Channel Myanmar

Mahanadhi Shankar

Good Bad Ugly (2025) 6.7
Good Bad Ugly (2025) Good Bad Ugly (2025)"ကောင်း ဆိုး ရုပ်ဆိုး" ===================================မင်းသားကြီး အာဂျိသ်ကူးမားနဲ့ အသံဩဩနဲ့မင်းသား အာဂျွန်ဒါ့စ်တို့ရဲ့ အသစ်ထွက် တမီစကားပြော အက်ရှင်ဟာသ ရုံတင်ရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ထဲမှာတော့ မင်းသားကြီး အာဂျိသ်ကူးမားရ်က အေကေဆိုတဲ့ ဂန္ထဝင်လူဆိုး ဂိုဏ်းစတားကြီးပေါ့။အေကေဟာ တစ်ချိန်တုန်းက လူတကာ ရဲတကာ ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရတဲ့ ဂိုဏ်းစတားကြီးဖြစ်ခဲ့ပေမဲ့ သားလေးမွေးလာပြီးတဲ့နောက်မှာ သူ့ကိုယ်သူ အဖမ်းခံလိုက်ပြီး လူကောင်းအဖြစ် ပြုပြင်ဖို့ ကြိုးစားနေတဲ့သူပါ။ထောင်ကထွက်လာပြီးနောက်ပိုင်းမှာ ဘဝကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းဖို့ကြိုးစားပေမဲ့ အတိတ်ကရန်သူတွေက သားဖြစ်သူကို ပြန်ပေးဆွဲလာတဲ့အချိန်မှာတော့ ဂျွန်ဝစ်ဆန်ဆန်ပဲ ဂိုဏ်းစတားအဖြစ်ပြန်ခံယူပြီး ပွဲကြမ်းပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ခံစားကြရမှာပါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.7 GB  / 1.4 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 19min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Good Bad Ugly (2025)

4K HEVC
Indian (1996) 8.1
Indian (1996) Indian 1996 (အင်ဒီးယန်း)IMDb 8.1/10ဒီဇာတ်ကားလေးဟာ ၁၉၉၆ ခုနှစ်ဝန်းကျင်တုန်းက အိန္ဒိယပြည်ရဲ့ အစိုးရဝန်ထမ်းတွေ အကျင့်ပျက်ခြစားမှုကို မီးမောင်းထိုးပြထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းလေးကတော့ အသက် ၇၀ အရွယ်ရှိတဲ့အဘိုးတစ်ယောက်ဟာ အကျင့်ပျက်ခြစားနေတဲ့ အစိုးရဝန်ထမ်းတွေကို တွန်းလှန်လာရာကနေ ဇာတ်လမ်းလေးကိုအစပျိုးထားတာပဲဖြစ်ပါတယ်။ဒီလိုနဲ့သူယှဉ်ပြိုင်လာရာကနေ သုံးယောက်မြောက်ကျော်လာပြီးတဲ့အခါမှာတော့ သူ့ရဲ့သားဖြစ်သူဟာလည်း ခြစားနေတဲ့သူတွေထဲကတစ်ယောက်ဆိုတာ သူသိလာရတဲ့အခါ သားနဲ့အဖေကြား ပြဿနာတွေနဲ့ရင်ဆိုင်လာရပါတော့တယ်။ သူစက်ဆုတ်ရွံရှာနေတဲ့အကျင့်ပျက်ခြစားမှုနဲ့ ချစ်ရတဲ့သားဖြစ်သူတို့ကြား လွန်ဆွဲလာရတဲ့အခါ သူဘာကိုရွေးချယ်ရမလဲဗျာများလာရပါတော့တယ်။ဒီလိုနဲ့ပဲသူမုန်းတီးနေတဲ့အရာကို ဆက်တွန်းလှန်သွားနိုင်မလား သားဖြစ်သူရဲ့အကျိုးကိုငဲ့ပြီး နောက်ဆုတ်သွားရမလားဆိုတာကို အချစ်၊ အမုန်း၊ နာကြည်းမှုတွေနဲ့စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားတာဖြစ်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 3.8GB / 1.76GB Quality…WEB DL 1080p / 720p Format…mp4 Duration….3h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Indian (1996)

