Channel Myanmar

Makrand Deshpande

Hawaa Hawaai (2014) 5.3
Hawaa Hawaai (2014) Hawaa Hawaii 2014 အိပ်မက်ငယ်ရဲ့ပဲ့ကိုင်ရှင်IMDb - 7.3/10တချို့လူတွေက အိပ်မက်မရှိကြဘူး။ တချို့လူတွေကတော့ အိပ်မက်ရှိပေမဲ့ အကောင်အထည်‌ဖော်ခွင့်မရကြဘူး။ တချို့လူတွေကတော့ အိပ်မက်မက်ဖို့တောင် မတတ်နိုင်ကြပါဘူး။အဖေဆုံးသွားပြီးထဲက မိသားစုတပုံတပင်နဲ့ကျန်ခဲ့တာကြောင့် အမေတစ်ယောက်တည်းရုန်းကန်နေရတာကို မကြည့်ရက်တဲ့အာဂျွန်တစ်ယောက် လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးဝင်လုပ်ပါတယ်။ကလေးတစ်ယောက်ဆိုပေမဲ့ ဆိုင်ရှင်ကလည်း မသက်ညှာသလို ကလေးဖြစ်နေတော့ ပိုအနိုင်ကျင့်ပြီး အရွယ်နဲ့မမျှအောင်ခိုင်းပေမဲ့ မိသားစုကိုငဲ့နေရတဲ့အာဂျွန်ကတော့ မညည်းနိုင်ဘူးပေါ့။ဒီလိုနဲ့ အာဂျွန်တစ်ယောက် ဆရာလပ်ကီးဆိုတဲ့ စကိတ်သင်ပေးတဲ့ဆရာနဲ့ သူ့ရဲ့ကျောင်းသားတွေ စကိတ်စီးကျင့်နေတာကိုမြင်ပြီး သူ့ရဲ့ရင်ထဲမှာ အိပ်မက်ဆိုတဲ့အရာလေး ပထမဆုံးအကြိမ် ပေါက်ဖွားလာပါတော့တယ်။အဲဒါကတော့ စကိတ်စီးချန်ပီယံဖြစ်ချင်တာပါပဲ။ဒီလိုနဲ့ စိတ်အားထက်သန်တဲ့ အာဂျွန်နဲ့ ဆရာကောင်းဖြစ်တဲ့ ဆရာလပ်ကီးတို့ဆုံတွေ့ချိန်မှာ အာဂျွန်ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဆရာလပ်ကီးက အဘက်ဘက်ကနေ ဘယ်လိုကူညီသွားမလဲဆိုတာ ရှုစားရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size…3 GB / 1.2 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Hawaa Hawaai (2014)

Chicken Curry Law (2019) 4.6
Chicken Curry Law (2019) Chicken Curry Law 2019 (ကြက်သားဟင်းဥပဒေ)ယခုတစ်ခါမှာတော့ မင်းသမီးNatalia Janoszek, မင်းသားကြီး Ashutosh Rana နဲ့ Makrand Deshpandeတို ပါဝင်ထားတဲ့ မှုခင်းဒရာမာဇာတ်လမ်းကောင်း၊ ဇာတ်လမ်းဟောင်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။တစ်ရက် လမ်းမရဲ့အလယ်ခေါင်မှာ ကိုယ်တုံးလုံးနဲ့ နိုင်ငံခြားသူလေးတစ်ယောက် မေ့လဲနေတာကို မြင်တွေ့ခဲ့ကြရပြီးတော့ ရဲတွေလာရောက်စစ်ဆေးတဲ့အခါမှာတော့ မုဒိမ်းကျင့်စွန့်ပစ်သွားခဲ့တာဖြစ်ကြောင်းသိခဲ့ရပါတော့တယ်။နိုင်ငံခြားသူလေးရဲ့ အမှုမှာ အဓိကတရားခံကတော့ ဝန်ကြီးရဲ့သားနဲ့ တူဖြစ်သူတိုဖြစ်ကြပြီးတော့ အာဏာရှိသူတွေပီပီ ဒီအမှုကို ဖုံးကွယ်ဖိုအတွက် လုပ်ကြပါတော့တယ်။ဒီအခါမှာ ဒီအမှုနဲ့ ဘာမှမဆိုင်ပေမဲ့ သူကိုယ်တိုင်လည်း ဒီလိုအမှုမျိုးနဲ့ကြုံတွေ့ခဲ့ရပြီး အခုအခါမှာ NGOထောင်ထားပြီး နှိပ်စက်ခံရတဲ့ အမျိုးသမီးတွေဘက်ကနေ လိုက်လံကူညီပေးနေတဲ့ ဆတ်တယာဆိုတဲ့ကောင်မလေးဟာ နိုင်ငံခြားသူလေးကို ကူညီပေးဖို ဖြစ်လာပါတော့တယ်။ဒီကိစ္စမှာ အထက်အာဏာပိုင်တွေ ပါဝင်တဲ့အတွက် ဒီအမှုကိုလိုက်ဖို ရှေ့နေငှားတဲ့အခါမှာ ဘယ်သူကမှ မလိုက်ချင်ကြတဲ့အဆုံးမှာတော့ ဆတ်တယာတစ်ယောက် မှန်ကန်ဖြောင့်မတ်ပြီးတော့ အမှန်တရားကို လိုလားတဲ့ ရှေ့နေကြီး ဆီတာပတ်တီ ရှူကလာဆိုသူထံ အပူကပ်ရပါတော့တယ်။ဆီတာပတ်တီ ရှူကလာဟာ ယခုအခါမှာဆိုရင် ရှေ့နေအလုပ်ကို မလုပ်တော့ဘဲ လမ်းဘေးမှာ မုန့်ရောင်းနေပါတယ်။ဒီလိုနဲ့ အမှန်တရားကို လိုလားတဲ့ ဆတ်တယာတစ်ယောက် ...
movie

Chicken Curry Law (2019)

PaniPuri (2024) 5.9
PaniPuri (2024) PaniPuri (2024) "ပါနီပူရီ" IMDb - 5.9/10မာရသီစကားပြော အိန္ဒိယမိသားစုဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ပူရီဆိုတဲ့ အိန္ဒိယသရေစာတစ်မျိုးကို မစားဖူးချင်နေမယ် မကြားဖူးသူတော့ မရှိသလောက်နေမှာပါ။ ဒီရုပ်ရှင်က ပါနီပူရီဆိုတဲ့မုန့်အကြောင်းတော့ မဟုတ်ဘူး ပါနီပူရီနဲ့တူတဲ့ အိမ်ထောင်ရေးအကြောင်း။ ပါနီနဲ့ ပူရီဆိုတာက အစပ်အဟပ်တည့်နေမှ၊ မဟုတ်ရင် ပူရီဘယ်လောက်ကောင်းနေပါစေ ပါရီကဖျက်ရင်ပျက်တာပဲ။ အိမ်ထောင်မှု ဘုရားတည် မင်ရည်စုတ်ထိုးရယ်ဆိုပြီး ရှိခဲ့ပေမဲ့ ခေတ်ကာလအလျောက် အိမ်ထောင်မှုရော မင်ရည်ရောရယ်က ပြင်ဖို့လွယ်နေပြီပဲလေ။ဒီရုပ်ရှင်လေးမှာလည်း အလွှာအသီးသီးက စုံတွဲခြောက်တွဲရဲ့ အိမ်ထောင်မှုဘ၀ပြဿနာတွေကို တင်ဆက်ပြသထားပြီး ရာနှုန်းပြည့်အမှုနိုင်တဲ့ နာမည်ကျော်ရှေ့နေကြီးဆီ ကွာရှင်းကြဖို့ စုံတွဲခြောက်တွဲလုံး ရောက်သွားတဲ့အခါမှာတော့...။ ဘ၀ထဲက ဘ၀တွေကို ရသမြောက်အောင် ပုံဖော်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်၊) File size… 2.3 GB / 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

