Channel Myanmar

Magi

Goodbye, Someday (2010) 6.6
Goodbye, Someday (2010) Goodbye, Someday (2010)*********************** "အချစ်မိုးတွေ ရွာသွန်းတာကို မတုန်လှုပ်နေပါနဲ့ အဲဒီအစား ထီးတစ်လက်သာ ဝယ်လိုက်ပါ...""တစ်ချို့က အချစ်ခံခဲ့ရတာကို ပြန်တွေးကြချိန် တစ်ချို့ကတော့ ချစ်ခဲ့တာကိုပဲ ပြန်တွေးကြတယ်တဲ့..."ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ၂၀၁၀ခုနှစ်က ထွက်ရှိတဲ့ Romance/ Melodrama အမျိုးအစား Goodbye, Somedayဆိုတဲ့ဂျပန်ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း *************ယုတခ ဟီဂရှီဂအိတို ဆိုတဲ့ အရှေ့ပိုင်းလေကြောင်းလိုင်းရုံးက လူငယ်လေးတစ်ယောက်။ အနာဂတ်အတွက် ဘဝအိမ်မက် ရည်မှန်းချက်တွေ အများကြီးရှိတဲ့သူ။ စည်းကမ်းကြီး ယဉ်ကျေးမှုတွေ ထိန်းသိမ်းသိမ်းတတ်တဲ့သူ။ အလုပ်မှာလည်း ထက်မြက် ထူးချွန်တဲ့ ယုတခဟာ မိန်းမလှလေး မစ်ဆုကိုနဲ့ စေ့စပ်ပြီး လက်ထပ်ဖို့ ၃ လကျော်အလိုမှာ ရာထူးတိုးဖို့အတွက် ထိုင်းနိုင်ငံမှာ သွားရောက် ရုံးထိုင်ဖို့ ဖြစ်လာခဲ့ပါတယ်။ရုံးက အပေါင်းအသင်းသူငယ်ချင်းများနဲ့ ဆုံပြီး အရက်ဆိုင်မှာ သောက်စားကြရင်း သူငယ်ချင်းရဲ့ ရည်းစား အရမ်းဆွဲဆောင်မှုရှိတဲ့ အလှနတ်ဘုရားမလေး မာနာက တိုခိုနဲ့ ဆုံခဲ့ကြပါတယ်။ ယုတခ ဟာ လက်ထပ်ရမယ့်သူ ရှိမှန်း သိပေမဲ့ မာနာကရဲ့ ဆွဲဆောင်မှုအောက်ကနေ မရုန်းထွက်မိဘဲ ပျော်ပျော်ကြီးနေလာခဲ့ပါတယ်။ဒီလိုနဲ့ အချိန်တွေ တစ်ရက်ပြီး တစ်ရက် ကုန်လာရင်း ...
movie

Goodbye, Someday (2010)

Perfect World (2018) 7.9
Perfect World (2018) Perfect World (2018) *********************ဒီတစ်ခေါက် CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးမယ့် Japanese Movie လေးကတော့ အချစ်ဦးကို စိတ်ကူးယဉ်လွမ်းဆွတ်မိစေမယ့် Perfect World ဇာတ်ကားလေးပဲဖြစ်ပါတယ်။တိုကျိုမြို့က အတွင်းပိုင်းဒီဇိုင်း ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ ခါဝါနာဟာ ‌အထက်တန်း ကျောင်းက အချစ်ဦးနဲ့ အမှတ်မထင် ပြန်ဆုံမိပါတယ်။ပြန်တွေ့ရလို့ ဝမ်းသာပေမဲ့ အချစ်ဦးဟာ မတော်တဆမှုတစ်ခုကြောင့် မသန်စွမ်းတစ်ဦးအဖြစ် ဝီးချဲလ်ကို အကူအညီယူ သွားလာလှုပ်ရှားနေရတာကို တွေ့ပြန်တော့ အချစ်ဦးရဲ့ အားအင်တစ်ခု ဖြစ်ပေးမယ်ဆိုတဲ့စိတ်နဲ့ ဘေးနားကနေ အစစအရာရာ ကူညီပေးဖို့ ကြိုးစားပါတော့တယ်။အချစ်ဦးဖြစ်သူ စီနီိယာအာယူကာဝါကို ဘေးနားကကူညီပေးရင်း ချစ်ခြင်းမေတ္တာတွေက တစ်ဖန်အသက်ဝင်လာပါတော့တယ်။လောကဓံကို ခံစားနေရတဲ့ အာယူကာဝါကတော့ နှလုံးသားကို နံရံတစ်ခုခြားထားပြီး ဘယ်သူ့ကိုမှ သူ့ဘဝထဲကို ဝင်ခွင့်မပေးတော့ပါဘူး။ခါဝါနာရဲ့ မေတ္တာဟာ စစ်မှန်တာကြောင့် ဘယ်လောက်ပဲ တွန်းထုတ်ပါစေ လက်မလျှော့ခဲ့ပေမဲ့လည်း မိဘတွေ ကြားဝင်လာတဲ့အခါ...မသန်စွမ်းတစ်ယောက်အတွက် ဘယ်လောက်ပဲ ကူညီပေးသူတွေ ရှိနေပါ‌စေ ကန့်သတ်မှုတွေရှိတဲ့အခါ...သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းမှာ ဘယ်လိုအခက်အခဲတွေကို ကြုံတွေ့ကြရမလဲဆိုတာ မျက်ရည်တလည်လည် ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ အညွှန်းရေးသူကတော့ Reddy ဖြစ်ပါတယ်.. File size…1.87GB / ...
movie

