Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mahesh Achanta
6.8
Thandel (2025)
Thandel (2025) စွန့်စားစိန်ခေါ်မှုပြည့်နှက်နေတဲ့ ချစ်ခရီးလမ်းIMDb 6.9/10အက်ရှင်အကြမ်းအရမ်းကိုမှ ရိုမန့်စ်လေးနဲ့တွဲဖက်ခံစား ကြည့်ရှုနိုင်မယ့် ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဆတ်တယာဆိုတဲ့ မိန်းမချောလေးက သူ့ဖခင်ကို သူနဲ့သင့်တော်တဲ့ သတို့သားလောင်းရှာဖို့ ပြောဆိုလာပါတယ်။ တစ်အိမ်လုံးလည်း မယုံနိုင်စွာအံ့ဩရပေမဲ့ သူ့ဆန္ဒကိုဖြည့်ဆည်းပေးကြပါတယ်။လှလွန်းတဲ့ဆတ်တယာကို သတို့သားလောင်းက မြင်မြင်ချင်းသဘောကျသွားလို့ မင်္ဂလာပွဲအတွက် တစ်ခါတည်းစီစဉ်ကြလေရဲ့။ အဲဒီအချိန်မှာပဲ ဆတ်တယာက သူ့သတို့သားလောင်းကို ပြောစရာရှိတယ်ဆိုပြီး သူ မထင်မှတ်ထားတဲ့အကြောင်းအရာကို ပြောပြလာခဲ့ပါတယ်။ဆတ်တယာမှာ ရာဂျူးဆိုတဲ့ချစ်သူကောင်လေး ရှိနေတာပါ။ သူတို့ရွာမှာ တစ်နေ့ပြီးတစ်နေ့တက်လာတဲ့ ကုန်ဈေးနှုန်းတွေကြောင့် ရွာကယောက်ျားလေးတွေက ငါးဖမ်းဖို့ ပင်လယ်၊ သမုဒ္ဒရာတွေဆီ စွန့်စွန့်စားစားသွားရပါတယ်။စာချုပ်နဲ့သွားရတာဖြစ်ပြီး တစ်ခါသွားရင် ကိုးလကြာမြင့်ပါတယ်တဲ့။ တစ်နှစ်မှာသုံးလပဲ အတူရှိရပေမဲ့ သူတို့နှစ်ယောက်က ရာဂျူးဖုန်းခေါ်လို့ရတာနဲ့ ဖုန်းပြောကြနဲ့ အဆက်အသွယ်မပြတ်ရှိနေကြပါတယ်။တစ်နေ့သူတို့ရွာနား သတ္တုတူးဖို့ရောက်လာတဲ့ မသမာသူလူတစ်စုကို ရာဂျူးကဖြေရှင်းပေးရာကနေ သူဟာ သူ့ဖခင်လို ငါးဖမ်းသမားတွေရဲ့ခေါင်းဆောင်ဖြစ်လာပါတော့တယ်။ ပင်လယ်ဓားပြတွေရန်ကြုံရ၊ မုန်တိုင်းလေထန်ဒဏ်ကြုံရ၊ သူများနယ်ရောက်သွားမိရင် အဖမ်းခံရနဲ့ အန္တရာယ်ပတ်လည်ဝန်းရံနေလို့ ရာဂျူးကို ဆတ်တယာက ဒီအလုပ်ကို စွန့်လွှတ်စေချင်နေပါပြီ။ ရာဂျူးက နားမထောင်ဘဲ ဒီတစ်ခါသူငါးဖမ်းသွားပြီး ပြန်လာရင် လက်ထပ်ကြပါမယ်၊ စောင့်နေပါလို့ပြောပြီး ထွက်သွားပြန်ပါတယ်။ကတိပေးခဲ့တဲ့အတိုင်းပြန်မရောက်လာတာ အချိန်တွေကြာလာတဲ့အခါမှာတော့......ဆတ်တယာကဘာလို့ အိမ်ထောင်ပြုဖို့ သူ့မိဘကိုအလောတကြီးပြောရတာလဲ၊ ရာဂျူးနဲ့ဘာလို့ အဆက်အသွယ်ပြတ်သွားတာလဲ၊ ...
movie
Thandel (2025)
7.8
Razakar: The Silent Genocide of Hyderabad (2024)
Razakar: The Silent Genocide of Hyderabad (2024) လွတ်မြောက်မှုဘယ်ဆီဒီတစ်ခါမှာတော့ သမိုင်းရာဇဝင်ကြိုက်နှစ်သက်သူ ပရိတ်သတ်တို့အတွက် သမိုင်းကြောင်းနောက်ခံ အက်ရှင်ဒရမ်မာလေးကို တင်ဆက်ပေးလိုက်ပါတယ်။ငွေဟာဒုတိယဘုရားသခင်လို့ ပြောကြတဲ့အတိုင်း သာမန်လူတွေဟာ ငွေကိုတပ်မက်ကြသလို နိုင်ငံတွေအနေနဲ့လည်း အရာအားလုံးရယူနိုင်ပါတယ်ဆိုတဲ့ လက်နက်အာဏာကို တပ်မက်ကြပြန်ပါတယ်။၁၉၄၇ ဩဂုတ် ၁၅ မှာအိန္ဒိယဟာ လွတ်လပ်ရေးရခဲ့ပေမဲ့ ဟိုင်ဒရာဘတ်ပြည်နယ်မှာတော့ မတည်ငြိမ်မှုတွေရှိနေဆဲပါ။ နိုင်ငံရဲ့တခြားနေရာတွေက လွတ်လပ်ရေးပွဲဆင်နွှဲနေကြပေမဲ့ ဗြိတိန်ဟိုင်ဒရာဘတ်ပြည်နယ်ကတော့ နီဇမ်တွေရဲ့ထိန်းချုပ်မှုအောက်ကျရောက်နေသလို ဟင်ဒူတွေကလည်း ရာဇာကာတွေရဲ့ဖိနှိပ်မှုကိုခံနေကြရတုန်းပါ။ဟင်ဒူတွေရဲ့အိန္ဒိယကိုနန်းတက်ဖို့ဆန္ဒကို