွေရဲ့ လက်ကနေ ထွက်ပြေးနေရပုံကို ပြထားပြီး နောက်ထပ် ဇာတ်သွားတစ်ခုမှာတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုဇာတ်လမ်းကို ပုံဖော်ထားပါတယ်Dasru တစ်ယောက် ဘာဖြစ်လို့ ထွက်ပြေးနေရလဲ သူ့ရဲ့ အတိတ်က ဘာတွေများ အရှုပ်အရှင်းတွေ ရှိခဲ့လဲ... အာဏာပိုင်တွေရဲ့ ရည်ရွယ်ချက်က ဘာလဲ စတဲ့ မေးခွန်းပေါင်းများစွာနဲ့ ကားလိပ်ချသည့်တိုင် ဇာတ်လမ်းရဲ့ လျှို့ဝှက်ဆန်မှု မပျောက်သွားပဲ သမီးအတွက် အရာရာကို ရင်ဆိုင်မယ့် ဖခင်တစ်ယောက်ရဲ့ သတ္တိကို မြင်တွေ့ရမှာပါအိန္ဒိယရုပ်ရှင်တွေရဲ့ သမာရိုးကျ ဒိုင်ယာလော့ခ်အခြေခံတဲ့ ရုပ်ရှင်တွေနဲ့ အတော်လေးကွဲထွက်ထားပြီး "အပြောထက် အပြ" ...
movie
Joram (2023)
2023
8.7
Sirf Ek Bandaa Kaafi Hai (2023)
Sirf Ek Bandaa Kaafi Hai 2023IMDb rating 7.3 အထိရရှိထားပပြီး၂၀၂၃ မှာအသစ်ထွက်ရှိလာတဲ့ တရားခွင်အခြေပြု ဘောလီးဝုဒ်အိန္ဒိယဇာတ်ကားလေးဟာ အသက်မပြည့်သေးတဲ့ ကောင်မလေးတစ်ယောက်ကို လိင်အမြတ်ထုတ်ခဲ့တဲ့ ဘာသာရေးဆရာတစ်ယောက်နဲ့ သူ့ကိုတရားစွဲတဲ့အခါ ရင်ဆိုင်လျှောက်လဲပေးတဲ့ ရှေ့နေတို့ရဲ့ အားပြိုင်မှုကို ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်း ဒိုင်ယာလော့အလန်းတွေနဲ့ ရှုစားကြရမှာဖြစ်ပြီး တစ်ခန်းမှကို ပစ်ရက်စရာမရှိ ဇာတ်ရှိန်မကျပဲနဲ့ ဆွဲဆောင်သွားနိုင်တဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်အားကိုးရာရှာကြတဲ့ လူတွေရဲ့ ဘာသာတရားတစ်ခု လူတစ်ယောက်ကို အစွန်းရောက်ကိုးကွယ်လိုက်တဲ့အခါမှာ ဒီဘာသာတရားတစ်ခုကိုခေါင်းစဉ်တပ်ထားရုံနဲ့ မျက်ကန်းတွေဖြစ် အမှားတွေအမှန်တွေမသိတော့ပဲ ဘယ်သူ့ကိုမဆို အဲ့ခေါင်းစဉ်အောက်ကဆိုတာနဲ့ ဇွတ်တွေယုံကြည်ကိုးကွယ်ကြတာပါပဲ ဒါကဘာသာတရားတစ်ခုတည်းကို မဆိုလိုပါဘူး ယစ်ပူဇော်တတ်တဲ့ အာဖရိကလူရိုင်းတွေကစလို့ ဂိုဏ်းဆရာတွေကဟောလို့ ကိုယ့်ကိုယ်ကိုအုပ်လိုက်ကြီးသတ်သေကြတယ်ဆိုတဲ့ အနောက်တိုင်းက ရီနေးဆန့်ဆရာကြီးများအလယ် စောင့်ထိန်းစရာအကျင့်သိက္ခာတွေများပြားပြီး