Perfect World (2018)

Always – Sunset on Third Street (2005) 7.7
Always – Sunset on Third Street (2005) Always: Sunset on Third Street (2005)~ IMDb – 7.7/10, RT - 90%, MyDramaList – 7.9/10 ~~~~~~~~~~~~~~~~~~~~~ ဓားငါ ပျော်ရင်တော့ မင်းကို ခွဲပေးပါ့မယ် အဲဒါ လွယ်တယ် ငါ မပျော်ရင်တော့ မင်းကို ခွဲမပေးတော့ဘူး အဲဒါ ခက်တယ် သံက မီးဖိုထဲမှာ အရည်ပျော်ပြီး ပြန်လာသလိုမျိုး။ ။~ သုခမိန်လှိုင် (ချစ်သော တောပန်းကလေးများ - ၂၀၁၅) ~~~~~~~~~~~~~~~~~~~~Always ဟာ ၁၉၅၈၊ ၁၉၅၉၊ ၁၉၆၄ စတဲ့ နှစ်ကာလသုံးခုရဲ့ တိုကျိုမြို့ တိုကျိုတာဝါနားက ရပ်ကွက်ကလေးအကြောင်းကို ခုနှစ်တစ်ခုကို တစ်ကားနှုန်းနဲ့ Trilogy ထုတ်ထားတဲ့ ရုပ်ရှင်ပါ။ ရုပ်ရှင်ကတော့ ရပ်ကွက်တစ်ခုထဲကလူတွေနဲ့ သူတို့ရဲ့ ဆက်ဆံရေးကိုပြထားတာပါပဲ။ဆိုပေမဲ့ ထူးထူးခြားခြား ဆူဇူကီးမော်တော်ကားကုမ္ပဏီရဲ့ မူလဘူတလို့ ယူဆရတဲ့ ဆူဇူကီးဆိုတဲ့ လူတစ်ယောက်ပါတယ်။ သူကလည်း မော်တော်ကားကုမ္ပဏီနာမည်တပ်ထားတဲ့ ကုမ္ပဏီမဖြစ်သေးတဲ့ ...
movie

Always – Sunset on Third Street (2005)

2005
99.9 Criminal Lawyer: The Movie (2021) 6.3
99.9 Criminal Lawyer: The Movie (2021) 99.9 Criminal Lawyer: The Movie (2021) ============================= IMDb Rating - 6.3/10"ဂျပန်နိုင်ငံက ရာဇဝတ်မှုတွေရဲ့ ၉၉.၉%ဟာ အပြစ်ရှိကြောင်း စီရင်ချက်ချခံရတယ်"၊ "တရားစွဲခံရပြီဆိုတာနဲ့ အပြစ်ဒဏ်ချခံရမှာ သေချာသလောက်ပဲ"၊"ဒီဇာတ်ကားဟာ ကျန်တဲ့(၀.၁%) နောက်ကွယ်ကဖုံးကွယ်နေတဲ့ အမှန်တရားဆီအရောက်သွားဖို့ ဘာမဆိုလုပ်မယ့် ရှေ့နေတွေအ ကြောင်းဖြစ်ပါတယ်"။ဤကား ဇာတ်ကားမိတ်ဆက်။99.9 Criminal Lawyer ဟာ စီးရီးသပ်သပ်ရှိပါတယ်။ ဒါကမူဗီပါ။ စီးရီးနဲ့ ဒီမူဗီရဲ့ အမှုတွေက ဆက်စပ်မနေတာမို့ စီးရီးမကြည့်ဖူးလည်း ဒီမူဗီကိုတန်းကြည့်လို့ရပါတယ်။ဟီရိုတိုမိယာမဆိုတဲ့ လူငယ်ရှေ့နေ့တစ်ယောက်ဟာ မာဒရာမဲဥပေဒေ ရုံးမှာ အလုပ်လုပ်ပါတယ်။ သူက အခင်းဖြစ်ပွားတဲ့ပုံစံကို ပြန်လည်သ ရုပ်ဖော်ပြီး ထင်မထားတဲ့နေရာက သဲလွန်စတွေနဲ့ အမှန်တရားကိုရှာဖွေ တတ်သူပါ။  ဒီကားထဲမှာတော့ လွန်ခဲ့တဲ့၁၅နှစ်က ဝိုင်အဆိပ်သင့်မှုကို မိယာမနဲ့သူ့အဖွဲ့သားတွေ ရှာဖွေစုံစမ်းပုံကို စိတ်ဝင်စားဖွယ်ကြည့်ရှူရ မှာပါ။ တစ်ကားလုံး တရားခံဘယ်သူလဲ စဉ်းစားလာခဲ့ပြီးမှ နောက်ဆုံးမှာ "ဟာ!" ဆိုပြီး ပါးစပ်အဟောင်းသားဖြစ်ရမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။ ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.9 GB) / (828 MB) / (495 MB) Quality............WEB-RIP ...
movie

99.9 Criminal Lawyer: The Movie (2021)

2021