PaniPuri (2024)

Daaku Maharaaj (2025) 6.3
Daaku Maharaaj (2025) Daaku Maharaaj (2025)"ဒါကူမဟာရာ့ဂျ်" ===============================တောင်ပိုင်းမင်းသားကြီး နန်ဒါမူရီနဲ့ ဘော်ဘီဒိုးတို့လို ဂန္ထဝင်သရုပ်ဆောင်ကြီးတွေရဲ့ အသစ်ထွက် အက်ရှင်ဒရာမာရုပ်ရှင်ကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။အရင်ဆုံးပြောရရင် ဒီကားက ရုပ်ငြိမ်ဓာတ်ပုံတွေ တော်တော်လှပါတယ်။ဇာတ်လမ်းကတော့ ကျောင်းအုပ်ဆရာကြီးတစ်ယောက်ရဲ့မြေး ဗိုင်ရှ်နာဗီဆိုတဲ့ မိတဆိုးကလေးမလေးဟာ မထင်မှတ်ထားဘဲ သူ့ရဲ့ခွေးလေး သေသွားတဲ့အတွက် သူ့ခွေးလေးကို သဝာ်တဲ့တရားခံကို ရဲတိုင်ရာကနေ လူဆိုးဂိုဏ်းကြီးတစ်ခုကို ရန်စမိသလိုဖြစ်သွားခဲ့ပါတယ်။အဲဒီလိုဖြစ်ပြီး ဗိုင်ရှ်နာဗီလေး အသက်အန္တရာယ်တွေ ကြုံလာရတဲ့အတွက် ထောင်ကျနေတဲ့ သူ့ရဲ့ဖခင် မဟာရာ့ဂျ်က ထောင်ဖောက်ပြေးလာပြီး သူ့သမီးရဲ့အိမ်မှာ ဒရိုက်ဗာအယောင်ဆောင်ကာ သမီးဖြစ်သူကို ကာကွယ်ပေးဖို့ကြိုးစားပါတယ်။မဟာရာ့ဂျ်ကတော့ တချိန်က အင်မတန်နာမည်ကြီးခဲ့တဲ့ ဂိုဏ်းစတားတစ်ယောက်ဖြစ်ပြီး သူ့သမီးကို ကာကွယ်ဖို့ကြိုးစားရင်း နောက်ကလိုက်နေတဲ့ ရဲစုံထောက်တစ်ယောက်နဲ့လည်း ရင်ဆိုင်ရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.8 GB / 1.4 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Daaku Maharaaj (2025)

Razakar: The Silent Genocide of Hyderabad (2024) 7.8
Razakar: The Silent Genocide of Hyderabad (2024) Razakar: The Silent Genocide of Hyderabad (2024) လွတ်မြောက်မှုဘယ်ဆီဒီတစ်ခါမှာတော့ သမိုင်းရာဇဝင်ကြိုက်နှစ်သက်သူ ပရိတ်သတ်တို့အတွက် သမိုင်းကြောင်းနောက်ခံ အက်ရှင်ဒရမ်မာလေးကို တင်ဆက်ပေးလိုက်ပါတယ်။ငွေဟာဒုတိယဘုရားသခင်လို့ ပြောကြတဲ့အတိုင်း သာမန်လူတွေဟာ ငွေကိုတပ်မက်ကြသလို နိုင်ငံတွေအနေနဲ့လည်း အရာအားလုံးရယူနိုင်ပါတယ်ဆိုတဲ့ လက်နက်အာဏာကို တပ်မက်ကြပြန်ပါတယ်။၁၉၄၇ ဩဂုတ် ၁၅ မှာအိန္ဒိယဟာ လွတ်လပ်‌ရေးရခဲ့ပေမဲ့ ဟိုင်ဒရာဘတ်ပြည်နယ်မှာတော့ မတည်ငြိမ်မှုတွေရှိနေဆဲပါ။ နိုင်ငံရဲ့တခြားနေရာတွေက လွတ်လပ်ရေးပွဲဆင်နွှဲနေကြပေမဲ့ ဗြိတိန်ဟိုင်ဒရာဘတ်ပြည်နယ်ကတော့ နီဇမ်တွေရဲ့ထိန်းချုပ်မှုအောက်ကျရောက်နေသလို ဟင်ဒူတွေကလည်း ရာဇာကာတွေရဲ့ဖိနှိပ်မှုကိုခံနေကြရတုန်းပါ။ဟင်ဒူတွေရဲ့အိန္ဒိယကိုနန်းတက်ဖို့ဆန္ဒကို ဆန့်ကျင်ဖို့၊ နီဇမ်တွေ မူဆလင်ထိန်းချုပ်မှုအောက် ကျရောက်ဖို့ အစရှိတဲ့ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားတဲ့ရာဇာကာတွေရဲ့ အကြင်နာမဲ့မှု၊ သူတို့ကိုဆန့်ကျင်တဲ့ သူရဲကောင်းတွေရဲ့ ရဲရင့်မှုတွေကို ရင်သပ်ရှုမော ခံစားကြည့်ရှုကြရအောင်ပါ။အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။ File size… 7 GB / 3 GB / 1.6 GB Quality…4k HEVC WEB DL / WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Razakar: The Silent Genocide of Hyderabad (2024)

