Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mamie Gummer
7.2
The End of the Tour (2015)
Now You See Me, The Social Network, Vivarium စတဲ့ဇာတ်ကားကောင်းတွေ အများကြီးထွက်ထားတဲ့ကျွန်တော်တို့ရဲ့ DC Universe က Lex Luther တစ်ဖြစ်လဲ မင်းသားချော Jesse Eisenberg နဲ့အတူHow I Met Your Mother ထဲက လူရိုးကြီးမာရှယ်အဖြစ် ပရိတ်သတ်သိထားတဲ့ Jason Segel တို့နှစ်ယောက်အဓိကသရုပ်ဆောင်ထားတဲ့ကားဆိုတော့ ထွေထွေထူးထူး ပြောစရာမလိုဘူးထင်ပါတယ်1996 ခုနှစ်တုန်းက ဆုတွေတစ်သီကြီးရခဲ့တဲ့The Infinite Jest ဝတ္ထုရဲ့စာရေးဆရာ David Foster Wallace ကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ရိုးရိုးရှင်းရှင်းပဲနာမည်အရမ်းကြီးနေတဲ့ ဝတ္ထုရေးဆရာကို သူ့ရဲ့စာအုပ်မိတ်ဆက်ပွဲလုပ်တဲ့ ငါးရက်တာခရီးစဉ်မှာ စာရေးဆရာပေါက်စ David Lipsky က အင်တာဗျူးလုပ်တဲ့အကြောင်းပါDavid Lipsky ကိုယ်တိုင်ကလည်း နာမည်ကြီးစာရေးဆရာတစ်ယောက်ဆိုပေမယ့် ဒီအင်တာဗျူးလုပ်တဲ့အချိန်မှာတော့ စာအုပ်တစ်အုပ်ပဲ ထုတ်ရသေးတဲ့အချိန်ပေါ့ဒီဇာတ်ကားထဲမှာ အဓိကမြင်တွေ့ရတာက ...
movie
The End of the Tour (2015)
5.6
The Ward (2010) John Carpenter’s The Ward
The Ward (2010) John Carpenter's The Wardမင်းသမီး Amber Heard အဓိကပါဝင်ထားပြီး Sydney Sweeney နဲ့ အခြားမင်းသမီးတွေ အရံအဖြစ်ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားက Psychological Horror အမျိုးအစားဇာတ်ကားပါ။ဇာတ်လမ်းကတော့....Kristen ဆိုတဲ့ ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်ဟာ ယာအိမ်တစ်လုံးကို မီးရှို့ပစ်ခဲ့ပါတယ်... ဒီမီးရှို့မှုနဲ့ သူဟာ ဖမ်းဆီးခံခဲ့ရပြီး စိတ်ကျန်းမာရေးဆေးရုံတစ်ခုမှာ ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်... Kristen ဟာ ဆေးရုံမှာ နေထိုင်ချိန်အတွင်း Dr. Geral Stringer, Emily, Sarah, Zoey, Iris ဆိုတဲ့ မိန်းကလေးတွေနဲ့ ရင်းနှီးခဲ့ပါတယ်... ဆေးရုံတိုင်းလိုလို နာနာဘဝ မကောင်းဆိုးဝါးဆိုတာ ရှိစမြဲပါ... ဒီလိုပဲ Kristen တစ်ယောက်လဲ ရေချိုးရင်း သရဲမ တစ်ကောင်နဲ့ ပတ်ပင်းတိုးခဲ့ပါတယ်... Kristen သရဲမကို မြင်ပြီးနောက်မှာတော့ သူ့သူငယ်ချင်း Iris ဟာလဲ သရဲမကို တွေ့ခဲ့ပြီး အသက်နှုတ်ယူခံခဲ့ရပါတယ်... Iris ပျောက်ဆုံးသတင်းကို ကြားပြီးနောက်မှာတော့ မိန်းကလေးတွေဟာ ...
