Channel Myanmar

Madhur Mittal

Million Dollar Arm (2014) 7.0
Million Dollar Arm (2014)  ဒီကားလေးကတော့ 2014 ကထွက်ရှိထားတဲ့ တကယ့်ဖြစ်ရပ်မှန် ကို အခြေခံရိုက်ကူးထားတဲ့ sports dramaကားလေးဖြစ်ပါတယ်။ Life of Paiဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Indiaမင်းသား Suraj Sharma နဲ့ Slumdog millionaire မှာ ပါတဲ့ Madhur Mittal တို့လည်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်တဲ့အတွက် တကယ်ကို ကြည့်လို့ကောင်းတဲ့ကောင်းလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့အားကစားagentတွေ ဖြစ်ကျတဲ့ J.B Bernstein နဲ့ သူ့ရဲ့ Partner Ash Vasudevan တို့က Los Angeles က သူတို့ company မှာ အခက်တွေ့နေကျတဲ့ သူတွေဖြစ်ပါတယ် JB ကလည်းအားကစားသမားအသစ်တွေမွေးမထုတ်ပေးနိုင်တာကြာပါပြီအဲဒါနဲ့ သူကဘယ်သူမှ မထိရသေးတဲ့ဈေးကွက်ဖြစ်တဲ့ India မှာ baseball ကစားသမားအသစ်တွေကို ရှာဖို့ အတွက် million dollar arm ပြိုင်ပွဲကို ကျင်းပဖို့စီစဉ်ခဲ့ပါတယ်။ဒီလိုနဲ့ သူလိုချင်တဲ့အားကစားသမားကောင်:တွေကိုရှာတွေ့နိုင်ပါ့မလား သူတို့ နဲ့ရော ...
movie

Million Dollar Arm (2014)

Maidaan (2023) 8.4
Maidaan (2023) Maidaan (2024) "ပြိုင်ပွဲ" IMDb - 8.4/10တို့တစ်ရွာလုံးကတော့ အဂျေးဆိုတဲ့ ကျွန်တော့်လိုလူတွေအတွက် သိပ်မကြာသေးခင်ကမှ Shaitaan (2024)ရုံတင်ကားကြီးကို တင်ဆက်ပေးပြီးတဲ့နောက် အဂျေးရဲ့ ရှားရှားပါးပါး အားကစားရုပ်ရှင်ကားကြီး ရုတ်တရက်ထွက်ရှိလာတဲ့အတွက် အမြန်ဆုံးတင်ဆက်ပေးလိုက်ပါတယ်။အားကစားရုပ်ရှင်ဖြစ်တဲ့အလျောက် ရုပ်ရှင်ကားကြီးတိုင်း ရုံတင်ငွေအများကြီးမရခဲ့ပေမဲ့ အားကစားရုပ်ရှင်တို့ထုံးစံအတိုင်း ရသတမျိုးမျိုးကတော့ ခံစားစေရမှာ အမှန်ဖြစ်ပြီး ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးထောပနာပြုမှုကို ရရှိခဲ့ပါတယ်။၁၉၅၀ခုနှစ်ကနေ သေဆုံးချိန်အထိ အိန္ဒိယနိုင်ငံ့လက်ရွေးစင်ဘောလုံးအသင်းရဲ့ နည်းပြနဲ့မန်နေဂျာဖြစ်တဲ့ Rahim Saabအကြောင်းကို အခြေခံရိုက်ကူးထားပါတယ်။ခေတ်ကာလအလျောက် နိုင်ငံတော်ကနေ နိုင်ငံ့လက်ရွေးစင်ဘောလုံးအသင်းအပေါ် ထောက်ပံ့မှုအားနည်းပုံတွေ၊ နိုင်ငံ့လက်ရွေးစင်အသင်းတစ်သင်းရှုံးနိမ့်ပြီဆို ဘောလုံးအသင်းချုပ်ဘုတ်အဖွဲ့ဝင်တွေရဲ့ နည်းပြအပေါ် လွှဲချမှုတွေ၊ လူမျိုးရေးပဋိပက္ခတွေ၊နောက်ပြီး အဓိကဇာတ်လိုက်ဖြစ်တဲ့ နည်းပြတစ်ယောက်ရဲ့ အသင်းပေါ်ထားတဲ့စိတ်ဓာတ်နဲ့ ရင်ဆိုင်ရတဲ့ အမျိုးမျိုးသောဖြစ်ရပ်တွေအပြင် ကွင်းတွင်းကွင်းပြင်ဖြစ်ရပ်တွေကို သေချာရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…3.4GB / 1.7GB  Quality…WEB DL 1080p / 720p Format…mp4 Duration….3h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Maidaan (2023)