တစ်ခုမှမစောင့်ထိန်းလဲ နာမည်ကြီးရင် ဇွတ်ကိုးကွယ်ကျတဲ့ အာရှသားများထိအဆုံးလို့ပဲ ပြောရမှာပေါ့ဘာသာရေးဆိုတဲ့ ခေါင်းစဉ်တစ်ခု ဒါကိုခုတုံးလုပ်ပြီး ပရဟိတကျောင်းဘာညာ ရိုက်စားလုပ်တဲ့ကောင်တွေရှိတယ် ဒါကိုခုတုံးလုပ်ပြီး ကလေးသူငယ်တွေကို ကျားမမရွေးလိင်အမြတ်ထုတ်နေတာတွေရှိတယ် ဒါကိုခုတုံးလုပ်ပြီး ဗန်းပြအလှူခံသူဌေးဖြစ်နေတဲ့ကောင်တွေရှိတယ် ပြောရရင်တော့ ပြောမဆုံးစေမဲ့ အရာတွေပေါ့အိန္ဒိယဇာတ်ကားတွေထဲမှာ ကျွန်တော်မှတ်မိသလောက် ကတော့ ဘုရားရှင်ကို တရားစွဲတဲ့ဇာတ်ကားရယ် အူကြောင်ကြောင် ဂြိုလ်သား PK ရယ်က ဘာသာတရားကို အပီအပြင်ဖဲ့ထားတာပေါ့ ခုဒီဇာတ်ကားထဲမှာလည်း ဘာသာတရားဗန်းပြပြီး လိင်အမြတ်ထုတ်နေတဲ့ အိန္ဒိယက ဂိုဏ်းဆရာတစ်ယောက်ကို ...
movie
Sirf Ek Bandaa Kaafi Hai (2023)
2023
8.0
Gulmohar(2023)
Gulmohar 2023IMDb-8.1/10မင်းသားကြီး Manoj Bajpayee နဲ့ မင်းသမီးကြီး Sharmila Tagore တို့လို သရုပ်ဆောင်ကြီးတွေနဲ့ လူငယ်သရုပ်ဆောင်ပေါင်းများစွာပါ၀င်ထားတဲ့ မိသားစုသံယောဇဉ်မေတ္တာဖွဲ့ကားလေး ညွှန်းပေးချင်ပါတယ်မိသားစု၀င် ၁၄ ယောက်လုံး အတူတူမွေးဖွားကြီးပြင်းလာတဲ့ အိမ်ကြီးကနေ အတောင်အလက်စုံစုံနဲ့ ပျံထွက်မယ့်သူတွေများစွာရှိနေပါတယ် တစ်နေ့မှာမိသားစု၀င်တွေအားလုံးစုစည်းပြီးပါတီပွဲ ကျင်းပသီချင်းဆိုကြပျော်ရွှင်နေချိန်မှာ အိမ်ရဲ့မိခင်ကြီးကူဆွမ်ဟာ ဒီအိမ်ကြီးကိုရောင်းချပြီး သူတစ်ယောက်တည်း သွားနေတော့မယ်ဆိုတဲ့ အကြောင်းအရာဟာ အားလုံးကိုအံ့အားသင့်သွားစေပါတော့တယ်သူ့တစ်သက်လုံး ခင်ပွန်းသည်သားသမီးတွေနဲ့အတူ နေထိုင်ကြီးပြင်းခဲ့တဲ့အိမ်ကြီးကို ဘာကြောင့်ရောင်းပစ်ချင်ရတာလဲ ဒီလိုနဲ့ပဲ ချစ်ခင်ပျော်စရာကောင်းတဲ့မိသားစုသိုက်သိုက်၀န်း၀န်းဘ၀တစ်ခန်းရပ်တော့မလား မိသားစု၀င်တစ်ယောက်ချင်းစီရဲ့စရိုက်တွေအခက်အခဲတွေကို ရှုထောင့်စုံရိုက်ကူးပြသတဲ့ မိသားစုကားလေးဟာ အေးအေးငြိမ့်ငြိမ့်ခံစားကြည့်ရှုနိုင်မှာပါ File size…2.27GB / 883MB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~Thaik San