1996
Uyir Thamizhukku (2024) 7
Uyir Thamizhukku (2024) Uyir Thamizhukku (2024) တမီးလ် အဓွန့်ရှည်စေသော်ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDb rating 7.3 အထိ ရရှိထားတဲ့ တမီးလ်ဘာသာစကားပြော နိုင်ငံရေးဒရာမာဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးကို Adam Bhava ရိုက်ကူးပေးထားပြီးတော့ Ameer Sultan, Imman Annachi, Chandini Sreedharan တို့က အဓိက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဒီဇာတ်လမ်းလေးမှာဆိုရင်တော့ တမီးလ်နာဒူရဲ့ လူမှုရေး နိုင်ငံရေးကို အခြေခံထားပြီး ယဉ်ကျေးမှုနဲ့ နိုင်ငံရေးလှည့်ကွက်တွေ စတဲ့ အကြောင်းအရာတွေကို ဖော်ထုတ်တင်ဆက်ပေးထားတာမလို့ စိတ်ဝင်စားစရာကောင်းမှာကတော့ သေချာပါတယ်။ဒီဇာတ်လမ်းထဲမှာဆိုရင် သစ္စာဖောက်မှုတွေ ပူးပေါင်းကြံစည်မှုတွေက ဝါရင့်နိုင်ငံရေးသမားတစ်ယောက်ကို လွှမ်းမိုးနေတဲ့အခါ သူကိုယ်တိုင်ကလည်း အမှန်တရားကို ဖော်ထုတ်ဖို့ ကိုယ်ရဲ့ အသက်မွေးဝမ်းကြောင်းကို ကာကွယ်ဖို့ဆိုပြီး စိန်ခေါ်မှုတွေ ပြုလုပ်ခဲ့ပေမဲ့ ဉာဏ်ပညာနဲ့ ကိုယ့်ရဲ့ မဟာမိတ်တွေကို အသုံးချရင်း တရားမျှတမှုနောက် လိုက်ရာကနေ ဘယ်လိုအခက်အခဲ အတားအဆီးမျိုးစုံကို ကျော်ဖြတ်ရမလဲ ဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာပဲ စောင့်မျှော် ကြည့်ရှုအားပေးကြပါဦးရှင်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood ...
movie

Uyir Thamizhukku (2024)

2024
Jailer (2023) 7.5
Jailer (2023) Jailer (2023) IMDb-7.5/10ရူပီသန်းပေါင်း၂၄၀ဝန်းကျင် အသုံးပြုရိုက်ကူးထားပြီး ရူပီ၆၃၅သန်းပြန်လည်ရရှိခဲ့တဲ့ မင်းသားကြီးရာဂျ်နီကန့်သ်ရဲ့ ရုပ်ရှင်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။ဟာသမင်းသားကြီး ရိုဂီဘာဘူလည်း ပါဝင်အားဖြည့်ထားပါတယ်။ အကြည်ဗားရှင်းထွက်တာ အချိန်တစ်ခုကြာပြီဖြစ်ပေမယ့် ရုပ်သံစာတန်းထိုးမှန်အောင်စောင့်ဆိုင်းနေခဲ့တဲ့အတွက် စီအမ်ဘောလိဝုဒ်ပရိသတ်ကြီးကိုအနူးအညွတ်တောင်းပန်အပ်ပါတယ်။ဖြောင့်မတ်မှန်ကန်တဲ့အရာရှိတစ်ယောက်ဆိုတာ နာမည်တစ်ခုတင်ကျန်ရစ်တတ်ပေမယ့် အတိုက်ခိုက်ခံရ ပေးဆပ်လိုက်ရတာတွေကတော့ ရှိနေတတ်တာဓမ္မတာပါပဲ။ မင်းသားကြီးရာဂျ်နီကန့်သ်က ဇနီးဖြစ်သူရယ် သားရယ် ချွေးမရယ် မြေးလေးရယ်နဲ့ အငြိမ်းစားထောင်မှူးကြီးဘ၀ကို ငြိမ်းချမ်းစွာဖြတ်သန်းနေသူတစ်ယောက်။သားဖြစ်သူကိုလည်း ဖြောင့်မတ်မှန်ကန်တဲ့အရာရှိတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ခဲ့သူ။ တစ်ရက်မှာတော့ ဘုရားကျောင်းရုပ်တုတွေပျောက်ဆုံးမှုကို စုံစမ်းဖော်ထုတ်နေတဲ့ သားဖြစ်သူ ပျောက်ချင်းမလှပျောက်သွားရာကစ အသတ်ခံလိုက်ရတာကိုသိလိုက်ရပါတယ်။ အဲဒီမှာပဲ အေးချမ်းတဲ့ဘ၀လေးကနေ သားကိုသတ်ခဲ့တယ်လို့သိရတဲ့ လူဆိုးဂိုဏ်းကို လက်စားချေအမြစ်ဖြတ်သုတ်သင်ဖို့ကြိုးစားတဲ့နောက်မှာတော့ ထင်မှတ်မထားတဲ့အမှန်တရားတွေ အသတ်အဖြတ်ကြမ်းကြမ်းရမ်းရမ်းတွေကို ကြည့်ရှုခံစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~V~YH~Cherry~Zwe Yan~BpLတို့ပဲဖြစ်ပါတယ်) File size…9.4GB/ 3.16GB / 1.2GB Quality…WEB-DL 4K HEVC/1080p/ 720p Format…mp4 Duration….2h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~V~YH~Cherry~Zwe Yan~BpL
movie

Jailer (2023)

2023
4K HEVC