Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Madeline Carroll
6.0
Mr. Popper’s Penguins (2011)
ဒီဇာတ်ကားကိုတော့ တော်တော်များများသိကြမယ်ထင်ပါတယ်။အချစ်တော်မင်းသား Jim Carrey ပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသကားကောင်းတစ်ကားဖြစ်ပြီးအတော်လေးသဘောကျဖို့ကောင်းတဲ့ မိသားစုဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ခရစ္စမတ်ကာလမှာ ကြည့်လို့သင့်တဲ့ ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။၁၉၃၈ ခုနှစ်ထွက် ကလေးဖတ်ပုံပြင်စာအုပ်ကို အသက်သွင်းထားတာဖြစ်ပါတယ်။ဟာသတွေကရယ်ရသလို တကယ်တမ်းပြန်တွေးကြည့်ရင် ဝမ်းနည်းစရာကောင်းသလို၊ ပီတဖြစ်ရမယ့် ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ကြည့်သင့်တဲ့ရုပ်ရှင်ကားကောင်းလေးတစ်ကားဖြစ်တာမလို့ လက်လွှတ်မခံဖို့ အကြံပေးပါတယ်။ဇာတ်ညွှန်းပေါ့ပါ ဆိုတာကတော့ အောင်မြင်တဲ့ အိမ်ခြံမြေပွဲစားတစ်ယောက်၊ ဒါပေမယ့် အလုပ်ကို အရမ်းစွဲလမ်းလွန်းတယ်။ခင်ဗျားတို့မှာ ဘဝရယ်လို့ ဖြစ်လာရင် ရွေးချယ်စရာနှစ်ခုရှိလာတယ်။တစ်ခုက မိသားစုကိုအချိန်ပေးမယ်၊ အဲဒါဆို အလုပ်လစ်ဟင်းမယ်။နောက်တစ်ခုက အလုပ်ကိုဖိလုပ်မယ်၊ ပိုက်ဆံရှာမယ်ဆို မိသားစုအရေးကွက်မယ်။ပေါ့ပါဟာ အလုပ်မှာအောင်မြင်တဲ့လူတစ်ယောက်ဖြစ်ခဲ့ပေမယ့် မိသားစုမှာတော့ ဖခင်ကောင်းတစ်ယောက်မဖြစ်ခဲ့ပါဘူး။သူ့ရဲ့အဖေဟာလည်း သူငယ်ငယ်ကတည်းကခရီးတွေပတ်သွားနေပြီး သေချာတောင်အတူတူမနေခဲ့ရပါဘူး။ဒီလိုနဲ့တစ်နေ့မှာ ပေါ့ပါရဲ့အဖေဟာဆုံးသွားခဲ့ပြီး ပေါ့ပါကိုလက်ဆောင်တစ်ခုပေးခဲ့ပါတယ်။အဲဒါကတော့ ပင်ဂွင်းလေးတစ်ကောင်ပါ။နဂိုကမှ အလုပ်ကိုဖိလုပ်လွန်းလို့ ကျန်တာခေါင်းထဲသိပ်မထည့်နိုင်တာကတကြောင်း၊ အဖေက သူ့ကို သေချာလည်းလာမတွေ့ဘူးဆုံးတော့လည်း အရေးမပါတဲ့ လက်ဆောင်ကြီးပို့လိုက်တယ်ဆိုပြီး စိတ်တိုတာကတကြောင်းနဲ့ ပင်ဂွင်းကိုပြန်ပို့ဖို့လုပ်ခဲ့ပါတယ်။ဒါပေမယ့် ကံဆိုးတာလား ကောင်းတာလားတော့မသိဘူး နောက်ထပ်ပင်ဂွင်းတွေပါထပ်ရောက်လာခဲ့ပါတယ်။ဒီလိုနဲ့ ပေါ့ပါတစ်ယောက် ပင်ဂွင်းတွေနဲ့ ဘယ်လိုများ နှစ်ပါးသွားကြမှာလဲ။အတော်လေးကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တစ်ကားမလို့ ကြည့်ဖို့အကြံပေးပါတယ်။ File Size ...