movie
Gulmohar(2023)
2023
7.8
Aligarh(2015)
Aligarh (2015)IMDb-7.8/10အိန္ဒိယနိုင်ငံ Aligarh University မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ကိုရိုက်ကူးထားတာ ဖြစ်ပါတယ် အဓိကဇာတ်ဆောင်မင်းသားကြီး Manoj Bijpayeeဟာလည်း ဒီထဲက စီရပ်ဇာတ်ကောင်နဲ့ Best Actor ဆု 3 ဆုဆွတ်ခူးရရှိခဲ့ပြီး nomination 2 ဆု၀င်ခဲ့ပါတယ် ဒီဆုတွေရခဲ့လောက်အောင်လည်း ဒီထဲကသူ့ရဲ့ ဇာတ်ရုပ်ကိုပီပြင်ဟာသရုပ်ဆောင်မှုဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀ ကျော်က ပုဂ္ဂိုလ်တစ်ဦးကို မျက်မြင်တွေ့ကြုံရသလိုပါပဲ ဒီပူးဇာတ်ကောင်နဲ့ Rajkumar Rao က Best Supporting actor nomination ငါးဆုထိ၀င်ခဲ့ပါတယ်"ငါ့ရဲ့ခံစားချက်တွေကို ဒီ (g a y) စကားလုံးလေးသုံးလုံးနဲ့ ဘယ်လိုဖော်ပြလို့ရမှာလဲ"ပရော်ဖက်ဆာစီရပ်ဟာ အူရဒူဘာသာစကားပြောတဲ့မြို့မှာ မာရသီဘာသာစကားသင်ပေးတဲ့ ပရော်ဖက်ဆာတစ်ယောက်ပါ အိမ်ထောင်သည်ဆရာတွေကြားမှာလည်း သူတစ်ယောက်တည်းလူပျိုလူလွတ်တစ်ယောက်ဖြစ်နေခဲ့တယ် ဒါတွေတင်မက သူ့ရဲ့ချစ်စိတ်တိမ်းညွှတ်မှုဟာလည်း အများသတ်မှတ်ထားတဲ့စံညွှန်းတွေနဲ့မတူ တစ်မူထူးခြားနေလေတော့... သူ့ရဲ့ထူးခြားထူးချွန်မှုတွေကို အမြင်မကြည်တဲ့တက္ကသိုလ်အကြီးအကဲတွေရဲ့ ချောက်ချခံရပါတော့တယ် သူ့ရဲ့လိင်တိမ်းညွှတ်မှုမတူကွဲပြားမှုကိုသာ ထောက်ပြပြစ်တင်တဲ့ တက္ကသိုလ်အသိုင်းအဝိုင်းနဲ့ စီရပ်ရဲ့ လူအခွင့်အရေးချိုးဖောက်ခံရပြီး အိမ်ထဲထိကိုယ်ထိလက်ရောက်ကျူးလွန်ခံရမှုတွေအတွက် ရပ်တည်ပေးသူတို့ တရားရုံးမှာထိပ်တိုက်တွေ့ရင်ဆိုင်ကြပါတော့တယ်ဒီဇာတ်လမ်းမှာလူ့အဖွဲ့အစည်းရဲ့ လိုရာဆွဲတွေးတစ်ဖက်စောင်းနင်းပြုမူသူတွေနဲ့ မတူကွဲပြားမှုအရှိတရားကိုလက်ခံကျင့်သုံးသူတို့ရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာဖြစ်ပါတယ် File size…2.3GB / 879MB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 54m Subtitle….Myanmar ...