ဆန့်ကျင်ဖို့၊ နီဇမ်တွေ မူဆလင်ထိန်းချုပ်မှုအောက် ကျရောက်ဖို့ အစရှိတဲ့ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားတဲ့ရာဇာကာတွေရဲ့ အကြင်နာမဲ့မှု၊ သူတို့ကိုဆန့်ကျင်တဲ့ သူရဲကောင်းတွေရဲ့ ရဲရင့်မှုတွေကို ရင်သပ်ရှုမော ခံစားကြည့်ရှုကြရအောင်ပါ။အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။ File size… 7 GB / 3 GB / 1.6 GB Quality…4k HEVC WEB DL / WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie
Razakar: The Silent Genocide of Hyderabad (2024)
4K HEVC
8.4
Lucky Baskhar (2024)
Lucky Baskhar (2024) "ဖိုးကံကောင်း ဘာစကာ"IMDb - 8.4/10အိန္ဒိယရုပ်ရှင်ချစ်သူတို့ စောင့်မျှော်နေကြတဲ့ ဇာတ်လမ်းကောင်းဆိုတာမျိုးကို တင်ဆက်ပေးလိုက်ပါတယ်။တလေဂူးရုပ်ရှင်...။တောင်ပိုင်းမင်းသား ဒူလ်ကာဆာလ်မန်ရဲ့ ၃၂ကားမြောက်ရုပ်ရှင်။ မင်းသမီးအနေနဲ့ကတော့ တောင်ပိုင်းမင်းသမီးချော မီနာ့ခ်ရှီချောင်ဒရီပါဝင်ထားပါတယ်။ ဘာစကာ...။မာဂါဒါဘဏ်က ငွေကိုင်တစ်ယောက်။လက်ထောက်မန်နေဂျာရာထူးနေရာကို လျာထားခြင်းခံရတဲ့သူ။ ရပ်ကွက်ထဲမှာ လက်ညှိုးထိုးမလွဲ အကြွေးရှင်တွေပေါများလှတဲ့သူ။ လူဆင်းရဲမျက်နှာမွဲမို့ လင်မယားနှစ်ယောက်လုံး ယောက္ခမဘက်က အနှိမ်ခံထားရတဲ့သူ။တစ်နေ့မှာတော့ စီဘီအိုင်ကနေ ခေါ်ယူစစ်ဆေးမေးမြန်းခြင်း ခံရပါတော့တယ်။ မွဲတေနေပြီး အတော်ဆုံးဝန်ထမ်းဆု သုံးကြိမ်တိုင်တိုင်ရထားတဲ့သူက ဘာလို့ စီဘီအိုင်အဖွဲ့ကြီးရဲ့ ခေါ်ယူစစ်မေးခြင်းခံရလဲဆိုတာတော့ ဆက်လက်ကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 2.6 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Lucky Baskhar (2024)
5.6
Naa Saami Ranga (2024)
Naa Saami Ranga (2024) "ရွာလူမိုက်"တေလဂူး အက်ရှင်/ဒရာမာ ဇာတ်ကားကြမ်းကြမ်းလေး တင်ပေးလိုက်ပါတယ် ၂၀၁၉ က မလေယာလမ် ရုပ်ရှင် Porinju Mariam Jose ကို ပြန်ပြီးရိုက်ထားတာ ဖြစ်ပါတယ် ၂၀၂၄ ရဲ့ ဝင်ငွေအကောင်းဆုံး ၇ ကားမြောက်အိန္ဒိယရုပ်ရှင် ဖြစ်ခဲ့ပြီး တတိယ ဝင်ငွေအများဆုံး တေလဂူးကား ဖြစ်ပါတယ်ဇာလ်လမ်းအကျဥ်းကတော့ ၁၉၆၃ ရွာတစ်ရွာမှာ ကစ်ရှ်တေယာ ဆိုတဲ့ မိဘမဲ့ကောင်လေးကို အန်ဂျီရဲ့ အမေက မွေးစားခဲ့ပြီး သူတို့နှစ်ယောက် ညီအစ်ကိုရင်းပမာ အတူတူကြီးပြင်းခဲ့ပါတယ်တစ်နေ့ သူတို့အမေ ဆုံးတော့ အလောင်းမချသေးခင် အကြွေးနဲ့အိမ်လာသိမ်းတဲ့ ကြွေးရှင်ရဲ့ ရန်ကနေ "ပက်ဒေယာ" ဆိုတဲ့ ကျေးရွာခေါင်းဆောင်က ကယ်တင်ပေးခဲ့တဲ့နေ့ကစပြီး ကစ်ရှ်တေယာ တစ်ယောက် ရွာသူကြီးကို ကျေးဇူးရှင်တစ်ယောက်လို သဘောထားခဲ့ပါတယ်ငယ်စဥ်ကလေးဘဝကတည်းက ချစ်ခဲ့ရတဲ့ ကောင်မလေးကိုလည်း အကြောင်းကြောင်းကြောင့် လက်မထပ်နိုင်သေးပဲ သူကြီးခိုင်းတာမှန်သမျှ ပြဿနာအဝဝကို လူယုံတစ်ယောက်လို ဖြေရှင်းပေးနေရပါတယ် ဒီလို ကစ်ရှ်တေယာကို အရေးပေးခြင်းအပေါ် သူကြီးရဲ့သားအရင်းတွေက မနာလိုကြပါဘူးတစ်နေ့တော့ သူချစ်ခင်တွယ်တာတဲ့ ...