4K HEVC
Qayamat Se Qayamat Tak (1988) 7.4
Qayamat Se Qayamat Tak (1988) အငြိုးအတေးဆိုတာ အရမ်းကြောက်ဖို့ ကောင်းတဲ့အရာပါ။ဇာတ်လမ်းရဲ့ အစမှာ ဒါနက်ပူးရ် ရွာလေးရဲ့ မြေပိုင်ရှင်ကြီးသား မင်္ဂလာပွဲ ပြင်နေတာက စပါတယ်။ဘယ်သူမှ မသိတာက အဲဒီလူရဲ့ သားနဲ့ တခြား မြေရှင်ကြီးရဲ့ သမီးတို့ ငြိစွန်းပြီး ကိုယ်ဝန်ရှိနေတာပါပဲ။သူနဲ့ ရတာ မဟုတ်ဘူးလို့ ငြင်းဆိုလိုက်ပြီး အဲဒီ ကောင်မလေးလဲ ကိုယ့်ဟာကိုယ် အဆုံးစီရင်သွားပါတယ်။ဒါကို မကျေနပ်လို့ အစ်ကိုဖြစ်သူက ညီမအစား လူသတ်မှုကျူးလွန်ခဲ့တဲ့အထိ ဖြစ်ကုန်ကြပါတယ်။၁၄နှစ်အကြာမှာ ကြမ္မာရဟတ်က တစ်ပတ်ပြန်လည်လာခဲ့ပြီး အဲဒီ မိသားစု ၂ခုရဲ့ သား နဲ့ သမီးတို့ ချစ်ကြိုက်သွားကြပြန်ပါတယ်။မိသားစု ၂ခုရဲ့ မပြေနိုင်တဲ့ အငြိုးအတေးတွေကြား သူတို့ရဲ့ အချစ်ခရီးက ဖြောင့်ဖြူးပါ့မလား။ဇာတ်သိမ်းမှာရော ဘယ်လို ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာ ဖြစ်ပါတယ်  File Size :  3.3 GB, 1.3 GB Quality : WEB-DL 1080p / 720p Running ...
movie

Qayamat Se Qayamat Tak (1988)

Tiragabadara Saami (2024) 6.9
Tiragabadara Saami (2024) Tiragabadara Saami (2024) “တိုက်ခတ်လာသော မုန်တိုင်း”Genre – Action အသစ်စက်စက် ထွက်ရှိထားတဲ့ တေလဂူးစကားပြော အိန္ဒိယအချစ်အက်ရှင်ကားသစ်လေးကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ဂီရီဆိုတာ ငယ်စဉ်ကတည်းက စိတ်အခံရှိတာကြောင့် သူများတွေလို ပုံမှန်အလုပ်မလုပ်ပဲ လူပျောက်တွေဆိုရင် လိုက်ရှာပေးပြီး မိသားစုတွေဆီ ပြန်အပ်တာ နားလည်အောင် ပြောပြပေးတာမျိုးလုပ်တဲ့ လူပျောက်ရှာတဲ့ ဆရာလေးတစ်ပါး။ဒါပေမဲ့လည်း ဒီလိုမျိုးအလုပ် လုပ်တာကြောင့် မိသားစုဘဝလေးကို အားကျ စိတ်ကူးယဉ်နေပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မိန်းမရှာလို့မရဘူး ဖြစ်နေခဲ့တယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ အင်မတန်မှ လွတ်လပ်တဲ့စိတ်ထား ပွင့်လင်းမြင်သာတဲ့ သဘောထားနဲ့ ချောမောလှပတဲ့ ကောင်မလေးတစ်ယောက်နဲ့ နဖူးစာရွာလည်ပြီး ဆုံခဲ့ကြပါလေရော။လင်မယားကြား တစ်ခုခုဆိုလည်း ရှေ့ကနေ သွက်သွက်လက်လက်နဲ့ ဦးဆောင်ပြီးတော့ ဖြေရှင်းနိုင်သူလေးပေါ့။ ဒါပေမဲ့ သိတဲ့အတိုင်း အပျော်တွေဆိုတာ ကြာရှည်မခံတတ်တဲ့အမျိုး ဖြစ်လေတော့ ဂီရီရဲ့ အလုပ်နဲ့ ပတ်သက်ပြီးတော့ သူတို့လင်မယားကြားကို ကံဆိုးမိုးမှောင်ကျမှုကြီး ဖြစ်လာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ရင်တထိတ်ထိတ် ဆက်ကြည့်ရမှာ ဖြစ်ပါတယ်။(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File ...
movie

Tiragabadara Saami (2024)

Double iSmart (2024)
Double iSmart (2024) Double iSmart 2024 (ဒဘယ်လ်အိုင်စမတ်)ယခုတစ်ခါမှာတော့ မင်းသားကြီး Sanjay Dutt ရဲ့ ခပ်ကြမ်းကြမ်း သရုပ်ဆောင်ချက်တွေနဲ့အတူ ခပ်မိုက်မိုက်ကြည့်ရှုရမယ့် တေလ်ဂူအက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။အိန္ဒိယရဲ့ အန္တရာယ်အရှိဆုံးနဲ့ အလိုချင်ဆုံးအဖြစ် ထုတ်ပြန်ခံထားရတဲ့ လူမိုက်ကျွဲကြီး၊ ကျွဲကြီးဟာ မူးယစ်ဆေးနဲ့ပတ်သတ်ရင် ဘုရင်တစ်ဆူလိုဖြစ်နေရုံသာမကဘဲ အာရှရဲ့ အကြီးမားဆုံး လက်နက်ရောင်းဝယ်ရေးအထိပါ တိုးချဲ့လုပ်ကိုင်လာခဲ့ပေမယ့် ဥပဒေဘက်တော်သားတွေအနေနဲ့ ကျွဲကြီးဟာ ဘယ်လိုပုံစံလဲဆိုတာကိုတောင် မသိကြပါဘူး။ဒီလိုမျိုးအင်အားကြီးလှတဲ့ကျွဲကြီးရဲ့ဘဝဟာ တစ်ရက်မှာတော့ ဂြိုဟ်ဆိုးဝင်ပါတော့တယ်။ သူ့မှာ ကုသလို့မရတဲ့ ဦးနှောက်အကျိတ်ဖြစ်နေပြီး ဒေါက်တာတွေက ၃လပဲ အသက်ရှင်တော့မယ်လို့ ပြောတဲ့အခါမှာတော့ သူဟာ အသက်ဆက်ရှင်သန်နိုင်ဖို့အတွက် နည်းလမ်းရှာပါတော့တယ်။ဒီလိုနဲ့ နည်းလမ်းရှာရင်း မှတ်ဉာဏ်ရွှေ့ပြောင်းတဲ့နည်းလမ်းတစ်ခုပဲ ရွေးချယ်စရာဖြစ်လာတဲ့အခါမှာတော့ သူ့ရဲ့မှတ်ဉာဏ်တွေကို ကူးပြောင်းဖို့ ခန္ဓာကိုယ်ရှာတဲ့အခါမှာ မှုခင်းတွေကို ဖြေရှင်းနိုင်ဖို့အတွက် သေဆုံးသွားတဲ့ရဲတစ်ယောက်ရဲ့ မှတ်ဉာဏ်တွေကို ကူးပြောင်းထည့်ပေးထားတဲ့ လူဆိုးလေးအိုင်စမတ်ဆိုတဲ့သူက သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာဖြစ်လာတဲ့နောက်မှာတော့ ....... ကျွဲကြီးနဲ့ အိုင်စမတ်တို့ ဘယ်လိုတွေ တွေ့ကြုံရမလဲ .......သူတို့နှစ်ယောက်ရဲ့နောက်ကြောင်းတွေမှာရော ပတ်သတ်မှုတွေရှိနေလား ....... ဆိုတာတွေကို ကြည့်ရှုရမယ့် အက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 3.8GB / 2GB Quality…WEB DL ...
movie