movie
Aligarh(2015)
2015
8.6
Gangs of Wasseypur – Part 2 (2012)
လမ်းမတော်ဖိုးတုတ်တို့လို လူမိုက်ဇာတ်လမ်းတွေကြိုက်တယ်ဆိုရင် ဒီဇာတ်ကားက အနှစ်ပါပဲ။ဘောလိဝုဒ်ရဲ့အကောင်းဆုံးဇာတ်ကားများစာရင်းကိုပြုစုမယ်ဆိုရင် Gangs of Wasseypur က မပါမဖြစ်ပါ။မှတ်မှတ်ရရဆိုရရင် Oscar ရထိုက်သော Bollywoodကားများ စာရင်းထဲမှာလည်း GOW ဟာ ထိပ်ဆုံးက ပါဝင်နေတာပါ။IMDB 8.6/10 နဲ့Rotten Tomatoes 96% ထိ ရရှိထားပါတယ်။2012လိုခုနှစ်မျိုးမှာ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေကြားထဲကမှ မျက်နှာသစ်အများစုနဲ့ပွဲထုတ်ခဲ့ပြီး အမှန်အကန် အောင်မြင်မှုတွေရရှိခဲ့ကာ Bollywood ရုပ်ရှင်လောကကို တစ်ဆင့်မြှင့်တင်ပေးနိုင်ခဲ့တယ်လို့ပဲ ပြောရပါမယ်။အဲ့တုန်းက မျက်နှာသစ်သရုပ်ဆောင်တွေဟာ GOW ရဲ့ အောင်မြင်မှုအရှိန်နဲ့အစလိုက်ပြုလိုက်တာ ခုချိန်မှတော့ အောင်မြင်တဲ့သရုပ်ဆောင်တွေအဖြစ် ရပ်တည်နိုင်ခဲ့ကြပါပြီ။ဒီဇာတ်လမ်းမှာ သရုပ်ဆောင်ပိုင်းတွေ၊ ဇာတ်လမ်းအသွားအလာတွေ နောက်ခံသီချင်းတွေ၊ သွေးအေးအေးနဲ့ လူသတ်ရဲတဲ့ အက်ရှင်ခန်းတွေ၊ အထူးသဖြင့် Casting ပိုင်းပေါ့======================================================1942 ကနေ 2004 ခုနှစ်ထိ အိန္ဒိယနဲ့ဘင်္ဂလားနယ်စပ်က Wasseypur မြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး အကောင်းဆုံး ပုံဖေါ်ခဲ့တာဖြစ်ပါတယ်။ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့ စကားပုံအတိုင်း အင်္ဂလိပ်အစိုးရလက်ထက်မှာ ကျောက်မီးသွေးတွေက အဓိကသွင်းအားစုဖြစ်နေတဲ့ အချိန် နေရာတကာမှာ ကျောက်မီးသွေးလုပ်ငန်းတွေ ...
movie
Gangs of Wasseypur – Part 2 (2012)
2012
8.6
Gangs of Wasseypur – Part 1 (2012)
လမ်းမတော်ဖိုးတုတ်တို့လို လူမိုက်ဇာတ်လမ်းတွေကြိုက်တယ်ဆိုရင် ဒီဇာတ်ကားက အနှစ်ပါပဲ။ဘောလိဝုဒ်ရဲ့အကောင်းဆုံးဇာတ်ကားများစာရင်းကိုပြုစုမယ်ဆိုရင် Gangs of Wasseypur က မပါမဖြစ်ပါ။မှတ်မှတ်ရရဆိုရရင် Oscar ရထိုက်သော Bollywoodကားများ စာရင်းထဲမှာလည်း GOW ဟာ ထိပ်ဆုံးက ပါဝင်နေတာပါ။IMDB 8.6/10 နဲ့Rotten Tomatoes 96% ထိ ရရှိထားပါတယ်။2012လိုခုနှစ်မျိုးမှာ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေကြားထဲကမှ မျက်နှာသစ်အများစုနဲ့ပွဲထုတ်ခဲ့ပြီး အမှန်အကန် အောင်မြင်မှုတွေရရှိခဲ့ကာ Bollywood ရုပ်ရှင်လောကကို တစ်ဆင့်မြှင့်တင်ပေးနိုင်ခဲ့တယ်လို့ပဲ ပြောရပါမယ်။အဲ့တုန်းက မျက်နှာသစ်သရုပ်ဆောင်တွေဟာ GOW ရဲ့ အောင်မြင်မှုအရှိန်နဲ့အစလိုက်ပြုလိုက်တာ ခုချိန်မှတော့ အောင်မြင်တဲ့သရုပ်ဆောင်တွေအဖြစ် ရပ်တည်နိုင်ခဲ့ကြပါပြီ။ဒီဇာတ်လမ်းမှာ သရုပ်ဆောင်ပိုင်းတွေ၊ ဇာတ်လမ်းအသွားအလာတွေ နောက်ခံသီချင်းတွေ၊ သွေးအေးအေးနဲ့ လူသတ်ရဲတဲ့ အက်ရှင်ခန်းတွေ၊ အထူးသဖြင့် Casting ပိုင်းပေါ့======================================================1942 ကနေ 2004 ခုနှစ်ထိ အိန္ဒိယနဲ့ဘင်္ဂလားနယ်စပ်က Wasseypur မြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး အကောင်းဆုံး ပုံဖေါ်ခဲ့တာဖြစ်ပါတယ်။ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့ စကားပုံအတိုင်း အင်္ဂလိပ်အစိုးရလက်ထက်မှာ ကျောက်မီးသွေးတွေက အဓိကသွင်းအားစုဖြစ်နေတဲ့ အချိန် နေရာတကာမှာ ကျောက်မီးသွေးလုပ်ငန်းတွေ ...
