Channel Myanmar

Madeline Weinstein

Between the Temples (2024) 6.3
Between the Temples (2024)  ဂျူးရိုးရာတွေ ယဉ်ကျေးမှုတွေကိုဖောဖောသီသီတွေ့ရမဲ့ဒရာမာဇာတ်ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဂျူးဆိုတဲ့ ဘာသာတရားကတော့လူတိုင်းနဲ့ သိပ်ရင်းနှီးမှာမဟုတ်တဲ့အတွက် ဂျူးဘာသာတရားနဲ့ပတ်သတ်ပြီး လေ့လာစရာလေးတွေလည်းအများကြီးတွေ့ရမဲ့အပြင် ထူးခြားဆန်းကြယ်လှတဲ့ဒရာမာဇာတ်လမ်းလေးတစ်ခုကိုပါတွေ့ရမှာဖြစ်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ Between The Temples ဖြစ်ပြီးIMDb Rating 6.3 အထိရရှိထားပါတယ်။ဘန်ဆိုတဲ့လူတစ်ယောက်က ဂျူးဘုရားကျောင်းတစ်ခုမှာ ဓမ္မတေးသီချင်းတွေကို ဦးဆောင်သီဆိုရတဲ့ ဆရာတစ်ယောက်ဖြစ်ပါတယ်။သူကလက်ရှိမှာအမေနဲ့အဖွားနဲ့အတူတူနေထိုင်နေတာဖြစ်ပြီးနှစ်ယောက်လုံးကိုတော့ သူ့အမေ ၂ ယောက်လို့ပဲသတ်မှတ်ထားပါတယ်။ဇနီးဖြစ်သူဆုံးသွားတာမကြာသေးဘူးဖြစ်တဲ့အတွက်စိတ်ဓာတ်တွေအလွန်အမင်းကျဆင်းပြီး သူ့ရဲ့တစ်ခုတည်းသောအလုပ်ဖြစ်တဲ့ ဓမ္မတေးသီချင်းခေါင်းဆောင်အလုပ်ကိုတောင်မလုပ်နိုင်တော့ပါဘူး။ဒီလိုနဲ့ကြောင်တွေ ပျောက်ရင်းအရက်တွေသောက်နေတုန်း ငယ်ငယ်တုန်းကသူ့ရဲ့ဂီတဆရာမနဲ့ဘားမှာပြန်တွေ့ခဲ့ပါတော့တယ်။ဆရာမရဲ့နာမည်က ခါလာဖြစ်ပြီးအခုအချိန်မှာတော့တော်တော်အသက်ကြီးနေခဲ့ပါပြီ။ခါလာနဲ့တွေ့ပြီးသိပ်မကြာခင်မှာပဲဂျူးရိုးရာရဲ့ ၁၃ နှစ်ပြည့်အထိမ်းအမှတ်ပွဲ bat mitzvah ကိုတစ်ခါမှမလုပ်ဖူးလို့ဆိုပြီး ခါလာကဘန့်ကိုပူဆာတဲ့အတွက် ဘန်လည်းမတတ်သာတဲ့အဆုံးခါလာ့အတွက် bat mitzvah ပွဲလုပ်ပေးဖို့လက်ခံလိုက်ပြီး တစ်ချိန်ကသူ့ဆရာမကိုအခုအချိန်မှာပြန်လည်သင်ကြားပေးနေရင်းနဲ့ နောက်ပိုင်းမှာဘယ်လိုရှုပ်ထွေးတဲ့ဒရာမာဇာတ်ထုတ်တွေကိုကြုံတွေ့ရမယ်ဆိုတာကိုကြည့်ရှုရမဲ့ ဂျူးဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…3.81GB / 1.52GB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 51m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Between the Temples (2024)