Double iSmart (2024)

Chhota Bheem and the Curse of Damyaan (2024) 7.3
Chhota Bheem and the Curse of Damyaan (2024) Choota Bheem and the Curse of Damyaan(2024) "ချိုတာဘီးမ်နှင့် ဓမ္မရံကျိန်စာ" =========================================လူတိုင်း မကြည့်ဖူးရင်တောင် လူတိုင်းသိကြမယ့် အိန္ဒိယရဲ့ နာမည်အကြီးဆုံး Anime ချိုတာဘီးမ်ရဲ့ live action ထွက်ရှိလို့လာပါပြီ။Live action ဆိုပေမဲ့ Target audience က ကလေးတွေဖြစ်တာကြောင့် အထူးပြုလုပ်ချက်တွေ အရမ်းမကောင်းလှပေမဲ့ ဆက်တင် ဆင်ရိုက်ထားတဲ့နေရာတွေကတော့ ကာတွန်းကားထဲက ရှုခင်းတွေကို အပြင်မှာမြင်နေရသလိုမျိုးကို ခံစားရပါတယ်။ဇာတ်လမ်းကတော့... နှစ်ထောင်ချီပြီး အကျဉ်းတိုက်ထဲမှာပိတ်မိနေတဲ့ မိစ္ဆာအရှင်ကြီး ဒမ်ယန်ကို စစ်မှန်ပြီး ရိုးသားတဲ့လူစွမ်းကောင်းတစ်ယောက်ကပဲ အကျဉ်းတိုက်ထဲက ထုတ်ပေးနိုင်မယ်လို့ တဘောင်ထွက်လာတဲ့အတွက် ဒမ်ယန်ရဲ့ ငယ်ကျွန်တွေဖြစ်ကြတဲ့ မှော်ဆရာနဲ့ စုန်းမက သူတို့ရဲ့ မိစ္ဆာစစ်သည်တွေအကူအညီနဲ့ ချိုတာဘီးမ်ကို သိမ်းသွင်းဖို့ကြိုးစားပုံတွေကို ဒီရုပ်ရှင်ထဲမှာမြင်ကြရမှာပါ။ချိုတာဘီးမ်ဆိုတဲ့အတိုင်း ဘာကောင်ကြီးပဲလာလာ မုန့်ချိုစားပြီး ပြန်ဗျင်းတာတွေအပြင် တခြားဇာတ်ကောင်တွေဖြစ်တဲ့ ရာဂျူး၊ ချူကီ၊ ဂျာဂူး၊ ကာလီယာတို့အပြင် ဒိုလူ၊ ဘိုလူတို့လို ပုစိမွစိတွေကအစ ကာတွန်းနဲ့တူအောင် အနီးစပ်ဆုံးထည့်ထားပြီး ဇာတ်လမ်းကလည်း ကြည့်ပျော်တာမလို့ ၂ နာရီခွဲလောက် အချိန်ပိုနေပြီး နော်စတဲဂျားခံစားချက်လေးရချင်တယ်ဆိုရင် အပျင်းပြေကြည့်လို့ကောင်းတဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM ...
movie

Chhota Bheem and the Curse of Damyaan (2024)

2024
Sarfarosh (1999) 8.1
Sarfarosh (1999) Sarfarosh (1999) "တာဝန်" IMDb - 8.1/10ဒီတစ်ခါမှာဆိုရင် ၁၉၉၉ က ထွက်ရှိခဲ့တဲ့ နာမည်ကြီး ရိုမန့်/အက်ရှင်ကားလေးကို ပရိသတ်ကြီးခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်ဝါရင့်သရုပ်ဆောင် Naseeruddin Shah, အားလုံးသိကြတဲ့ မင်းသား Aamir Khan နဲ့ တစ်ချိန်က မင်းသမီးချော Sonali တို့ ပါဝင်ထားပြီး အမြတ်ငွေ လေးဆပြန်ရခဲ့တဲ့ ခေတ်ဟောင်းကားလေးပါအိန္ဒိယနိုင်ငံမှာ လက်နက်မှောင်ခိုမှုတွေ ဖြစ်ပွားစဥ် အကြမ်းဖက်မှုတွေများလာတာကြောင့် အစိုးရက မွန်ဘိုင်းအထူးစုံစမ်းရေးကို တာဝန်ပေးနေရတဲ့ အချိန် ကောလိပ်ကျောင်းသား အဂျေး (အမီခန်း)ရဲ့အဖေက အကြမ်းဖက်တစ်ယောက်ကို ဆန့်ကျင်ထွက်ဆိုဖို့အသွား ပြန်ပေးဆွဲခံလိုက်ရပြီးအကြမ်းဖက်တွေလက်ချက်နဲ့ သူ့အစ်ကိုကြီးကိုဆုံးရှုံးလိုက်ရတဲ့အပြင် အဖေကပါ စကားမပြောနိုင်တော့ဘူး ဖြစ်သွားတဲ့အခါ အဂျေးတစ်ယောက် ရဲတပ်ဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်လိုက်တယ်လူတိုင်းလေးစားရသူလဲဖြစ်၊ အဂျေးနဲ့ ချစ်သူကောင်မလေး ဆီမာတို့ အရမ်းသဘောကျတဲ့ ဂီတစာဆို ဂူဖမ်ဟာဆန်ဆိုသူမှာ ဘယ်သူမှမထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတဲ့အခါမှာဆိုရင်တော့ .....အက်ရှင်ခန်းတွေသာမက ချစ်ခန်းကြိုက်ခန်းတစ်လှည့်စီ အရောင်အသွေးစုံလင်တဲ့ ဒီခေတ်ဟောင်းလက်ရာလေးကို ပရိသတ်ကြီးက ခံစားကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…3.4GB ...
movie

Sarfarosh (1999)