movie
Mr. Popper’s Penguins (2011)
Resident Evil: Extinction (2007)
ဒီဇာတ်ကားက REရဲ့ တတိယဇာတ်ကားဖြစ်ပြီး ပရောဂျက်အဲလစ် အကြောင်း ဂဃနဏ သိရတဲ့ကားလည်း ဖြစ်ပါတယ်။ ဗိုင်းရပ်စ်က တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားပြီဖြစ်ပြီး ခေတ်ပျက်ကာလကို ရောက် နေတဲ့ အနေအထား ဖြစ်သွားပါပြီ။ Zombieလက်က လွတ်အောင် တစ်မြို့ဝင် တစ်မြို့ထွက်ပြီး ရိက္ခာနဲ့လောင်စာတွေရှာနေတဲ့ အဖွဲ့နဲ့ အဲလစ်တို့ ဆုံခဲ့ကြပြီး zombieကင်းမဲ့ကာ ရိက္ခာနဲ့လုံခြုံမှုအပြည့် ရှိတယ်လို့ ရေဒီယိုလှိုင်းကနေ ကြေညာနေတဲ့ အလက်စကာနယ်ကို အကုန်သွားဖို့ လုပ်ခဲ့ကြပါတယ်။အဲဒီမှာ မူလအဲလစ်ရဲ့သွေးကမှ ဗိုင်းရပ်စ်ဖြေဆေးကို ဖော်နိုင်တယ် ဆိုပြီး ယုံကြည်ထားခဲ့တဲ့ အမ်ဘရဲလားက ဒေါက်တာအိုင်းဆက်က Zombieကောင်တွေ လွှတ်ပြီး အဲလစ်ကိုဖမ်းဖို့ ကြိုးစားခဲ့ပါတယ်။ အဲလစ်က အဲဒီဇွန်ဘီတွေကို တားရင်း တခြားသူတွေ လွတ်အောင် ကြိုးစားခဲ့ပါတယ်။ ဒီဇာတ်ကားမှာ အဲလစ်ရဲ့ telekinesis အစွမ်း ကို စတင်မြင်တွေ့ခဲ့ရပါတယ်။ လာသမျှ ဇွန်ဘီတွေကို ရှင်းပစ်ရင်း အိုင်းဆက်တို့ကိုပါ ရှင်းပစ်ဖို့အသွား သူ့ရဲ့ဒီအန်အေနဲ့ အဲလစ်ပေါင်း များစွာကို ကိုယ်ပွားထုတ်ပြီး စမ်းသပ်နေမှန်း အဲလစ်တစ်ယောက် သိသွားချိန်မှာ ဒီသုတေသနရဲ့အဓိကခေါင်းဆောင် အမ်ဘရဲလားရဲ့ အဲလ်ဘတ်ဝက်စ်ကာကို ရှင်းပစ်ဖို့ ကြိုးစားရပါတော့တယ်။ File size… 3.4 GB ...