movie
The Ward (2010) John Carpenter’s The Ward
2010
6.4
Cake (2014)
IMDb 6.4 ရရှိထားပြီး ဆု ၅ ခုပိုင်ဆိုင်ခဲ့တဲ့ Friends series ထဲက Rachel Green ကာရိုက်တာကို သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီး Jennifer Aniston ရဲ့ ၂၀၁၄ ခုနှစ်ထွက် ဒရာမာရုပ်ရှင်ကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဒရာမာလေးက စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ဇာတ်အိမ်တည်ရိုက်ကူးထားတာပါ။ဇာတ်လမ်းအစမှာတော့ ကလယ်ရာဘန်းနက်က သူမရဲ့ နာတာရှည်အရိုးနာကျင်မှုကို ကုသဖို့အတွက် ကူညီရေးအဖွဲ့တစ်ခုဆီကိုသွားနေပါတယ်။ ဒီအဖွဲ့ထဲမှာ သူမရဲ့အသိမိတ်ဆွေဖြစ်တဲ့ နီနာဆိုတဲ့အမျိုးသမီးဟာ ရုတ်တရက်မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ပါတယ်။ နီနာဟာ ရှင်းပြလို့မရတဲ့နည်းလမ်းတစ်ခုနဲ့ ကလယ်ရာရဲ့စိတ်ထဲကိုရောက်ရှိလာခဲ့ပြီး ကလယ်ရာဟာ မိတ်ဆွေဖြစ်တဲ့နီနာကို ခဏခဏမြင်တွေ့ စကားပြောဆက်ဆံရပါများလာတဲ့နောက်မှာတော့ နီနာရဲ့နောက်ကြောင်းကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီရုပ်ရှင်ရဲ့ သရုပ်ဆောင်ပိုင်းကတော့ မင်းသမီးနာမည်ကြားရုံနဲ့တင် ပြောစရာလိုမယ်မထင်ပါဘူး။ Jennifer Aniston ရဲ့အက်တင်ပိုင်းက တော်တော်လေးကိုကောင်းတယ်ဆိုရပါမယ်။ ဇာတ်အိမ်ကလည်း ဒရာမာတွေထုံးစံအတိုင်း အရမ်းအကောင်းကြီးမဟုတ်တောင် ညံ့တဲ့အထဲတော့ လုံး၀မပါပါဘူး။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာပြဿနာတစုံတရာရှိနေသူတို့ရဲ့ ပြုမူပြောဆိုပုံတွေ၊ သူတို့ကို ပတ်၀န်းကျင်က ဘယ်လိုဆက်ဆံပြီး ဖေးမကူညီပေးသင့်တယ်ဆိုတာလေးတွေကိုလည်း ကြည့်ရှုရမှာဖြစ်ပြီး ...
movie
Cake (2014)
7.1
Side Effects (2013)
မင်းသားကြီး Jude Law အဓိကပါဝင်သရုပ်ဆောင်ထားပြီး Channing Tatum နဲ့ မင်းသမီး Ronney Maya ပါဝင်အားဖြည့်သရုပ်ဆောင်ထားတဲ့ 2013 ခုနှစ်ထွက် rating ကောင်းကောင်းရရှိထားတဲ့ Thriller/Drama အမျိုးအစားဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် အဓိကဇာတ်ဆောင်မင်းသမီးက ငယ်စဉ်ကတည်းကစိတ်ဒဏ်ရာအမျိုးမျိုးခံစားခဲ့ရတဲ့ စိတ်ကျရောဂါဝေဒနာရှင်တစ်ယောက်ပေါ့ ချစ်ရတဲ့ယောက်ျားဖြစ်သူကထောင်ကျ ရောဂါကပိုဆိုးလာပြီး Suicide လုပ်ခဲ့မိတဲ့အချိန်မှာ အသက်မသေခဲ့ပဲ ဆေးရုံရောက်သွားခဲ့ပါတယ် အဲ့အချိန်မှာ ဒေါက်တာဘန်ဆိုတဲ့ စိတ်ရောဂါကုဆရာဝန်က စမ်းသပ်ဆဲပဲရှိသေးတဲ့ ဆေးတစ်မျိုးကိုသောက်ခိုင်းလိုက်တဲ့အခါ......ဘာတွေဆက်ဖြစ်လာမှာလဲ ရောဂါကတကယ်ရောသက်သာမှာလား ဘေးထွက်ဆိုးကျိုးတွေကရောဘယ်လိုတွေရှိမလဲ ဒေါက်တာဘန်ကရောဒီကိစ္စတွေထဲမှာ ဘယ်လိုပတ်သတ်နေတာလဲ ဒီကိစ္စတွေအားလုံးကဘာကြောင့်ဖြစ်လာရတာလဲ ဘယ်သူတွေပါဝင်ပတ်သက်နေတာလဲ စသည်ဖြင့် လှည့်ကွက်များစွာနဲ့ ဇာတ်လမ်းအစကနေအဆုံးထိ စိတ်ဝင်တစားနဲ့ကြည့်ရှုရမှာဖြစ်တဲ့အပြင် လျှို့ဝှက်ချက်တွေကတစ်ခုပြီးတစ်ခု ပေါ်လာမှ ကြည့်ရှုသူတွေပါ ဟာခနဲ ဟင်ခနဲဖြစ်သွားမှာမို့ Thriller ဇာတ်လမ်းကောင်းကောင်းလေးတွေကို Plot ခိုင်ခိုင်မာမာနဲ့ကြည့်ရှုချင်သူတွေအတွက် ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားအဖြစ်ညွှန်းဆိုလိုက်ရပါတယ်... File size…(1.4 GB)/(630 MB)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:46:00 Genre...Drama, ...