movie
Naa Saami Ranga (2024)
2024
6.1
Guntur Kaaram (2024)
Guntur Kaaram 2024 (IMDB 6.1/10) အမိမဲ့သားNF WEB DL အကြည်ဗားရှင်းကိုသာ တင်ဆက်ထားပါတယ်=======================================အားလုံးနဲ့ရင်းနှီးတဲ့ ဝန်ကြီးချုပ်မင်းသား တောင်ပိုင်းစတားမဟေ့ရှ်ဘာဘူရဲ့ ရုံတင်ကားသစ်လေးကို Netflix ကနေ ထုတ်လွှင့်လိုက်တာနဲ့ တစ်ပြိုင်နက် CM ကနေပါ တင်ဆက်ပေးလိုက်ပါတယ်....ခေါင်းဆောင်မင်းသား မဟေ့ရှ်ဘာဘူအပြင် ပရိသတ်တွေနဲ့မစိမ်းတဲ့ Dhamaka ထဲက မင်းသမီးချောလေး ဆရီလီလာကို အဆစ်ငမ်းရမယ့်အပြင် လတ်တလောထွက်ရှိထားတဲ့ Hi Nanna ထဲကယောက္ခထီးကြီး ဂျာရရမ် ပါလေရာမင်းသားကြီး ပရာကတ်ရှ်ရာ့ဂျ်တို့လို ဇာတ်ပို့တွေနဲ့ပါ မြိုင်မြိုင်ဆိုင်ဆိုင်ရိုက်ကူးထားတဲ့ ရုံတင်ကားကြီးပဲဖြစ်ပါတယ်ဇာတ်လမ်းအစ ရာမာနာ(မဟေ့ရှ်ဘာဘူ) ဆယ်နှစ်သားအရွယ်မှာ သူ့အမေကသူ့ကိုစွန့်ပစ်ခဲ့ပါတယ် သူ့အဖေကိုလည်းထားခဲ့ပြီးတော့ နောက်အိမ်ထောင်ပြု သားထပ်မွေးသွားပါတယ် အရွယ်ရောက်လာချိန်မှာတော့ ရာမာနာဟာ ဘယ်သူမှထိန်းမရတဲ့ ဘယ်သူ့ကိုဂရုမစိုက်တဲ့လူတစ်ယောက် ဖြစ်နေခဲ့ပါပြီ သူ့စိတ်ထဲမှာမမေ့နိုင်သေးတာတော့ သူ့အမေပေါ့သူ့အဘိုး ဗန်ကတ်ဆွာမိဟာ နာမည်ကြီး နိုင်ငံရေးသမားတစ်ယောက်ပါ အဲ့ဒါအပြင် သူ့အမေရော သူ့ရဲ့အဖေကွဲညီကိုပါ နိုင်ငံရေးလုပ်ခိုင်းထားပါတယ်သူတို့မိသားစုရဲ့နိုင်ငံရေးလောကမှာ ပထမသားကို စွန့်ပစ်ခဲ့တယ်ဆိုတဲ့ အမည်းစက်တစ်ခုဖြစ်နေတဲ့အခါမှာ ရာမာနာကို ဟိုက်ဒရာဘတ်ကိုခေါ်ပြီး အမွေ ဖြတ်ဖို့လုပ်ပါတော့တယ်အဲ့ချိန်မှာ ရာမာနာနဲ့ သူချစ်ရတဲ့အမေမိသားစုကြားဘာတွေဆက်ဖြစ်မလဲဆိုတာတော့....... CM ပရိသတ်ကြီးပဲ ဒီအချစ်အက်ရှင်ဇာတ်ကားလေးကို ဆက်လက်ခံစားကြည့်ရှုပေးကြပါလို့ ပြောကြားလိုပါတယ် အညွှန်းနဲ့ဘာသာပြန်ကိုတော့ CM Bollywood Team ...
movie
Guntur Kaaram (2024)
2024
4K HEVC
8.5
Vidhi (2023)
Vidhi (2023) "ကံတရား"IMDb - 8.6/10Death Noteမဟုတ်တဲ့ Death Penပါ။ ခုလိုပြောလိုက်လို့ ပေါကားလို့ထင်သွားစရာဆိုပေမဲ့ ပေါကားမဟုတ်ဘဲ သေချာလေး စေတနာထားရိုက်ကူးတင်ဆက်ထားတာကို တွေ့မြင်ကြရမှာပါ။ဆူရီယာဆိုတာ ရိုးသားပြီး အပြစ်ကင်းစင်တဲ့ကောင်လေးတစ်ယောက်။ 'ကမ္ဘာကြီးဆိုတာ လှပါတယ် ဒါပေမဲ့ မြေခွေးလိုကောင်တွေနဲ့ ဝိုင်းနေတာ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ရိုးသားမှုကိုတော့ လက်မလျော့လိုက်နဲ့နော်...'ဆိုတဲ့ ချစ်ခင်ရသူတစ်ဦးရဲ့ နောက်ဆုံးစကားကြောင့်ပဲ အကောင်းဆုံးကြိုးစားရှင်သန်နေထိုင်ပါတယ်။သားမိနှစ်ယောက်တည်းရှိတဲ့ဘ၀မှာ အကြွေးနွံနစ်နေတာကြောင့် ချစ်သူရှိရာမြို့လေးဆီ အလုပ်လုပ်ဖို့တက်လာခဲ့ပါတယ်။ ကြုံတဲ့ဆန်စက်မှာ ဝင်လုပ်ပေမဲ့ သူ့ကိုနောက်ဆုံးပြောသွားခဲ့တဲ့စကားလို မြေခွေးတွေဝိုင်းနေတဲ့လောကကြီးကို နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ရပါတော့တယ်။ တစ်ရက်...လမ်းမှာကောက်တွေ့တဲ့ ရွှေရောင်ဘောပင်လေးကို ပြန်ရောင်းစားမယ်ဆိုတဲ့စိတ်နဲ့ သိမ်းထားရာကအစ။ အမှန်တရားနဲ့ ကလဲ့စားကြားက မျဉ်းပါးပါးလေးကို သူဘယ်လိုအသုံးချရှင်သန်သွားမလဲဆိုတာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ Saii ~ BpL ~ Yunniတို့ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…1.7GB / 787MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 47m Subtitle….Myanmar Subtitle (Hard ...
movie
Vidhi (2023)
2023
8.7
Alaa Ninnu Cheri (2023)
Al Ninnu Cheri (2023) "အိပ်မက်တွေနဲ့ ချစ်သူ"IMDb 8.7 ရထားပြီး ကြည့်ပျော်တဲ့ rom-com ကားလေးတစ်ကား ဖြစ်ပါတယ်... အချစ်နဲ့ ဘဝတိုးတက်ရေး တစ်ခုကို မဖြစ်မနေရွေးချယ်ဖို့ ရှိလာတဲ့အခါ ဘယ်ဟာကို စွန့်လွှတ်မလဲ ဖုန်းတွေ မပေါ်သေးတဲ့ ခေတ်ကာလက နယ်မြို့လေးကို ပုံဖော်ထားတာဖြစ်ပြီး အရာရာရိုးစင်းခဲ့တဲ့ ကာလကို ပြန်လည် တမ်းတလွမ်းဆွတ်မိစေမှာပါဇာတ်လမ်းအကျဥ်းကို ပြောရရင် ဂါနစ်ရှ်ဆိုတဲ့ ကောလိပ်ကျောင်းသားလေးဟာ သူ့ဘော်ဒါ ဖက်တီးတို့နဲ့အတူ ဘဝကို ကြောင့်ကြမှုကင်းကင်း ဖြတ်သန်းပြီး ပျော်ပျော်နေတတ်ပေမယ့် ရုပ်ရှင်ရိုက်ကူးမှု အတတ်ပညာကိုတော့ ဝါသနာပါသူတစ်ယောက်ပါဒီဗရာကတော့ ရွာက သူဌေးသမီးဖြစ်ပြီး တစ်နေ့ အသိုင်းအဝိုင်းကြီးထဲက သူဌေးသမီးလေး ဒီဗရာနဲ့ ရုပ်ရှင်ဒါရိုက်တာဖြစ်ချင်သူ ဂါနစ်ရှ်တို့ ထုံးစံအတိုင်း ငြိကြပါတော့တယ်ဒါပေမဲ့လည်း တကယ်တမ်းလက်ထပ်မယ့်အရေးမှာတော့ ဂါနက်ရှ်တစ်ယောက် အချစ်နဲ့ အလုပ်မှာ အချစ်ကိုပဲ စွန့်ပယ်ခဲ့ပါတယ်.. အသည်းကွဲကျန်ခဲ့တဲ့ သူဌေးသမီးလေး မိဘပေးစားသူနဲ့ ယူတော့မှာလားဂါနစ်ရှ်ကရော သူဖြစ်ချင်ခဲ့တဲ့ အိပ်မက်တွေ ဆက်ပြီး အကောင်အထည်ဖော်နိုင်ဦးမှာလား ဘဝတွေ မတူညီကြတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းက ခွဲခွာမှုနဲ့ အဆုံးသတ်ရမှာလား ပေါင်းစပ်နိုင်မယ့် ...