movie
Resident Evil: Extinction (2007)
4K HEVC
7.7
Flipped(2010)
Flipped(2010)IMDb....7.7လူ့တို့ရဲ့ သဘောဟာ ဆန်းကျယ်တယ်ထင်ပါရဲ့..ချိုဆိမ့်တဲ့အရသာကို ကြိုက်ကြသလို ဖန်ငန်စပ်အရာသာကိုလည်းကြိုက်ကြတာပဲ.. ဒီလိုပဲ အချစ်၊အလှ ၊အလွမ်းဆိုတဲ့ သိမ်မွေ့နူးညံတဲ့ ခံစားမှုစည်းစိမ်ကိုနှစ်သက်ကြသလို ကြမ်းတမ်းထိတ်လန့်စရာ စည်းစိမ်ကိုလည်း နှစ်သက်ကြတာပါပဲ...မည်သို့ပင်ဆိုစေအချစ်၊အလှ ၊အလွမ်းဖွဲ့ဇာတ်ကားလေးတွေခံစားချင်တဲ့သူတွေအတွက် ဒီကားလေးတင်ပေးလိုက်ပါတယ်...၂တန်းကလေးအရွယ် ဘရိုက်စ်ဆိုတဲ့ကောင်လေးတို့မိသားစုက ဂျူလီဆိုတဲ့ကောင်မလေးရှိတဲ့ အိမ်နားကိုပြောင်းလာတယ်... ကောင်မလေးကတော့ပထမဆုံးတွေ့တွေ့ချင်းကောင်လေးရဲ့ တောက်ပတဲ့မျက်လုံးတွေနဲ့အကြည့်ချင်းဆုံမိပြီး သဘောကျသွားတယ်.. ဖြစ်ချင်တော့ကောင်လေးက သူ့ကိုတစ်စက်ကလေးမှသဘောမကျ စိတ်ပျက်စရာကောင်မလေးအမြင်ကပ်စရာလေးလို့ပဲမြင်နေတာပါပဲ...ဒီကားက ကောင်မလေးရဲ့ အမြင်ရယ် ကောင်လေးရဲ့အမြင်ရယ်ကို အချိုးကျပြသသွားတယ်...ဆယ်ကျော်သက်ရွယ် ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ရဲ့အချစ်နဲ့ပတ်သက်ပြီးတွေ့ကြုံခံစားသိမြင်ပုံလေးတွေကို လှလှပပလေးရိုက်ပြသွားတာပါ ...တစ်ချို့သောသူတွေအတွက် ပျော်ရွှင်ဖွယ်ရာ စိတ်ကူးယဉ်ကမ္ဘာထဲကိုရောက်နေသလိုတောင်ခံစားရနိုင်တယ်...အယ် တစ်ချို့သောသူတွေအတွက် ငယ်ဘဝ ငယ်ချစ်ဦးကို ပြန်လွမ်းဆွတ်တမ်းတပြီးအလွမ်းပြေစရာတစ်ခုခုဖန်တီးသွားလောက်တယ်...ဥပမာ ငယ်ငယ်ကချစ်ဖူးခဲ့တဲ့သူအတွက်ရည်စူးရေးစပ်ထားဖူးတဲ့ကဗျာစာအုပ်အဟောင်းလေးတွေကိုတောင်ပြန်ဖတ်သွားတာမျိုးပေါ့...အယ် ဆယ်ကျော်သက်လူငယ်တွေအတွက်တော့ ဆင်ခြင်စရာလေးတွေအတုယူစရာလေးတွေရသွားမှာပေါ့ဗျာ....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ JtheKoalaဖြစ်ပါတယ်...File Size : (2.1GB) and (730MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:30:00 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by JtheKoala Encoded by Phyo Pyae
movie
Flipped(2010)
2010
5.7
When a Stranger Calls(2006)
"Have you checked the children?" ဆိုတဲ့ လူထူးလူဆန်းတစ်ယောက်ရဲ့ အသံသြသြကြီးကို ဖုန်းထဲကနေ ကြားလိုက်ရတဲ့အခါ ခေါင်းနားပန်းကြီးပြီး ထိတ်လန့်သွားရှာမယ့် ဆယ်ကျော်သက်အရွယ် ကလေးထိန်း မိန်းကလေးငယ်တစ်ယောက်ရဲ့ ခံစားချက်ကို အပြည့်အဝ သိချင်ရင်တော့ "When a stranger calls" လို့အမည်ရတဲ့ ၂၀၀၆ ခုနှစ်ထွက် horror-suspense- thriller ရုပ်ရှင်ကို ကြည့်ဖို့ ညွှန်းပေးချင်ပါတယ်။ ၄င်းဟာ ၁၉၇၉ မှာ ထွက်ရှိခဲ့တဲ့ "When a stranger calls" ရုပ်ရှင်ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဂျေးလ် ဂျွန်ဆန် (Camilla Belle) ဟာ ဆယ်ကျော်သက်အရွယ် ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး အချိန်ပိုင်းကလေးထိန်းအလုပ်ကိုလည်း တွဲဖက်လုပ်ကိုင်ပါတယ်။ တစ်ညနေခင်းမှာ သူမဟာ လူနေအိမ်ခြေ နည်းပါးသောအရပ်မှာ သီးခြားတည်ရှိတဲ့ အလွန်လှပတဲ့ စံအိမ်ကြီးတစ်ခုမှာ ကလေးထိန်းရဖို့ အကြောင်းဖန်လာပါတယ်။ သဘောအလွန်ကောင်းတဲ့ အိမ်ရှင်ဇနီးမောင်နှံဟာ အိပ်ပျော်နေတဲ့ ...