movie
Gangs of Wasseypur – Part 1 (2012)
2012
6.4
Satyameva Jayate (2018)
"အမှန်တရားသည်သာ အောင်နိုင်ရာ၏" တဲ့။အမှန်တရားဟာ အမြဲအနိုင်ရတယ်။အမှန်တရားအတွက် တိုက်ပွဲဝင်နေသူတွေ ရှိသလိုအမှန်တရားကို ထိန်ချန်ထားကြတာလည်း ရှိတယ်။တခါတလေ ကြင်နာသနားတတ်တဲ့ ခေါင်းဆေင်ကောင်းလိုအပ်တယ်။တခါတလေ ရက်စက်ကြမ်းတမ်းတဲ့ အပြစ်ပေးသူ လိုအပ်တယ်။" အညွှန်း "ဒီဇာတ်ကားထဲမှာ ရဲအရာရှိတွေကိုမှ မီးရှို့သတ်တတ်တဲ့ လူသတ်သမားတစ်ဦးနဲ့ရဲအရာရှိတစ်ဦးတို့ကို တွေ့မြင်ရမှာပါ။ရဲအရာရှိ တော်တော်များများကို သဲလွန်စပေးပြီးသတ်တဲ့ လူသတ်သမားဟာဘာကြောင့်များ ခုလို သတ်ရတာလဲ?ဒီအမှုကို ကိုင်တွယ်မယ့် ရဲအရာရှိဟာလူသတ်သမားဆီက ဖုန်းခေါ်ဆိုမှု တစ်ခု ရရှိခဲ့ပါတယ်။ရဲအရာရှိကို ယခုအမှုမှာ ဝင်မပါဖို့ တားမြစ်ခဲ့ပါတယ်။တနေ့မှာတော့...လူသတ်သမားနဲ့ ရဲအရာရှိတို့ မျက်နှာချင်းဆိုင် တွေ့ခဲ့ကြပါတယ်။လူသတ်သမားဘက်က သိနေပေမဲ့ရဲအရာရှိကရော လူသတ်သမားဟာ ဘယ်သူဘယ်ဝါဆိုတာကို သိနေမလား?ဘယ်သူက သားကောင်? ဘယ်သူက မုဆိုးဖြစ်မလဲ?ဘယ်သူက ခြေးတစ်လှမ်းသာမလဲ?ဘယ်သူက ခြေတစ်လှမ်း နောက်ကျမလဲ?စသဖြင့် အပြိုင်အဆိုင် ယှဉ်ပြိုင်ရင်း.... လူသတ်မှုတွေ အများကြီး ဖြစ်ပြီးချိန်မှာတော့....လူသတ်သမားဟာဘယ်လို အရာရှိမျိုးကိုမှ ရွေးချယ်သတ်တာလဲ?သူ သတ်ကွင်းထဲက ဘာဖြစ်လို့ဒီစီပီကို ပ,ထုတ်ခဲ့တာလဲ?ဘယ်လို အကြောင်းမျိုးတွေကြောင့်ခုလို ဆက်တိုက် သတ်နေရလဲဆိုတာကိုတော့ခံစားလိုက်ပါဦးဗျာ။................................................ (အညွှန်းအပြည့်အစုံကို ရေးပြဖို့ မဖြစ်နိုင်လို့ ...