movie
Alaa Ninnu Cheri (2023)
2023
Uniki (2022)
Madam Collector - Uniki 2022 ( မမခရိုင်မှူး)ယခုတစ်ခါ ထပ်မံတင်ဆက်ပေးမဲ့ကားလေးကလဲ ပရိသတ်များအကြိုက်တွေ့မှာဖြစ်တဲ့ ဇာတ်လမ်းလေးမျိုးဖြစ်ပြီး မင်းသမီးချောလေး ချစ်ထရာရှူလာက မမခရိုင်မှူးအဖြစ် အဓိက ပါဝင်ထားပါတယ်ဇာတ်လမ်းလေးကတော့ သာမန်လူတန်းစားမိသားစုကနေ ပညာတော်လို့ ခရိုင်မှူးဖြစ်လာတဲ့ ဆူဘာဟာ သူ့လက်ထက်မှာ စနစ်ကြီးတသ်ခုလုံးကို မြေလှန်ပစ်မယ်လို့ အလုပ်စဝင်တဲ့နေ့ထဲက ကြွေးကြော်လာတာပါအိန္ဒိယထုံးစံ ကြီးနိုင်ငယ်ညှဉ်း ရာထူးကြီးတဲ့ကောင်နဲ့ ပေါင်းအနိုင်ကျင့် စတဲ့ဟာတွေကို ခရိုင်မှူးမမတစ်ယောက် ဆတ်ဆတ်ထိမခံ ဖြေရှင်းပေးရင်း တစ်ရက်မှာတော့ ချောင်းရိုက်ခံလိုက်ရပြီး ဆေးရုံရောက်သွားပါတယ်ခရိုင်မှူးပါချောင်းရိုက်ခံရအောင် ဘယ်သူတွေကြိုးကိုင်ထားလဲ ခရိုင်မှူးမမကရော ဒီလိုအန္တရာယ်တွေကို မမှုပဲ ဆက်တာဝန်ထမ်းဆောင်နိုင်မလားဆိုတာ အမျိုးသမီးအသားပေး မိုတီပေးတဲ့ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် ဒိုင်ယာလော့ခ်ကောင်းကောင်းလေးတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီး အတွက် ခံစားကြည့်ရှုကြဖို့ အကြံပေးရင်း တင်ဆက်ပေးလိုက်ပါတယ်အညွှန်းကိုတော့ ဝါရင့်ဘာသာပြန်ကြီးSaiiမှ ရေးသား ပေးထားကာ ဘာသာပြန်တွေကတော့ Thaik San , V နဲ့ Saii တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် ...
movie
Uniki (2022)
2022
6.5
Das Ka Dhamki (2023)
Das Ka Dhamki (2023)IMDb-6.9/10Hit The First Case မူရင်းတေလဂူးကားရဲ့ ဇာတ်ဆောင်မင်းသားကြီး Vishwak Sen ကိုယ်တိုင်ဇာတ်ညွှန်းရေး ဒါရိုက်တာလုပ်နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတဲ့ ဇာတ်ကားပါဇာတ်လမ်းအညွှန်း ကုဋေ ၁၀၀၀၀ ၀န်ထမ်းပေါင်း ထောင်ချီနဲ့ လည်ပတ်နေတဲ့ ကုမ္မကြီးတစ်ခုရဲ့ ရည်ရွယ်ချက်အိပ်မက်က ကင်ဆာကင်းစေတဲ့ ကမ္ဘာကြီးတဲ့အဓိကဇာတ်ဆောင်ခရစ်ရှနာဒါ့စ်ဆိုတဲ့ကောင်လေးက မိခင်ကငယ်ငယ်တည်းက ကင်ဆာနဲ့ဆုံးသွားလို့ မိဘမဲ့ဂေဟာမှာကြီးပြင်းခဲ့သူ ရိုးသားကြိုးစားပြီးဘဝကိုရှင်သန်နေပေမဲ့ ဆင်းရဲတဲ့ဘ၀ကြီးကို နှိမ်ချပြောတတ်ကြတဲ့ပတ်၀န်းကျင်ရဲ့ဒဏ်တွေကြောင့် ချမ်းသာကြွယ်၀လာချင်နေတဲ့သူ တစ်ရက်သူအလုပ်လုပ်တဲ့ဟိုတယ်မှာပဲ ကာစတန်မာတစ်ယောက်ရဲ့ မှိုချိုးမျှစ်ချိုးစကားကြောင့် ဘယ်လောက်ကုန်ကုန် အဲဒီဟိုတယ်မှာတစ်ညတာပျော်ပါးဂုဏ်ပကာသနတွေ၀ယ်လိုက်မယ်ဆိုပြီး လစာတွေပုံအောသုံးပါရော အဲဒီညမှာပဲ ကီရ်သီးဆိုတဲ့မိန်းမချောလေးနဲ့တွေ့ပြီး သူကြွယ်သူဌေးပါလို့လိမ်ပြီး အနားကပ်တော့တာပေါ့ဒီဟိုတယ်ကစားပွဲထိုးက ဒီဟိုတယ်ကအထူးဧည့်သည်ဆိုတဲ့လိမ်ဆင်ကြီးက ပေါ်သွားဖို့လွယ်ကူလွန်းမနေဘူးလား ဒီ ရွှင်နောက်နောက်ဇာတ်ဆောင်မင်းသားနဲ့ ကင်ဆာကင်းစင်ရေး ပရောဂျက်ကဘယ်လိုတွေပတ်သက်လာမှာလဲ နှစ်ကိုယ်ခွဲဆိုတော့ နောက်တစ်ကိုယ်ကရောဘယ်လိုလူစားဖြစ်နေမလဲဆိုတာ ရှူစားကြည့်ပါဦး File size…2.4GB / 1.1GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Yunni~BpL~Nyein~HM~Cherry
movie
Das Ka Dhamki (2023)
2023
6.5
Anukoni Prayanam (2022)