movie
When a Stranger Calls(2006)
7.0
Machine Gun Preacher(2011)
Machine Gun Preacher(2011)***************************ဆမ်ချီလ်ဒါးစ်ဟာ ထောင်ထဲကိုဝင်လိုက်ထွက်လိုက် လုပ်နေတဲ့လူဆိုးဂိုဏ်းဝင်တစ်ယောက်ဖြစ်ပါတယ်။နောက်ဆုံး ထောင်ကထွက်လာတော့ မိန်းမဖြစ်သူက ဘုရားသခင်ရဲ့ ကရုဏာနဲ့ အပြစ်တွေဆေးကြောပြီးဘဝသစ် စနေကြောင်း၊ ချီလ်ဒါးစ်ကိုလည်း အတိတ်ကလိုမနေဖို့ ပြောပေမယ့် လူဆိုးလုပ်ရတာမဝသေးတဲ့ ချီလ်ဒါးစ်ဟာ အရင်လို ပြန်ဆိုးမိုက်နေပါတယ်။ ဒါပေမယ့် မမျှော်လင့်ဘဲ သူဟာဘုရားကျောင်းကို လိုက်သွားပြီးတဲ့ နောက်မှာ သူ့လုပ်ရပ်တွေကို နောင်တရပြီးပြန်လည်ဆေးကြောဖို့ အသိဝင်လာပါတယ်။ ဒါကြောင့် အာဖရိကကို သွားပြီးတော့ပရဟိတလုပ်ငန်းတွေကို စတင်လုပ်ဆောင်ပါတယ်။ အတိတ်ကလုပ်ရပ်တွေကြောင့် သူ့ကိုအထင်သေးနေကြတဲ့ လူတွေကြားမှာ ချီလ်ဒါးစ်ရဲ့ လုပ်ငန်းတွေ အောင်မြင်ပါ့မလား၊သူ့ရဲ့ စေတနာနဲ့ လုပ်သမျှဟာ အဆင်ပြေချောမွေ့ နေပါ့မလားဆိုတာ ဇာတ်လမ်းထဲမှာ ရှုစားနိုင်ပါတယ်ဗျာ။ ဒီကားဟာ အပြင်မှာ တကယ်ရှိတဲ့ Sam Childers (ဆမ်ချီလ်ဒါးစ်)ရဲ့ စာအုပ်ကိုအခြေခံပြီး ရိုက်ကူးထား တာဖြစ်ပါတယ်။ ကိုယ့်ဘဝအမှားတွေကို ပြန်လည်ဆေးကြောချင်သူတိုင်းလက်မလွှတ်တမ်းကြည့်သင့်တဲ့ ဇာတ် ကားလေး ဖြစ်ပါတယ်။File Size :(2.7GB)(1.03 GB) and (367 ...