Beach Rats (2017) 6.4
Beach Rats (2017) Beach Rats (2017) ==================== အသက်၁၉နှစ်ရှိပြီဖြစ်တဲ့ ဖရန်ကီဆိုတဲ့ လူငယ်တစ်ယောက်ဟာဘရွတ်ကလင်မြို့စွန်လေးမှာ နေထိုင်သူတစ်ယောက်ဖြစ်ပါတယ်။သူ့အဖေဟာ ကင်ဆာရောဂါနဲ့ အိပ်ရာပေါ်သေလုဆဲဆဲ လဲနေခဲ့တာကြောင့်သူဟာ လူငယ်ပီပီ သူငယ်ချင်းတွေနဲ့ သောက်စားပျော်ပါး ဆေးကွဲပြီးအိမ်ကစိတ်ရှုပ်စရာတွေကို စိတ်ထွက်ပေါက်ပေးလေ့ရှိတဲ့သူပါ။ဒါပေမယ့် ညဘက်တွေမှာတော့ လိုင်းပေါ်က၀က်ဘ်ဆိုဒ်တွေမှာအသက်ကြီးကြီးယောက်ျားတွေကို ရှာကြည့်ပြီး စကားပြောတာ၊ ချိန်းတွေ့တာတွေ လုပ်လေ့ရှိပါတယ်။ဒါပေမယ့် သူ့ရဲ့လိင်စိတ်ခံယူချက်ကို သူကိုယ်တိုင်လက်မခံနိုင်တာကြောင့်ဒီလိုတွေလုပ်နေတာကို သူငယ်ချင်းတွေကအစ မသိခဲ့ကြပါဘူး။ဒါတင်မက မီးရှုးပွဲမှာတွေ့တဲ့ ကောင်မလေးတစ်ယောက်နဲ့ပါ တွဲလိုက်ပါသေးတယ်။ဒီဇာတ်ကားဟာ ‌ဆေးစွဲပြီး လိင်စိတ်ခံယူချက်မပြတ်သားတဲ့လူငယ်တစ်ယောက်၊ ဘော်ဒါတွေကြားမှာ၊ ရည်းစားရဲ့အနားမှာသူ့ပြဿနာတွေကို တစ်ကိုယ်ရည်ဖြေရှင်းဖို့ ကြိုးစားနေတဲ့အကြောင်းကိုရိုက်ကူးတင်ဆက်ပေးထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါး အနားယူရင်းကြည့်လို့အဆင်ပြေတဲ့ ဇာတ်ကားလေးအဖြစ် ညွှန်းပေးလိုက်ပါတယ်။မတော်တရော်လေးတွေ အနည်းငယ်ပါ၀င်တာကြောင့်မိသားစုနဲ့အတူကြည့်ဖို့တော့ မသင့်တော်ပါဘူး။ File size…  2 GB / 760 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre .....  Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San ...
movie

Beach Rats (2017)

2017
Alex Strangelove (2018) 6.4
Alex Strangelove (2018) June 8, 2018 ကထွက်ရှိခဲ့တဲ့Alex Strangelove ဆိုတဲ့ဒီကားလေးကတော့Teen film/ Comedy ကားလေးဖြစ်ပါပြီးတော့ အလွန်လူကြိုက်များခဲ့တဲ့ကားလေးဖြစ်ပါတယ်။ဒီကားလေးကိုရိုက်ကူးပေးခဲ့တဲ့ဒါရိုက်တာကတော့ Director Craig Johnsonဖြစ်ပြီးတော့ ဇာတ်ညွန်းကိုလည်းသူကိုယ်တိုင်ပဲရေးသားခဲ့တာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအဲလက်ထရူးလပ်ဆိုတဲ့ကောင်လေးတစ်ယောက်ဟာအထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီးတော့ သူနဲ့ကြိုက်နေတဲ့ကောင်မလေးကလယ်ရာဆိုတဲ့ရည်းစားတစ်ယောက်ရှိပါတယ်။ကျောင်းမပြီးခင်သူတို့ရဲ့planကတော့ အဲလက်ရဲ့virginity ကိုသူရည်းစားကောင်မလေးနဲ့အတူဖြတ်သန်းကုန်ဆုံးနေဖို့ဖြစ်ပါတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ တခြားမြို့က ချောမော်ပြီးဆွဲဆောင်မှုရှိတဲ့ ဂေးကောင်လေးဖြစ်တဲ့ အဲလီယက်ဆိုတဲ့တစ်ယောက်နဲ့တွေ့ဆုံးပြီးမှတော့ သူတို့ရဲ့Relationship တွေဘာတွေဆက်လိုရှုတ်ထွေးပြီးဖြစ်လာသလဲဆိုတာကို ဟာသနဲ့ လူငယ်သဘာဝဆန်ဆန်ရောနှောရိုက်ကူးထားတာဖြစ်လို့ လက်လွတ်မခံသင့်တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Nyi Nyi Lwin  ပါ) File Size : (850 MB) and (350 MB) Quality : WEB-DL 720p Running Time : 1hr 39min Format : Mp4 Genre : Comedy | Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.NF.WEBRip.DD5.1.x264-NTG Translated by Nyi Nyi Lwin Encoded ...
movie

Alex Strangelove (2018)

2018