Anukoni Prayanam ( 2022 ) IMDb 6.5/10လူတစ်ယောက်ဟာ သူ့ရဲ့ဘ၀နိဂုံးအဆုံးသတ်မဲ့နေရာကို ရွေးချယ်လို့ရပါသလား... ။ ဘယ်အချိန်ရောက်လာမလဲမသိရတဲ့ဘ၀နေ၀င်ချိန်ကို ကြိုတင်ခန့်မှန်းဖို့ဆိုတာကတော့ မဖြစ်နိုင်သလောက်ပါပဲ။ ဒီဇာတ်လမ်းကတော့ မွေးရပ်မြေမှာပဲခေါင်းချချင်တဲ့သူငယ်ချင်းရဲ့ဆန္ဒကို ဖြစ်မြောက်အောင်ဖြည့်ဆည်းပေးမယ့်လူသားဆန်တဲ့လူတစ်ယောက်ရဲ့ဇာတ်လမ်းပါ...။ပျော်ရာမှာမနေ တော်ရာမှာနေဆိုတဲ့အတိုင်း တနယ်တကျေးမှာအလုပ်လုပ်နေကြရတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ တစ်ရက်မှာတော့ လုပ်ငန်းခွင်မှာမတော်တဆဆုံးပါးသွားတဲ့ လူတစ်ယောက်ကိုကြည့်ပြီး သူသေရင်တော့မွေးရပ်မြေမှာပဲသေချင်တယ်လို့ သူငယ်ချင်းရာဂျူးကပြောပါတယ်။အဲဒီနောက် ကိုဗစ်လူနာတွေတိုးလာပြီး အစိုးရကလော့ဒေါင်းချတော့မဲ့အချိန်မှာ သူတို့အလုပ်ခွင်လည်းပိတ်ပြီ း ဇာတိပြန်ဖို့ဖြစ်လာပါတယ်။ ဒါပေမဲ့ ရာဂျူးဟာ ရွာအပြန်ခရီးမစခင်မှာပဲ ရုတ်တရတ်ဆုံးပါးသွားပါတော့တယ်။ သူငယ်ချင်းရာဂျူးရဲ့ဆန္ဒအတိုင်း သူ့ရဲ့မွေးရပ်မြေဇာတိရွာကလေးမှာသင်္ဂြိုလ်နိုင်ဖို့ သူငယ်ချင်းရဲ့အလောင်းကိုသယ်ကာ တစ်ယောက်ထဲခရီးဆက်ရတဲ့အခါ... ကိုရိုနာလော့ဒေါင်းကန့်သတ်ချက်တွေကြောင့် လမ်းခရီးမှာဘယ်လိုအခက်အခဲတွေကြုံရမလဲ...သူငယ်ချင်းရဲ့ဆန္ဒကိုရော ဖြည့်ဆည်းပေးနိုင်ပါ့မလားဆိုတာကတော့..။ File size…2.2GB / 1GB Quality…1080p True WEB DL / 720p Format…mp4 Duration….1h 58mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ OeliuJ
movie
Anukoni Prayanam (2022)
2022
8.2
Rangasthalam (2018)
Rangasthalam (2018)IMDb Rating(8.2) / Rotten Tomatoes (100%)Rating အလန်းစားနဲ့ ဒီဇာတ်ကားက ဇာတ်လမ်းဇာတ်အိမ်ရော Plot Twist ရော ရိုက်ကူးမှုပိုင်းတွေရော အကုန်လုံး ပြည့်စုံကောင်းမွန်တဲ့ တောင်ပိုင်းရုပ်ရှင်ကားကြီးတစ်ကားပါပဲ။သာမန်ကြည့်ဖူးနေကျ တောင်ပိုင်းကားတွေလို Overတွေ မပါဘဲ သဘာဝကျကျ အက်ရှင်အလန်းစားတွေ၊ သီချင်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ထားပါတယ်။မင်းသားကလဲ ဘိုင်ရာဘာမင်းသားလို့ လူသိများတဲ့ ရမ်ချရန်းဆိုတော့ သဘာဝကျတဲ့သရုပ်ဆောင်မှုတွေနဲ့ လိုက်ဖက်လွန်းနေပါတယ်...ဇာတ်လမ်းလေးကတော့... ၁၉၈ဝခုနှစ်တွေက ရန်ဂက်(စ်)တလန်ဆိုတဲ့ ကျေးရွာလေးတစ်ရွာက ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ရွာထဲမှာ လယ်တွေကိုရေသွင်းတဲ့အလုပ်ကိုလုပ်တဲ့ ချစ်တီးဘာဘူဟာ မွေးရာပါနားလေးတဲ့ ချို့ယွင်းချက်ရှိပြီး မဟုတ်မခံ လူစားမျိုးပါ၊ သူ့အရှေ့မှာ မတရားတာတွေ့ရင် ဝင်ချဖို့ နှစ်ခါမစဉ်းစားတတ်ပါဘူး..ရွာထဲမှာ အဖွဲ့အစည်းဆိုတဲ့နာမည်နဲ့ ရွာသားတွေကို ချေးငွေတွေထုတ်ချေးထားပြီး အမြတ်ကြီးစား ခေါင်းပုံဖြတ်နေတဲ့ အဖွဲ့တဖွဲ့လည်းရှိပါတယ်် ဒီအဖွဲ့ကို အဓိကချုပ်ကိုင်ထားတာက နှစ်(၃၀)ဆက်တိုက် သူကြီးဖြစ်နေတဲ့ ရွာသူကြီးပါ လူတွေက သူ့ကို ကြောက်ရွံ့ကြသလို၊ ရင်မဆိုင်ရဲကြပါဘူး သူနဲ့ထိပ်တိုက်တွေ့တဲ့သူမှန်သမျှ မရှု့မလှသေပွဲဝင်ကြရစမြဲပါ။ဒီလို ဂုတ်သွေးဆုပ်အမြတ်ထုတ်နေတဲ့ အဖွဲ့ကို ရင်ဆိုင်ပြီး ...