1999
Monkey Man (မွန်ဘိုင်း John Wick) (2024)
Monkey Man (မွန်ဘိုင်း John Wick) (2024) အိန္ဒိယ အက်ရှင်ဇာတ်ကြမ်းတစ်ခု ထွက်လာပါပြီ။ ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ သရုပ်ဆာင်အဖြစ် Slumdog Millionaire ထဲက ဂျာမဲအကြီးကောင်လေးအဖြစ် သိကြတဲ့ Dev Patel ပါဝင်ထားပါတယ်။Dev Patel ဟာ ၁၀နှစ်သားကတည်းက တိုက်ကွမ်ဒိုသမားဖြစ်ခဲ့ပြီး ၁၆ နှစ်သားမှာ ခါးပတ်နက်ဖြစ်နေပါပြီ။ ဒီရုပ်ရှင်ဟာ အစက နက်ဖလစ်မှာ တင်ဖို့ ရိုက်ထားတာ ဖြစ်ပေမဲ့ Jordan Peele ကြည့်မိသွားပြီး ဒါမျိုးကားက ရုံပါတင်သင့်တယ်လို့ ယူဆလို့ နက်ဖလစ်ဆီကနေ ရုံတင်နိုင်အောင် စီစဉ်ပေးခဲ့တာပါ။ ဒါရိုက်တာမင်းသားရဲ့အပြောအရတော့ အက်ရှင်အများစုမှာ ဖြစ်တတ်တဲ့ ဇာတ်အိမ်မခိုင်မာတာကို ပြင်ထားပြီး ဇာတ်အိမ်ခိုင်ခိုင်၊ နောက်ကြောင်းခိုင်ခိုင်နဲ့ အိန္ဒိယဓလေ့တွေ ထည့်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။ အပြောအဆိုနဲ့ အတိုက်အခိုက်ခန်းတွေကြမ်းလို့ ကလေးငယ်တွေအတွက်တော့ မသင့်တော်ပါဘူး။ဇာတ်လမ်းအကျဉ်းမြေအောက်လက်ဝှေ့ဝိုင်းတွေမှာ လုပ်ပွဲတွေ အထိုးခံပြီး ငွေရှာလေ့ရှိတဲ့ မျောက်မျက်နှာနဲ့လူငယ်လေးတစ်ယောက်။ ရင်ထဲမှာ အမုန်းတွေကလဲ့စားတွေနဲ့ပြည့်နေပြီး အထိုးခံစရာ နာစရာကိုရှာရင်းအသက်ရှင်နေတဲ့လူတစ်ယောက်၊ ဘာသာရေးအကြောင်းပြ၊ ဘာသာရေးသမားနဲ့ နိုင်ငံရေးသမားတို့ ...
movie

Monkey Man (မွန်ဘိုင်း John Wick) (2024)

4K HEVC
Jackpot (2013)
Jackpot (2013) Jackpot 2013 "လောင်းကြေး"အိန္ဒိယရဲ့ loving standardအမြင့်ဆုံးနေရာလည်းဖြစ် သာယာလှပတဲ့ကမ်းခြေတွေရှိတဲ့ အပန်းဖြေမြို့ ဂိုအာ အပန်းဖြေတဲ့နေရာဆိုတဲ့အတိုင်းပဲ ဂိုအာဟာ သာယာပြီးစည်ကားသလို ကာစီနိုဝိုင်းတွေလည်း အတော်များတဲ့နေရာဆိုလည်း မမှားပါဘူး။ဆိုတော့ ဖဲသမားတွေကျက်စားရာနေရာ လူချမ်းသာတွေ ငွေလာဖြုန်းတဲ့နေရာတစ်ခုဖြစ်သလို ဉာဏ်တိမ်ရင်တိမ်သလို ကလိမ်တွေကြားမှာ ငွေအထုပ်လိုက်ပျောက်သွားနိုင်တဲ့နေရာတစ်ဖြစ်လည်း ဘဝကိုလောင်းကြေးထပ်ရင်း ဖဲချပ်လှန်ရာကနေ ကံကြမ္မာပါ ကျွမ်းထိုးမှောက်ခုံဖြစ်စေမယ့်နေရာတစ်ခုပေါ့။ခြုံငုံပြောရရင် ဖဲနိုင်ဖို့ဆိုတာ ကံလည်းလိုသလို ဉာဏ်လည်းအတော်လိုတဲ့အရာတစ်ခုဖြစ်နေတော့ ဉာဏ်အားသန်သူတွေရဲ့ ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံတွေကြားမှာ မနပ်တဲ့သူကတော့ ခံရတာလည်း ဒုနဲ့ဒေးပါပဲ။အခုဒီကားလေးထဲမှာလည်း ပိုကာဂုရုတစ်သိုက်က ပိုကာပြိုင်ပွဲမှာဝင်ပြိုင်ဖို့ ကြိုးစားရင်း ကလိမ်ဉာဏ်မျိုးစုံနဲ့ ဂျက်ပေါ့ကိုပေါ်တင်အလစ်သုတ်မလဲဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ Yunni ~ Alexတို့ပဲ ဖြစ်ပါတယ်) File size…1.7GB/ 889MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V ~ ToMo ~ Yunni ~ Alex
movie

Jackpot (2013)

2013
Rules Ranjann (2023) 6.9
Rules Ranjann (2023) Rules Ranjan (2023) "ငယ်ချစ်ဦးနှင့် ပြန်လည်တွေ့ဆုံခြင်း" IMDb 6.9ရုံးပိတ်ရက်မှာ အမောပြေရယ်မောလို့ရမယ့် ပေါ့ပေါ့ပါးပါး rom-com တစ်ကားဖြစ်ပါတယ် Telugu သရုပ်ဆောင်တွေဖြစ်ကြတဲ့ Kiran Abbavaram နဲ့ Neha Shetty တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဥ်းကတော့ မန်နိုရန်ဂျန် ဆိုတဲ့ ရိုးရိုးအေးအေး အင်ဂျင်နီယာ ဘွဲ့ရလေးတစ်ယောက်က မွန်ဘိုင်းက ဆော့ဖ်ဝဲလ်ကုမ္ပဏီ တစ်ခုမှာ အလုပ်ရသွားပါတယ် တစ်ရုံးလုံးက သူ့ကို ဟင်ဒီစကားမတတ်လို့ ဝိုင်းအနိုင်ကျင့်ကြပြီး တစ်နေ့မှာတော့ အဲလက်ဆာ ဆိုတဲ့ AI စက်ကလေးရဲ့ အကူအညီနဲ့ ဟင်ဒီလို နားလည်ဖို့ ကြိုးစားပါတယ် အဲလက်ဆာရဲ့ အကူအညီနဲ့ ဆော့ဖ်ဝဲလ်မိတ်ဆက်ပွဲတစ်ခုမှာ မသမာမှုတစ်ခုကို အများရှေ့ ဖော်ထုတ်လိုက်နိုင်တာကြောင့် ရာထူးတိုးသွားပြီး သာမန် ရိုးရိုးအအ ဝန်ထမ်းလေး ရန်ဂျန်ကနေ ဘော့စ်ကပါ ကြောက်ရတဲ့ စည်းစနစ်ကျတဲ့ စာအုပ်ကြီးရန်ဂျန် ဖြစ်လာပါတော့တယ်အရာရာကို စည်းနဲ့ကမ်းနဲ့ လှေနံဓားထစ်လုပ်တတ်တဲ့ ရန်ဂျန်တစ်ယောက် တစ်နေ့မှာတော့ ကျောင်းတုန်းက ကြိတ် crush ...
movie

Rules Ranjann (2023)