movie
Side Effects (2013)
Taking Woodstock (2009)
Taking Woodstock (2009)လူငယ်တို့ရဲ့ ငယ်ရွယ်မှုနဲ့လွတ်လပ်မှုကို ဘယ်အရာတွေနဲ့များ တားဆီးလို့ရနိုင်မှာတဲ့လဲ..၁၉၆၉ ခုနှစ်က ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး IMDB 6.7/10 ရရှိထားတဲ့ Taking Woodstock (2009) ဆိုတဲ့ Drama/Musicကားလေးပါ..ဇာတ်လမ်းအကျဉ်း ၁၉၆၉ ခုနှစ်က နယူးယော့ခ်ရဲ့ဝှိုက်လိတ်ခ်မြို့က အယ်လီယက်ဆိုတဲ့ လူငယ်ကောင်လေးတစ်ယောက်က သူ့ဘဝကို မိဘတွေရဲ့စိတ်တိုင်းကျ အယ်မိုနာခိုဆိုတဲ့အပန်းဖြေစခန်းလေး လည်ပတ်ရာမှာ အကူအညီပေးနေခဲ့ပြီး သူတို့ရဲ့ အပန်းဖြေစခန်းလေး ဘဏ်ကို အကြွေးနဲ့အသိမ်းမခံရဖို့အရေး ဂီတပွဲတော်လေးတစ်ခု ကျင်းပဖို့ ပြင်ဆင်နေခဲ့တာပါ.. နှစ်စဉ်ကျင်းပမြဲ ပွဲတော်နဲ့မတူဘဲ အဲဒီနှစ်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် တကယ့်လူငယ်ကြိုက် ဝုဒ်စတော့ခ်အဖွဲ့ရဲ့ တေးဂီတဖျော်ဖြေပွဲတစ်ခု ပြုလုပ်ပေးဖို့ အကြောင်းဖန်လာပါတော့တယ်.. လူသောင်းဂဏန်းလောက်ပဲ လာရောက်မယ်လို့ မှန်းထားပေမယ့် တကယ်တမ်း လူသိန်းပေါင်းများစွာ သူတို့ရဲ့ အညတရမြို့လေးကို စုရုံးရောက်ရှိလာခဲ့ချိန်မှာတော့ အယ်လီယက်တစ်ယောက် မြို့ခံတွေရဲ့ကန့်ကွက်မှုက တစ်မျိုး ပွဲကျင်းပရေး တာဝန်ခံတွေက တစ်ဖုံနဲ့ ဗျာများရပါတော့တယ်.. ဗီယက်နမ်စစ်ပွဲကြောင့် ပွဲငတ်နေတဲ့ လူငယ်လေးတွေက လုပ်ချင်ရာတွေလုပ် ဖြစ်ချင်ရာတွေဖြစ်ပြီး ကားတွေကြပ် လမ်းတွေပိတ် အခက်အခဲပေါင်းစုံကို အယ်လီယက်တစ်ယောက် ဘယ်လိုဖြေရှင်းမလဲ.. သူတို့ စီစဉ်ထားသလိုရော ဂီတပွဲတော်က အဆင်ပြေပြေ ပြီးမြောက်သွားပါ့မလား.. သူ့မိဘတွေရဲ့ အပန်းဖြေစခန်းလေးကိုရော ချောချောမွေ့မွေ့နဲ့ ပြန်ရယူနိုင်ပါ့မလား.. လူငယ်လေး အယ်လီယက်တစ်ယောက် လူငယ်တွေအတွက် ဂီတပွဲတော်ကျင်းပဖို့ကြိုးစားရင်း ပျောက်ဆုံးနေတဲ့ ...
movie
Taking Woodstock (2009)
5.5
Out of Blue (2018)
ဒီတစ်ခါ CM ပရိတ်သတ်ကြီးကို တင်ဆက်ပေးမှာကတော့ စုံထောက်ကားလေးတစ်ကားပါဇာတ်လမ်းအညွှန်ပြောရမယ်ဆိုရင် တစ်နေ့ ဂျန်နီဖာရော့ခ်ဝဲဆိုတဲ့နက္ခတ်ဗေဒပညာရှင်ကောင်မလေးဟာ နက္ခတာရာကြည့်မျှော်စင်မှာပဲသေနတ်ဒဏ်ရာနဲ့သေဆုံးနေခဲ့ပါတယ်အဲ့အမှုကို ဦးဆောင်စစ်ဆေးတဲ့လူကတော့ မိုက်ဟူလင်တန်ဆိုတဲ့ အမျိုးသမီးစုံထောက်ပါသူတို့စစ်ဆေးရေးအဖွဲ့လဲ ပထမ သံသယရှိသူတွေကိုတစ်ယောက်ပြီးတစ်ယောက် စစ်မေးကြတာပေါ့နောက်ပိုင်းသိလာတာက အမှုကဟိုးအရင်က ဖြစ်ခဲ့ဖူးတဲ့ ကွင်းဆက်လူသတ်သမားအမှုနဲ့ဆင်တူနေတယ်ဆိုတာပါပဲဒါပေမဲ့ တရာခံက ဘယ်လိုမျိုးမထင်မှတ်ထားတဲ့လူ ဖြစ်နေမလဲအဲ့တရာခံနဲ့ စုံထောက်နဲ့ကရော အတိတ်မှာ ဘယ်လိုပါတ်သက်မှုတွေ ရှိနေမလဲဆိုတာကိုဇာတ်လမ်းလေးထဲ စီးမျောပြီး အဖြေရှာကြည့်ရအောင်ပါ File Size : (1 GB) & ( 377 MB)Quality : Web-DL 720pRunning Time : 1 hr 49 minFormat : Mp4Genre : Crime , ...
movie
Out of Blue (2018)
2018