movie
Rangasthalam (2018)
2018
1080p HEVC
8.9
Kothala Rayudu (2022)
Kothala Rayudu (2022)================= IMDb Rating - 8.9/10IMDb ကြီးမြင်ပြီး လန့်မသွားနဲ့ဦးဗျ။ ဟ Game of Thrones ကိုတောင်မီခါနီ: ပါလားတို့ဘာတို့ပေါ့။ တမီးလ် IMDb rating ဆိုတော့ ဒီလောက်တော့ နည်းနည်း ပါးပါးရှိတာပေါ့ဗျာ၊ နိုင်ငံတကာဘာညာကွိကွတွေရဲ့ မျက်စိထဲသာ ဒါဟာမသင့် တော်တဲ့ Rating ကြီးဘာညာလာမှာဗျ။ တောင်ပိုင်းကားကြိုက်နှစ်သက်သူတွေ အတွက်ဆိုရင်တော့ သေချာပေါက်ကို ကြည့်သင့်တဲ့ကားလေးပါ။ Action/ Romance အမျိုးအစားဆိုတော့ အက်ရှင်ခန်းကောင်းကောင်းလေးနဲ့ မေတ္တာဇာတ်လမ်းလေးခံစားချင်ရင် ကြည့်ရမယ့်ကားမျိုး။ဇာတ်လမ်းကတော့ တောင်ပိုင်းကားတို့ရဲ့ထုံစံအတိုင်း အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့ လူပျိုကြီးဖြစ်တဲ့ Srikanth Meka ရဲ့ အိမ်ကပေးစားတဲ့ကောင်မလေးတွေကို ပတ်ပြေးရင်း၊ ပတ်ရှုပ်ရင်း ဇာတ်ရှုပ်ထဲကိုဝင်မယ့်ကားဗျ။ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင် တစ်ကိုယ်ကြီးလူပျိုသိုးကြီး Srikanth Meka ဟာ လတ်မှတ်ရောင်းဝယ်ရေးကုမ္ပဏီကြီးမှာ မန်နေဂျာ အလုပ်လုပ်ရင်း အိမ်ထောင်မှုကိစ္စဆိုတာ အိမ်မှာထောင်ကျတာပဲဆိုပြီး ပတ်ပြေးနေတဲ့သူပေါ့။ ပတ်ပြေးနေသာပြေးတာ ကောင်မလေးချောချောလေး မြင်တာနဲ့ အီစီကလီဘာညာကွိကွပိုင်းလုပ်ဖို့ကိုတော့လည်း လက်မနှေးတဲ့ လူပျိုကြီးပါပဲ။ တစ်ချို့ကိစ္စတွေမှာ သူများကိုကူညီရင်း လူမိုက်တွေကြားထဲကို ဓါးခုတ်ရာ ဘယ်လိုလက်၀င်လျှိုမှာလဲ။ အချစ်ကိုတန်ဖိုးမထား အီစကလီတွေ များတဲ့လူပျိုကြီး တကယ်အချစ်နဲ့တွေ့တဲ့အချိန် ဘယ်လိုပြောင်းလဲသွားမှာလဲ ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ...
movie
Kothala Rayudu (2022)
2022
9.1
Super Machi (2022)
Super Machi (2022)အိန္ဒိယအက်ရှင်ကားတွေကို ငြီးငွေ့ပြီးတော့ ပေါ့ပေါ့ပါးပါးကားလေးတွေကိုကြည့်ရှုချင်လာပြီဆိုရင်တော့ ကြည့်ကိုကြည့်သင့်တဲ့ ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။အိန္ဒိယကားတွေ တော်ကီကြွယ်ရင် တခြားဘယ်နိုင်ငံကားမှ လိုက်မမီဘူးဆိုတာ အားလုံးအသိပါပဲ။ဒီ Super Machi movie လေးမှာလည်း အဓိကဇာတ်ဆောင်တွေအပြင်အရန်ဇာတ်ဆောင်တွေကပါ တော်ကီတစ်ပေါက် လျှမ်းလျှမ်းတောက်ပြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ အိန္ဒိယနိုင်ငံရဲ့ ထိပ်တန်းဆော့ဖ်ဝဲကုမ္ပဏီ Infosys မှာအလုပ်လုပ်တဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာမလေး မီနာရှီတစ်ယောက်...ဘားမှာ အဆိုတော်အဖြစ်အလုပ်လုပ်ပြီး သူငယ်ချင်းတွေနဲ့ပဲပျော်ပါးနေတတ်တဲ့သာမညကောင်လေးရာဂျူးကို ချစ်မိသွားလေတော့...ကိုယ့်ဘဝအတွက် အရေးအကြီးဆုံး presentation ကိုတောင်လက်လွှတ်ပြီး ရာဂျူးရှိရာနေရာကိုသွား၊ ရာဂျူးနောက်ပဲ တကောက်ကောက် လိုက်နေခဲ့ပါတယ်။ရာဂျူးကလည်း အခုမှ တွေ့ဖူးပြီး ဘယ်သူမှန်းမသိ ဘာကြောင့်မှန်းမသိမိန်းကလေးတစ်ယောက် ကိုယ့်ကိုဖွင့်ပြောတဲ့အခါ လက်မခံဘဲ ငြင်းဆိုပစ်လိုက်ပါတယ်။စကားနဲ့ ငြင်းဆိုရုံတင်မရလို့ အမျိုးမျိုးဒုက္ခပေးပြီး ငြင်းဆိုပေမဲ့ကောင်မလေးကတော့ တကောက်ကောက်ဆက်လိုက်နေတုန်းပါပဲ (အားကျကုန်လော့)။ကောင်မလေးမီနာရှီကို တစ်ဖက်သတ်သဘောကျနေသူကလည်းရှိနေပြန်တော့ သုံးပွင့်ဆိုင်ဇာတ်လမ်းတွေပါ ဖြစ်လာပါလေရော။ဒါပေမဲ့ အောင်မြင်နေတဲ့သူ မီနာရှီက ဘာမဟုတ်တဲ့ သာမညကောင်လေးရာဂျူးကိုရူးရူးမူးမူး လိုက်နေရတဲ့ နောက်ကွယ်ကအကြောင်းအရင်းက ဘာဖြစ်မလဲ။ရာဂျူးကရော ခါးခါးသီးသီး ငြင်းဆိုနေတဲ့နောက်ကွယ်မှာ ...