movie
Machine Gun Preacher(2011)
6.3
Astro Boy (2009)
ဒီနေ့တော့ CM ပရိတ်သတ်တွေအတွက် IMDb Rate မှာ 6.4 ရရှိထားတဲ့ Astro Boy လို့ခေါ်တဲ့ Animation ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်... ဘယ်လိုသဘောမျိုးနဲ့နေနေကြည့်သင့် တဲ့ Animation ကားကောင်းလေးဖြစ်ကြောင်းတော့အသိပေးပါရစေ Dr. Tenma ဆိုတာ Toby ကို သိပ်ချစ်တဲ့ ဖခင်ကောင်း တစ်ယောက် ဖြစ်သလို Robot တည်ထွင် ရာမှာလဲ နာမည်ကြီးတဲ့ သိပ္ပံ ပညာ ရှင်တစ်ယောက် ဖြစ်ပါတယ်။ Dr. Tenma ရဲ့ သားပီပီ သိပ္ပံပညာ တွေကို စိတ်ဝင်စားတဲ့ Toby ဟာ Dr. Tenma ရဲ့ ခွင့်ပြုချက် မပါပဲ နည်းပညာသစ် Red Core နဲ့ Blue Core တို့ စမ်းသပ်တဲ့ ပြပွဲကို ခိုးပြီး သွားရောက် ခဲ့ပါတယ်။ Red Core ထဲ့သွင်း စမ်းသပ်တဲ့ စက်ရုပ်ဟာ ထိန်းချုပ်မှု လွတ်ထွက်သွားပြီး ပုံကန်တဲ့ အချိန်မှာ မထင်မှတ်ပဲ ...
movie
Astro Boy (2009)
2009
7.6
I Can Only Imagine (2018)
IMDb rating 7.6 အထိရရှိထားတဲ့ 2018ခုနှစ်ထွက် Christian Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။Mercy Me တီးဝိုင်းအဖွဲ့ရဲ့ Best Selling Christian Song ဖြစ်တဲ့ I Can Only Imagine ကိုရိုက်ကူးထားတာဖြစ်ပြီးအဆိုပါသီချင်းဟာ အမေရိကန်နိုင်ငံတွင်နံပါတ် ၁ ချိတ်ခဲ့တဲ့သီချင်းလည်းဖြစ်ပါတယ်။ဒီသီချင်းကိုသူ့ရဲ့အဖေနဲ့ဆက်ဆံရေးအကြောင်းရေးဖွဲ့ထားခဲ့တဲ့အဆိုပါတီးဝိုင်းအဖွဲ့ရဲ့ Lead Singerလည်းဖြစ်တဲ့ Bart Millard အဖြစ် Michel Finely ကသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဒီဇာတ်ကားလေးကို ဒေါ်လာရသန်းဖြင့်ရိုက်ကူးထားခဲ့ပြီး ၈၄သန်းအထိပြန်လည်ရရှိခဲ့တာကြောင့် အောင်မြင်တဲ့ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ဒါ့အပြင် အမေရိကန်ပြည်ထောင်စုတွင် တတိယအအောင်မြင်ဆုံးသောMusic Biopic အဖြစ်မှတ်တမ်းဝင်ခဲ့ပါသေးတယ်။ဝေဖန်ရေးဆရာတစ်ချို့ကတော့ ဒီဇာတ်ကားလေးကို အခြား Faith-Based ဇာတ်ကားတွေနဲ့ယှဉ်ရင် ပိုပြီးစိတ်လွှမ်းမိုးနိုင်တဲ့ တိုးတက်မှုဖြစ်စေတဲ့ကားလေးဖြစ်တယ်လို့ဆိုထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ငယ်စဉ်ဘဝ မိဘတွေအဆင်မပြေမှုတွေကြောင့် မြေစာပင်ဖြစ်ခဲ့ရတဲ့ Bart Millard တစ်ယောက် မိခင်အိမ်ကနေထွက်သွားပြီးတဲ့နောက် ဖခင်နဲ့ပဲနေရတဲ့အခါ ဖခင်စိတ်တိုင်းကျဖြစ်စေချင်တာတွေကိုပဲ သဘောကျဖြစ်အောင်လုပ်ပေးခဲ့ပေမယ့် ကံကြမ္မာကသူ့ကိုလမ်းမှန်ပို့ခဲ့တယ်ဆိုရမလားပဲခြေကျိုးခဲ့ပြီး ဘောလုံးအသင်းကနေ Music Club ကိုရောက်သွားခဲ့ပါတယ်။ငယ်စဉ်ကတည်းက သီချင်းတွေကိုခုံမင်မြတ်နိုးလာပြီး စိတ်ဉာဏ်ကွန့်မြူးတတ်တဲ့ Bart ...
movie
I Can Only Imagine (2018)
2018