2023
Voice of Sathyanathan (2023) 6.9
Voice of Sathyanathan (2023) Voice of Sathyanathan (2023) (IMDb 7.2/10)ရယ်ရယ်မောမောနဲ့ အက်ရှင်အကွက်တွေကို ကြည့်ရှုလို့ရ‌မယ့် ဇာတ်‌လမ်းကောင်းလေးကို စောင့်မျှော်နေတာဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ကြည့်ကြည့်လိုက်ပါနော်။မင်းသားကြီး Dileepရဲ့ ရယ်ရမလိုလို ငိုရမလိုလို သရုပ်ဆောင်ချက်တွေကိုလည်း ကြည့်ရှုခံစားနိုင်မယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ဇာတ်ကောင်"ဆပ်သရာနာသ်"တစ်ယောက်ကတော့ ပေါက်ပန်းလေးဆယ်ပြောတတ်တဲ့တစ်ယောက်ဖြစ်ပါတယ်။ ပြောချင်တာပြောပြီးလို့ ပြဿနာတွေတတ်လာရင် ဒရာမာတွေခင်းပြီး ဖြေရှင်းလို့ရမယ်လို့ ယုံကြည်ထားတဲ့သူတစ်ယောက်။တစ်နေ့မှာတော့ အရမ်းကြီးတဲ့အမှုကိစ္စတစ်ခုမှာ မထင်မှတ်ပဲပါသွားမိရာက.... ပတ်ဝန်းကျင်က ပြဿနာတွေကို ဒရာမာအမျိုးမျိုးခင်းဖြေရှင်းလို့ရပေမဲ့ ရဲတွေနဲ့ကျရင်ရော ဒရာမာတွေခင်းခွင့်ရပါဦးမလား... ဒါ့အပြင် တွဲဖက်တွေနဲ့ ဟန်ချက်ညီညီဟာသရုပ် သရုပ်ပေါ်အောင်တစ်မျိုး thriller ပုံစံတစ်မျိုး ပေါ်အောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးကို ဇာတ်အိမ်ထဲမျောရင်းတစ်ခါတည်း ကြည့်လိုက်ကြရအောင်ပါ....ဒီဇာတ်လမ်းလေးကိုတော့ CM Bollywood Team မှ ဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။ File size… 2GB  / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Voice of Sathyanathan (2023)

2023
Jailer (2023) 7.5
Jailer (2023) Jailer (2023) IMDb-7.5/10ရူပီသန်းပေါင်း၂၄၀ဝန်းကျင် အသုံးပြုရိုက်ကူးထားပြီး ရူပီ၆၃၅သန်းပြန်လည်ရရှိခဲ့တဲ့ မင်းသားကြီးရာဂျ်နီကန့်သ်ရဲ့ ရုပ်ရှင်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။ဟာသမင်းသားကြီး ရိုဂီဘာဘူလည်း ပါဝင်အားဖြည့်ထားပါတယ်။ အကြည်ဗားရှင်းထွက်တာ အချိန်တစ်ခုကြာပြီဖြစ်ပေမယ့် ရုပ်သံစာတန်းထိုးမှန်အောင်စောင့်ဆိုင်းနေခဲ့တဲ့အတွက် စီအမ်ဘောလိဝုဒ်ပရိသတ်ကြီးကိုအနူးအညွတ်တောင်းပန်အပ်ပါတယ်။ဖြောင့်မတ်မှန်ကန်တဲ့အရာရှိတစ်ယောက်ဆိုတာ နာမည်တစ်ခုတင်ကျန်ရစ်တတ်ပေမယ့် အတိုက်ခိုက်ခံရ ပေးဆပ်လိုက်ရတာတွေကတော့ ရှိနေတတ်တာဓမ္မတာပါပဲ။ မင်းသားကြီးရာဂျ်နီကန့်သ်က ဇနီးဖြစ်သူရယ် သားရယ် ချွေးမရယ် မြေးလေးရယ်နဲ့ အငြိမ်းစားထောင်မှူးကြီးဘ၀ကို ငြိမ်းချမ်းစွာဖြတ်သန်းနေသူတစ်ယောက်။သားဖြစ်သူကိုလည်း ဖြောင့်မတ်မှန်ကန်တဲ့အရာရှိတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ခဲ့သူ။ တစ်ရက်မှာတော့ ဘုရားကျောင်းရုပ်တုတွေပျောက်ဆုံးမှုကို စုံစမ်းဖော်ထုတ်နေတဲ့ သားဖြစ်သူ ပျောက်ချင်းမလှပျောက်သွားရာကစ အသတ်ခံလိုက်ရတာကိုသိလိုက်ရပါတယ်။ အဲဒီမှာပဲ အေးချမ်းတဲ့ဘ၀လေးကနေ သားကိုသတ်ခဲ့တယ်လို့သိရတဲ့ လူဆိုးဂိုဏ်းကို လက်စားချေအမြစ်ဖြတ်သုတ်သင်ဖို့ကြိုးစားတဲ့နောက်မှာတော့ ထင်မှတ်မထားတဲ့အမှန်တရားတွေ အသတ်အဖြတ်ကြမ်းကြမ်းရမ်းရမ်းတွေကို ကြည့်ရှုခံစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~V~YH~Cherry~Zwe Yan~BpLတို့ပဲဖြစ်ပါတယ်) File size…9.4GB/ 3.16GB / 1.2GB Quality…WEB-DL 4K HEVC/1080p/ 720p Format…mp4 Duration….2h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~V~YH~Cherry~Zwe Yan~BpL
movie

Jailer (2023)

2023
4K HEVC
Hidimbha (2023) 9.2
Hidimbha (2023) Hidimbha 2023 IMDb 9.2/10 Action/Dramaသည်းထိတ်ရင်ဖိုနဲ့စိတ်ဝင်တစားကြည့်ရှုရမယ့် တေလဂူးရဲကားလေးကို တင်ဆက်လိုက်ပေးလိုက်ပါတယ်။ဟိုက်ဒရာဘတ်မြို့က ရဲအရာရှိ အက်ဘ်ဟေးဟာ မိန်းကလေးတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးနေတဲ့အမှုကို စုံစမ်းနေကြရပါတယ်။ ဘာသဲလွန်စမှလည်းမရှိပဲ သေသလား ရှင်သလား မသိရပါဘူး။ ဒါကြောင့်ပဲ ဒီကိစ္စဟာ မီဒီယာတွေ စာနယ်ဇင်းတွေကြားမှာ ဝေဖန်စရာဖြစ်ခဲ့ပြီး အဘက်ဘက်ကနေ ဖိအားတွေများလာတဲ့အမှုဖြစ်လာပါတယ်။ဒီကိစ္စကို ကူညီပြီးစုံစမ်းဖို့အတွက် ရဲအရှိအဒယာရောက်ရှိလာပါတယ်။ နှစ်ယောက်ပူးပေါင်းပြီး ဆက်စုံစမ်းရင်းနဲ့ပဲ ဒီအမှုမှာ ပါဝင်ပတ်သက်တဲ့သူတွေ များလာပါတယ်။ နောက်တော့ ဒီကိစ္စဟာDark Webနဲ့ဆက်စပ်နေတာကို သိခဲ့ကြရပါတယ်။ ဒီလိုဆန်းကြယ်တဲ့အမှုကို သူတို့ဘယ်လိုဆက်ပြီးဖြေရှင်းကြမလဲ။ ဒီကိစ္စရဲ့အရင်းအမြစ်ကရော ဘာလဲဆိုတာကို ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni~V~Cherry~BpLတို့ပဲဖြစ်ပါတယ်။) File size…2.19GB / 1GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~V~Cherry~BpL
movie