movie
Super Machi (2022)
2022
7.1
Varudu Kaavalenu (2021)
Varudu Kaavalenu 2021 Romance/ Comedy IMDb 7.1/10ဇီဇာကြောင်ပြီး ချေးများတဲ့ အပျိုကြီးတွေကို ကြုံဖူးပါသလား။ ဇီဇာကြောင် ချေးများရုံဘယ်ကဦးမလဲ ပစိပစပ်ကများသေးတာမျိုးဗျာ။ သိတယ်မလား ဘယ်ယောက်ျားမှ နွားမထင် မှားလို့ လူမထင်တဲ့အမျိုးတွေပေါ့ဗျာ။ ဟိုအပင်ပေါ်က သစ်သီးတွေ အချိန်လွန်ရင် ပုပ်လိမ့်မယ်ဆိုတဲ့သီချင်းအတိုင်း အရွယ်လွန် အပျိုဟိုင်းကြီးဘဝနဲ့ အဆုံးသတ်တော့မယ့် မမကြီးတွေပေါ့ဗျာ။ဒါပေမယ့် ဒီဇာတ်ကားထဲက မင်းသမီးကတော့ ရှိသင့်တဲ့အလှအပ ရင့်ကျက်မှုတွေအကုန် အပြည့်အစုံဆုံးအရွယ်မှာ အတောက်ပဆုံးလင်းလက်နေတဲ့ ကြယ်လေးတစ်စင်းလို လှပလွန်းသူလေးပါ..ဒီအပျိုကြီးကြယ်လေးကို မြင်မြင်ချင်းကြွေသွားရသူကတော့ ပဲရစ်ကလာတဲ့ဒီဇိုင်းဗိသုကာပညာရှင်ကောင်လေးပေါ့....ဒီတော့ ဒီဇိုင်းဗိသုကာပညာရှင်ကောင်ဆိုးလေးတစ်ယောက် အပျိုကြီးမမအချောအလှရဲ့ အချစ်ကို ရနိုင်ပါ့မလား၊ ကြားထဲမှာ ဘယ်သူတွေဝင်လာကြမယ်၊ ဘယ်လိုအရှုပ်ထုပ်တွေ ဝင်မွှေမယ်၊ ဘယ်လိုဟာသအလွဲတွေနဲ့ ပြုံးနေရမယ်ဆိုတာကိုတော့....။အချစ်ရိုမန့်ဇာတ်ကားကောင်းကောင်းကိုမှ မျှော်လင့်နေရင်တော့ ဒီဇာတ်ကားက အသင့်တော်ဆုံးပါပဲ။ ဇာတ်ကားလေးကဗျာ ဘယ်လိုပြောရမလဲ...ပြုံးပြုံးပြီး သဘောခွေ့ပြီးတော့ကို ကြည့်ရတဲ့ အချစ်ရိုမန့်ဇာတ်ကားလေး။ File size…(1.9 GB) /(1 GB) Quality….WEBDL 1080p /720p Format…mp4 Duration….02:15:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka ...
movie
Varudu Kaavalenu (2021)
6.8
Seetimaarr(2021)
ကာသီ (Gopichand) ဟာရာဂျာမွန်ဒရီအနီး ကာဒီယမ်ရွာကဘဏ်မှာအလုပ်လုပ်ပြီး တစ်ဖက် အမျိုးသမီးကာဘာဒီအဖွဲ့တစ်ဖွဲ့ကို နည်းပြလုပ်ပေးနေပါတယ်။သူ့ကျေးရွာကာဘာဒီဖွဲ့ကနေ အန်ဒရာပရာဒေ့ရှ်ပြည်နယ်ကိုယ်စားပြုပြီးနိုင်ငံတော်ကာဘာဒီချန်ပီယံဆုကိုရရှိဖို့က သူ့အိမ်မက်ပဲဖြစ်ပါတယ်။သူနဲ့ သူ့အဖွဲ့ဟာ ဆီမီးဖိုင်နယ်ပွဲအတွက်မြို့တက်လာချိန်မှာ တစ်ချိန်က ကျောင်းတော်ကရန်စဟောင်းဂျဝါလာရက်ဒီ (Tamannaah) ကလဲ တယ်လန်ဂနာပြည်နယ်ကကာဘာဒီအဖွဲ့နည်းပြအဖြစ်ပြန်တွေ့ရပါတော့တယ်။အဲ့ဒီအချိန်မှာမှ ကိုယ်ရေးကိုယ်တာအငြိုးအတေးတစ်ခုအတွက်သူ့အဖွဲ့ကို လူဆိုးဂိုဏ်းက ပြန်ပေးဆွဲသွားတဲ့အချိန်မှာတော့ကာသီတစ်ယောက် အစွမ်းကုန်ကြိုးစားကယ်တင်ဖို့ဖြစ်လာခဲ့ပါတယ်။Seetimaarr ဟာပေါ့ပေါ့ပါးပါးနဲ့ ဖျော်ဖြေရေးအသားပေးပွဲတော်ချိန်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဖျော်ဖြေရေးကားထုံးစံအတိုင်း သီချင်းကောင်းကောင်းတွေ၊မင်းသမီးအမိုက်စားတွေ၊ အက်ရှင်ခန်းအလန်းကြီးတွေနဲ့တင်ဆက်ထားတာဖြစ်ပြီးဇာတ်လမ်းဇာတ်အိမ်ဘက်မှာလဲ မလျော့တဲ့ဇာတ်ကားတစ်ကားဖြစ်သလိုမြန်မာပရိသတ်နဲ့ရင်းနှီးတဲ့ ဘာဟူဘာလီ မင်းသမီး Tamannaah,Jalebi မင်းသမီး Digangana နဲ့ Bhumika Chawla တို့လိုအလှပဂေးမင်းသမီးသုံးယောက်တောင်ပါဝင်ထားပါတယ်။File size…2.14GB / 1.31GB Quality…1080p WEB DL DDP5.1 / 720p Format…Mp4 Duration….2h 19mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Alias & Sai ThuRein Lynn
movie
Seetimaarr(2021)
2021
8.0
Maharshi (2019)