2024
Kahin Pyaar Na Ho Jaaye (2000) 4.4
Kahin Pyaar Na Ho Jaaye (2000) Kahin Pyaar Na Ho Jaaye (2000)"ချစ်မိသွားနိုင်တယ်" =========================================ဆလူးဘိုင်ရဲ့ နုစဉ်အခါက rom-com ကားလေးကို Cm ပရိသတ်တွေအတွက် Bollywood Team ကနေ တင်ဆက်ပေးချင်ပါတယ်။ ပရမ်ဟာ မြို့ငယ်လေးတစ်ခုက နာမည်အတော်အသင့်ရှိတဲ့ ဂီတသမားလေးပါ။ သူ့မှာ နီရှာဆိုတဲ့ လက်ထပ်ခါနီးချစ်သူတစ်ယောက်ရှိပါတယ်။ နီရှာကတော့ အလုပ်ကိစ္စကြောင့် ပရမ်နဲ့အဝေးကို လနဲ့ချီ ရောက်နေတဲ့သူပေါ့။အဲဒီလို ချစ်သူနဲ့ ဝေးနေတုန်းမှာ ပရမ့်ရဲ့ ဘဝထဲကို ပရီယာဆိုတဲ့ မိန်းမလေးတစ်ယောက်ရောက်လာပြီး ဝါသနာတွေ၊ အကြိုက်တွေတူတာမလို့ တစ်ယောက်နဲ့တစ်ယောက် ရင်းနီးသွားကြပါတယ်။အဲဒီလိုအချိန်မှာပဲ ပရမ်ရဲ့ချစ်သူနီရှာတစ်ယောက် သူတို့မြို့လေးကို ပြန်ရောက်လာတဲ့အခါ သူတို့သုံးယောက်ကြားမှာ သုံးပွင့်ဆိုင်မကျတကျ အချစ်ဇာတ်လမ်းလေးတစ်ခု ပေါ်ပေါက်လာပါတော့တယ်။ဒီရုပ်ရှင်လေးထဲမှာ ဆလူးဘိုင် တော်တော်လေးငယ်သေးပြီး သရုပ်ဆောင်ကွက်တွေဟာလည်း လက်ဆတ်တက်ကြွနေပါသေးတယ်။ ဒီရုပ်ရှင်လေးဟာ ရှေးကားတွေရဲ့ထုံးစံ သရုပ်ဆောင်တွေက အနည်းငယ်ပြဇာတ်ဆန်နေပေမဲ့ ပေါ့ပေါ့ပါးပါးနဲ့ ဟာသဆန်တဲ့ဟာသလေးတွေ၊ ဒရာမာအနှစ်တွေပါတာမလို့ sit-com ဆန်ဆန် vitage vibe အပြည့်ရမယ့် ပေါ့ပေါ့ပါးပါးကလက်ဆစ်ရုပ်ရှင်လေးဖြစ်လို့ ၂ နာရီကျော် အချိန်ပေးရကျိုးနပ်စေမှာပါ...။(ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ V, ToMo, Suri ...
movie

Kahin Pyaar Na Ho Jaaye (2000)

2000
800 (2023) 9
800 (2023) 800 (2023)"ဝစ်ကတ် ၈၀၀" ====================== IMBb 9/10Sport drama ကြိုက်တတ်တဲ့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် 800 ဆိုတဲ့ တမီလ်စကားပြော ဖြစ်ရပ်မှန် Sport, biography ရုပ်ရှင်လေးကို ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် ခရစ်ကတ်သမိုင်းတလျှောက်မှာ Wicket တွေ အမြင့်ဆုံးထိခဲ့တဲ့ သီရိလင်္ကာခရစ်ကတ်သမား မူရာလီရဲ့အကြောင်းကို စိတ်လှုပ်ရှားဖွယ် ပြန်လည်ပုံဖော်ထားတာပဲဖြစ်ပါတယ်။သမ္မာကျမ်းစာကို စာအုပ်ပေါင်းများစွာနဲ့ကူးယူနေရတဲ့ ပြင်သစ်ဘုန်းတော်ကြီးတွေက ရသေ့စိတ်ဖြေလုပ်ဖို့အတွက် ခရစ်ကတ်ကစားနည်းကို တီထွင်ခဲ့တယ်လို့ တချို့ကပြောကြတယ်။ တချို့ကတော့ အင်္ဂလိပ်သိုးကျောင်းသားတွေက တီထွင်ခဲ့တာတဲ့။ဘယ်သူကပဲတီထွင်ခဲ့တီထွင်ခဲ့ အင်္ဂလိပ်တွေနဲ့အတူ အိန္ဒိယကိုရောက်လာခဲ့တဲ့ ခရစ်ကတ်ကစားနည်းကို အိန္ဒိယက မူသီယာ မူရာလီသာရန်ဆိုတဲ့ ကလေးငယ်လေးက သဘောကျသွားပြီး အရူးအမူးကစားရင်း အနိမ့်အမြင့် အတက်အကျတွေကြားထဲကနေ ကမ္ဘာ့စံချိန်ချိုးတဲ့ကစားသမားဖြစ်လာခဲ့ပုံကို ခရစ်ကတ်အကြောင်းမသိတဲ့သူတွေတောင်မှ စိတ်ဝင်စား၊ စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် ဒီရုပ်ရှင်ထဲမှာ ပုံဖော်ပြထားပါတယ်..။( ဒီရုပ်ရှင်အတွက် ဘာသာပြန်ညွှန်းဆိုသူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။ )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ...
movie