movie
Satyameva Jayate (2018)
2018
HEVC 1080p
7.1
Raajneeti (2010)
RaajneetiIMDb Rating(7.1)ခုတစ်ခါမှာတော့ CM ပရိသတ်ကြီးကို 2010 ထွက် အိန္ဒိယနိုင်ငံရေးကား political thriller ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် နိုင်ငံရေးကားတွေကို ပုံဖော်တဲ့နေရာမှာ နာမည်ကြီးတဲ့ Bollywood ဒါရိုက်တာ Prakash Jha က ရိုက်ကူးထားပြီး ဘောလိဝုဒ်ဖန်တွေတိုင်း မစိမ်းတဲ့ Ranbir Kapoor, Ajay Devgn, Nana Patekar, Katrina Kaif နဲ့ Arjun Rampal စတဲ့ နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်ထားပါတယ်ဇာတ်လမ်းအကျဉ်းချုပ်ကတော့ အိန္ဒိယဝန်ကြီးချုပ်တစ်ဦးရဲ့ သမီးဖြစ်သူ ဘဟာရာတီဟာ သူမအဖေကိုဆန့်ကျင်ပြီး ပြိုင်ဖက်ပါတီခေါင်းဆောင်ဖြစ်တဲ့ ဘဟာစကာဆန်ညဲနဲ့ မေတ္တာသက်ဝင်ခဲ့ပြီး သားတစ်ယောက်မွေးခဲ့ပါတယ် ဒါပေမဲ့ ဝန်ကြီးချုပ်အသိုင်းအဝိုင်းက လက်မခံနိုင်တဲ့ကလေးဆိုပြီး သူမရဲ့အစ်ကိုက အဲ့ကလေးလေးကို မွေးကင်းစမှာတင် စွန့်ပစ်ခဲ့ပါတယ်...အဲ့ကလေးလေးကရော ဘယ်ရောက်သွားမလဲ ဘယ်သူဖြစ်လာမလဲ...ဘဟာရတီဟာ သူမချစ်သူရဲ့ စွန့်ပစ်ခံရပြီးနောက်မှာ သူမအစ်ကိုရဲ့ တိုက်တွန်းမှုနဲ့ ရာ့တရာဝဒီပါတီခေါင်းဆောင်ရဲ့ညီနဲ့ ထပ်မံလက်ထပ်ခဲ့ရပြီး သားနှစ်ယောက်ထပ်မွေးခဲ့ပါတယ် အဲ့သားနှစ်ယောက်ကရော ဘယ်သူတွေဖြစ်လာပြီး ...
movie
Raajneeti (2010)
7.0
Silence… Can You Hear It?(2021)
Silence... Can You Hear It?(2021)ဒီဇာတ်ကားလေးကတော့ IMDb rating 7.0ရရှိထားတဲ့Hindiစကားပြော Thrillerဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။တခြားအိန္ဒိယကားတွေလို သီချင်းတွေ အကတွေ တစ်ခုမှ မပါပါဘူး။ဇာတ်လမ်း အကျဉ်း တရားသူကြီး ချော်ဒရီရဲ့သမီး ပူဂျာချော်ဒရီဟာ သူ့ရဲ့သူငယ်ချင်း ကဗီသာဆီကို သွားမယ်ဆိုပြီး အိမ်ကနေ ထွက်လာခဲ့ပါတယ်။ ကဗီသာရဲ့အိမ်ရောက်မှ ကဗီသာဟာ အိမ်မှာမရှိကြောင်း ပူနေးကို ရောက်နေကြောင်း သိလိုက်ရပြီးအဲဒီအိမ်မှာပဲ တစ်ညအိပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက်တစ်နေ့မှာတော့ ပူဂျာချော်ဒရီတစ်ယောက် ရက်ရက်စက်စက်အသတ်ခံလိုက်ရပြီ ဒီအမှုကို စုံစမ်းအဖြေရှာဖို့ ပူဂျာချော်ဒရီရဲ့အဖေ တရားသူကြီး ချော်ဒရီက အေစီပီအဗီနား(ရှ်)ကိုအကူအညီတောင်းတာကြောင့် ရဲမှူးချုပ် ရှရ်မားက ဒီအမှုကို စုံးစမ်းဖော်ထုပ်ဖို့ အထူးအဖွဲ့တစ်ဖွဲ့ ဖွဲ့ပေးလိုက်ပါတယ်။ဒီလူသတ်မှုကို ကျူးလွန်တဲ့ တရားခံက ဘယ်သူလဲ .... အမှုမှန်ပေါ်ပေါက်အောင် ဘယ်လိုတွေ စုံစမ်းဖော်ထုတ်ကြမှာလဲ .... Thrillerဇာတ်ကားကြိုက်သူများ လုံးဝ လက်မလွှတ်သင့်ပါကြောင်း .... ဘာသာပြန်သူကတော့ Thaik San ဖြစ်ပါတယ်။ File Size : (1.1GB) Quality : WEB-DL 720p Format…mp4 Duration…02:16:00 Genre : ...