IMDb Rating - 7.9/102018မှာ ဝန်ကြီးချုပ်ဇာတ်ရုပ်နဲ့ မြင်တွေ့ခဲ့ရတဲ့မာဟေ့ရှ်ဘာဘူကို Maharahi-2019မှာတော့ ဇာတ်ရုပ်အမျိုးမျိုးနဲ့ တွေ့မြင်ရမှာပါ။မင်းသမီးချောကတော့ တေလဂူးအချစ်ဇာတ်လမ်းကြိုက်သူတွေ သိပြီးသားဖြစ်မှာပါ။ဇာတ်ရုပ်အမျိုးမျိုးနဲ့ အတူ ခွန်အားတွေ၊ရသတွေကိုလည်းပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဆိုရင်မမှားပါဘူး။ဇာတ်လမ်းက ရှည်လျားပေမဲ့ဘယ်နေရာမှာမှ ပိုနေတဲ့ ဇာတ်ဝင်ခန်း မတွေ့မိပါဘူး။ကဲ အဆင်ပြေရင် အညွန်းလေး တစ်ချက် လာမယ်။ ---------------------------------------------------မာဟေ့ရှ်ကို ဇာတ်လမ်းရဲ့ စစချင်းမှာနာမည်ကြီး ကုမ္ပဏီတစ်ခုရဲ့စီအီးအိုအဖြစ်ရွေးချယ်ခံရတယ်ဆိုတာတွေကို ရှေးဦးစွာမြင်ရမှာပါ။သူဟာ ဒီလို ဘဝရောက်ခဲ့ဖို့ ကြိုးစားခဲ့ရတဲ့အခြေခံဘဝကလည်း ဆိုးရွားခဲ့ပါတယ်။ဒါကြောင့်လည်း သူ ဖြစ်ချင်ခဲ့တာကို ကြိုးစားပြီးဖြစ်ခွင့်ရခဲ့တာပါ။ကျောင်းသားဘဝမှာ လွမ်းဆွေးစရာတွေ၊ပြန်မရနိုင်တဲ့ သူငယ်ချင်းကောင်းတွေ၊အချစ်ရေးတွေနဲ့။ကူညီပေးခဲ့တဲ့ ဆရာတွေနဲ့။မိသားစုဖက်မှာဆိုရင် ပြန်တောင်းလို့မရနိုင်တော့တဲ့ နောင်တတွေနဲ့။ဒါပေမဲ့ သူ.. အောင်မြင်မှုတစ်ခုတည်း အတွက်ဘဝကို ရုန်းကန်လာတဲ့အခါလက်လွှတ်ခဲ့ရတာတွေလည်း အများသား။အောင်မြင်တယ်ဆိုတာကို ငွေတစ်ခုနဲ့ပဲ ဆုံးဖြတ်ကြတာလား ... ။အဖက်ဖက်မှာ အောင်မြင်ဖို့ဆိုတာလည်းသူ့အတွက် မလွယ်လှ။မိဘ...၊ ချစ်သူ...၊ သူငယ်ချင်း..၊ အောင်မြင်မှုဘာတွေဟာ အရေးပါခဲ့လဲ သူမသိခဲ့။အတိတ်ကို ပြန်တွေးရင် တွေးလေ ဆွေးစရာတွေနဲ့ပဲပြည့်နေတဲ့ သူ့ရဲ့ အောင်မြင်မှု၊ဖြစ်သင့်တာကို ဦးစားပေးရင်ဖြစ်ချင်တာကိုလည်း ...
movie
Maharshi (2019)
2019
9.0
Yatra(2019)
Yatra(2019) IMDb....9.0 တစ်နေ့ကားတစ်စီးနဲ့သားအဖ(၂)ယောက် စာသင်ကျောင်းထဲရောက်လာတယ်....အဖေဖြစ်သူက ကျောင်းဆရာအား သူ့သားကိုအပ်ရင်း တောင်းဆိုမှုတွေပြုလုပ်တယ်... " ဆရာ ကျွန်တော့်သားကို စာတွေသင်ပေးတာအပြင် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင်သင်ပေးပါ" " အံအားသင့်စရာပဲဗျ ကျွန်တော့်ဘ၀မှာအဖေတွေက သူ့တို့သားသမီးတွေကို ဆရာဝန်၊ အင်ဂျင်နီယာတွေပဲဖြစ်အောင်လုပ်ပေးပါလို့ပြောတာပဲတွေ့ဖူးတာ..ခင်ဗျားလို သူ့သားကို နိုင်ငံရေးးခေါင်းဆောင်ဖြစ်အောင်လုပ်ပေးပါဆိုတဲ့အဖေကိုတော့ ပထမဆုံး တွေ့ဖူးတာပဲဗျ...." "အင်ဂျင်နီယာ ဒါမှမဟုတ် ဆရာဝန်က လူတစ်ထောင်သို့မဟုတ် တစ်သိန်းလောက်ကိုပဲကူညီနိုင်တယ်...ဒါပေမယ့် နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ကတော့ လူမီလီယံပေါင်းများစွာကိုတစ်ချက်ထဲနဲ့ကူညီနိုင်တယ်... ပြီးတော့ ကျွန်တော့သားကိုပြောပြီးပြောတဲ့အတိုင်းဖြစ်အောင်လုပ်ပေးတဲ့ခေါင်းဆောင်ဖြစ်အောင် သင်ပေးပါဆရာ၊အသက်မရှည်ရင်မရှည်ပါစေနဲ့၊အာဏာမရှိရင်မရှိပါစေနဲ့၊လူတွေရဲ့နှလုံးသားထဲမှာ အမြဲတမ်းကျန်ရှိနေမယ့် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လုပ်ပေးပါဆရာ" ဒါကတော့ တစ်ချိန်မှာ အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်လာမယ့် ရာဂျာရှက်ခါရာ ရက်ဒီ ရဲ့ အဖေဖြစ်သူက သူ့သားကိုကျောင်းအပ်စဉ်က ပြောခဲ့တဲ့စကားဖြစ်ပါတယ်... ဒီဇာတ်ကားကတော့ ၂၀၀၄ ကနေ ၂၀၀၉ အထိ အိန္ဒိယနိုင်ငံရဲ့ ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ YSR လို့ခေါ်ကြတဲ့ ၀န်ကြီးချုပ် ရာဂျာရှက်ခါရာ ရက်ဒီ ရဲ့ ရွေးကောက်ပွဲအတွက် လမ်းလျှောက်မဲဆွယ်တဲ့ ယာထရာအကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်... နိုင်ငံရေးလောက ထဲကိုသူ လျှောက်လမ်းစဉ်မှာ အခက်အခဲပေါင်းစုံ၊အတိုက်အခံပါတီပေါင်းစုံနဲ့ သူဖြတ်သန်းခဲ့တဲ့ ခယောင်းလမ်းကို တွေ့ရမှာဖြစ်ပါတယ်... သူဟာ ငယ်စဉ်က သူ့အဖေပြောခဲ့သလို ပြည်သူတွေရဲ့ နှလုံးသားထဲမှာ အမြဲကျန်ရှိနေတဲ့ ခေါင်းဆောင် ကောင်းတစ်ယောက်ဖြစ်မလား၊ သူဘယ်လိုတွေပေးဆပ်ခဲ့ရလဲ... ဘယ်လိုတွေကြိုးစားခဲ့လဲ... ပြည်သူတွေအပေါ်ဘယ်လိုသဘောထားခဲ့လဲ... ပါတီဝင်အချင်းချင်းနဲ့ အတိုက်အခံတွေကြားမှာ ဘယ်လို လှုပ်ရှားခဲ့လဲ.... စတာတွေကို ကြည့်ရမှာဖြစ်မှာပါတယ်.... ငယ်ဘ၀ကိုအနည်းအကျဉ်းပဲပြထားပြီး ...
movie
Yatra(2019)
2019