Hidimbha (2023)

2023
Spy (2023) 8.3
Spy (2023) Spy 2023 IMDb 8.3/10 Action/Thrillerဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ အက်ရှင်အလန်းစားတွေကိုမှ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် တေလဂူမင်းသားချော Nikhil Siddharth ပါဝင်ထားတဲ့ အက်ရှင်ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။RAWအဖွဲ့အစည်းလက်အောက်မှာ လုပ်ကိုင်နေတဲ့ လျှို့ဝှက်အေးဂျင့်ဆူဘာ့ရှ်ဟာ စစ်ဆင်ရေးတစ်ခုမှာ သေဆုံးသွားခဲ့ပါတယ်။ အစ်ကိုဖြစ်သူ ဆူဘာ့ရှ်ရဲ့သေဆုံးမှုကို သေချာသိရဖို့အတွက် ညီဖြစ်သူဂျေးဟာ လျှို့ဝှက်အေးဂျင့်လုပ်နေရင်း စုံစမ်းနေခဲ့ပါတယ်။တစ်နေ့မှာတော့ ဂျေး တာဝန်ပေးခံခဲ့ရတဲ့ စစ်ဆင်ရေးတစ်ခုဟာ အစ်ကိုဖြစ်သူဆူဘာ့ရှ် လုပ်ကိုင်ခဲ့တဲ့စစ်ဆင်ရေးဖြစ်နေခဲ့ပါတယ်။ စုံစမ်းစစ်ဆေးကြည့်တဲ့အခါမှာ ဒီကိစ္စဟာ အိန္ဒိယနိုင်ငံရဲ့ဂုဏ်သိက္ခာ၊ နိုင်ငံသားတွေရဲ့ဘေးကင်းမှုနဲ့လည်း သက်ဆိုင်နေပါတယ်။ ဂျေးတစ်ယောက် ဒီလိုကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်ရင်း အစ်ကိုဖြစ်သူရဲ့သေဆုံးမှုကိုပါ စုံစမ်းဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီစစ်ဆင်ရေးအောင်မြင်သွားမလား။ ဂျေးရဲ့အစ်ကိုကရော ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ဆက်ပြီးကြည့်ရှုပေးကြပါဦး။ (အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ Cherry ~ BpL ~ V ~ Zwe ~ Yunni တို့ပဲဖြစ်ပါတယ်) File size…7GB / 2.4GB  / 1GB Quality…4k HEVC True WEB DL  / 1080p True WEB DL / 720p Format…mp4 Duration….2h ...
movie

Spy (2023)

2023
4K HEVC
Ponniyin Selvan: Part II (2023)
Ponniyin Selvan: Part II (2023) Ponniyin Selvan: Part II (2023)IMDb 8.1/10၂၀၂၂ တုန်းက အားလုံးစောင့်မျှော်နေခဲ့ကြတဲ့ Ponniyin Selvan part II ထွက်ရှိလို့လာပါပြီ။ ဒီဇာတ်ကားထဲမှာ ဗစ်ကရမ်..ဂျယန်းရဗီ..ကာသီ..စတဲ့နာမည်ကြီးမင်းသားတွေအပြင် မင်းသမီးကြီးတွေဖြစ်ကြတဲ့ အရ်ှဝါရီယားရိုင်းနဲ့ ထရီရှားတို့က အဓိကပါဝင်သရုပ်ဆောင်ထားသလို နောက်ထပ်လည်း သရုပ်ဆောင်ပေါင်းများစွာက ပါဝင်အားဖြည့်ထားပါတယ်... ရုံတင်ငွေ ကုဋေ သန်း ၃၂၅ ထိရထားတာမို့ ထပ်ပြီးစဥ်းစားစရာလိုမနေတော့ဘူးနော်။ဇာတ်လမ်းလေးကိုတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်အရင်က ချိုလာမင်းဆက်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားပါတယ်...တန်ဂျာဗူးပြည်ကို မင်းလုပ်စိုးစံတဲ့ ချိုလာမင်းကြီးမှာ သားတော်နှစ်ပါးနဲ့ သမီးတော်တစ်ပါးဖွားမြင်ခဲ့တယ်သားတော်နှစ်ပါးကလည်း စစ်ရေးစစ်အရာမှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်သလို သမီးတော်လေး ကွန်ဒဗေးကလည်း လိမ်မာပါးနပ်ဉာဏ်ရှိသူပါ...သားတော်အကြီး အိမ်ရှေ့စံမင်းသား အာဒိတဟာ ခြေလျှင်ရဲမက်တွေနဲ့အတူ တိုင်းပြည်နယ်နိမိတ်ကို ချဲ့ထွင်ဖို့ စွန့်စားတိုက်ခိုက်နေတဲ့အချိန်...သားတော်အငယ် အရွန်းမိုဇီဟာလည်း ရေတပ်သင်္ဘောကြီးတွေနဲ့ တခြားတိုင်းပြည်တွေကို နယ်ချဲ့နေခဲ့ပါတယ်...ဒီတောအတွင်း ချိုလာဧကရာဇ်မင်းကြီး ဆွန်ဒရချိုဇာဟာ အိပ်ရာထဲလဲပြီး နာမကျန်းဖြစ်နေခဲ့တယ်...ဒီလိုမိသားစုတကွဲတပြားဖြစ်နေတဲ့အချိန် နွားကွဲရင် ကျားဆွဲဆိုသလို လုပ်ကြံမယ့် သူလျှိုတွေဟာ တန်ဂျာဗူးတိုင်းပြည်ထဲကို အလျှိုလျှိုဝင်လာခဲ့ပါပြီ...ဒါကို ရိပ်စားမိတဲ့ ဘုရင်ဟာ သားတော်တွေကို ပြန်ခေါ်လာနိုင်ခဲ့ပါ့မလား...။သူတို့ရဲ့အသက်တွေ ပေးဆပ်လိုက်ရမှာလား...။ချိုလာမင်းဆက်ကြီး ဘာတွေဆက်ဖြစ်လာမလဲပေါ့။Part II မှာတော့ အရွန်းမိုဇီဟာ ...
movie

Ponniyin Selvan: Part II (2023)