800 (2023)

2023
Slumdog Millionaire (2008) 8.0
Slumdog Millionaire (2008) ဗြိတိန်ဇာတ်ကားလေးတစ်ခုကို ပြန်လည်အသက်သွင်းချင်ပါတယ်။ ငွေကြေးအရရော၊ အနုပညာအရပါ အကြီးအကျယ် အမြတ်ရခဲ့တဲ့ လက်ရာကောင်းတစ်ခုပါ။ ရုပ်ရှင်ချစ်ပရိသတ်တိုင်း ကြည့်ဖူးပြီးသားမလို့ အညွှန်းကို မိတ်ဆက်အနေနဲ့ မရေးတော့ဘဲ ထဲထဲဝင်ဝင်ရေးချင်ပါတယ်။ မကြည့်ရသေးသူများကတော့ ဇာတ်လမ်းကို အရင်ကြည့်ဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။ဇာတ်လမ်းအကျဉ်းက တစ်ကြောင်းနှစ်ကြောင်းလောက်ပဲရှိပါတယ်။ ဆင်းဆင်းရဲရဲကြီးပြင်းလာတဲ့ လူငယ်လေးတစ်ယောက်ဟာ ငယ်ငယ်ကဆုံခဲ့ပြီး သံယောစဉ်ဖြစ်ရတဲ့ မိန်းကလေးကို အစဉ်တစိုက်လိုက်ရှာရင်း မိန်းကလေးနဲ့ဆုံမယ့်အခွင့်အရေးရနိုင်မလားတွေးပြီး မိန်းကလေးကြိုက်နှစ်သက်တဲ့ တီဗီအစီအစဉ်မှာဝင်ပြိုင်ခဲ့တာပါ။ မေးခွန်းတိုင်းဟာ သူတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေဖြစ်လို့ ကောင်းမွန်စွာ ဖြေနိုင်တယ်ဆိုတဲ့အကြောင်းပေါ့။ သူလိုလူက ဖြေနိုင်နေလို့ မသမာလုပ်တယ် မသင်္ကာဖြစ်ခံရပြီး နောက်ဆုံးမေးခွန်းမရောက်ခင်မှာ ရဲစခန်းကိုဖမ်းခေါ်ပြီး စစ်မေးခံရတဲ့ ဇာတ်ကွက်နဲ့ ဇာတ်လမ်းကိုစပါတယ်။အိန္ဒိယမြေက ဇာတ်လမ်းလေးတစ်ပုဒ်ကို အသက်သွင်းထားတာဖြစ်ပြီး အိန္ဒိယသရုပ်ဆောင်များနဲ့ပဲ ရိုက်ကူးခဲ့တာမလို့ ဘောလိဝုဒ်နဲ့ မှားတတ်ကြပါတယ်။ ဗြိတိန်ဇာတ်ကားဖြစ်ပြီး စကားပြောများကို British Accent သံနဲ့ပဲ နားထောင်ရမှာပါ။ again ကို အဂိန်း (အနီးစပ်ဆုံး) လို့ကြားရပါလိမ့်မယ်။ အိန္ဒိယစာရေးဆရာရဲ့ ဝတ္ထုကိုပဲ ပြန်လည်ရိုက်ကူးထားတာပါ။၁၅ ...
movie

Slumdog Millionaire (2008)