movie
Silence… Can You Hear It?(2021)
7.9
Veer-Zaara (2004)
IMDb Rating (7.8) / Rotten Tomatoes (92%) အထိရှိထားပြီး ဇာတ်လမ်းဇာတ်ကွက် ဇာတ်အိမ်တွေက လှပတဲ့အပြင် ရှုခင်းပသာဒတွေက စိတ်ဘဝင်အေးစေတဲ့ကားမျိုးပါ။ ဒီကားဟာဖြင့် အိန္ဒိယ နဲ့ ပါကစ္စတန် နှစ်နိုင်ငံ ကြား စည်းထားကြပေမယ့် ချစ်ခြင်းကို ဘယ်သူက တားဆီးကြမှာလဲ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အတွေးများစွာ မေးစေမိပါတယ်။အချစ် ဟာ ချစ်နေရုံနဲ့ ပြီးလား လို့ မေးရင် Logic ဆန်ဆန်လူတွေက ခေါင်းခါမိပါလိမ့်မယ်။ အခြေအနေ မတူခြင်းတွေအောက်မှာ ချစ်လျက်နဲ့ခွဲခွာ ရတဲ့ ဖူးစာတွေဆိုတာလည်း ဒုနဲ့ဒေးပါ။ ဘာသာရယ် မတူ နိုင်ငံရယ်ခြားနေရင်ဖြင့် ပိုလို့တောင် စိတ်မကူးနိုင်တော့ပါ။ သို့သော် ……။ဇာတ်လမ်းအကျဉ်း လေး သွားကြည့်ရအောင် ။ ဒီလိုကားမျိုးကို ကောင်းတယ်လို့ပဲ ညွှန်းပေးချင်တာပါ။ ဘာ ဇာတ်လမ်းမှမသိဘဲ ကိုယ်တိုင် ဆွဲဆောင်ခံရတဲ့ ရေစီးကြောင်းတစ်ခုလို ကြည့်သင့်တဲ့ကားပါ။ ( လျှာရှည်တာ ...
movie
Veer-Zaara (2004)
2004
HEVC 1080p 5.1
6.0
Suraj Pe Mangal Bhari(2020)
Suraj Pe Mangal Bhari (2020) ****************************IMDb...6.0မဒူမန်ဂလ်ရာနေး ဆိုတဲ့သူဟာ မင်္ဂလာကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းထောက်လှမ်းရေး လုပ်ပေးတဲ့ သူတစ်ယောက်ပါ။ သမီးရှင်တွေက သူတို့သမီးနဲ့ ပေးစားမဲ့သူက သင့်တော်လား မသင့်တော်ဘူးလားဆိုတာကိုသိရဖို့အတွက် မဒူမဂန်လ်ရာနေးကို အလုပ်အပ်ကြပါတယ်။ မန်ဂလ်က ရုပ်ဖျက်ပြီး သတို့သားလောင်းရဲ့ အကြောင်းကိုစုံစမ်းပြီး ကောင်းရင် ကောင်းသလိုမကောင်းရင် မကောင်းသလို သက်သေအထောက်အထားနဲ့တကွ သမီးရှင်ကိုတင်ပြရပါတယ်...များသောအားဖြင့် သိတဲ့အတိုင်း ယောင်္ကျားလေးဆိုတာမျိုးက မကောင်းမှုတစ်ခုခုကိုမွေ့လျော်နေတတ်တာမို့မန်ဂလ်ကြောင့် ပျက်သွားတဲ့ လက်ထပ်ပွဲတွေမနည်းပါဘူး...ကြာလာတော့ ပွဲပျက်တာကိုတောင်ပျော်ချင်ချင်ဖြစ်လာပါတယ်...ဒီလိုနဲ့ နောက်သတို့သားလောင်း စုံစမ်းပေးဖို့ လာအပ်ပါတယ်...ထုံးစံအတိုင်းစုံထောက်ကြီး မန်ဂလ်ကြောင့် ပွဲပျက်သွားလေရဲ့...အရင်လိုပဲ အေးဆေးလေးပြီးသွားမယ်လို မန်ဂလ်ထင်ခဲ့တာကအမှားကြီးမှားတာပါပဲ...ဘာလို့ဆို ပွဲဖျက်ခံရတဲ့သတိုးသားလောင်းဟာ ဒီကိစ္စရဲ့ရင်းမြစ်ကိုစုံစမ်းတော့တရားခံဟာမန်ဂလ်ကြောင့်သိသွားတဲ့အခါမှာတော့ နည်းမျိုးစုံနဲ့လက်တုံပြန်ပါတော့တယ်..