4K HEVC
Ponniyin Selvan: Part I (2022) 8.3
Ponniyin Selvan: Part I (2022) Ponniyin Selvan: Part I (2022) ====================ကဲ အားလုံးစောင့်မျှော်နေခဲ့ရတဲ့ အိန္ဒိယသမိုင်းကားကောင်းကြီးထွက်လို့လာခဲ့ပါပြီ မင်းသား မင်းသမီးတွေ အများကြီးနဲ့ ကြည့်လို့ကောင်းမယ့် ကားလေးပါပဲဒီဇာတ်ကားထဲမှာ ဗစ်ကရမ်..ဂျယန်းရဗီ..ကာသီ..စတဲ့နာမည်ကြီးမင်းသားတွေအပြင် မင်းသမီးကြီးတွေဖြစ်ကြတဲ့ အရ်ှဝါရီယားရိုင်းနဲ့ ထရီရှားတို့က အဓိကပါဝင်သရုပ်ဆောင်ထားသလို နောက်ထပ်လည်း သရုပ်ဆောင်ပေါင်းများစွာက ပါဝင်အားဖြည့်ထားပါတယ်...ဇာတ်လမ်းလေးကိုတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်အရင်က ချိုလာမင်းဆက်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားပါတယ်...တန်ဂျာဗူးပြည်ကို မင်းလုပ်စိုးစံတဲ့ ချိုလာမင်းကြီးမှာ သားတော်နှစ်ပါးနဲ့ သမီးတော်တစ်ပါးဖွားမြင်ခဲ့တယ်သားတော်နှစ်ပါးကလည်း စစ်ရေးစစ်အရာမှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်သလို သမီးတော်လေး ကွန်ဒဗေးကလည်း လိမ်မာပါးနပ်ဉာဏ်ရှိသူပါ...သားတော်အကြီး အိမ်ရှေ့စံမင်းသား အာဒိတဟာ ခြေလျှင်ရဲမက်တွေနဲ့အတူ တိုင်းပြည်နယ်နိမိတ်ကို ချဲ့ထွင်ဖို့ စွန့်စားတိုက်ခိုက်နေတဲ့အချိန်...သားတော်အငယ် အရွန်းမိုဇီဟာလည်း ရေတပ်သဘောင်္ကြီးတွေနဲ့ တခြားတိုင်းပြည်တွေကို နယ်ချဲ့နေခဲ့ပါတယ်...ဒီတောအတွင်း ချိုလာဧကရာဇ်မင်းကြီး ဆွန်ဒရချိုဇာဟာ အိပ်ရာထဲလဲပြီး နာမကျန်းဖြစ်နေခဲ့တယ်...ဒီလိုမိသားစုတကွဲတပြားဖြစ်နေတဲ့အချိန် နွားကွဲရင် ကျားဆွဲဆိုသလို လုပ်ကြံမယ့် သူလျှိုတွေဟာ တန်ဂျာဗူးတိုင်းပြည်ထဲကို အလျှိုလျှိုဝင်လာခဲ့ပါပြီ...ဒါကို ရိပ်စားမိတဲ့ ဘုရင်ဟာ သားတော်တွေကို ပြန်ခေါ်လာနိုင်ခဲ့ပါ့မလား...။သူတို့ရဲ့အသက်တွေ ပေးဆပ်လိုက်ရမှာလား...။ချိုလာမင်းဆက်ကြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်...။တိုက်ရေးခိုက်ရေးတွေအပြင် အပြင်အဆင်အလှအပတွေကိုပါ မြင်တွေ့ရမှာဖြစ်လို့ ကြည့်ရတန်တဲ့ ကားလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်... File size…3.8GB /1.86GB Quality…4K HEVC WEB DL ...
movie

Ponniyin Selvan: Part I (2022)

2022
4K HEVC
Bholaa(2023) 7.7
Bholaa(2023) Bholaa (2023) IMDb 7.7Drishyam ထဲမှာ အပြိုင်ကြဲခဲ့တဲ့ အဂျေးနဲ့ ရဲမေတာဘူး တို့က ဒီကားထဲမှာ အတိုင်အဖောက်ညီညီ ရှယ်ကြမ်းကြဦးမဲ့ ရုံတင်ကားပဲဖြစ်ပါတယ် Box Office အနေနဲ့လည်း 111 ကုဋေကျော်အထိ ပြန်ရှာနိုင်ခဲ့ပါတယ် မင်းသားမင်းသမီးတင် နာမည်ကြီးရုံမက ဇာတ်လမ်းကလည်း ပြီးမှန်းမသိဆွဲဆောင်သွားနိုင်တာမို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းပါပဲဇာတ်လမ်းအညွှန်း... ရန်သူတွေက စုန်းမလို့ခေါ်ရ‌လောက်တဲ့အထိ တစ်ခါအာရုံကျပြီးရင် လက်မလွှတ်တတ်တဲ့ ရဲမေဒိုင်ယာနာ (တာဘူး)... သန်းတစ်ထောင်တန်ကြေးရှိတဲ့ ကိုကင်းတွေဖမ်းမိတော့ ပိုင်ရှင်က ကြားဖူးသမျှထဲမှာ အကြီးဆုံးဂိုဏ်းဖြစ်နေခဲ့တယ် အလုပ်လုပ်သမျှ ပိရိလွန်းတာကြောင့် တစ်ခါမှကို ဖမ်းဆီးခြင်းမခံခဲ့ရတဲ့ဂိုဏ်း ဒီဂိုဏ်းက သန်းတစ်ထောင်ကျော် အထိနာသွားတော့ ဒိုင်ယာနာ့ကို ကမ္ဘာမြေအဆုံးထိ လိုက်ရှာပါတော့တယ်ဘိုလာ(အဂျေး)က အမှုတစ်ခုကြောင့် ထောင်၁၀နှစ်ကျခဲ့ရတယ် ထောင်သားအချင်းချင်းတောင် ဘိုလာက ဘယ်သူလဲ ဘယ်ကလာလဲ မသိကြဘူး သိတဲ့လူကလည်း အသက်ရှင်ဖို့လမ်းမရှိတာကိုး ဘိုလာ့ကို သမုဒ္ဒရာနဲ့တင်စားကြတယ် အပြင်ဘက်မှာ ငြိမ်သက်ပြီး အတွင်းမှာတော့ မုန်တိုင်းထန်တဲ့လူတဲ့ ဒီလိုနဲ့သူထောင်ကထွက်တော့ ကိုကင်းပိုင်ရှင်ကို စုံစမ်းနေတဲ့ဒိုင်ယာနာ့နဲ့ တွေ့ဖို့အကြောင်းဖန်လာပါတယ် ဂိုဏ်းဘက်ကလည်း ဒိုင်ယာနာ့ကို အသေရရ အရှင်ရရဖြစ်နေတော့ သူတို့၂ယောက်ပေါင်းပြီး ဘယ်လိုတွေဖြေရှင်းသွားမလဲဆိုတာ Plot Twist ပေါင်းများစွာနဲ့ ဆက်လက်ကြည့်ရှုလိုက်ပါရှင် (အညွှန်းကိုတော့ ...
movie

Bholaa(2023)

2023
4K HEVC