ဒီကားက ဟာသ အချစ်ကားလေးပါ ..ရယ်လည်းရယ်ရသလို ဇာတ်လမ်းလေးလည်းကောင်းပါတယ်...မင်းသမီးလေးလည်းလှပါတယ်...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thaik Sanပဲဖြစ်ပါတယ်...File Size :(1.22GB) and (471MB) Quality : WEB-DL 720p Format…mp4 Duration…01:48:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
Suraj Pe Mangal Bhari(2020)
5
Mrs. Serial Killer (2020)
Netflixမှာပြသခဲဲ့တဲ့ ဇာတ်ကားကောင်းလေးပါ Rating နည်းပေမယ့် ကြည့်လို့တော့ကောင်းတယ်နော် IMDb-4.8/10 ရရှိထားပါတယ် Judwaa 2ထဲကမင်းသမီးလည်း ဒီကားမှာပြန်ပါလာပါတယ် မြို့ခံလူထုတွေကလေးစားချစ်ခင်ရတဲ့ ဒေါက်တာမူခါဂျီးတစ်ယောက် ကွင်းဆက်လူသတ်မှုနဲ့ ရုံးတင်ခံရတဲ့အချိန်မှာ သူ့ရဲ့ဇနီးက ခင်ပွန်းဖြစ်သူအပြစ်ကင်းစင်ကြောင်း သက်သေပြဖို့ ကွင်းဆက်လူသတ်မှုရဲ့ ပုံစံတူအမှုထပ်ပြီးကျူးလွန်လိုက်တဲ့အခါ ဘယ်လိုတွေဖြစ်လာမှာလဲဆိုတာ ဒီကားလေးမှာဆက်ကြည့်လိုက်ရအောင် File Size - 1.1 gb Quality - web-dl 1080p Subtitle - burmese Translator - Kyi Kyi Encoder - Thit San Khant
movie
Mrs. Serial Killer (2020)
2020
7.1
Bhonsle(2020)
Bhonsle(2020)ဒီဇာတ်ကားကတော့ IMDB rating 7.1 ရရှိထားတဲ့ HindiအမျိုးအစားBollywood Drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဘွန်ဆလေးဆာဟိဘ်ဆိုတဲ့သူဟာ ချာ်ချိုပရာလ်လို့ခေါ်တဲ့အိမ်ကြီးမှာနေတဲ့မရာထီလူမျိုးတွေအလေးထားရတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ သူဟာ မရာထီရဲအရာရှိတစ်ယောက်ဖြစ်ပြီးအသက် ၆၀ ပြည့်သွားတဲ့အတွက်ပင်စင်ရသွားခဲ့ပါတယ်။ဒါပေမယ့်လည်းအလုပ်ထပ်ဝင်ဖို့အမျိုးမျိုးကြိုးစားပါတယ်။ မရာထီလူမျိုးနိုင်ငံရေးသမားတစ်ယောက်က ဂန်ပသီဘုရားပွဲကိုမရာထီလူမျိုးတွေပဲလုပ်ကြမယ်လို့စီစဉ်ထားကြပြီးနေရပ်ခြားမှပြောင်းလာသူဘီဟာရ်လူမျိုးတွေကိုမဝင်ရှုပ်စေချင်တာအပြင်ရန်ပွဲလုပ်မိသွားတယ်...အဲ့ဒီကစလို့ ပြဿနာအကြီးကြီး တက်ပါတော့တယ်... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ကြည့်ကြပါကုန်.....ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်...File Size : (950 MB) and (459 MB) Quality : WEB-DL 720p Format…mp4 Duration…02:08:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie
Bhonsle(2020)
1
2
Next